Thu, 16 May 2024
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - နို့တကောမြို့နယ်တွင် SAC မှ ရွာသားတစ်ဦးအား ပစ်ခတ်၍ ဒဏ်ရာရရှိ (၂၀၂၃ခုနှစ်၊ အောက်တိုဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုး ဖောက်မှုကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့တွင် နို့တကောမြို့နယ်၊ ဝေါလူးကျေးရွာအုပ်စု မှ ဒေသခံရွာသားများသည် ဝဥများကို ကားနှစ်စီးဖြင့်တင်ဆောင်၍ မော်လမြိုင်မြို့သို့ သွားရောင်းရန် မောင်းနှင်လာခဲ့ သည်။ အဆိုပါရွာသားများသည် ကာလိခီးတောင်ကုန်းပေါ်မှ တပ်စခန်းရှေ့တွင်ရှိသော စစ်ဆေးရေးဂိတ်သို့ ရောက်ရှိ သောအခါ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် ၎င်းတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ကာလိခီးတောင်ကုန်းပေါ်ရှိ တပ်စခန်းသည် SAC တပ်မ (၄၄)နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၁၀၂၃)၊ တပ်နယ် (၄)မှ အခြေစိုက်နေထိုင်သော တပ်စခန်းဖြစ်သည်။ ထိုသို့ပစ်ခတ်မှုကြောင့် ဝေါလူးကျေးရွာအုပ်စု၊ ဘ---ကျေးရွာမှ အသက် (၃၅)နှစ်အရွယ်ရှိသော ရွာသားတစ်ဦးဖြစ်သူ စောအ---သည် သေနတ်ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ ဤသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ရွာသားများသည် ထိုလမ်းကိုဖြတ်၍ ခရီးသွားလာရန် ကြောက်ရွံ့နေကြသည်။ သို့သော်လည်း ရွာသားများသည် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရန် ထိုလမ်းကိုသာ အသုံးပြုရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(အရပ်သားများကို ပစ်ခတ်မှု) SAC စစ်သားများမှ ခရီးသွားလာနေသော ရွာသားတစ်ဦး အား ပစ်ခတ်၍ သူ၏လက်တစ်ဖက်တွင် ဒဏ်ရာရရှိခဲ့ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ဝေါလူးကျေးရွာအုပ်စု၊ ကာလိခီး (ခုတ်ခွား) တပ် စခန်း

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

အသက်

၃၅ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

အလုပ်အကိုင်

ကျပမ်းအလုပ်

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ဝေါလူးကျေးရွာအုပ်စု၊ ဘ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်မ (၄၄) နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၁၀၂၃)၊ တပ်နယ် (၄)

ကာလိခီး (ခုတ်ခွား) တပ်စခန်း

ဗိုလ်မှူးအဲထူးနှင့် ဗိုလ်ကြီးဝါရှန်တန် (နှစ်ဦးလုံးက BGF ဖြစ်သည်။)

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

(KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည်) ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး နို့တကောကျေးရွာအုပ်စု၊ ဒ---ကျေးရွာတွင် နေ ထိုင်သော ရွာသားတစ်ဦးထံမှ သိရှိခဲ့ရသည်။ အဆိုပါရွာသားသည် အခင်းဖြစ်ပွားချိန်တွင် ကာလိခီးတပ်စခန်းနားတွင် ရှိနေခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့သော ရွာသားတစ်ဦးကို တင်ဆောင်ပို့ပေးခဲ့သောသူတစ်ဦးဖြစ်သည်။ (ထို့နောက် KHRG ကွင်းဆင်းလုပ်သားသည် ဤဖြစ်စဉ်ကိုမြင်တွေ့ခဲ့သော အခြားရွာသားတစ်ဦးဖြစ်သူ စောစ---ကို အင်တာဗျူးခဲ့သည်။ ထို့အပြင် သေနတ်ကျည်ဆံထိမှန်ခဲ့သည့်ရွာသား၏တဝမ်းကွဲအမကိုလည်း အင်တာဗျူးခဲ့ပါသည်။)

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG ကွင်းဆင်းလုပ်သားသည် စောစ---ကို အင်တာဗျူးခဲ့သည်။ စောစ---သည် ဤဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ သောသူတစ်ဦးဖြစ်သည်။ (ထို့အပြင် သတင်းအချက်အလက်များ ပို၍မှန်ကန်တိကျစေရန်အတွက် သေနတ်ကျည်ဆံ ထိမှန်ခဲ့သည့်ရွာသား၏တဝမ်းကွဲအမအား အင်တာဗျူးခဲ့သည်။)

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့တွင် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ဝေါလူးကျေးရွာအုပ်စု၊ ဘ---ကျေး ရွာမှ ရွာသားများသည် ဝဥများကို ကားနှစ်စီးဖြင့်တင်ဆောင်၍ မော်လမြိုင်မြို့သို့ သွားရောင်းရန် မောင်းနှင်လာခဲ့သည်။ အဆိုပါရွာသားများသည် ကာလိခီး (ခုတ်ခွား)တောင်ကုန်းသို့ မရောက်ခင်တွင် ကာလိခီးတောင်ကုန်းလမ်းမပေါ်မှ ပြန်လာသောကားတစ်စီးကို မြင်တွေ့ခဲ့ပြီး ၎င်းတို့အနေဖြင့် ကာလိခီးတောင်ကုန်းပေါ်ရှိ တပ်စခန်းအား ဖြတ်သန်းသွား လာရန်အဆင်ပြေမှုရှိ၊မရှိ ထိုကားသမားအား မေးမြန်းခဲ့သည်။ (ကာလိခီးတောင်ကုန်းပေါ်ရှိ တပ်စခန်းသည် SAC တပ်မ (၄၄)နှင့် BGF တပ်ရင်း (၁၀၂၃)၊ တပ်နယ် (၄)မှ အခြေစိုက်နေထိုင်သောတပ်စခန်းဖြစ်သည်။) ထို့နောက် ရွာသားများ သည် ကာလိခီးတပ်စခန်းရှေ့တွင်ရှိသော စစ်ဆေးရေးဂိတ်သို့ ရောက်သည့်အထိ ခရီးဆက်သွားခဲ့သည်။ မော်လမြိုင်မြို့ သို့ခရီးသွားခဲ့သော ဝေါလူးကျေးရွာအုပ်စု၊ ဘ---ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ စောစ---မှ KHRG အား ဤသို့ရှင်းပြခဲ့ သည်။ “တကယ်တော့ စစ်ဆေးရေးဂိတ်မှာ ဂိတ်ကြေးပေးဖို့အတွက် ကျွန်တော်တို့လည်း သူတို့ကို (SAC နှင့် BGF စစ်သားများ) စောင့်နေခဲ့တယ်။ မိနစ်အနည်းငယ်စောင့်နေခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှလာပြီး ဂိတ်ကြေးမကောက်ဘူး။ အဲဒါနဲ့ ကျွန်တော်တို့က သူတို့ကြားအောင် ကားဟွန်းသံတီးပေးတယ်။ ဒါပေမဲ့ ဘယ်သူမှမလာဘူး။ အခြေအနေ မကောင်းဘူးဆိုတာ ကျွန်တော်သိလိုက်တယ်။ အဲဒါနဲ့ ကျွန်တော်ကားကိုဆက်မောင်းလာခဲ့တယ်။ ကျွန်တော်တို့ရဲ့ကား အရှေ့တစ်စီးက ဂိတ်ကိုကျော်ပြီး ကိုက် (၂၀)ခန့်အကွာအဝေးရောက်တဲ့အချိန်မှာ သူတို့က (SAC စစ်သားများ) ကျွန် တော်တို့ကို (စက်သေနတ်နဲ့) ပစ်ခတ်ခဲ့တယ်။”         

 

ထိုသို့ပစ်ခတ်မှုကြောင့် ဘ---ရွာမှ အသက် (၃၅)နှစ်အရွယ်ရှိသော ရွာသားတစ်ဦးဖြစ်သူ စောအ---မှာ သေနတ်ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ (အရှေ့ကားတစ်စီးမှ ဂိတ်ကိုဖြတ်ကျော်ပြီး အနောက်ကားတစ်စီးက ဂိတ်ရှေ့တွင် ရှိနေ သည့်အချိန်) စောအ---သည် ကားတံခါးကိုဖွင့်မည့်အချိန်တွင် တောင်ကုန်းပေါ်မှ SAC စစ်သားများသည် ၎င်းအား သေနတ်ဖြင့်ဝိုင်းပစ်ခတ်ခဲ့ကြသည်။ စောအ---၏ညာဖက်လက်မောင်းတွင် သေနတ်ကျည်ဆံထိမှန်ပြီး ထိုဂိတ်အရှေ့ တွင် လှဲကျသွားခဲ့သည်။ (စောအ---သေနတ်ကျည်ဆံထိမှန်ပြီးနောက်) နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ ဒ---ကျေးရွာမှ ရွာသားတစ်ဦးသည် ဒဏ်ရာရရှိသည့်စောအ---ကို ဆိုင်ကယ်ဖြင့်သယ်ဆောင်၍ မနီးမဝေးတွင်ရှိသော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စစ်ဆေးရေးဂိတ်သို့ မောင်းနှင်လာခဲ့သည်။ ထို့နောက် DKBA အရာရှိ တစ်ဦးဖြစ်သူ ဗိုလ်နေလမှ စောအ---ကို ဆိပ်ကြီးမြို့ရှိ ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး စောစ---မှ ယခုလိုရှင်းပြခဲ့သည်။ “သူက (စောအ---) သူ့ရဲ့လက်ကို ကားတံခါးမှန်ဘောင်မှာ တင်ထားတယ်။ သေနတ်ပစ်ခတ် နေတဲ့အချိန်မှာ အနောက်ကားကို မောင်းလာတဲ့ကားသမားက ရှေ့ဆက်ပြီးမောင်းသင့်လား၊ မမောင်းသင့်ဘူးလားဆို တာ တွေဝေနေတယ်။ အဲဒီ ကားသမားက ကားကိုရပ်လိုက်တယ်။ ပြီးတော့ ကားသမားက ကားမလိမ့်ကျအောင် စောအ---ကို ကားပေါ်ကနေဆင်းခိုင်းပြီး ကားဘီးအောက်ကို ခုတုံးထည့်ခိုင်းတယ်။ ဘာဖြစ်လို့ဆိုတော့ လမ်းက တောင် ကုန်းပေါ်မှာဆိုတော့ စောင်းနေတဲ့အတွက် ကားလိမ့်ကျသွားစိုးလို့လေ။ အဲဒါနဲ့ စောအ---က ကားပေါ်ကဆင်းမယ်ဆိုပြီး ကားတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ အပစ်ခံရပြီး ဒဏ်ရာရသွားတာပဲ။ သေနတ်ထိမှန်သွားတာနဲ့ အခြားရွာသားတစ် ယောက်က စောအ---ကို ကာလိခီးတပ်စခန်းကနေခေါ်ဆောင်သွားပြီး DKBA စစ်ဆေးရေးဂိတ်ကိုသွားပို့လိုက်တယ်။ DKBA စစ်ဆေးရေးဂိတ်ကိုရောက်ဖို့ မိနစ်အနည်းငယ်ပဲကြာတယ်။ ပြီးတော့ DKBA စစ်သားတစ်ယောက်ဆီမှာ အကူ အညီတောင်းခဲ့တယ်။ အနီးအနားရှိတဲ့ရွာသားတွေက စောအ---ကို ဆေးရုံမှာ သွားမပို့ရဲကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ စောအ---က လက်သုံးချောင်းအဖွဲ့လား (ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF)DKBA အဖွဲ့ကလား ဒါမှမဟုတ် ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ကလားဆိုတာ သူတို့သေသေချာချာမသိလို့လေ။ တကယ်တော့ ကျွန်တော် တို့က ပြည်သူတွေပါဘဲ။ ဒါနဲ့ DKBA စစ်သားတစ်ယောက်ကို အကူအညီတောင်းလိုက်တယ်။ အဲဒီစစ်သားက သူ့ရဲ့တပ်ခွဲမှူးကို ဖုန်းဆက်လိုက်တယ်။ အဲဒီအချိန်မှာ DKBA တပ်ခွဲမှူးဖြစ်တဲ့ နဲကလာနဲ့ နေလလည်း DKBA စစ်ဆေး ရေးဂိတ်ကို ရောက်ရှိလာတယ်။ အဲဒါနဲ့ပဲ DKBA တပ်ခွဲမှူးတွေက စောအ---ကို (ဆိပ်ကြီးမြို့) ဆေးရုံကို ပို့ပေးလိုက် တယ်။”

 

စောအ---သည် ဆေးရုံသို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက်  ကျန်းမာရေးလုပ်သားတစ်ဦးက လာရောက်ကြည့်ရှုခဲ့သည်။ စောအ---သည် သေနတ်ကျည်ဆံထိမှန်သည့်အတွက်ကြောင့် ဓာတ်မှန်ရိုက်ရန်လိုအပ်ခဲ့သည်။ သို့သော်လည်း ဆိပ်ကြီး မြို့ဆေးရုံတွင် စောအ---၏ဒဏ်ရာကို ကုသပေးနိုင်ခြင်းမရှိခဲ့ပေ။ စောအ---သည် ဆိပ်ကြီးဆေးရုံတွင် တစ်ညအိပ်ခဲ့ရ သည်။ ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး စောစ---မှ ဤသို့ရှင်းပြခဲ့သည်။ “ကျွန်တော်တို့တွေ လူနာတင်ကားကို ခေါ်ခဲ့တယ်။ ဒါပေမဲ့ လူနာတင်ကားအဖွဲ့ကလည်း စောအ---ကို မပို့ရဲကြဘူး။ နောက်တစ်နေ့မှာ (DKBA) တပ်ခွဲမှူးက လူနာတင် ကားအဖွဲ့ကို ဆူပူကြိမ်းမောင်းခဲ့တယ်။ ‘မင်းတို့ကောင်တွေက ဒဏ်ရာရနေတဲ့စစ်သားတွေကိုတော့ လိုက်ပို့ရဲကြတယ်။ ဒါပေမဲ့ ဒဏ်ရာရနေတဲ့အရပ်သားတွေကိုတော့ မလိုက်ပို့ရဲကြဘူးပေါ့လေ။’ အဲဒါနဲ့ ကျွန်တော်တို့က ကားတစ်စီးကို ငှားလိုက်ပြီး (စောအ---ကိုလိုက်ပို့ရဲတဲ့ကားသမားတစ်ဦး) စောအ---ကို မော်လမြိုင်မှာ ပို့ပေးခဲ့တယ်။”

 

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့တွင် စောအ---ကို မော်လမြိုင်မြို့သို့ ပို့ဆောင်ခဲ့ပြီး မော်လမြိုင်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည်။ (၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် ကြားသိရှိရသည့်သတင်းအရ) စောအ---သည် ဆေးရုံပေါ်မှ မဆင်းနိုင်ခဲ့ပေ။ စောအ---မှာ သားသမီးနှစ်ဦးရှိပြီး လက်ရှိတွင် သူ၏ဇနီးသည် ကိုယ်ဝန်လွယ်ထားရသည်။ မိသားစုတွင် စောအ---သည် အိမ်ထောင်ဦးစီးဖြစ်သည်။ ထို့ကြောင့် စောအ---အနေဖြင့် ထိခိုက်ဒဏ်ရာရရှိသည့်အတွက်ကြောင့် သူ၏မိသားစုသည် အခက်အခဲများနှင့်ကြုံတွေ့နေရသည်။ ထို့ကြောင့် စောအ---၏မိသားစုသည် ကော်တရီမြို့နယ်၊ ပုံးရေးကျေးရွာအုပ်စုရှိ န---ကျေးရွာသို့ ရွှေ့ပြောင်းခဲ့ပြီး သူ့ဇနီး၏မိဘနှင့်အတူ နေထိုင်ကြသည်။ (၂၀၂၃ခုနှစ်၊ နိုဝင် ဘာလအတွင်း ကြားသိရှိသည့်သတင်းအရ) စောအ---၏မိသားစုသည် မည်သည့်အဖွဲ့အစည်းထံမှ အကူအညီများ မရ ရှိခဲ့ပေ။

 

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် ဒေသခံရွာသားများသည် ထိုလမ်းမပေါ်တွင် ဖြတ်သန်းသွားလာရန် ကြောက်ရွံ့နေ ကြသည်။ ဤအခြေအနေနှင့်ပတ်သတ်ပြီး စောစ---မှ ယခုလိုရှင်းပြခဲ့သည်။ “ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ဒီလမ်းကို အသုံးမပြုချင်တော့ဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့လည်း ခရီးသွားလာဖို့အတွက် ဒီလမ်းတစ်ခုပဲရှိတယ်။ အဲဒါကြောင့် ဒီလမ်းမှာပဲ သွားလာရတယ်။ ဒီလမ်းမှာ လူအများကြီးသွားလာမှပဲ ကျွန်တော်တို့လည်း သွားလာရဲတယ်။” ရွာသားများ သည် ဤလမ်းမပေါ်တွင် ခရီးသွားလာခြင်းမပြုချင်ကြပေ။ သို့သော်လည်း ၎င်းတို့၏စားဝတ်နေရေးအလုပ်အတွက် ဤလမ်းကို အသုံးပြုကြရသည်။  

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး KHRG မှ အင်တာဗျူးခဲ့သောရွာသားများသည် သတင်းအကြောင်းအရာကို ရေးသားဖြန့်ဝေ ရန်အတွက် ခွင့်ပြုချက်ပေးခဲ့ပါသည်။

Thu, 16 May 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်