ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ဒူးသထူ (သထုံ) ခရိုင်၊ ဘားအံမြို့နယ်၌ ၂၀၂၁၊ ဇွန်လ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များအား ဖော်ပြထားပါသည်။ ဘားအံမြို့နယ်၊ တကော်ဘိုးကျေးရွာအုပ်စု၊ လ--- ကျေးရွာတွင် ကရင်အမျိုးသားလွတ်မမြောက်ရေးတပ်မတော် (KNLA)နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ (SAC) နှင့် နယ်ခြားစောင့်တပ် (BGF)တို့အကြားပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ရွာသားများက အနီးအနားတွင်ရှိ သောတောထဲသို့ ၎င်းတို့၏လုံခြုံမှုအတွက် ထွက်ပြေးတိမ်းရှောင်နေစဉ်တွင် SCA စစ်သားများနှင့် BGF စစ်သားများက ရွာသားများ၏နေအိမ်ထဲသို့ဝင်ရောက် လုယက်ခဲ့ကြသည်။[1]
ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုယှက်မှု
၂၀၂၁ ခုနှစ်၊ ဇွန်လတွင် စစ်ကွတ်ကဲအခြေစိုက်အမှတ် (၈) လက်အောက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ၊ ခြေမြန်တပ်ရင်း (ခမရ) ၄၀၆ နှင့်ဒုတပ်ခွဲမှုး ဘိုတင်ဝင်း၏လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)[2] ၁၀၁၄ တို့ပူး ပေါင်းခဲ့ကြပြီး ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ တကော်ဘိုးကျေးရွာအုပ်စုတွင် ၎င်းတို့၏စစ်ဆင်ရေးများပြုလုပ်ရန် တွက် လမ်းလုံခြုံရေးယူခဲ့ကြပါသည်။ ဤနယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး (KNU)[3] ထိမ်းချုပ်နယ်မြေဖြစ်သည်။ ထို့ကြောင့် SAC[4] နှင့် BGF တို့၏လုပ်ရပ်များအားတုန့်ပြန်ရန်နှင့် ၎င်းတို့၏နယ်မြေအားကာကွယ်ရန် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် တကော်ဘိုးကျေးရွာအုပ်စု၊ နိုခေးဒေသ၊ လ--- ကျေးရွာအနီး၌ ကရင်အမျိုးသားလွတ် မြောက်ရေးတပ် မတော် (KNLA)[5] သည် BGF စစ်သည်များနှင့် SAC စစ်သားများအား တိုက်ခိုက်ခဲ့ပါသည်။ ထိုပစ်ခတ်တိုက်ခိုက်မှုသည် ကျေးရွာအပြင်ဖက်တွင်ဖြစ်ပွားခဲ့ပြီး မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ ထိုပစ်ခတ်တိုက်ခိုက်မှုတွင် လက်နက်ကြီး ဖြင့်ပစ်ခတ်ခြင်းနှင့် အရပ်သားထိခိုက်သေဆုံးမှုများမရှိသော်လည်း သေနတ်ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံအရပ်သား များကြောက်ရွံ့ကြသဖြင့် လ--- ကျေးရွာရှိရွာသားများအားလုံးသည် ၎င်းတို့၏ကျေးရွာမှ ထွက်ပြေးခဲ့ကြသည်။
ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးသည့်နောက် SAC စစ်သားများနှင့် BGF စစ်သားများက လ--- ရွာသားများဖြစ်သော စော ဟ--- နှင့် နော်အ--- တို့၏နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ စစ်သားများက ၎င်းတို့၏ဆိုလာပြားများအား သိမ်းယူခဲ့ပြီး ရွေလည်ဆွဲတစ်ကုံး၊ ရွေနားကပ်တစ်စုံ၊ ကျောက်အစိမ်းရောင်ပါရှိသောရွေလက်စွပ်တစ်ကွင်းနှင့် ဆန်ပုံးအ ကြီးတစ်ပုံးကိုလည်း ခိုးယူသွားခဲ့သည်။ ထိုအချိန်တွင် ရွာသားများသည် တောထဲသို့ထွက်ပြေးတိမ်းရှောင်နေရသော ကြောင့် ကျေးရွာထဲတွင်ရွာသားများမရှိကြပေ။ SAC စစ်သားများ နှင့် BGF စစ်သားများသည် ကျေးရွာမှထွက်ခွာသွားပြီး နောက်တွင် ရွာသားများအားလုံးသည် ၎င်းတို့၏ရွာထဲသို့ လုံခြုံစွာဖြင့် ပြန်ရောက်နေထိုင်ခဲ့ကြပါသည်။ သို့သော်လည်း စောဟ--- နှင့် နော်အ--- တို့သည် အိမ်သို့ပြန်လည်ရောက်လာချိန်တွင် ၎င်းတို့၏မိသားစုနှင့် သားသမီးများ၏အနာဂတ် အတွက် တစ်သက်စာစုဆောင်းလာခဲ့သောဥစ္စာပစ္စည်းများ ခိုးယူခံလိုက်ရသည်ကိုတွေ့ရှိခဲ့ကြသည်။ [ဤကဲ့သို့ပြုလုပ် ခြင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)[6] ၊ အပိုဒ် ၉ (ဃ) ရှိ“ခွင့်ပြုချက်မရှိဘဲ ပစ္စည်းဥစ္စာများအား လုယူခြင်း၊ ခိုးယူခြင်းနှင့် သိမ်းယူခြင်းများ” အား အလျင်းမပြုရန် တားမြစ်ထားသော သဘောတူ ညီချက်အား ထင်ရှားစွာချိုးဖောက်ခြင်းပင်ဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ စတုတ္ထအကြိမ်မြောက် ဂျီနီဗာအစည်းဝေး၌လည်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားစဉ်တွင် အရပ်သားများ၏ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများလုယှက်ခြင်းအား အတိအလင်း တားမြစ်ထားသည်။] ယခုလက်ရှိစစ်အာဏာသိမ်းမှုအောက်တွင် တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် ထိုဇနီးမောင်နှံ နှစ်ဦးသည် KNU တရားဥပဒေရေးရာအပါအဝင် မည်သည့်ခုံရုံးကိုမျှ ဤအမှုအားတိုင်းကြားနိုင်ခြင်းမရှိခဲ့ပေ။
၂၀၂၁ ခုနှစ်၊ ဇွန်လိုင်လ ၆ ရက်နေ့တွင်ရရှိသော နောက်ဆုံးရသတင်းအချက်အလက်အရ ယခုတွင် BGF စစ်သားများနှင့် SAC စစ်သားများက ဘားအံမြို့နယ်၊ ဘိုးပရယ်ကျေးရွာအုပ်စု၊ ကစောလောတခီးဒေသ ၊ မယ်လယ်ထာခီးဂိတ်ရှိ ၎င်းတို့ ၏စခန်းသို့ ပြန်သွားခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။
Footnotes:
[1] ဤအစီရင်ခံစာသည် မေလ ၂၀၂၁ခုနှစ်တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင် ကြားပေးထားသော ဒူးသထူခရိုင် ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက် ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထား သောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။
[2] တပ်မတော်၏ နယ်ခြားစောင့်တပ် (BGF) တပ်ရင်းများသည် ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အစိုးရ၏ကာကွယ်ရေးတပ်ဖွဲ့ မဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် DKBA ၏ အဖွဲ့ဝင်ဟောင်းများမှ ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းတို့သည် မြန်မာအစိုးရနှင့် ပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်များအားတရားဝင်လက်ခံခဲ့ပြီး တပ်မတော်အတွင်းရှိ တပ်ရင်းများသို့ပြောင်းလဲရန် သဘောတူခဲ့သောအဖွဲ့ ဖြစ်သည်။
[3] KNU သည် ကရင်လူမျိုး၏ အဓိကနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းအား ၁၉၄၇ ခုနှစ်တွင် အစပြုပြီး မြန်မာအစိုးရနှင့် ၁၉၄၉ ခုနှစ်တွင်စ၍ သဘောထားကွဲလွဲခဲ့ပြီး ပဋိပက္ခဖြစ်ခဲ့ပါသည်။ KNU ၏အာဏာသည် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတစ်ဝိုက်တွင် ကျယ်ပြန့်စွာအုပ်ချုပ် နိုင်ပြီး ဒီမိုကရေတစ်ဖယ်ဒရယ်စနစ်အား တည်ထောင်ဖို့ ၁၉၇၆ ခုနှစ်တွင် စတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အား ရေးထိုးခဲ့သော်လည်း အစိုးရနှင့်ဆက်ဆံရေး တင်းမာနေဆဲဖြစ်သည်။
[4] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏အုပ်ချုပ်ရေး အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ဤအစိုးရအဖွဲ့ကိုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၂ရက်နေ့တွင် တပ်မတော် အစိုးရ အရာရှိရှစ်ဦးနှင့် အရပ်သားရှစ်ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌမှ မြန်မာနိုင်ငံအစိုးရ၏အကြီးအကဲအဖြစ်သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏စစ်ဘက်ဆိုင်ရာဝန်ကြီးအဖွဲ့ကိုသော်လည်းကောင်း ဦးစီးဦးဆောင်မှုပြုသည်။ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ပိုင်းတွင် SAC ၏ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။
[5] ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
[6] တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA)ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အများအပြား ပါဝင်မှု မရှိသော အငြင်းပွားဖွယ်ရာဖြစ်စေသည့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်ပိုင်း ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ၊ ၁၅ ရက်နေ့တွင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့အနက် KNU အပါအဝင် ၈ဖွဲ့သာ ဖိတ်ကြားခံရသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်မှ ပြဌာန်းထားသော လေးစားလိုက်နာရမည့်ကတိကဝတ်များကို လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများက ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ကျင့်သုံးရပါသည်။ မြန်မာအစိုးရ၏ ဖိအားပေးမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ နောက်ထပ် ၂ဖွဲ့မှလည်း အဆိုပါ (NCA) စာချုပ်အား ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။