Tue, 24 May 2022

Radio Than Lwin Times ရဲ့ (၂၃.၅.၂၀၂၂ ) ရက်နေ့ ညပိုင်း အစီအစဥ်

 

• မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးပြီး ကမ်းပါးပြိုလာတဲ့အတွက် သောင်းရင်းမြစ်အနီးက စစ်ရှောင်ပြည်သူတွေ ဒုက္ခကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေးဟာ မေလ ၂၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာ ရုတ်တရက် ကွယ်လွန်သွားတယ်လို့ ဦးဇော်ဌေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

• တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

• စက်သုံးဆီ လိုသလောက် ဝယ်ယူမရတဲ့အချိန်မှာ အာဏာသိမ်း စစ်ကောင်စီက စက်သုံးဆီဈေးနှုန်း သတ်မှတ်ထိန်းချုပ်ပြီး ရောင်းချခိုင်းလာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

• ဖက်ဒရယ်ပြည်ထောင်စုနဲ့ ရာမညမွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြောက်လအတွင်း အပြီးရေးဆွဲဖို့ ၂၀၂၂ မွန်အမျိုးသားညီလာခံ ညီလာခံမှာ ဆုံးဖြတ်ထားပါတယ်။

• ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုနဲ့ ရာမညမွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ ဘာတွေ ပြင်ဆင်နေပြီးလဲ။

• ဘယ်လောက် စတင် ရေးဆွဲသွားဖို့ စီစဉ်ထားပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ၂၀၂၂ မွန်အမျိုးသားညီလာခံ ပြောရေးဆိုခွင့်ရှိသူ နိုင်ဝဏ္ဏမာန်ကို မမြကြေးမုံက ဆက်သွယ်မေးမြန်းထားပါတယ်။

• ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တာကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်အပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံက ကိုယ်စားလှယ်တွေဟာ အစည်းအဝေးမှ ထွက်ခွာသွားသော်လည်း အစည်းအဝေးစီစဉ်တဲ့ အဖွဲ့အစည်းနဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ထောက်ခံကြောင်း တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

ရေဒီယို သံလွင်တိုင်းမ်ရဲ့ သတင်းထုတ်လွင့်မှုတွေကိုတော့ အပတ်စဥ် တနင်္လာနေ့ကနေ စနေ့နေအထိ မြန်မာစံတော်ချိန် ည ( ၉ )နာရီမှာ နားသောတ ဆင်နိုင်ပါတယ်။

သံလွင်တိုင်းမ်ရဲ့ သတင်းထုတ်လုပ်မှုတွေကိုတော့ FB , Telagram , instrangm , twitter နဲ့ သံလွင်တိုင်းမ်ရဲ့ ဝက်ဆိုဒ် စာမျက်နှာတွေမှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://youtu.be/rAusgv2vdw8

Youtube Channel တွင်လည်း ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်။