Fri, 07 Jun 2024
ဓာတ်ပုံသတင်း - မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားများကြုံတွေ့ရသည့် ဆိုးကျိုးသက်ရောက်မှုများ (၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလအထိ)

ဤဓာတ်ပုံသတင်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)သည် အရပ်သားဒေသများ၊ ဒေသခံနယ်မြေများနှင့် လယ်ယာစိုက်ပျိုးခင်းများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောဖြစ်စဉ်များနှင့်ဆိုင်သောဓာတ်ပုံ အထောက်အထားများကို ဖော်ပြထားပါသည်။ ဤဓာတ်ပုံ သတင်းကို ရေးသားပြုစုနေစဉ်အတွင်း KHRG အနေဖြင့် SAC မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား များ၏ဘဝများကို ထိခိုက်နစ်နာစေသည့်ဖြစ်စဉ်များနှင့်ပတ်သတ်၍ များစွာသောသတင်းအစီရင်ခံစာများကို လက်ခံ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဤကဲ့သို့ဖြစ်စဉ်များသည် အဖြစ်များဆုံး လူ့အခွင့်အရေးချိုးဖောက်မှုများတစ်ခုအဖြစ်တွေ့ရှိရသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း KHRG မှ SAC သည် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖြစ်ပေါ်စေသည့် ပျက်စီးမှုများနှင့် သေကြေထိခိုက်မှုများနှင့်ဆိုင်သော ဓာတ်ပုံ (၂၇၀၈) ပုံထက်မနည်း လက်ခံရရှိခဲ့သည်။ ဤသို့လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်များသည် ဒူးသထူ (သထုံ)၊ တောအူး (တောင်ငူ)၊ ခလယ်လွီထူ (ညောင်လေးပင်)၊ ဘိတ်-ထားဝယ်၊ မူတြော် (ဖာပွန်)နှင့် ဒူးပလာယာခရိုင်တို့တွင် ဖြစ်ပွားခဲ့သည်။ SAC စစ်သားများသည် ၎င်းတို့တပ်စခန်းအနီးနားပတ်ဝန်းကျင်တွင် အထူးသဖြင့်တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသများတွင် နေ့စဉ်နှင့်အမျှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်လေ့ရှိကြသည်။ ထိုလုပ်ရပ်ကြောင့် ကျေးရွာများနှင့် လက်ယာစိုက် ပျိုးခြံများအတွင်းဖြစ်စေ၊ အများပြည်သူသွားလာသော လမ်းမများပေါ်တွင်ဖြစ်စေ၊ ဆေးပေးခန်းများ၊ ဘာသာရေး အဆောက်အဦးများနှင့် စာသင်ကျောင်းများရှိသည့်မြေယာထဲတွင်ဖြစ်စေ များစွာသောလက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့သည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် အကျိုးဆက်အနေဖြင့် ရွာသားများအား ထိမှန်၍ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိခဲ့သည်။ အရပ်သားအိုးအိမ်များ၊ အဆောက်အဦးများနှင့် လက်ယာစိုက်ပျိုးခြံများလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင် ပြည်သူလူထုများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဤသို့လက်နက်ကြီးပစ်ခတ်ခြင်းသည် ပြည်သူလူထုကြားတွင် အကြောက်တရားများဖြစ်ပေါ်စေပြီး ရွာသားများအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကိုရရှိရန်အတွက် အခက်အခဲများကြုံတွေ့နေရသည်။ ထိုမျှမက အရပ်သားဒေသများတွင် မပေါက်ကွဲသည့်လက်နက်ကြီးများ (UXO) ပို ၍များပြားလာပြီး ပြည်သူများအတွက် အန္တရာယ်ရှိလာသည်။ ရွာသားများအနေဖြင့် စားဝတ်နေရေးအတွက် ၎င်းတို့၏ လယ်ယာစိုက်ပျိုးခြံများထဲတွင် လုပ်ကိုင်စိုက်ပျိုးနိုင်ခြင်း မရှိတော့ပါ။ SAC စစ်သားများမှ ကျေးရွာများနှင့် အရပ်သားအိုးအိမ်များကို ပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်သည့်အတွက်ကြောင့် ရွာသားများသည် တောထဲသို့ဖြစ်စေ၊ ဂူထဲတွင်ဖြစ်စေ၊ ဘုန်းကြီးကျောင်း အနီးနားတွင်ဖြစ်စေ ထိုသို့နေရာများတွင် ပုန်းရှောင်နေကြရသည်။ သို့သော်လည်း တစ်ချို့ဖြစ်စဉ်များတွင် SAC စစ်သားများသည် ဘုန်းကြီးကျောင်းဝင်းထဲသို့ဖြစ်စေ၊ ဘုန်းကြီးကျောင်းအနီးတစ်ဝိုက်တွင်ဖြစ်စေ လက်နက်ကြီးများ ပစ်ခတ်ကြသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင်နေထိုင်ကြသော ရွာသားများအတွက် မည်သည့်နေရာမှ လုံခြုံမှုမရှိတော့ပါ။  

 

ဓာတ်ပုံသတင်း - မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား များကြုံတွေ့ရသည့် ဆိုးကျိုးသက်ရောက်မှုများ (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ) 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သတ်၍ လက်ခံ ရရှိသော ဓာတ်ပုံ(၂၇၀၈)ပုံထဲမှ အချို့သောဓာတ်ပုံများကို ဒေသခံရွာသားများမှ ရိုက်ယူခဲ့သည်။ ဒေသအတွင်း လူ့အ ခွင့်အရေးအခြေအနေများကို စောင့်ကြည့်လေ့လာရန် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒေသခံအဖွဲ့ဝင်များကလည်း တစ်ချို့သောဓာတ်ပုံများကို ရိုက်ယူခဲ့ကြသည်။ သို့သော်လည်း ဤဓာတ်ပုံသတင်းတွင် လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်နှင့်ဆိုင်သော ဓာတ်ပုံ (၆၁)ပုံကိုသာ ထည့်သွင်းဖော်ပြထားသည်။ ဤပုံများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)မှ အရပ်သားဒေသများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ရွာသားများအား ထိခိုက်စေပြီး ၎င်းတို့ကြုံတွေ့ရသောအခြေအနေကို သက်သေအထောက်အထားအဖြစ် မီးမောင်းထိုးပြထားပါသည်။ ထိုဓာတ် ပုံများကို ကရင်ပြည်နယ်ရှိ ဒေသခံအသိအမှတ်ပြုထားသော ခရိုင်(၆)ခုမှ လက်ခံရရှိခဲ့သည်။

Fri, 07 Jun 2024

Footnotes: 

[1] KHRG, “တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ်ဖားခိုမြို့နယ်တွင် SAC မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံးပြီး လူနေ အိမ်များလည်း ထိခိုက်ပျက်စီး (၂၀၂၃ ခုနှစ်၊ သြဂုတ်လ)”, ၂၀၂၄ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ။

[2] KHRG, “တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ထောတထူမြို့နယ်တွင် SAC မှ လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်း (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ)”, ၂၀၂၄ ခုနှစ်၊ မတ်လ။

[3] KHRG, “တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ထောတထူမြို့နယ်တွင် SAC မှ လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်း (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ)”, ၂၀၂၄ ခုနှစ်၊ မတ်လ။

[4] KHRG, “တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ထောတထူမြို့နယ်တွင် SAC တပ်ဖွဲ့များမှ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ လူ နေအိမ်များမီးရှို့ခြင်းနှင့် PDF တပ်သားများမှ ရွာသားများအား လမ်းပြအဖြစ်လုပ် ပေးရန် အတင်းခိုင်းစေခြင်း (၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ မှ ဒီဇင်ဘာလအထိ)”, ၂၀၂၄ ခုနှစ်၊ ဧပြီလ။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်