press x to close
Karen Human Rights Group

ဒူးသထူခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့ တွင် BGF စစ်သားများနှင့် SAC စစ်သားများမှ လုယက်မှု

 

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုယှက်မှု

၂၀၂၁ ခုနှစ်၊ ဇွန်လတွင် စစ်ကွတ်ကဲအခြေစိုက်အမှတ်  (၈) လက်အောက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ၊ ခြေမြန်တပ်ရင်း (ခမရ)  ၄၀၆ နှင့်ဒုတပ်ခွဲမှုး  ဘိုတင်ဝင်း၏လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)[2]  ၁၀၁၄ တို့ပူး ပေါင်းခဲ့ကြပြီး ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ တကော်ဘိုးကျေးရွာအုပ်စုတွင်  ၎င်းတို့၏စစ်ဆင်ရေးများပြုလုပ်ရန် တွက် လမ်းလုံခြုံရေးယူခဲ့ကြပါသည်။ ဤနယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး (KNU)[3] ထိမ်းချုပ်နယ်မြေဖြစ်သည်။  ထို့ကြောင့် SAC[4] နှင့် BGF တို့၏လုပ်ရပ်များအားတုန့်ပြန်ရန်နှင့် ၎င်းတို့၏နယ်မြေအားကာကွယ်ရန်  ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် တကော်ဘိုးကျေးရွာအုပ်စု၊ နိုခေးဒေသ၊ လ--- ကျေးရွာအနီး၌ ကရင်အမျိုးသားလွတ် မြောက်ရေးတပ် မတော် (KNLA)[5]  သည် BGF စစ်သည်များနှင့် SAC စစ်သားများအား တိုက်ခိုက်ခဲ့ပါသည်။ ထိုပစ်ခတ်တိုက်ခိုက်မှုသည် ကျေးရွာအပြင်ဖက်တွင်ဖြစ်ပွားခဲ့ပြီး မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ ထိုပစ်ခတ်တိုက်ခိုက်မှုတွင် လက်နက်ကြီး ဖြင့်ပစ်ခတ်ခြင်းနှင့် အရပ်သားထိခိုက်သေဆုံးမှုများမရှိသော်လည်း  သေနတ်ပစ်ခတ်ခြင်းတို့‌ကြောင့် ဒေသခံအရပ်သား များကြောက်ရွံ့ကြသဖြင့်  လ--- ကျေးရွာရှိရွာသားများအားလုံးသည် ၎င်းတို့၏ကျေးရွာမှ ထွက်ပြေးခဲ့ကြသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးသည့်နောက် SAC စစ်သားများနှင့် BGF စစ်သားများက လ--- ရွာသားများဖြစ်သော စော ဟ--- နှင့် နော်အ--- တို့၏နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ စစ်သားများက ၎င်းတို့၏ဆိုလာပြားများအား သိမ်းယူခဲ့ပြီး ရွေလည်ဆွဲတစ်ကုံး၊ ရွေနားကပ်တစ်စုံ၊ ကျောက်အစိမ်းရောင်ပါရှိသောရွေလက်စွပ်တစ်ကွင်းနှင့် ဆန်ပုံးအ ကြီးတစ်ပုံးကိုလည်း ခိုးယူသွားခဲ့သည်။ ထိုအချိန်တွင် ရွာသားများသည်  တောထဲသို့ထွက်ပြေးတိမ်းရှောင်နေရသော ကြောင့် ကျေးရွာထဲတွင်ရွာသားများမရှိကြပေ။ SAC စစ်သားများ နှင့် BGF စစ်သားများသည် ကျေးရွာမှထွက်ခွာသွားပြီး နောက်တွင် ရွာသားများအားလုံးသည် ၎င်းတို့၏ရွာထဲသို့ လုံခြုံစွာဖြင့် ပြန်ရောက်နေထိုင်ခဲ့ကြပါသည်။ သို့သော်လည်း စောဟ--- နှင့် နော်အ--- တို့သည် အိမ်သို့ပြန်လည်ရောက်လာချိန်တွင် ၎င်းတို့၏မိသားစုနှင့် သားသမီးများ၏အနာဂတ် အတွက် တစ်သက်စာစုဆောင်းလာခဲ့သောဥစ္စာပစ္စည်းများ ခိုးယူခံလိုက်ရသည်ကိုတွေ့ရှိခဲ့ကြသည်။ [ဤကဲ့သို့ပြုလုပ် ခြင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)[6] ၊ အပိုဒ် ၉ (ဃ) ရှိ“ခွင့်ပြုချက်မရှိဘဲ ပစ္စည်းဥစ္စာများအား လုယူခြင်း၊ ခိုးယူခြင်းနှင့် သိမ်းယူခြင်းများ” အား အလျင်းမပြုရန် တားမြစ်ထားသော သဘောတူ ညီချက်အား ထင်ရှားစွာချိုးဖောက်ခြင်းပင်ဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ စတုတ္ထအကြိမ်မြောက် ဂျီနီဗာအစည်းဝေး၌လည်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားစဉ်တွင် အရပ်သားများ၏ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများလုယှက်ခြင်းအား အတိအလင်း တားမြစ်ထားသည်။] ယခုလက်ရှိစစ်အာဏာသိမ်းမှုအောက်တွင် တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် ထိုဇနီးမောင်နှံ နှစ်ဦးသည် KNU တရားဥပဒေရေးရာအပါအဝင် မည်သည့်ခုံရုံးကိုမျှ ဤအမှုအားတိုင်းကြားနိုင်ခြင်းမရှိခဲ့ပေ။ 

၂၀၂၁ ခုနှစ်၊ ဇွန်လိုင်လ ၆ ရက်နေ့တွင်ရရှိသော နောက်ဆုံးရသတင်းအချက်အလက်အရ ယခုတွင် BGF စစ်သားများနှင့် SAC စစ်သားများက ဘားအံမြို့နယ်၊ ဘိုးပရယ်ကျေးရွာအုပ်စု၊ ကစောလောတခီးဒေသ ၊ မယ်လယ်ထာခီးဂိတ်ရှိ ၎င်းတို့ ၏စခန်းသို့ ပြန်သွားခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။