ဤဓာတ်ပုံသတင်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)သည် အရပ်သားဒေသများ၊ ဒေသခံနယ်မြေများနှင့် လယ်ယာစိုက်ပျိုးခင်းများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောဖြစ်စဉ်များနှင့်ဆိုင်သောဓာတ်ပုံ အထောက်အထားများကို ဖော်ပြထားပါသည်။ ဤဓာတ်ပုံ သတင်းကို ရေးသားပြုစုနေစဉ်အတွင်း KHRG အနေဖြင့် SAC မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား များ၏ဘဝများကို ထိခိုက်နစ်နာစေသည့်ဖြစ်စဉ်များနှင့်ပတ်သတ်၍ များစွာသောသတင်းအစီရင်ခံစာများကို လက်ခံ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဤကဲ့သို့ဖြစ်စဉ်များသည် အဖြစ်များဆုံး လူ့အခွင့်အရေးချိုးဖောက်မှုများတစ်ခုအဖြစ်တွေ့ရှိရသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း KHRG မှ SAC သည် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖြစ်ပေါ်စေသည့် ပျက်စီးမှုများနှင့် သေကြေထိခိုက်မှုများနှင့်ဆိုင်သော ဓာတ်ပုံ (၂၇၀၈) ပုံထက်မနည်း လက်ခံရရှိခဲ့သည်။ ဤသို့လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်များသည် ဒူးသထူ (သထုံ)၊ တောအူး (တောင်ငူ)၊ ခလယ်လွီထူ (ညောင်လေးပင်)၊ ဘိတ်-ထားဝယ်၊ မူတြော် (ဖာပွန်)နှင့် ဒူးပလာယာခရိုင်တို့တွင် ဖြစ်ပွားခဲ့သည်။ SAC စစ်သားများသည် ၎င်းတို့တပ်စခန်းအနီးနားပတ်ဝန်းကျင်တွင် အထူးသဖြင့်တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသများတွင် နေ့စဉ်နှင့်အမျှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်လေ့ရှိကြသည်။ ထိုလုပ်ရပ်ကြောင့် ကျေးရွာများနှင့် လက်ယာစိုက် ပျိုးခြံများအတွင်းဖြစ်စေ၊ အများပြည်သူသွားလာသော လမ်းမများပေါ်တွင်ဖြစ်စေ၊ ဆေးပေးခန်းများ၊ ဘာသာရေး အဆောက်အဦးများနှင့် စာသင်ကျောင်းများရှိသည့်မြေယာထဲတွင်ဖြစ်စေ များစွာသောလက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် အကျိုးဆက်အနေဖြင့် ရွာသားများအား ထိမှန်၍ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိခဲ့သည်။ အရပ်သားအိုးအိမ်များ၊ အဆောက်အဦးများနှင့် လက်ယာစိုက်ပျိုးခြံများလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင် ပြည်သူလူထုများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဤသို့လက်နက်ကြီးပစ်ခတ်ခြင်းသည် ပြည်သူလူထုကြားတွင် အကြောက်တရားများဖြစ်ပေါ်စေပြီး ရွာသားများအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကိုရရှိရန်အတွက် အခက်အခဲများကြုံတွေ့နေရသည်။ ထိုမျှမက အရပ်သားဒေသများတွင် မပေါက်ကွဲသည့်လက်နက်ကြီးများ (UXO) ပို ၍များပြားလာပြီး ပြည်သူများအတွက် အန္တရာယ်ရှိလာသည်။ ရွာသားများအနေဖြင့် စားဝတ်နေရေးအတွက် ၎င်းတို့၏ လယ်ယာစိုက်ပျိုးခြံများထဲတွင် လုပ်ကိုင်စိုက်ပျိုးနိုင်ခြင်း မရှိတော့ပါ။ SAC စစ်သားများမှ ကျေးရွာများနှင့် အရပ်သားအိုးအိမ်များကို ပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်သည့်အတွက်ကြောင့် ရွာသားများသည် တောထဲသို့ဖြစ်စေ၊ ဂူထဲတွင်ဖြစ်စေ၊ ဘုန်းကြီးကျောင်း အနီးနားတွင်ဖြစ်စေ ထိုသို့နေရာများတွင် ပုန်းရှောင်နေကြရသည်။ သို့သော်လည်း တစ်ချို့ဖြစ်စဉ်များတွင် SAC စစ်သားများသည် ဘုန်းကြီးကျောင်းဝင်းထဲသို့ဖြစ်စေ၊ ဘုန်းကြီးကျောင်းအနီးတစ်ဝိုက်တွင်ဖြစ်စေ လက်နက်ကြီးများ ပစ်ခတ်ကြသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင်နေထိုင်ကြသော ရွာသားများအတွက် မည်သည့်နေရာမှ လုံခြုံမှုမရှိတော့ပါ။
ဓာတ်ပုံသတင်း - မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား များကြုံတွေ့ရသည့် ဆိုးကျိုးသက်ရောက်မှုများ (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ)
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သတ်၍ လက်ခံ ရရှိသော ဓာတ်ပုံ(၂၇၀၈)ပုံထဲမှ အချို့သောဓာတ်ပုံများကို ဒေသခံရွာသားများမှ ရိုက်ယူခဲ့သည်။ ဒေသအတွင်း လူ့အ ခွင့်အရေးအခြေအနေများကို စောင့်ကြည့်လေ့လာရန် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒေသခံအဖွဲ့ဝင်များကလည်း တစ်ချို့သောဓာတ်ပုံများကို ရိုက်ယူခဲ့ကြသည်။ သို့သော်လည်း ဤဓာတ်ပုံသတင်းတွင် လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်နှင့်ဆိုင်သော ဓာတ်ပုံ (၆၁)ပုံကိုသာ ထည့်သွင်းဖော်ပြထားသည်။ ဤပုံများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)မှ အရပ်သားဒေသများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ရွာသားများအား ထိခိုက်စေပြီး ၎င်းတို့ကြုံတွေ့ရသောအခြေအနေကို သက်သေအထောက်အထားအဖြစ် မီးမောင်းထိုးပြထားပါသည်။ ထိုဓာတ် ပုံများကို ကရင်ပြည်နယ်ရှိ ဒေသခံအသိအမှတ်ပြုထားသော ခရိုင်(၆)ခုမှ လက်ခံရရှိခဲ့သည်။
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့၌ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကော်ဖိုးပလဲ့ကျေးရွာအုပ်စု၊ က--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် SAC မှ (၁၂၀) မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာပျက်စီးသွားသောအခြေအနေကို ဖော်ပြထား သည်။ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည့် SAC စစ်သားများသည် သာဝေါ်ပလေး တပ်စခန်းတွင်အခြေစိုက်သည်။ လက်နက်ကြီး (၅)လုံးသည် က---ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲသွားပြီး ရွာသားများ၏ အိုးအိမ်များ၊ ဘုရားကျောင်းတစ်လုံး၊ လယ်ယာစပါးခင်းများနှင့် ရော်ဘာခြံများ ပျက်စီးသွားခဲ့သည်။ SAC သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း လက်နက်ကြီးများပစ် ခတ်၍ လူနေအိမ် (၇)လုံးနှင့် ရွာသားများ၏ပိုင်ဆိုင်မှုပစ္စည်းများ ပျက်စီးသွားခဲ့သည်။ (ဓာတ်ပုံ - KHRG)
အထက်ပါပုံများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ဒူးသထူခရိုင်၊ သထူမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ခ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံများတွင် SAC ခြေမြန်တပ်ရင်း(ခမရ) အမှတ်(၉)မှ ဒေသအတွင်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ထိခိုက်ပျက်စီးသွားသောအခြေအနေကို ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည(၈း၃၇)မိနစ်တွင် SAC မှ လက်နက်ကြီးများ (၃)လုံး ပစ် ခတ်၍ ခ---ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါလက်နက်ကြီးပေါက်ကွဲမှုတွင် ဦးဇင်း (၃)ပါးကို ထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အဦးနှင့် ပစ္စည်းဥစ္စာများ ပျက်စီးသွားခဲ့သည်။ SAC ခမရ (၉) သည် ဝင်းပတပ်စခန်းတွင် အခြေစိုက်နေထိုင်ပြီး တပ်မ (၄၄)၏လက်အောက်ခံတပ်ရင်းဖြစ်သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့၌ ဒူးသထူ ခရိုင်၊ ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာအုပ်စု၊ ဂ---ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် SAC မှ လက်နက် ကြီးများ ပစ်ခတ်ခြင်းကြောင့် ရွာသားတစ်ဦးဖြစ်သော ဦးဃ---မှာ လက်နက်ကြီးအစအနထိမှန်ပြီး သေဆုံးသွားသောအခြေအနေကို ဖော်ပြထားသည်။ ထိုနေ့တွင် SAC တပ်မ (၄၄)၏ လက်အောက်ခံ တပ်ရင်းဖြစ်သော အမြောက်တပ် (၆၀၂) သည် ဂ---ကျေးရွာသို့ (၁၂၀) မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ် လုံးသည် ဦးဃ---၏အိမ်ဘေးနားတွင် ကျရောက်ပေါက် ကွဲခဲ့သည်။ ဦးဃ---၏ဇနီးလည်း လက်နက်ကြီးအစအ နထိမှန်၍ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့၌ ဒူးသထူ ခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဆောသူးခီးကျေးရွာအုပ်စု၊ င---ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ထိုနေ့တွင် SAC ခမရ (၂) သည် ဒေသအတွင်း လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ခမရ (၂) သည် သထုံမြို့ရှိတပ်စခန်းတွင် အခြေစိုက်ပြီး င---ကျေးရွာရှိ လက်ပန်းပင်တပ်စခန်းတွင် လာရောက်၍ ယာယီစခန်းချ၍ နေထိုင်ကြသည်။ ပုံတွင် ရွာ သားတစ်ဦးဖြစ်သော နော်စ---သည် ရွာထဲမှာရှိနေစဉ်တွင် လက် နက်ကြီးပေါက်ကွဲ၍ လက်နက်ကြီးအစများသည် သူမ၏ဦးခေါင်းကိုထိမှန်၍ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည့်အခြေအနေကို ဖော်ပြထားသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့၌ ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဆ---ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၌ SAC သည် လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ပြီး ရွာသားတစ်ဦး၏အိမ်နီးနားရှိ စိုက်ပျိုးခင်းတစ်နေရာတွင် ကျရောက်ပေါက်ကွဲ၍ မြေကြီးထဲတွင် တွင်းပေါက်တစ်ပေါက်ဖြစ်သွားသည့်အခြေအနေကို ဖော်ပြထားသည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် လူနေအိမ်တစ်လုံးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ပျက်စီးသွားပြီး နွားနှစ်ကောင်လည်း သေဆုံးသွားခဲ့သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၌ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေလောင်းအေးကျေးရွာအုပ်စု၊ ဇ---ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် အသက် (၁၇)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ နော်ဈ---သည် လက် နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး ဇ---ဆေးပေးခန်းတွင် ဆေးကုသမှုခံယူနေသောအခြေအနေကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၌ SAC ခမရ (၄၀၄) သည် ဇ---ကျေးရွာအတွင်းသို့ (၆၀)မမ လက်နက် ကြီးများ ပစ်ခတ်၍ နော်ဈ---အားထိမှန်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် အခြားရွာသားတစ်ဦးကိုလည်း ထိမှန်၍ ဒဏ် ရာရရှိခဲ့ပြီး ရွာသားများ၏ အိုးအိမ်ပိုင်ဆိုင်မှုပစ္စည်းများလည်း ထိခိုက်ပျက်စီးခဲ့သည်။ ခမရ(၄၀၄)သည် စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ်(၈) ၏ လက်အောက်ခံတပ်ရင်းတစ်ရင်းဖြစ်ပြီး ၎င်းတို့၏တပ်စခန်းသည် ဇ---ကျေးရွာအနီးနားတွင် တည်ရှိသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တောအူးခရိုင်၊ ဒေါဖာခို့မြို့နယ်၊ ထီးသာစောဒေသရှိ ဌ---ကျေးရွာတွင်ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် နေ့၌ SAC သည် ဒေသအတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ရွာသားတစ်ဦး ၏နေအိမ်တစ်လုံးအား ထိမှန်၍ ပျက်စီးသွားသောအခြေအနေကို ဖော်ပြထားသည်။ တပ်ရင်းမှူးရာဇာထွန်း ဦးဆောင်သော SAC ခလရ(၂၆)နှင့် ရွှေနန်းကလေးတပ်စခန်းတွင်အခြေစိုက်၍ ဟန်လင်းအောင် ဦးဆောင်သော အခြား SAC တပ်ရင်းများ ပူးပေါင်း၍ ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ များတို့အကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း SAC တပ်ဖွဲ့များသည် တိုက်ပွဲ ဖြစ်ပွားသည့်နေရာအနီးနားပတ်ဝန်းကျင်တွင် လက်နက်ကြီးများရမ်းသမ်းပစ် ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့် တစ်ချို့သော လက်နက်ကြီးများ သည် ဌ--- ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲသွားပြီး ရွာ သား(၅)ဦး၏ နေအိမ်များထိမှန်၍ လုံးဝပျက်စီးသွားခဲ့သည်။ ထို့အ ပြင် အခြားလူနေအိမ်အလုံး (၉၀)ခန့်မှာလည်း အနည်းငယ်ပျက်စီးခဲ့ပြီး အိမ်အသုံးအဆောင်ပစ္စည်းတော်တော်များများ ပျက်စီးသွားခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် တိုက်ပွဲဖြစ်နေစဉ်အတွင်း ကျေးရွာမှ မထွက်ပြေးနိုင်သည့် ရွာသားတစ်ဦးကိုလည်း ထိမှန်၍ သေဆုံးသွားခဲ့သည်။ ထိုရွာသားသည် အသက် (၅၀)နှစ်ရှိပြီးဖြစ် သည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၌ ဒူးသထူခရိုင်၊ သထူမြို့နယ်၊ ဒေါယာကျေးရွာအုပ်စု၊ ဋ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ထိုနေ့တွင် SAC အမြောက်တပ် (၃၁၄)သည် လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးနှစ်လုံးသည် ဋ---ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲသွားသည့် လက်နက်ကြီးအစအနများသည် အမျိုးသမီး(၄)ဦးအား ထိမှန်၍ သေဆုံးသွားခဲ့ပြီး အခြားရွာသား(၆)ဦးကိုလည်း ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဒဏ်ရာရရှိခဲ့သည့် ရွာသား(၆)ဦးတွင် အသက်(၂)နှစ်အရွယ်သာရှိသော ကလေးတစ်ဦးလည်းပါဝင်သည်။ ထို့အပြင် လက်နက် ကြီးပစ်ခတ်မှုတွင် လူနေအိမ်(၂)လုံးမှာ လုံးဝပျက်စီးသွားခဲ့ပြီး အခြားလူနေအိမ် (၅)လုံး၊ စာသင်ကျောင်း အဆောက်အဦး (၂)လုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ရေတိုင်ကီကြီးတစ်လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
အထက်ကပုံကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင်ရိုက်ယူခဲ့ပြီး လက်ယာမှပုံကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ရိုက်ယူခဲ့သည်။ ဓာတ်ပုံရိုက်ယူထားသောနေရာသည် ဒူးသထူခရိုင်၊ သထူမြို့နယ်၊ ကော်လာကျေးရွာအုပ်စု၊ ဋ္ဌ---ကျေးရွာဖြစ်သည်။ ဇန်နဝါရီလ ၁၈ ရက်နေ့၌ သထုံမြို့ရှိ ဝင်းပတပ်စခန်းတွင် အခြေစိုက်သော SAC ခမရ (၉)သည် ၎င်းတို့တပ်စခန်း ပတ်ဝန်းကျင်အနားတွင် လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ပစ် ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် ဋ္ဌ--- ကျေးရွာနှင့် ဍ--- ကျေးရွာအကြားရှိ တစ်နေရာတွင် ကျရောက်ပေါက်ကွဲသွား၍ ရွာသား(၂)ဦးအားထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါရွာသား(၂)ဦးသည် ဈေးထဲသို့သွား၍ စားစရာများဝယ်ယူပြီးနောက် ၎င်းတို့ ရွာသို့ပြန်လာသည့်လမ်းတွင် လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထိုရွာသား(၂)ဦး၏အမည်မှာ စောဎ--- (၅၇နှစ်)နှင့်နော်ဏ--- (၅၅နှစ်)တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် လင်မယားဖြစ်သည်။ အထက်ကပုံတွင် ပြထားသည့်အတိုင်း စောဎ---သည် သူ ၏ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သူ၏ဇနီးဖြစ်သူ နော်ဏ---၏လက်တွင်လည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ဝင်းပတပ်စခန်းတွင် အခြေစိုက်သော SAC ခမရ (၉)သည် ဋ္ဌ---ကျေးရွာအတွင်းသို့ လက်နက်ကြီး (၂)လုံး တဖန်ပစ်ခတ်ခဲ့ပြန်သည်။ ပေါက်ကွဲသွားသည့် လက်နက်ကြီးအစအန(၃)ခုသည် အသက်(၉)နှစ်အရွယ်ရှိသော စောတ---အား ထိမှန်၍ သူ၏ညာဖက်ခြေထောက်ကျိုးသွားခဲ့သည်။ စောတ---ဒဏ်ရာရရှိသောအခြေအနေကို လက်ယာမှပုံတွင် မြင်တွေ့နိုင် သည်။ ကျေးရွာထဲရှိ ဒေသခံကျန်းမာရေးလုပ်သားအဖွဲ့မှ ဒဏ်ရာရရှိခဲ့သည့်စောဎ---နှင့်စောတ---တို့ကို ဆေးကုသမှု ပေးခဲ့သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအတွင်း တောအူးခရိုင်၊ ဒေါဖာခို့မြို့နယ်၊ ထီးသာစောဒေသရှိ ဌ---ကျေးရွာ တွင်ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၄ ခုနှစ်၊ ဇန် နဝါရီလ ၁၉ ရက်နေ့၌ SAC သည် ဒေသအတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ရွာသားတစ်ဦး၏နေအိမ်တစ်လုံးအား ထိမှန်၍ပျက်စီးသွားသော အခြေအနေကို ဖော်ပြထားသည်။ တပ်ရင်းမှူးရာဇာထွန်းမှ ဦးဆောင်သော SAC ခလရ (၂၆)နှင့် ရွှေနန်းကလေးတပ်စခန်းတွင်အခြေစိုက်၍ ဟန်လင်းအောင်မှ ဦးဆောင်သောအခြား SAC တပ်ရင်းများ ပူးပေါင်း၍ ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ် ဖွဲ့များအတို့အကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း SAC တပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးနား ပတ်ဝန်းကျင်တွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်တစ်ချို့ သောလက်နက်ကြီးများသည် ဌ--- ကျေးရွာအ တွင်းသို့ ကျရောက်ပေါက်ကွဲသွားပြီး ရွာသား (၅)ဦး၏ နေအိမ်များထိမှန်၍ လုံးဝပျက်စီးသွားခဲ့သည်။ ထို့အပြင် အခြားလူနေအိမ်အလုံး (၉၀)ခန့်မှာလည်း အနည်းငယ်ပျက်စီးခဲ့ပြီး အိမ်အသုံးအဆောင်ပစ္စည်း တော်တော်များများပျက်စီးသွားခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် တိုက်ပွဲဖြစ်နေစဉ်အတွင်း ကျေးရွာမှမထွက်ပြေးနိုင်သည့် ရွာသားတစ်ဦးကိုလည်း ထိမှန်၍သေဆုံးသွားခဲ့သည်။ ထိုရွာသားသည် အသက် (၅၀)နှစ်ရှိပြီးဖြစ်သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၌ တောအူး ခရိုင်၊ ထောတထူမြို့နယ်၊ အထူးဒေသရှိ ပ---ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် SAC မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်၍ ပ---ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် ကျရောက်ပေါက်ကွဲသွားပြီး လက်နက်ကြီး အစသည် အသက် (၄၈)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ မဖ---အား ထိမှန်ဒဏ်ရာ ရရှိခဲ့သောအခြေအနေကို ဖော်ပြထားသည်။[1] (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၌ တောအူးခ ရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စု၊ ဗ--- ကျေးရွာတွင်ရိုက်ယူခဲ့သည်။ နိုဝင်ဘာလ ၂၇ ရက်နေ့၌ ည (၉း၀၄)မိနစ်ခန့်တွင် (၄)မိုင်တပ်စခန်း နှင့် (၇)မိုင်တပ်စခန်းတွင် အခြေစိုက်သော ခြေလျင်တပ်ရင်း (ခလရ) အမှတ်(၃၉) အပါအဝင် SAC တပ်ဖွဲ့များ သည် ဒေးလိုမူနူဒေသအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ် ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် ရွာ သားတစ်ဦး၏ ရော်ဘာခြံထဲတွင် ကျရောက်ပေါက်ကွဲသွားပြီး ရော် ဘာပင်အချို့နှင့် လူနေအိမ်တစ်လုံးကို ထိမှန်ပျက်စီးသွားခဲ့သည်။ ရွာသားတစ်ဦးဖြစ်သူ နော်ဘ---ကိုလည်း ထိမှန်၍ သူမ၏ တံတောင်ဆစ်တွင် ဒဏ်ရာရရှိခဲ့သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၌ တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုမူနူဒေသရှိ မ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ထိုနေ့တွင် ခလရ(၃၉) အပါအဝင် SAC တပ်ဖွဲ့များသည် ဒေးလိုမူနူဒေသအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ် ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ် လုံးသည် မ---ကျေးရွာအနီးရှိ လယ်ယာထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးအစအနသည် ရွာသားတစ်ဦးဖြစ်သူ စောယ---၏နွား တစ်ကောင်ကို ထိမှန်၍ သေဆုံးသွားခဲ့သည်။[2] (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလ ၂၈ ရက်နေ့ ၌ တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုမူနူဒေသရှိ ရ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ၌ SAC ခလရ (၃၉) သည် ရ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်တစ်လုံး၏ ခေါင်မိုးကိုထိမှန်၍ ပျက်စီးသွားသော အခြေအနေကို ဖော်ပြာထားသည်။ အဆိုပါလက်နက်ကြီး ပစ်ခတ်မှုတွင် ရ---ကျေးရွာရှိ အခြားလူနေအိမ် (၃)လုံးကိုလည်း ထိမှန်ပျက်စီးခဲ့သည်။[3] (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုမူနူဒေသရှိ လ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့၌ တပ်မဟာ (၂) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း အမှတ်(၅)၏ အမိန့်အောက်တွင် လှုပ်ရှားနေသည့် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင် (၃)ဦးသည် (၄)မိုင် ကျေးရွာရှိ SAC ခလရ (၃၉) တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည်။ PDF စစ်သားများသည် လ---ကျေးရွာမှနေ၍ SAC တပ်စခန်းကို M79 လက်နက်ကြီးဖြင့် (၃)ချက်ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် SAC စစ်သားများလည်း လ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ အကြိမ်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ခဲ့သည်။ အဆိုပါလက်နက် ကြီးပစ်ခတ်မှုကြောင့် လ---ကျေးရွာတွင် နေထိုင်ကြသည့်ရွာသားအများစုသည် အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ရန်အတွက် နီးစပ်ရာတောတောင်များ၊ နီးစပ်ရာဆွေမျိုး သားချင်းများ၏နေအိမ်များ၊ နီးစပ်ရာ ၎င်းတို့၏လယ်ယာများနှင့် ဥယျာဉ်ခြံများထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် ရွာသား (၃)ဦး၏နေအိမ်များ ပျက်စီးသွား ခဲ့သည်။ အိမ်ပိုင်ရှင်များမှာ စောဝ---၊ စောသ---နှင့် စောဟ---တို့ဖြစ် ကြသည်။[4]
(ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တောအူးခရိုင်၊ ဒေါ်ဖားခို့မြို့နယ်၊ ထီးသာစောဒေသရှိ ဌ---ကျေးရွာတွင်ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၌ SAC သည် ဒေသအတွင်း လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် ရွာသားတစ်ဦး၏ နေအိမ်တစ်လုံးအား ထိမှန်၍ပျက်စီးသွားသော အခြေအနေကို ဖော်ပြထားသည်။ တပ်ရင်းမှူးရာဇာထွန်းမှ ဦးဆောင်သော SAC ခလရ (၂၆)နှင့် ရွှေနန်းကလေး တပ်စခန်းတွင် အခြေစိုက်၍ ဟန်လင်းအောင်မှ ဦးဆောင်သော အခြား SAC တပ်ရင်းများပူး ပေါင်း၍ ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များတို့အကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း SAC တပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွားသည့်နေရာ အနီးနားပတ်ဝန်းကျင်တွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်တစ်ချို့သောလက်နက် ကြီးများသည် ဌ--- ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲသွားပြီး ရွာသား (၅)ဦး၏နေအိမ်များထိမှန်၍ လုံးဝပျက်စီးသွားခဲ့သည်။ ထို့အပြင် အခြားလူနေအိမ်အလုံး(၉၀)ခန့်မှာလည်း အနည်းငယ် ပျက်စီးခဲ့ပြီး အိမ်အသုံးအဆောင်ပစ္စည်းတော်တော်များများ ပျက် စီးသွားခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် တိုက်ပွဲဖြစ်နေစဉ်အတွင်း ကျေးရွာမှမထွက်ပြေးနိုင်သည့် ရွာသားတစ်ဦးကိုလည်း ထိမှန်၍ သေဆုံးသွားခဲ့သည်။ ထိုရွာသားသည် အသက် (၅၀)နှစ်ရှိပြီးဖြစ်သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
လက်ဝဲမှပုံကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရိုက်ယူခဲ့ပြီး လယ်ယာမှပုံကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ရိုက်ယူခဲ့သည်။ ဓာတ်ပုံရိုက်ယူထားသောနေရာသည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မူးအထူးဒေသရှိ အ---ကျေးရွာ ဖြစ်သည်။ ထိုနေ့တွင် နန်းသာကွင်းတပ်စခန်းတွင်အခြေစိုက်သော ခမရ (၄၃၉) အပါအဝင် SAC ပူး ပေါင်းတပ်ဖွဲ့များသည် KNU ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာပြီး ကက---ကျေးရွာနှင့် ခခ---ကျေးရွာအကြားရှိ တစ်နေရာတွင် KNLA စစ်သားများနှင့် ထိပ်တိုက်တွေ့ဆုံ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း နန်းသာကွင်းတပ်စခန်းအနီးနားတွင်ရှိသော SAC တပ်ဖွဲ့များသည် ဂဂ--- ကျေးရွာဒေသသို့ လက်နက်ကြီးများအလုံး ပေါင်း (၅၀)ခန့် ပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့် တစ်ချို့လက်နက်ကြီးများသည်လည်း ခခ---ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၄၅)နှစ်အရွယ်ရှိသော ရွာသားတစ်ဦးဖြစ်သူ စောကြာလူအား ထိမှန်၍ သေဆုံးသွားခဲ့သည်။ ထို့အပြင် အခြားရွာသားနှစ်ဦးဖြစ်သည့် စောနိုင်ထူး (၃၀နှစ်) နှင့် စောခိုင်ဇာဦး (၂၆နှစ်) တို့ကိုလည်း လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ လက်ဝဲမှပုံတွင် SAC မှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် သေဆုံးသွား သောရွာသားတစ်ဦးအခြေအနေကို ဖော်ပြထားသည်။ လက်နက်ကြီးပစ်ခတ်မှုတွင် အရပ်သား (၁၀)ဦး၏နေအိမ်များကိုလည်း ထိမှန်ပျက်စီးခဲ့သည်။ လယ်ယာမှပုံတွင် အရပ်သားတစ်ဦး၏နေအိမ်ပျက်စီးသွားသောအခြေအနေကို ဖော်ပြထားသည်။ (ဓာတ်ပုံ - ဒေသခံရွာသား / KHRG)
ဤပုံကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၂၇ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဃဃ---ဒေသတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ SAC မှ ဃဃ---ဒေသအတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ခခ--- ရွာမှ ရွာ သားများသည် ထွက်ပြေးတိမ်း ရှောင်နေရသော အခြေအနေကို ဖော်ပြထားသည်။ (ဓာတ်ပုံ - KHRG)
KHRG အနေဖြင့် အထက်ပါပုံများကို ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မီးတွင်းကျေးရွာအုပ်စု၊ ငင---ကျေးရွာသားတစ် ဦးထံမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လက်ခံရရှိခဲ့သည်။ ထိုနေ့တွင် SAC သည် ဒေသအတွင်း လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ပြီး လက်နက် ကြီးတစ်လုံးသည် ငင---ကျေးရွာရှိ မစစ---၏နေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲသွားသည့် လက်နက်ကြီး အစအနသည် မစစ---အား ထိမှန်၍သေဆုံးသွားခဲ့သည်။ ထို့အပြင် မစစ---၏သားဖြစ်သူ ဆဆ---ကိုလည်း ထိမှန်၍ သူ၏ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ သူမ၏သားသည် အသက် (၅)နှစ်သာရှိသေးသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤပုံကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၂၂ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ နို့ဘိုးခီးကျေး ရွာအုပ်စု၊ ဇဇ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၉ ရက်နေ့၌ ပနွဲ့ကုန်းမြို့အနီးနားတွင် တည်ရှိသော တပ်စခန်းတစ်လုံးတွင် အခြေစိုက်သည့် SAC ရွှေဝတပ်ရင်းသည် ဒေသအတွင်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လက်နက်ကြီး (၃) လုံးသည် ဇဇ---ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးအစအနသည် အသက်(၄၈)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ ဈဈ---အား ထိမှန် ၍ သေဆုံးသွား ခဲ့ပြီး အခြားရွာသား (၃)ဦးကိုလည်း ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ရွာသားများ၏ နေအိမ်များကိုလည်း ထိမှန်ပျက်စီးခဲ့သည်။ ဒဏ်ရာရရှိ သည့် ရွာသား(၃)ဦးကို ရေလဲကျေးရွာ အုပ်စု၊ ညည---ကျေးရွာရှိ ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါဆေးခန်းသည် KNU မှ ဖွင့်လှစ်စီမံထားသောဆေးခန်းဖြစ်သည်။ (ဓာတ်ပုံ - KHRG)
အထက်ပါပုံများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ ဆောထီးမြို့နယ်၊ ပျဉ်ရေးကျေးရွာအုပ်စု၊ ဋဋ---ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ ပါဇမ်းမောင်တပ်စခန်းတွင် အခြေစိုက်သော SAC ခမရ(၂၀)သည် တပ်မ (၄၄)၊ (၆၆)နှင့် (၇၇)တို့နှင့်ပူးပေါင်း၍ ပျဉ်ရေးကျေးရွာအုပ်စုသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီး (၂)လုံးသည် ဋဋ--- ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ်နှစ်လုံးနှင့် အိမ်တွင်းရှိပစ္စည်းများအားလုံး မီးလောင်ပြာကျသွားခဲ့သည်။ ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုတွင် အမျိုးသမီး(၂)ဦးအား ထိမှန်၍ သေဆုံးသွားခဲ့ပြီး အခြားရွာသား (၂)ဦးကိုလည်း ထိမှန်၍ဒဏ်ရာရရှိခဲ့ သည်။ နော်ဌဌ--- (၆၆နှစ်) သည် မီးလောင်သွားသည့်နေရာတွင် သေဆုံးသွားခဲ့ပြီး နော်ဍဍ--- (၃၅နှစ်)သည် လက်နက်ကြီးထိမှန်ပြီးနောက် သေဆုံးသွားခဲ့သည်။ သူမ၏အလောင်းသည်လည်း မီးထဲတွင်ပါသွားပြီး လောင်ကျွမ်းသွားခဲ့သည်။ ဒဏ်ရာရရှိသည့် နော်ဎဎ---ကို ရွှေကျင်မြို့သို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။ စောဏဏ--- (၁၇နှစ်) သည် ၎င်း၏ဦးခေါင်း၊ မေးစေ့နှင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သောအခြေအနေကို လယ်ဝဲမှပုံတွင် မြင်တွေ့နိုင်သည်။ စောဏဏ---ကို KNU စီမံအုပ်ချုပ်သည့် ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤပုံကို ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မွေတွင်းကျေးရွာ အုပ်စု၊ တတ---ကျေး ရွာတွင် ရိုက်ယူခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့၌ ထွန်းတောက်တပ်စခန်းတွင် အခြေစိုက်သော SAC ခမရ (၅၉၉) နှင့် အခြားသော SAC တပ်ဖွဲ့များသည် ထထ---ကျေးရွာနှင့် ဒဒ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများပေါက်ကွဲ၍ ရွာသားနှစ်ဦး၏ နေအိမ်များနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးသွားခဲ့သည်။ ရွာသားများသည်လည်း ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ (ဓာတ်ပုံ - KHRG)
ဤပုံကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ဒေါမိုးကျေးရွာ အုပ်စု၊ ဓဓ---ကျေး ရွာတွင် ရိုက်ယူခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၌ SAC သည် ဓဓ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးတစ်လုံးသည် ဆေးခန်းထဲသို့ ကျရောက်ပေါက်ကွဲသွားသည့် အခြေအနေကို ပုံတွင်မြင်တွေ့နိုင်သည်။ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဆေး ခန်း၏ခေါင်မိုးနှင့် အချို့သော ဆေးဝါးပစ္စည်းကိရိယာများလည်း ပျက်စီးသွားခဲ့သည်။ (ဓာတ်ပုံ - KHRG)
ဤပုံကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ ဆောထီးမြို့နယ်၊ သခက်ကုန်းကျေးရွာအုပ်စု၊ နန--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ မနက် (၉း၃၂) မိနစ်တွင် အင်းဝိုင်းကျေးရွာအုပ်စုရှိ အင်းဝိုင်းတပ်စခန်းတွင် အခြေစိုက်သော SAC ခမရ(၂၀)သည် နန--- ကျေးရွာအတွင်းသို့ (၆၀)မမ လက်နက် ကြီးနှစ်လုံး ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးအစသည် အမျိုးသမီး (၃) ဦးကို ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဒေါ်ပပ--- (၇၅နှစ်)သည် သူမ၏အိမ်ထဲတွင် အိပ်ပျော်နေစဉ်အတွင်း လက်နက်ကြီးအစအနသည် သူမ၏ နောက်ကျောနှင့် ဝမ်းဗိုက်ကိုထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ မဖဖ--- (၄၄နှစ်)သည် သူမ၏ဘယ်ပုခုံးနှင့် တင်ပါးကိုထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ မဖဖ---၏သမီးဖြစ်သူ မဗဗ--- (၁၀နှစ်)ကိုလည်း လက်နက် ကြီးအစထိမှန်ပြီး သူမ၏တင်ပါးတွင် ဒဏ်ရာရရှိခဲ့သည်။ ဒေသခံရွာ သားများ၏ ပြောပြချက်အရ SAC သည် ကျေးရွာအတွင်းသို့ လက် နက်ကြီးပစ်ခတ်ခဲ့သည့်အကြောင်းမှာ ထိုကျေးရွာတွင် KNU မှ ရွာ သားများနှင့် သွားရောက်တွေ့ဆုံ၍ အစည်းအဝေးတစ်ခု ပြုလုပ်မည်ဟု သတင်းရရှိထားသောကြောင့် ဖြစ်သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤပုံကို ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ ၁၂ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မြောင်ရိုးကြီးကျေးရွာအုပ်စု၊ ဘဘ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ ၁၂ ရက်နေ့၌ SAC ခလရ (၅)သည် မမ---ကျေးရွာနှင့် ယယ--- ကျေးရွာတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ရွာသားများ သည် ၎င်းတို့ရွာမှထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေ ကို ဖော်ပြထားသည်။ (ဓာတ်ပုံ - KHRG)
အထက်ပါပုံများကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ ဆောထီးမြို့နယ်၊ ပျဉ်ရေးကျေးရွာအုပ်စု၊ ရရ---ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ထိုနေ့တွင် SAC ခမရ (၂၆၄) သည် ဒေသအတွင်း (၁၂၀) မမ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လက်နက်ကြီး (၃)လုံးသည် ရရ--- ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီး ပေါက်ကွဲရာတွင် ရွာသား(၄)ဦးအား ထိမှန်၍ဒဏ်ရာရရှိခဲ့ပြီး မိန်း ကလေးတစ်ဦးကိုလည်း ထိမှန်၍သေဆုံးခဲ့သည်။ ထို့အပြင် လူနေအိမ်(၅)လုံးလည်း ပျက်စီးသွားခဲ့သည်။ လက်ဝဲမှပုံတွင် ပျက်စီးသွားသည့်လူနေအိမ်တစ်လုံး၏အခြေအနေကို ဖော်ပြထားပြီး လယ်ယာမှပုံတွင် သေဆုံးသွားသည့်မိန်းကလေး တစ်ဦး၏ရုပ်အလောင်းကို အသုဘအခမ်းအနားတွင်ထားရှိထားသော အခြေအနေကို ဖော်ပြထားသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤပုံကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဖြူအထူးဒေသ၊ လလ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့သော ဝဝ--- ရွာသား (၄)ဦးအနက် တစ်ဦးသည် ဆေးကုသမှုခံယူနေသော အခြေအ နေကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ အောက် တိုဘာလ ၁၇ ရက်နေ့၌ SAC ခမရ (၃၀ရ) သည် လလ---ကျေးရွာအတွင်းသို့ လက်နက် ကြီးများ ပစ်ခတ်ခဲ့ပြီး ထိုရွာသားကို ထိမှန်၍ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ် သည်။ ခမရ(၃၀၇)သည် ရွှေဝတပ်စခန်းတွင် အခြေစိုက်သည်။ (ဓာတ်ပုံ - KHRG)
ဤပုံကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ ဆောထီးမြို့နယ်၊ အင်းဘီလူးကျေးရွာအုပ်စု၊ သသ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် လက်နက် ကြီးထိမှန်၍ ဒဏ်ရာရရှိ ခဲ့သော ကွင်းကုန်းကျေးရွာအုပ်စု၊ ဟဟ--- ကျေးရွာသား (၆)ဦး အနက် တစ်ဦးမှာ သသ---ကျေးရွာရှိ KNU စီမံအုပ်ချုပ်သောဆေးခန်းသို့ လာရောက် ၍ အရေးပေါ်ဆေးကုသမှု ခံယူနေသောအခြေအနေကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့၌ ညောင်လေးပင်မြို့ တပ်စခန်းတွင် အခြေစိုက်သော SAC ခမရ(၂၀)သည် သသ---ကျေးရွာသို့ (၁၂၀) မမ လက်နက် ကြီး(၈)လုံးခန့် ပစ်ခတ်ခဲ့ခြင်းကြောင့် လက်နက်ကြီးအစ အနသည် ရွာသား (၆)ဦးအား ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ - KHRG)
ဤပုံကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ ဆောထီးမြို့နယ်၊ ဋ္ဌဋ္ဌ---ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက် (၁၀း၄၀)မိနစ်တွင် ညောင်လေးပင်မြို့ တပ်စခန်းတွင် အခြေစိုက်သော SAC ခမရ(၂၀)သည် ဒေသအတွင်း (၁၂၀) မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုန်းကြီး ကျောင်းတစ်လုံး၏ခေါင်မိုးအား ထိမှန်ပြီး ပျက်စီးသွားသောအခြေအနေကို ဖော်ပြထားသည်။ အဆိုပါ SAC တပ် ဖွဲ့သည် ဋ္ဌဋ္ဌ--- ကျေးရွာသို့ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး(၂)လုံးသည် ဋ္ဌဋ္ဌ---ကျေးရွာအနီးနားတွင် ကျရောက်ပေါက်ကွဲပြီး အခြားတစ်လုံးမှာ ဋ္ဌဋ္ဌ---ဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ပေါက် ကွဲခဲ့သည်။ ဘုန်းကြီးကျောင်း၏ခေါင်မိုးနှင့် ဗုဒ္ဓရုပ်ပွားတော်လည်း ပျက်စီးသွားခဲ့သည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဘိတ်-ထား ဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ အောပူးနယ်မြေ၊ ကဗ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ထိုနေ့တွင် ပုလောအောပူးတပ်စခန်း၌ အခြေစိုက်သော SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၅) မှ (၁၂၀) မမ လက်နက်ကြီး(၄)လုံးကို ကဗ--- ကျေးရွာ အတွင်းသို့ပစ်ခတ်ခဲ့သောကြောင့် ရွာသား(၄)ဦး ထိ ခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အသက် (၃၈) နှစ်အရွယ် စောကဘ--- သည် ၎င်း၏ခါးနှင့် လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အသက်(၃၀)နှစ်အရွယ် စောကမ--- သည် ၎င်း၏ရင်ဘတ်တွင် အနည်း ငယ်ဒဏ်ရာရရှိခဲ့သည်။ အသက်(၂၅)နှစ်အရွယ် စောကယ--- သည် ၎င်း၏ခါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်(၇)နှစ်အရွယ် စောကရ--- သည် ၎င်း၏ လည်ပင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုရွာသားများသည် ဘောလုံးကစားနေကြစဉ်တွင် လက်နက်ကြီးထိမှန်ခဲ့သည်။ စောကဘ--- အား ပုလောနယ်မြေ၊ ကလ--- ကျေးရွာရှိ ဆေးခန်းတစ်လုံးသို့ပို့ခဲ့ပြီး ထိုမှတစ်ဆင့် ပုလောမြို့ရှိ ဆေးရုံတစ်လုံးသို့ လွှဲပြောင်းခဲ့သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့၌ ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ ကမော သွေးနယ်မြေ၊ ကသ--- ကျေးရွာအတွင်းရှိ ကဟ--- ဘုန်းကြီးကျောင်းတွင်ရိုက်ယူခဲ့ပါသည်။ ထိုနေ့ တွင် အမည်မသိရှိရသော လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့မှကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ် ခတ်ခဲ့သောကြောင့် အသက် (၆၅) နှစ်အရွယ် ဒေါ်ခဂ--- နှင့်သူမ၏ သမီးဖြစ်သူ အသက် (၄၅) နှစ်အရွယ် မခဃ--- တို့သည် ကဟ--- ဘုန်ကြီး ကျောင်း၌ လက်နက်ကြီးအစအနဖြင့် ၎င်းတို့၏ လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ထို့နောက် ၎င်းတို့ကို ကသ--- ကျေးရွာရှိ ခဆ--- ဆေးခန်းသို့ပို့ခဲ့ပြီး ထိုမှတစ်ဆင့် ထားဝယ်မြို့ရှိ ချမ်းမြေ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် လွှဲပြောင်း ပေးခဲ့သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ(၁၉)ရက်နေ့ ၌ ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလောနယ်မြေ၊ ခဇ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့တွင် ပုလောမြို့၌အခြေစိုက်သော SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ်(၂၈၅)သည် ခဇ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ် ခဲ့သောကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး သူမ၏သားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဤ SAC တပ်ဖွဲ့များသည် ဒေသအ တွင်းပုံမှန် ပစ်ခတ်မှုများပြုလုပ်လေ့ရှိသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလောနယ်မြေတွင် ရိုက်ယူခဲ့ပါသည်။ ဤပုံသည် ပြည် တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူ (IDPs) များအတွက်သတ်မှတ်ထားသော နေရာတစ်ခုတွင် ကလေးငယ်အများအပြား ပညာသင်ကြားနေပုံကို ဖော်ပြထားပါသည်။ လယ်မူလားမြို့နယ်အတွင်းရှိ ရွှေ့ပြောင်း နေထိုင်ရာနေရာ (၃) ခုတွင် ကျေးရွာ (၄၅) ရွာမှ ရွာသူ၊ရွာသားပေါင်း (၁၆၉၁) ဦးခန့် ခိုလှုံနေထိုင်ကြသည်။ ထိုကျေးရွာ(၄၅)ရွာမှ ရွာသူ၊ရွာသားများသည် ၎င်းတို့၏ ဒေသအတွင်းသို့ SAC ၏ လက်နက်ကြီးပစ်ခတ်ခြင်း နှင့်အခြားသော စစ်ရေးလှုပ်ရှားမှုများကြောင့် ထွက်ပြေးခဲ့ရခြင်းဖြစ် သည်။ ပြည်တွင်းနေရပ် ရွှေ့ပြောင်းနေထိုင်သူ (IDPs) များသည် လူထုအခြေပြုအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်း (CBOs/CSOs) များထံမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့အချို့ကို ရရှိခဲ့ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တွင် ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့ နယ်၊ ကလဲမူထိနယ်မြေ၊ ခတ--- ကျေးရွာတွင် ရိုက်ယူခဲ့ပါသည်။ ဤပုံသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့တွင် SAC များမှ ဒေသခံ PDF တို့နှင့် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပစ်ခတ်လိုက်သော မပေါက် ကွဲသေးသည့် လက်နက်ကြီးပုံဖြစ်ပါသည်။ ကျေးရွာခေါင်းဆောင်များက KNU အာဏာရှိသူများအား အကြောင်းကြားပြီး ဤမပေါက်ကွဲ သေးသောလက်နက်ကြီး (UXO) ကို ဖယ်ရှားစေလိုသည်။ ရပ်ရွာအတွင်း UXO တိုးများလာခြင်းကြောင့် ရွာသူ၊ရွာ သားများသည် ၎င်းတို့၏ လယ်ယာများနှင့် စိုက်ခင်းများတွင် အလုပ်လုပ်ရန် လုံခြုံမှုမရှိဟု ခံစားကြသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၌ ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလောနယ်မြေ၊ ခထ--- ကျေးရွာတွင် ရိုက်ယူခဲ့ပါသည်။ ဤပုံသည် SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၆) မှထိုနေ့တွင် လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် ပျက်စီးသွားသောရွာသားတို့၏အိမ်နှစ်လုံးထဲမှ တစ်လုံးပုံဖြစ်ပါ သည်။ လက်နက်ကြီးသည် ခထ--- ကျေး ရွာတွင်ပေါက်ကွဲခဲ့ပြီး ရွာသား(၁)ဦးကို ထိ ခိုက်ဒဏ်ရာရစေခဲ့သည်။ ရွာသူ၊ရွာသား အားလုံးသည် ၎င်းတို့၏လုံခြုံရေးအတွက် ထွက်ပြေးခဲ့ကြသည်။ SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၆) သည် ပုလောမြို့တွင် အခြေစိုက်သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့၌ ဘိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတင်နယ်မြေ၊ ခဒ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ အထက်ပါဘယ်ဘက်ခြမ်းရှိပုံသည် ဒီဇင်ဘာလ (၁) ရက်နေ့၌ SAC နှင့် ဒေသခံ PDF တို့ကြားတိုက်ပွဲ ဖြစ်ပွားပြီးနောက် SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၅၈) နှင့် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၂၄) တို့၏ ယမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသောဘုရားကျောင်းတစ်လုံး၏ပုံဖြစ်ပါသည်။ ထို့အပြင် အိမ်နှစ်လုံးလည်းပျက်စီးခဲ့သည်။ ညာဘက်ခြမ်းရှိပုံသည် သေနတ်ကျည်ဆံအခွံများဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့၌ ဘိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဝသစ်နယ် မြေ၊ ခဓ--- ကျေးရွာတွင်ရိုက်ယူခဲ့သည်။ ပုံတွင် ခပ--- ကျေးရွာမှ ရွာသူ၊ရွာသားအချို့သည် ဒီဇင်ဘာလ (၆) ရက်နေ့တွင် SACမှ ၎င်းတို့၏ ကျေးရွာအတွင်းသို့ ပစ်ခတ်မှုပြုလုပ်ခဲ့သောကြောင့် ထွက်ပြေးတိမ်းရှောင် ရသောပုံဖြစ်ပါသည်။ ထွက်ပြေးတိမ်းရှောင်နေစဉ်တွင် ရွာသူ၊ရွာသားများသည် စားဝတ်နေရေးအခက်အခဲ များနှင့် ကြုံတွေ့ရပြီး ခရီးသွားလာခြင်းကန့်သတ်မှုနှင့် ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခများကြောင့် ရွာသူ၊ ရွာသားများသည် ဆေးကုသမှုမခံယူနိုင်သည့်အပြင် ၎င်းတို့၏ ကလေးများမှာလည်း ပညာမသင်ယူနိုင် ခဲ့ကြပါ။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့၌ ဘိတ် -ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ အောပူးနယ်မြေ၊ ခဖ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ထိုနေ့တွင် SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ်(၂၈၅)မှ လက်နက်ကြီးအလုံး(၈၀)ခန့်ကို ခဖ--- ကျေးရွာအတွင်းသို့ပစ်ခတ်ခဲ့ပြီး ရွာသားတစ်ဦး၏ စပါးသို လှောင်ရာနေရာ၊ အိမ်(၂)လုံးနှင့် အိမ်အတွင်းရှိပစ္စည်းများအား လုံး မီးလောင်ပျက်စီးခဲ့သည်။ ရွာသားတစ်ဦးသည် လက်နက် ကြီးအစအနဖြင့် ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့ပြီး ၎င်းကို လယ်မူလားမြို့နယ်၊ ပုလောနယ်မြေရှိ ခမ--- ဆေးခန်းသို့ပို့ဆောင်ခဲ့သည်။ ထို့နောက် ၎င်းကိုထိုင်နိုင်ငံရှိ ဆေးရုံတစ်လုံးသို့လွှဲပြောင်းပို့ ဆောင်ခဲ့သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့၌ ဘိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကြာအင်းချောင်းကျေးရွာအုပ်စု၊ ခဘ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ဤပုံသည် SAC မှ ယခင်က ပစ်ခတ်ခဲ့ပြီး မပေါက်ကွဲဘဲကျန်ရှိနေသော လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသွားသောရွာသား တစ်ဦး၏ပုံဖြစ်ပါသည်။ အဆိုပါရွာသားသည် ၎င်း၏စိုက်ခင်းထဲရှိ အသီးအရွက်များကို သန့်ရှင်းရေးပြုလုပ်နေစဉ် ချုံပုတ်အောက်ရှိ မပေါက်ကွဲသေးသောကျည်(UXO)ကို မတော်တဆထိမိသောကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့ ၌ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေး ရွာအုပ်စု၊ ခရ--- ကျေးရွာတွင်ရိုက်ယူခဲ့သည်။ ဤပုံသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ(၁၅) ရက်နေ့၌ SAC နှင့် ဒေသခံ KNLA တို့ကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း SAC မှ လက်နက်ကြီးများယမ်းသမ်းပစ် ခတ်ခဲ့သောကြောင့် သေဆုံးသွားသော ခရ--- ကျေးရွာမှ အသက်(၅၃)နှစ်အရွယ် ဦးခလ--- ၏ပုံဖြစ်ပါသည်။ ဦးခလ--- သည် ၎င်း၏လယ်ထဲတွင် အလုပ်လုပ်နေစဉ် လက်နက်ကြီးအစထိမှန်၍ သေ ဆုံးခဲ့သည်။ အခင်းဖြစ်ပွားသောနေ့ ညနေပိုင်းတွင် ဦးခလ--- သည် အိမ်သို့ပြန်မလာသောကြောင့် ၎င်း၏မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ၎င်း ၏ရုပ်အလောင်းကို နောက်တစ်နေ့တွင် တွေ့ရှိခဲ့သည်။ ရွာသူ၊ရွာသားများသည် ၎င်းကို ထိုနေ့တွင်သာ လျင်မြန်စွာမြှုပ်နှံခဲ့ကြရသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စောမူပလောကျေးရွာအုပ်စုတွင်ရိုက်ယူခဲ့သည်။ ဤပုံသည် SAC မှ လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသော ခမ--- ရွားသားများ၏ပုံဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် ပေါ်ခေးခိုတပ်စခန်း၌ အခြေစိုက်သော SAC တပ်ဖွဲ့များသည် ၎င်းတို့၏ရွာထဲသို့ (၁၂၀) မမ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ရွာသူ၊ရွာသားများသည် ၎င်းတို့၏လုံခြုံရေးအတွက် နီးစပ်ရာတောတောင်များသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု၊ ခဝ--- ကျေး ရွာတွင်ရိုက်ယူခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် မထောတပ်စခန်းမှ SAC စစ်သားများသည် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ထပ်မံစုဆောင်ရန်အတွက် KNU အုပ်ချုပ်သောနယ်မြေအတွင်းသို့ဝင်ရောက်လာကာ ဒေသခံ KNLA တပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကိုခံရချိန်တွင် လက်နက်ကြီးများယမ်းသမ်းပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သော လက်နက်ကြီးများထဲမှ တစ် လုံးသည် ခဝ--- ကျောင်းဝန်းထဲသို့ ကျရောက်ခဲ့သောကြောင့် ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်းကိုသွားရန် လုံခြုံမှုမရှိဟု ခံစားကြရသည်။ မထောတပ်စခန်း၌ ပုံမှန်အခြေစိုက်လေ့ရှိသော SAC တပ်ရင်းများမှာ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၁)၊ (၄၀၂)၊ (၄၀၄)၊ (၄၀၇)၊ နှင့် (၄၁၀) တို့ဖြစ်ကြသည်။ ဤ SAC တပ် ဖွဲ့မျာသည် ၂၀၂၃ ခုနှစ် တစ်လျှောက်လုံးတွင် ၎င်းတို့၏ စစ်တပ်အခြေစိုက်စခန်းတစ်ဝိုက်ရှိ ကျေးရွာအုပ်စု (၄) ခုသို့ လက်နက်ကြီးယမ်းသမ်းပစ်ခတ်မှုများ ပုံမှန်ဆောင်ရွက်လေ့ရှိသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့တွင်ရရှိခဲ့ပြီး မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု၊ ခသ--- ကျေးရွာတွင်ရိုက်ယူခဲ့ခြင်းဖြစ်သည်။ ပုံတွင် SAC ပစ်ခတ်လိုက်သော လက်နက် ကြီးများ ပေါက်ကွဲပြီးနောက် ကျန်ခဲ့သော လက်နက် ကြီးအစအနအကြွင်းအကျန်များဖြစ်ပါသည်။ ဤကျန်ခဲ့သော ကျည်အစအနများကို ဒေသခံရွာသားများက စုဆောင်းခဲ့ကြသည်။
(ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံများကို ၂၀၂၃ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ရိုက်ယူခဲ့ပါ သည်။ ဘယ်ဘက်ခြမ်းရှိပုံကို ခဟ--- ကျေးရွာတွင် ရိုက်ယူခဲ့ပြီး အထက်ရှိပုံကို ဂဃ--- ကျေးရွာတွင်ရိုက်ယူခဲ့ပါသည်။ ဤကျေးရွာများသည် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ပနွယ်ကလားကျေး ရွာအုပ်စုတွင် တည်ရှိပါသည်။ ဘယ်ဘက်ခြမ်းရှိပုံသည် ပျက်စီးသွားသော ခဟ--- ဘုန်းကြီးကျောင်းပုံဖြစ်၍ အထက်ရှိပုံသည် ဂဃ--- ရွာသားတစ်ဦးပိုင်ဆိုင်သော နွားတစ်ကောင်သေဆုံးနေသည့် ပုံဖြစ်ပါသည်။ ဤဖြစ်စဉ်နှစ်ခုစလုံးသည် ၂၀၂၃ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် SAC သည် ဒေသခံ KNLA-PDF တပ်ဖွဲ့များကို တိုက်ခိုက်နေစဉ် လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ မေလ (၁၆) ရက်နေ့၌ ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ လောင်ကိုင်ကျေးရွာအုပ်စု၊ ဂဆ---ကျေးရွာတွင်ရိုက်ယူခဲ့ပါသည်။ ပုံတွင် ဦးဂည--- အမည်ရှိ ရွာသားတစ်ဦးပိုင်ဆိုင်သော ပျက်စီးသွားသည့် အိမ်တစ်လုံးကို ဖော်ပြထားပါသည်။ အိမ်နှင့် အိမ်တွင်းရှိပစ္စည်းများသည် ၂၀၂၃ ခုနှစ်၊ မေလ(၁၄)ရက်နေ့တွင် SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၉၇) မှ ဂဆ--- ကျေးရွာအတွင်းသို့ (၁၂၀)မမ လက်နက်ကြီးများပစ်ခတ်ခဲ့သောကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်သည်။ SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၉၇)သည် ကော်တရီမြို့နယ်၊ လိုင်ဝတပ်စခန်းတွင် အခြေစိုက်သည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ မေလတွင် ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ရွာကလေးကျေးရွာအုပ်စု၊ ဂစ---ကျေးရွာ တွင်ရိုက်ယူခဲ့ပါသည်။ ပုံတွင် ၂၀၂၃ ခုနှစ်၊ မေလ (၂၈) ရက်နေ့၌ SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၆) မှ လက်နက် ကြီးယမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး၏အိမ် ပျက်စီးသွားပုံကိုဖော်ပြထားပါ သည်။ ထို့အပြင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ်(၅၄၆)ကို တပ်ရင်းမှူး အုပ်ခန့်မင်းမှ ဦးဆောင်သည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၇)ရက်နေ့တွင် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ သုံးဆယ်သုံးဆူကျေးရွာအုပ်စု၊ ဂပ--- ကျေးရွာတွင်ရိုက်ယူခဲ့သည်။ ထိုနေ့တွင် တပ်မ (၄၄) လက်အောက်ခံ SAC ခမရ (၂၀၂) မှ (၁၂၀) မမ လက်နက်ကြီးများကို ဂပ--- ကျေးရွာအတွင်းသို့ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံးကာ ရွာသား (၂) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသွားသူနှင့် ထိခိုက်ဒဏ်ရာရသူများသည် တစ်မိသားစုတည်းဖြစ်ကြသည်။ ၎င်းတို့မှာ အသက် (၄၃) နှစ်အရွယ် နော်ဂဖ--- နှင့် သူမ၏ (၄)နှစ်အရွယ်သားဖြစ်သူ ဂဗ--- တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူမ ၏သားအကြီးဖြစ်သူ အသက်(၁၂)နှစ်အရွယ် ဂဘ--- မှာ လက် နက်ကြီးအစထိပြီးနောက် ချက်ချင်းသေဆုံးသွားခဲ့သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ မေလ(၂၃)ရက်နေ့၌ ဒူးပလာ ယာခရိုင်၊ ကရူတူးမြို့နယ်၊ ဂတ--- မြို့တွင် ရိုက်ယူခဲ့သည်။ ပုံတွင် SAC မှ မြို့ထဲသို့လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသော အသက်(၁၄)နှစ်အရွယ် မောင်ဂဒ--- ကိုဖော်ပြထားပါသည်။ ထို့အပြင် လက် နက်ကြီးပေါက်ကွဲမှုကြောင့် အသက် (၇) နှစ်အရွယ် မောင်ဂဓ--- လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွာသားအချို့၏အိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၃ခုနှစ်၊ ဇွန်လတွင် ဒူးပလာယာခရိုင်၊ ဝေါ်ရေမြို့နယ်၊ တခွန်တိုင်ကျေးရွာအုပ်စု၊ ဂမ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၌ SAC အမတ (၃၁၈) မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ရွားသား၏အိမ်တစ်လုံးကိုဖော်ပြထားပါသည်။ ဤအဖြစ်အပျက်တွင် အိမ်အလုံးပေါင်းများစွာ ပျက်စီးခဲ့သည်။ ဤ SAC တပ်ဖွဲ့များသည် ဇွန်လ (၁၉) ရက်နေ့တွင် လက်နက်ကြီးများထပ်မံပစ်ခတ်ခဲ့၍ ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ (ဓာတ်ပုံ - KHRG)
ဘယ်ဘက်ခြမ်းတွင်ဖော်ပြထားသောပုံကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၌ ဂလ--- ကျေးရွာနှင့် အထက်ရှိဖော်ပြထားသော ပုံကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ လောင်ကိုင်ကျေးရွာအုပ်စု၊ ဂဝ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ဘယ်ဘက်ခြမ်းရှိပုံသည် ဂလ--- ကျေးရွာရှိ ဘုန်း ကြီးကျောင်းနှင့် အထက်ရှိပုံသည် ဂဝ--- ရွာသူတစ်ဦးဖြစ်သူ ဒေါ်ဂသ--- ပိုင်ဆိုင်သောအိမ်တစ်လုံးဖြစ်ပါသည်။ ထိုအဆောက် အဦး (၂) ခုစလုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် SAC မှကျေးရွာအတွင်းသို့ (၁၂၀)မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့သော ကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်သည်။ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ကလေး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားကလေး (၁) ဦးလည်းသေဆုံးခဲ့သည်။ (ဓာတ်ပုံ - KHRG)
ဤပုံကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့၌ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကော်နွယ်ကျေးရွာအုပ်စု၊ ဂရ---ကျေးရွာအနီးရှိ စိုက် ခင်းတစ်ခုတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့၌ SACမှ ၎င်းတို့၏ကျေးရွာထဲသို့ လက်နက်ကြီးယမ်းသမ်းပစ် ခတ်မှုကြောင့် လယ်ယာများနှင့် အနီးနားရှိ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ရသော ရွာသားများကို ဖော်ပြထားပါသည်။ (ဓာတ်ပုံ - KHRG)
Footnotes:
[1] KHRG, “တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ်ဖားခိုမြို့နယ်တွင် SAC မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံးပြီး လူနေ အိမ်များလည်း ထိခိုက်ပျက်စီး (၂၀၂၃ ခုနှစ်၊ သြဂုတ်လ)”, ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ။
[2] KHRG, “တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ထောတထူမြို့နယ်တွင် SAC မှ လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်း (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ)”, ၂၀၂၄ ခုနှစ်၊ မတ်လ။
[3] KHRG, “တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ထောတထူမြို့နယ်တွင် SAC မှ လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်း (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ)”, ၂၀၂၄ ခုနှစ်၊ မတ်လ။
[4] KHRG, “တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ထောတထူမြို့နယ်တွင် SAC တပ်ဖွဲ့များမှ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ လူ နေအိမ်များမီးရှို့ခြင်းနှင့် PDF တပ်သားများမှ ရွာသားများအား လမ်းပြအဖြစ်လုပ် ပေးရန် အတင်းခိုင်းစေခြင်း (၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ မှ ဒီဇင်ဘာလအထိ)”, ၂၀၂၄ ခုနှစ်၊ ဧပြီလ။