ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလအတွင်း တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဖော်ပြထား သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၆၀၃) သည် တာပူမြို့အတွင်းသို့ လက်နက်ကြီးသုံးလုံးပစ်ခတ်၍ လူနေအိမ်သုံးလုံးပျက်စီးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် SAC သည် တာပူကျေးရွာအုပ်စု၊ အ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်၍ ကား လမ်းပျက်စီးသွားခဲ့သည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) မှ တယ်ကလယ်တိုကျေးရွအုပ်စု၊ ဖ--- ကျေးရွာရှိ SAC တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် SAC ဂျက်လေ ယာဉ်တစ်စီးသည် ဖ---ကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုတွင် လူနေအိမ်နှစ် လုံးပျက်စီးသွားခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် SAC သည် တယ်ကလယ်တိုကျေးရွာအုပ်စုအတွင်း သို့ လေကြောင်းဖြင့်တိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက် မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအုပ်စုအတွင်းနေထိုင်ကြသော ရွာသားများ (၂၀၀၀) ကျော်သည် ၎င်းတို့ရွာ မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်ပြေးရှောင်ရသည့်ရွာသားများသည် စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်နေသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ SAC စစ်ကားများကို တိုက်ခိုက်ခဲ့ပြီးနောက် SAC စစ်ကားတစ်စီးသည် ဒေးလိုမူနူလာကျေးရွာအုပ်စုရှိ ရွာသားတစ်ဦး၏ အိမ်ကို အရှိန်ဖြင့်ထိုးမှောက်၍ အဆိုပါအိမ်ပျက်စီးသွားခဲ့သည်။ ထို့နောက် SAC သည် လက်နက်ကြီးများပစ်ခတ်၍ ဒေသခံလူထုအကြား ကြောက်ရွံ့မှုများဖြစ်ပေါ်ခဲ့သည်။ [1]
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ - SAC သည် ဒေါ်ဖားခိုမြို့နယ်၊ တာပူ (လိပ်သို) မြို့အတွင်းသို့ လက်နက်ကြီးပစ် ခတ်၍ လူနေအိမ်များပျက်စီးရခြင်း
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ (၁း၄၅) မိနစ်တွင် (အမည်မသိတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့မှ) အဖွဲ့ဝင်နှစ်ဦးသည် ၎င်းတို့မျက်နှာအုပ်၍ သေနတ်ကိုင်ဆောင်ထားပြီး ဆိုင်ကယ်တစ်စီးဖြင့် တောအူးခရိုင်၊ ဒေါ်ဖားခို မြို့နယ်၊ တာပူ (လိပ်သို) မြို့ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ် ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါအမည်မသိလက်နက်ကိုင်နှစ်ဦးသည် ထွက်ပြေးခဲ့သည်။ သို့သော်လည်း SAC ရဲတပ် သားများတစ်ဦးမှ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းမရှိခဲ့ပေ။
ထိုသို့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တာပူ (လိပ်သို) မြို့ရှိ တပ်စခန်းတွင် အခြေစိုက်သည့် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၆၀၃) မှ SAC စစ်သားများသည် မြို့အတွင်းသို့ လက်နက်ကြီး (၄၀) မမနှင့် (၈၁) မမများ ရမ်းသမ်းပစ် ခတ်ခဲ့သည်။ မြို့တွင်းသို့ လက်နက်ကြီးခြောက်လုံးကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် မြို့တွင်းရှိ ရွာသားတစ်ဦးဖြစ်သူ စောစ---၏နေအိမ်အနားတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူနေအိမ်သုံးလုံးထိမှန်ပျက်စီးခဲ့သည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် အဆိုပါလူနေအိမ်သုံးလုံး၏ခေါင်မိုးများ၊ အိမ်နံရံ၊ တံခါး၊ အိမ်တိုင်နှင့် ခြံစည်းရုံးအုတ်နံ ရံများပျက်စီးသွားခဲ့သည်။ ထိုအိမ်ခြံထဲရှိ ကားတစ်စီး၊ ဗီဒိုတစ်လုံး၊ အဝတ်အစားများနှင့် စိုက်ပျိုးထားသည့်ဝါးပင်များ လည်း ပျက်စီးသွားခဲ့သည်။ ပျက်စီးသွားသည့်အိမ်များ၏ပိုင်ရှင်များမှာ နော်ဒ---၊ နော်ဃ--- နှင့်စောစ---တို့ဖြစ်ကြသည်။ ရွာသားများ၏ပြောပြချက်အရ တစ်ချို့ရွာသားများသည် အခြားလက်နက်ကြီးတစ်လုံးက ငှက်ပျောခြံထဲတွင် ကျရောက် ပေါက်ကွဲခဲ့သည်။ (KHRG အနေဖြင့် ငှက်ပျောခြံထဲတွင် ကျရောက်ပေါက်ကွဲသည့်လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီး မှုများရှိ၊မရှိနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။) အခြားလက်နက်ကြီးတစ်လုံးလည်း ဘောလုံးကွင်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ (ကျန်ရှိသောလက်နက်ကြီးသုံးလုံးသည် မြို့အပြင်ဘက်ရှိ တစ်နေရာတွင် ကျရောက်ပေါက် ကွဲခဲ့သည်။ သို့သော်လည်း KHRG အနေဖြင့် ထိခိုက်ပျက်စီးမှုများရှိ၊မရှိနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။)
စောစ---၏နေအိမ်အနားတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အချိန်တွင် စောစ---၊ နော်ဒ---နှင့်နော်ဃ---အပါ အဝင် ၎င်းတို့၏မိသားစုများသည် အိမ်ထဲတွင် ရှိနေခဲ့သည်။ မည်သူတစ်ဦးမှ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းမရှိခဲ့ပါ။ သို့သော်လည်း ထိုရွာသားများသည် အလွန်ကြောက်ရွံ့ခဲ့ကြသည်။ အထူးသဖြင့် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများသည် ပို၍ကြောက်ရွံ့ခဲ့ကြသည်။ (ပျက်စီးသွားသည့်အိမ်များ၏ပိုင်ရှင်များအနေဖြင့် မည်သည့်ငွေကြေး ထောက်ပံ့မှုမှ မရရှိခဲ့ပါ။)
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ - SAC သည် တာပူကျေးရွာအုပ်စု၊ အ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ် ခတ်၍ လမ်းကိုထိမှန်၍ပျက်စီး
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညအချိန်တွင် တာပူ (လိပ်သို) မြို့တွင်အခြေစိုက်သည့် ခမရ (၆၀၃) မှ SAC စစ် သားများသည် ဒေါ်ဖားခိုမြို့နယ်ရှိ တာပူကျေးရွာအုပ်စု၊ ပဆောလိုကျေးရွာအုပ်စုနှင့်ဟာသဲဖိုးလီကျေးရွာအုပ်စုအတွင်း သို့ လက်နက်ကြီး (၆၀) မမ သုံးလုံးပစ်ခတ်ခဲ့သည်။ ထိုနေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်အခြားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့မှ SAC တပ်ဖွဲ့အား တိုက်ခိုက်ခြင်း သို့မဟုတ် နယ်မြေအတွင်း စစ်လှုပ်ရှား မှုများ ဆောင်ရွက်မှုများမရှိခဲ့ပေ။
လက်နက်ကြီးတစ်လုံးသည် တာပူကျေးရွာအုပ်စု၊ အ--- ကျေးရွာအနီးရှိ သုသာန်ဘေးနား ကားလမ်းမပေါ်တွင် ကျ ရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါလမ်းမသည် ပျက်စီးသွားခဲ့သည်။ ဤလမ်းသည် အများပြည်သူသွားလာ၍ အသုံးပြု သောလမ်းဖြစ်သည်။ (ရွာသားများသည် လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်လမ်းကိုမြင်တွေ့၍ ထိုလမ်းတွင် ခရီးသွားလာရန်ကြောက်ရွံ့ကြသည်။ အကြောင်းမှာ ထိုလမ်းတွင် ခရီးသွားလာပါက ၎င်းတို့လည်း လက်နက်ကြီး ထိမှန်ရနိုင်သည်ဟုစိုးရိမ်ကြသည်။) အခြားလက်နက်ကြီးနှစ်လုံးသည် ပဆောလိုကျေးရွာအုပ်စုနှင့် ဟာသဲဖိုးလီကျေးရွာ အုပ်စုတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ သို့သော်လည်း KHRG အနေဖြင့် ထိခိုက်ပျက်စီးမှု သို့မဟုတ် လူသေဆုံး၊ ဒဏ်ရာ ရခြင်းရှိ၊မရှိနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိသေးပါ။ မည်သို့ပင်ဖြစ်စေ ရွာသားများသည် လက်နက်ကြီးများ ၎င်းတို့အိမ်ကိုထိမှန်မှာကို အလွန်စိုးရိမ်ကြောက်ရွံ့ကြသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့ - တယ်ကလယ်တိုကျေးရွာအုပ်စုအတွင်း SAC လေကြောင်းတိုက် ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် အိုးအိမ်ပိုင်ဆိုင်မှုများပျက်စီးခြင်းနှင့်နေရပ်ရွှေ့ပြောင်းရခြင်း
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက် (၉) နာရီဝန်းကျင်တွင် တပ်မဟာ (၂) ကရင်အမျိုးသားကာကွယ်ရေးတပ်မ တော် (KNDO) တပ်ရင်း (၄) သည် တယ်ကလယ်တိုတပ်စခန်းတွင် အခြေစိုက်သည့် SAC စစ်သားများ ၎င်းတို့တပ် စခန်းအနီးတွင် ရေသွားခပ်နေသည့်အချိန်တွင် ၎င်းတို့အား ဆွဲမိုင်းဖြင့်တိုက်ခိုက်ခဲ့သည်။ အဆိုပါ SAC စစ်သားများသည် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၁၄၄) မှ စစ်သားများဖြစ်ကြသည်။ တယ်ကလယ်တိုတပ်စခန်းသည် တယ်က လယ်တိုကျေးရွာအုပ်စု၊ ဖ---ကျေးရွာတွင် တည်ရှိသည်။ (KNLA အာဏာပိုင်များ၏ပြောပြချက်အရ အဆိုပါတိုက်ခိုက် မှုတွင် SAC စစ်သားအချို့သေဆုံးသွားခဲ့သည်။ (သေဆုံးသွားသည့်စစ်သားဦးရေကို မသိရှိရပါ။) ၂၀၂၅ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်နေ့ မနက် (၇) နာရီဝန်းကျင်တွင် KNDO တပ်ရင်း (၄) မှ စနိုက်ပါများသည် တယ်ကလိုတိုတပ်စခန်းမှ SAC စစ်သားများကို တဖန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် SAC ဂျက်လေယာဉ်တစ်စီးသည် ဖ--- ကျေးရွာသို့ လေကြောင်းဖြင့်တိုက် ခိုက်ခဲ့သည်။ (ဒေသခံကရင်အမျိုးသားအစည်းအရုံး- KNU အာဏာပိုင်များ၏ပြောပြချက်အရ ဤဂျက်လေယာဉ်တစ်စီး သည် နေပြည်တော်မှလာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။) အဆိုပါဂျက်လေယာဉ်သည် ကျေးရွာထဲတွင် ဗုံးတစ်လုံး ပစ်ချခဲ့ပြီး ကျေးရွာကိုလည်း စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့သည်။ ပျက်စီးသွားသည့်အိမ်တစ်အိမ်၏ပိုင်ရှင်မှာ စောဂ--- ဖြစ်သည်။ စောဂ---၏အိမ်ထဲရှိ ပစ္စည်းများ အားလုံးနီးပါးပျက်စီးသွားခဲ့သည်။ လှေကားတစ်ခုသာ မပျက်စီးခဲ့ပါ။ အခြားရွာသား၏အိမ်တစ်အိမ်လည်း စက်သေနတ် ထိမှန်၍ ခေါင်မိုး၊ အိမ်နံရံ၊ အိမ်တိုင်နှင့်ပြတင်းပေါက်များ ပျက်စီးသွားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက် (၆) နာရီတွင် KNDO စနိုက်ပါများသည် တယ်ကလယ်တိုတပ်စခန်းရှိ SAC စစ်သားများကို တဖန်ပစ်ခတ်ခဲ့သည်။ ဤပစ်ခတ်မှုကိုပြန်လည်တုန့်ပြန်သည့်အနေဖြင့် တာပူ (လိပ်သို) မြို့တွင်အခြေ စိုက်သော SAC ခမရ (၆၀၃) သည် တယ်ကလယ်တိုကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့သည်။
ထိုနေ့တွင် (ဒေါ်ဖားခိုမြို့နယ်၊ ရွှေနန်းကလေးကျေးရွာအုပ်စု၊ ရွှေနန်းကလေးကျေးရွာတွင်တည်ရှိသည့်) ရွှေနန်းကလေး တပ်စခန်းမှ SAC စစ်သားများသည် တယ်ကလယ်တိုကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့သည်။ ၎င်းတို့၏တပ်ရင်းမှူးသည် လင်းအောင်ဖြစ်သည်။ လက်နက်ကြီးတစ်လုံးသည် ဖ--- ကျေးရွာရှိ ရွာသားတစ်ဦး၏နေအိမ် သို့ ကျရောက်ခဲ့သည်။ သို့သော်လည်း မပေါက်ကွဲခဲ့ပေ။ မပေါက်ကွဲသော်လည်း ထိုအိမ်သည် အနည်းငယ်ပျက်စီး ခဲ့သည်။ ဤအိမ်၏ပိုင်ရှင်မှာ စောဧ--- ဖြစ်သည်။ စောဧ--- ၏အိမ်တွင် လက်နက်ကြီးပေါက်ကွဲသည့်အချိန်တွင် သူသည် အိမ်ထဲတွင် ရှိမနေခဲ့ပါ။ ထို့ကြောင့် သူသည် ဒဏ်ရာမရရှိခဲ့ပါ။ မပေါက်ကွဲခဲ့သောလက်နက်ကြီး၏အမှတ်စဉ်မှာ ၅၃၉/၀၂ ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် နေပြည်တော်မှလာသော SAC တပ်ဖွဲ့သည် တယ်ကလယ်တိုတပ်စခန်းကို ပြန်လည်ကာကွယ်ရန်အတွက် ထိုတပ်စခန်းသို့ ချီတက်လာခဲ့သည်။ လမ်းတစ်ဝက်တွင် KNDO တပ်ရင်း (၄) သည် အဆိုပါ SAC တပ်ဖွဲ့ကို (တယ်ကလယ်တိုကျေးရွာအုပ်စုရှိ တစ်နေရာတွင်) ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ (ဒေသခံ KNU အာဏာပိုင်များ၏ပြောပြချက်အရ ထိုတိုက်ခိုက်မှုတွင် SAC စစ်သားအများအပြားသေဆုံးခဲ့ရသည်။) KNDO တပ်ရင်း (၄) သည် SAC စစ်သားများထံမှ သေနတ်တစ်လက်နှင့်လက်နက်ကြီးများ သိမ်းယူနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၇ ရက်နေ့ ညနေ (၄) နာရီတွင် SAC ဂျက်လေယာဉ်တစ်စီးသည် တယ်ကလယ်တိုကျေးရွာအုပ်စုအတွင်းသို့ စက် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း မည်သည့်ရွာသားမှ ဒဏ်ရာရခြင်း၊ သေဆုံးခြင်းမရှိခဲ့ပေ။
KNDO သည် တယ်ကလယ်တိုတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါ ရီလ ၇ ရက်နေ့ကာလအကြား အခြားသော SAC ဂျက်လေယာဉ်တစ်စီးသည် တယ်ကလယ်တိုကျေးရွာအုပ်စုအတွင်းသို့ လေကြောင်းဖြင့်သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်။ (ဒေသခံ KNU အာဏာပိုင်များ၏ ပြောပြချက်အရ အဆိုပါဂျက် လေယာဉ်သည် တောင်ငူလေတပ်အခြေစိုက်စခန်းမှ ဂျက်လေယာဉ်ဖြစ်သည်။)
လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် တယ်ကလယ်တိုကျေးရွာအုပ်စုရှိ ဟ--- ကျေးရွာ နှင့်ဖ--- ကျေးရွာတွင်နေထိုင်ကြသည့်ရွာသားများတစ်ဦးမှ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းမရှိခဲ့ပေ။ ထိုရွာနှစ်ရွာမှ ရွာသား များအားလုံးသည် ကြောက်ရွံ့ကြသည့်အတွက် ၎င်းတို့ရွာမှ ထွက်ပြေးပုန်းရှောင်ခဲ့ရသည်။ အခြားရွာများတွင် နေထိုင် သော တစ်ချို့ရွာသားများသည် နောက်ထပ်လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားမည်စိုးသဖြင့် ၎င်းတို့ခြံထဲသို့ ကြိုတင် ပုန်းရှောင်ခဲ့သည်။ (တစ်ချို့ရွာသားများသည် နီးစပ်ရာတောတောင်နှင့်စိုက်ပျိုးခြံထဲသို့ ပုန်းရှောင်ခဲ့သည်။ တစ်ချို့လည်း တယ်ကလယ်တိုကျေးရွာအုပ်စုရှိ အခြားနေရာများသို့ ပုန်းရှောင်ခဲ့သည်။ တစ်ချို့လည်း လိပ်သိုမြို့သို့ပုန်းရှောင်ခဲ့သည်။ တစ်ချို့လည်း တောင်ငူမြို့သို့ပုန်းရှောင်ခဲ့သည်။) ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိတွင် စစ်ပြေးရှောင်ရွာသားများသည် အိမ်သို့မပြန်လာနိုင်ခဲ့သေးပေ။ ဟ--- ကျေးရွာတွင် အိမ်ခြေပေါင်း (၈၆)အိမ်ရှိပြီး ဖ--- ကျေးရွာတွင် အိမ်ခြေပေါင်း (၂၀၀) ရှိသည်။ KNU ခန့်အပ်သော တယ်ကလယ်တိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ပြောပြချက်အရ စုစုပေါင်းရွာသားများ (၂၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စစ်ပြေးရှောင်ရွာသားများသည် နနွင်းနှင့်ကော်ဖီခြံလုပ်ငန်းများကို လုပ်ကိုင်၍အသက်မွေးဝမ်းကြောင်းပြုကြသူများ ဖြစ်သည်။ ဤအချိန်ကာလသည် နနွင်းနှင့်ကော်ဖီခူးရသည့်အချိန်ကာလဖြစ်သည်။ (နနွင်းနှင့်ကော်ဖီခူးသည့်အချိန် သည် ပုံမှန်အားဖြင့် ဇန်နဝါရီလမှ မတ်လအထိဖြစ်သည်။) သို့သော်လည်း စစ်ပဋိပက္ခကြောင့် ရွာသားများသည် ၎င်းတို့ စိုက်ပျိုးခြံထဲတွင် အလုပ်သွားလုပ်ကိုင်နိုင်ခြင်းမရှိပေ။ ဤစစ်ပြေးရှောင်ရွာသားများသည် စားဝတ်နေရေးအတွက် ကူညီ ထောက်ပံ့မှုများလိုအပ်နေသည်။ စစ်ပြေးရှောင်ရွာသားများထဲတွင် ကလေးများနှင့်သက်ကြီးရွယ်အိုများ အများအပြား ရှိသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ - ဒေးလိုမူနူလာကျေးရွာအုပ်စုတွင် SAC လက်နက်ကြီးပစ်ခတ်မှုနှင့် လူနေအိမ် တစ်လုံးပေါ်သို့ SAC စစ်ကားထိုးမှောက်၍ပျက်စီး
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ (၃) နာရီဝန်းကျင်တွင် SAC စစ်ကား (၁၀) စီးသည် ဒေါ်ဖားခိုမြို့နယ်၊ (သံ တောင်ကြီးမြို့ရှိ) ဘုရင့်နောင်တပ်စခန်းမှ တောင်ငူမြို့သို့ ပြန်ဆင်းလာခဲ့သည်။ SAC စစ်ကားများသည် ဒေါ်ဖားခို မြို့နယ်၊ ဒေးလိုမူနူလာကျေးရွာအုပ်စု၊ သ--- ကျေးရွာနှင့်က--- ကျေးရွာကြားရှိ လမ်းပေါ်တွင် ရောက်ရှိသောအခါ တပ်မ ဟာ (၂) KNLA တပ်ရင်း (၅) လက်အောက်ခံ တပ်ခွဲ (၃) သည် SAC စစ်ကားများကို ဆွဲမိုင်းဖြင့်တိုက်ခိုက်ခဲ့သည်။
ညနေ (၃း၃၀) မိနစ်ဝန်းကျင်တွင် SAC စစ်ကားတစ်စီးသည် သ--- ကျေးရွာအလယ်တွင်တည်ရှိသည့် ရွာသားတစ်ဦး၏ နေအိမ်ပေါ်ကို ထိုးမှောက်၍ နေအိမ်ပျက်စီးသွားခဲ့သည်။ SAC စစ်သားသည် ရွာသားတစ်ဦး၏အိမ်ကို ထိုးမှောက်သည့် အချိန်တွင် သ--- ရွာသားများသည် သေနတ်သံများ၊ ဆွဲမိုင်းဖြင့်တိုက်ခိုက်သည့်အသံများကို မကြားမိခဲ့ပါ။ အဆိုပါ SAC စစ်ကားသည် KNLA တိုက်ခိုက်မှုကြောင့် ကားကိုထိမှန်ပျက်စီး၍ ထိုးမှောက်ခဲ့သည်လား သို့မဟုတ် ကားဒရိုင်ဘာက ကြောက်ကြောက်လန့်လန့်ဖြစ်၍ ကားကိုမထိန်းချုပ်နိုင်တော့ဘဲ ထိုးမှောက်ခဲ့သည်လား ရှင်းရှင်းလင်းလင်းမသိရှိရပါ။ ဤစစ်ကားထိုးမှောက်ကျမှုတွင် SAC စစ်သား (၆)ဦးသေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သ--- ကျေးရွာတွင် နေထိုင် သည့်ရွာသားများက KHRG အား ပြောပြခဲ့သည်။ (အခင်းဖြစ်ပြီးနောက် တစ်ချို့ SAC စစ်သားများသည် တောင်ငူမြို့သို့ ပြန်သွားပြီး တစ်ချို့လည်း သ--- ကျေးရွာတွင် ကျန်ရစ်ခဲ့သည်။) သေဆုံးသွားသည့်သူထဲတွင် SAC အရာရှိများနှင့် တပ်ခွဲ မှူးတစ်ဦးလည်း ပါဝင်သည်။
ပျက်စီးသွားသည့်အိမ်၏ပိုင်ရှင်သည် စောလ--- ဖြစ်သည်။ ထိုစစ်ကားထိုးမှောက်မှုတွင် မီးဖိုချောင်အပါအဝင် နေအိမ် တစ်ခုလုံးပျက်စီးသွားခဲ့သည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် စောလ--- သည် သူ၏နေအိမ်တွင် ရှိမနေခဲ့သည့်အတွက် ကြောင့် ထိခိုက်ဒဏ်ရာရခြင်းများမရှိခဲ့ပါ။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိတွင် SAC သည် ၎င်းတို့၏ စစ်ကားကို ပြန်လည်သယ်ယူခြင်းမရှိခဲ့ပေ။ သို့သော်လည်း SAC စစ်သားများသည် သ--- ကျေးရွာရှိ တစ်ချို့ရွာသား များ၏နေအိမ်တွင် လာရောက်နေထိုင်၍ ၎င်းတို့၏စစ်ကားကို လုံခြုံရေးယူပေးခဲ့သည်။ SAC အနေဖြင့် ရွာသားများအား ထိုးမှောက်ကျသည့်စစ်ကားကို ဓာတ်ပုံရိုက်ခွင့်မပေးခဲ့ပါ။ ဘုရင့်နောင်တပ်စခန်းမှ တိုက်နယ်မှူးသည် ပျက်စီးသွား သည့်အိမ်ကို ပြန်လည်ဆောက်လုပ်ပေးမည်ဟု သ--- ကျေးရွာတွင် စစ်ကားလုံခြုံရေးယူပေးသည့် SAC စစ်သားတစ် ဦးက ရွာသားများကို ပြောကြားခဲ့သည်။ (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိတွင် SAC သည် ပျက်စီးသွားသည့်အိမ်ကို ပြန်လည်ပြုပြင်ပေးခြင်းမရှိခဲ့ပေ။)
KNLA ဆွဲမိုင်းဖြင့်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ည (၈း၅၁) မိနစ်တွင် ဘုရင့် နောင်တပ်စခန်းမှ SAC စစ်သားများသည် ဒေးလိုမူနူလာကျေးရွာအုပ်စုရှိ မ---၊ န--- နှင့်သ--- ကျေးရွာများအတွင်းသို့ လက်နက်ကြီးခြောက်လုံးပစ်ခတ်ခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် မည်သည့်ရွာသားမှ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းမရှိခဲ့ပါ။ သို့သော်လည်း ရွာသားများသည် အလွန်ကြောက်ရွံ့ခဲ့ရသည်။
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်း သတင်းတို သည် လက်ခံရရှိသော မြေပြင်အစီရင်ခံစာ (၄) ခုအပေါ်အခြေခံ၍ရေးသားပြုစုထားပါသည်။ ထိုအစီရင်ခံစာ၏စာအမှတ်မှာ 25-50-D1၊ 25-51-D1၊ 25-64-D1 နှင့် 25-66-D2 တို့ဖြစ်သည်။
