ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်တွင် ဖြစ်ပွား ခဲ့သော လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်နေ့ မနက် (ရး၂၀) မိနစ်ခန့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တိုက်လေယာဉ်တစ်စီးသည် ဆောထိမြို့နယ်၊ ပျဉ်ရေကျေးရွာ အုပ်စု၊ အအ---ကျေးရွာရှိ အထက်တန်းကျောင်းဝင်းထဲတွင် ပေါင် (၅၀၀) ဗုံးတစ်လုံးပစ်ချခဲ့သည်။ စာသင်ကျောင်း အနီးတွင် နေထိုင်သောရွာသားတစ်ဦးဖြစ်သူ ကိုအ--- သည် ၎င်း၏နေအိမ်တွင် အိပ်ပျော်နေစဉ်အတွင်း ဗုံးစထိမှန်၍ ၎င်း၏ခါးနှင့်ပုခုံးအနောက်ဖက်တွင် ဒဏ်ရာရရှိခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုတွင် စာသင်ကျောင်းအဆောက် အဦးနှင့်လူနေအိမ် (၆) လုံးပျက်စီးသွားခဲ့သည်။ အကျိုးဆက်အနေဖြင့် ကိုအ--- နှင့်သူ၏ဇနီးဖြစ်သူ မဘ--- တို့သည် လေကြောင်းတိုက်ခိုက်မှုကို အမြဲတမ်းလိုလိုကြောက်ရွံ့နေကြသည်။ ၎င်းတို့သည် လေယာဉ်သံကိုကြားသည့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်၍ တောထဲတွင်သွားရောက်ပုန်းရှောင်လေ့ရှိသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(စာသင်ကျောင်းဝင်းထဲတွင်ဖြစ်ပွားခဲ့သော) လေကြောင်းတိုက်ခိုက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်၊ ပျဉ်ရေကျေးရွာအုပ်စု၊ အအ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ကိုအ---

အသက်

၃၉ နှစ်

ကျား/မ

ကျား

လူမျိုး

ဗမာ

အိမ်ထောင် ရှိ/မရှိ   

ရှိ

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်၊ ပျဉ်ရေကျေးရွာအုပ်စု၊ အအ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

လေယာဥ်အမျိုးအစား

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

တိုက်လေယာဉ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) မြန်မာ့တပ်မ တော် (လေတပ်)

တောအူးခရိုင်၊ တောင်ငူလေ တပ်စခန်း

ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ကာကွယ်ရေးဦးစီးချုပ် (လေတပ်) အဖြစ် တာဝန်ထမ်းဆောင်သည်။

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့၌ KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦးသည် ဤလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ခလယ် လွီထူခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ ကြားသိရှိ ခဲ့ရသည်။ ထို့နောက် KHRG သတင်းမှတ်တမ်းပြုစုသူသည် (ပျဉ်ရေကျေးရွာအုပ်စု၊ အအ--- ကျေးရွာမှ) ဒေသခံ အာဏာပိုင်တစ်ဦးအား ဆက်သွယ်၍အတည်ပြုချက်ရယူခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် KHRG သတင်းမှတ် တမ်းပြုစုသူသည် ကျေးရွာသို့သွား၍ ဒဏ်ရာရရှိသည့်ရွာသား၏ဇနီးဖြစ်သူအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။ (တွေ့ဆုံမေး မြန်းမှုပြုလုပ်နေစဉ်တွင် ဒဏ်ရာရရှိသည့်ရွာသားလည်းရှိနေခဲ့ပါသည်။)

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

(အအ--- ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ) ရပ်ရွာအာဏာပိုင်တစ်ဦးနှင့် ဒေသခံ KNU အာဏာပိုင်တစ်ဦးတို့က ဤသ တင်းဖြစ်စဉ်ကိုပြောပြခဲ့သည်။ KHRG သတင်းမှတ်တမ်းပြုစုသူသည် ဒဏ်ရာရရှိသည့်ရွာသားနှင့်တွေ့ဆုံ၍ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ကို မှတ်တမ်းပြုစုခဲ့ပြီး ၎င်း၏ဇနီးကိုလည်း ဖြစ်စဉ်အသေးစိတ်ကို မေးမြန်းခဲ့ပါသည်။ (ထို့အပြင် KHRG သတင်းမှတ်တမ်းပြုစုသူသည် ကိုအ---၏ဒဏ်ရာနှင့်ထိခိုက်ပျက်စီးသည့်အရာများကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။) ထို့ ကြောင့် ဤသတင်းသည် မှန်ကန်ကြောင်းဆို၍ရပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်နေ့ မနက် (ရး၂၀) မိနစ်ခန့်၌ SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ဂျက်လေယာဉ် တစ်စီးသည် ပျဉ်ရေကျေးရွာအုပ်စု၊ အအ--- ကျေးရွာပေါ်တွင် သုံးကြိမ်တိုင်တိုင်ပျံဝဲ၍ ဝေဟင်ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့သည်။ (အဆိုပါတိုက်လေယာဉ်သည် တောင်ငူမြို့မှလာသည်ဟု ရွာသားများက ယူဆကြသည်။) တိုက်လေ ယာဉ်သည် သုံးကြိမ်မြောက်ပျံသန်းလာသည့်အချိန်တွင် အအ--- ကျေးရွာရှိ အအ--- အထက်တန်းကျောင်းဝင်းထဲတွင် ပေါင် (၅၀၀) ဗုံးတစ်လုံးပစ်ချ၍ ပေါက်ကွဲသွားခဲ့သည်။ (၎င်းကျောင်းသည် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) မှစီမံခန့်ခွဲသောကျောင်းဖြစ်သည်။) ဗုံးပေါက်ကွဲမှုတွင် စာသင်ကျောင်းအား ထိမှန်ပျက်စီးသွားခဲ့သည်။ ထို့အပြင် ဗုံးစ များသည် ကိုအ---၏နေအိမ်ပြတင်းပေါက်ကို ထိုးဖောက်ပြီး ၎င်းခါးနှင့်ပုခုံးအနောက်ဖက်ခြမ်းတွင် ထိမှန်ဒဏ်ရာရရှိခဲ့ သည်။ ကိုအ---၏အိမ်လည်း အနည်းငယ်ပျက်စီးသွားခဲ့သည်။ ၎င်းအိမ်သည် ကျောင်းအနီးနားတွင်တည်ရှိသည်။ ကိုအ--- သည် အသက် (၃၉)နှစ်ရှိပြီးဖြစ်သည်။

 

အခင်းဖြစ်ပွားသည့်နေ့တွင် ကိုအ---နှင့်သူ၏ဇနီးဖြစ်သူ မဘ---တို့သည် ၎င်းတို့နေအိမ်ထဲတွင်ရှိခဲ့သည်။ ၎င်းတို့အိမ် သည် စာသင်ကျောင်းအနီးတွင်ရှိသည်။ (KHRG ပြုလုပ်သည့်တွေ့ဆုံမေးမြန်းမှုထဲတွင်) မဘ--- က ဤသို့ရှင်းပြသည်။ “ကိုအ---က မီးဖိုချောင်ထဲမှာအိပ်ပျော်နေတယ်။ ကျွန်မက ထမင်းချက်ပြီးတော့ ရေသွားခပ်နေတယ်။ လေယာဉ်လာတဲ့ အချိန်မှာ လေယာဉ်သံက အရင်ကလာပျံသန်းတဲ့အသံနဲ့မတူဘူးဆိုတာ ကျွန်မသတိထားမိတယ်။ လေယာဉ်အသံက အခြားလေယာဉ်အသံလိုမျိုး မကျယ်ဘူး။ အဲဒီအသံက ကျေးရွာပေါ်မှာလာဝဲပြီး ကင်းထောက်နေတဲ့လေယာဉ်အသံနဲ့ တူတယ်။ အိမ်အောက်ကိုဆင်းလာဖို့ ကျွန်မက ကိုအ---ကိုပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မလုံခြုံမှုရှိတယ်လို့ မခံစားရတော့ဘူး။ အဲဒီလေယာဉ်လာတဲ့အသံက ရွာမှာလာပြီး ကင်းထောက်နေတဲ့လေယာဉ်အသံလိုမျိုးပဲ။ ကျွန်မ စကားလှမ်းပြောနေတဲ့အချိန်မှာ သူကအိပ်နေတယ်။ ကျွန်မ စကားပြောတာပြီးရော လေယာဉ်က မြေပြင်အနားကို ရောက်နေပြီး။ သူက (ကိုအ---) အိမ်အောက်ကိုဆင်းလာတော့ နောက်ကျသွားပြီး။ သူ့ကိုဗုံးစထိမှန်ပြီး ဒဏ်ရာရသွား တယ်။ သူက မီးဖိုချောင်ထဲမှာရှိနေတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဒဏ်ရာမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်သံ ကိုကြားတဲ့အချိန်မှာ ကျွန်မက အိမ်အောက်ကိုပြေးဆင်းပြီး ပုန်းရှောင်နေလိုက်တယ်လေ။ သူက အိမ်အောက်ကိုဆင်း တော့မဲ့အချိန်မှာ နောက်ကျသွားပြီးလေ။” ကိုအ--- သည် ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိခဲ့ပါ။ ထို့ကြောင့် သူသည် အချိန်ခဏအတွင်းတွင် ပြန်ကောင်းလာပါသည်။ ကျေးရွာတွင်ရှိသည့် PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) ဆေး ပေးခန်းတွင် တာဝန်ကျသည့် ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) ကျန်းမာရေးလုပ်သားတစ်ဦးမှ ကိုအ--- အား အခမဲ့ဆေးကုသပေးခဲ့သည်။ ထို့ကြောင့် ကိုအ--- သည် ဆေးကုသမှုစရိတ်ပေးရန်မလိုပါ။

 

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအဆောက်အဦး (နံရံနှင့်ခေါင်းမိုး)နှင့်လူနေအိမ် (၅) လုံးထိ မှန်ပျက်စီးသွားခဲ့သည်။ ပျက်စီးသွားသည့်အိမ်များ၏ပိုင်ရှင်များမှာ ဦးဆ---၊ ဦးဒ---၊ ဦးဃ---၊ ဒေါ်ဗ---နှင့်ဦးဖ---တို့ဖြစ် သည်။

 

အခင်းဖြစ်စဉ်မဖြစ်ပွားမီ PDF စစ်သားများသည် အဆိုပါအထက်တန်းကျောင်းဝင်းထဲတွင် အချိန်ခဏကြာ ဝင်ရောက် နားခိုခဲ့ကြောင်း မဘ--- ကရှင်းပြခဲ့သည်။ (ယခင်က) PDF စစ်သားများသည် ကျောင်းထဲတွင်နေထိုင်ခဲ့စဉ်က လေ ကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ဖူးသည်။ (ပထမအကြိမ်လေကြောင်းတိုက်ခိုက်မှုသည် ၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်နေ့ မတိုင်မီ လွန်ခဲ့သည့်တစ်လဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။) သို့သော်လည်း ဒုတိယအကြိမ်လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် PDF စစ်သားများသည် ကျောင်းထဲတွင်မရှိခဲ့ပါ။ လက်နက်ကိုင်တော်လှန်ရေးတပ် ဖွဲ့များ (PDF) သည် ကျေးရွာထဲတွင်လာရောက်နေထိုင်သည့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ရွာ သားများက တင်ပြခဲ့သည်။ သို့သော် ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် PDF စစ်သားများ သည် ရွာထဲတွင်ရှိမနေခဲ့ပါ။

 

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မဘ---သည် အလွန်ကြောက်ရွံ့ထိတ်လန့်မိကြောင်း သူမ၏ခံစားချက်ကို ပြောပြခဲ့သည်။ သူမအနေဖြင့် အိမ်ထဲတွင်အကြာကြီးမနေရဲတော့ပေ။ သူမသည် များသောအားဖြင့် အိမ်အောက်တွင် သာ နေထိုင်လေ့ရှိသည်။ လေယာဉ်သံကိုကြားသည့်အချိန်တိုင်း သူမသည် ထိတ်လန့်ခြောက်ခြား၍ တုန်ရင်နေသည်။ လေယာဉ်က ကျေးရွာပေါ်တွင်လာပျံသန်းပါက သူမအနေဖြင့် ရှောင်ပြေးခြင်းမရှိပါ။ တစ်ခါတစ်ရံတွင် သူမနှင့်သူမ၏ အမျိုးသားတို့သည် ကျေးရွာတွင်လုံခြုံမှုမရှိဟုခံစားရပါက တောထဲရှိလုံခြုံသည့်တစ်နေရာတွင် သွားရောက်နေထိုင် ကြသည်။

 

အခုအချိန်တွင် ကိုအ--- သည် ဒဏ်ရာပျောက်ကင်းသက်သာလာပြီးဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိသွား ဟန်တူသည်။ သူသည် အမြဲတမ်းထိတ်လန့်ခြောက်ခြားနေသည်။ ဤနှစ်အတွင်းတွင် ရွာသားများသည် အကြောက် တရားနှင့်ရှင်သန်နေထိုင်ရသည်။ ကျေးရွာလည်း လေကြောင်းဖြင့်တိုက်ခိုက်ခံရတာနှစ်ကြိမ်ရှိပြီးဖြစ်သည်။ ယခုအချိန် သည် မိုးတွင်းကာလဖြစ်၍ နွေရာသီကဲ့သို့ ရွာအပြင်ထွက်၍တိမ်းရှောင်ရန်အခက်အခဲများကြုံတွေ့နေရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦးအင်တာဗျူးခဲ့သော လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့်ရွာသား သည် ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန်ခွင့်ပြုချက်ပေးထားပါသည်။ ဒဏ်ရာရရှိသည့်ရွာသား၏ ဇနီးဖြစ်သူ မဘ--- သည်လည်း ဤသတင်းကိုလိုအပ်သလိုအသုံးပြုရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထား ပါသည်။

Fri, 21 Nov 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင် ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို မြေပြင် တွင်လက်ခံရရှိသော အစီရင်ခံစာ (၃) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏ စာအမှတ်မှာ #25-210-D1၊ #25-210-I1 နှင့် #25-210-A2-I1 တို့ဖြစ်သည်။

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်