Wed, 07 Feb 2024
ကရင်နီပြည်နယ် ဒီမောဆိုတွင် အရပ်သားများအား လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ချက်

   

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့၊ တနင်္လာနေ့တွင် စစ်ကောင်စီမှ ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့ နယ်အတွင်းရှိ ကျေးရွာနှစ်ရွာအပေါ်သို့ လေကြောင်းတိုက်ခိုက်မှု  (၁၀) ကြိမ်နှင့် လက်နက်ကြီး (၆) လုံး ပစ်ခတ်ခဲ့ပါသည်။ ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၇) ဦး သေဆုံးပြီး အနည်းဆုံး (၂၀) ဦးထိခိုက်ဒဏ်ရာရရှိကာ  အများစုမှာ ကလေးသူငယ်များ ဖြစ်ကြပါသည်။ တစ်နာရီအတွင်းပင် စာသင် ကျောင်း (၂) ကျောင်း၊ ဘုရားကျောင်း (၁) ကျောင်းနှင့် အခြားပြည်သူပိုင်အဆောက်အဦး (၆) လုံး ဆိုးရွား စွာထိခိုက်ပျက်စီးသွားခဲ့ပါသည်။ စစ်ကောင်စီမှ အရပ်သားများအား ပစ်မှတ်ထားပြီး တိုက်ခိုက်မှုအပေါ် ကျွန်ုပ်တို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ပြင်းထန်စွာရှုတ်ချပြီး နိုင်ငံတကာအသိုင်းအဝိုင်းအား ထိခိုက်နစ်နာသူများအတွက် ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးအရေးယူပေးရန် တောင်းဆိုပါသည်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG)၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၅ရက်နေ့၊ မနက် (၁၀း၁၅) မိနစ်အချိန်တွင် စာသင်ကျောင်း (၂) ကျောင်းအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟု ဆိုပါသည်။ ဒေါ်စီအီးကျောင်းတွင် အသက် (၁၂) နှစ်နှင့် (၁၄) နှစ်ကြားရှိ ကလေးငယ် (၄) ဦးသေ ဆုံးခဲ့ပြီး အသက် (၃) နှစ်အောက်အပါအဝင် အနည်းဆုံး ကလေးသူငယ် (၁၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါသည်။ ဒုတိယအကြိမ်တိုက်ခိုက်မှုမှာ လွိုင်နန့်ပါး ကျောင်းအား ပစ်မှတ်ထားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှု တွင် အမျိုးသား (၁) ဦးနှင့် ကျောင်းဆရာ/မ (၂) ဦး သေဆုံးခဲ့ပြီး အခြားအရပ်သားပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ဘုရားတစ်ကျောင်းအပါအဝင် ရွာသားနှင့် စစ်ဘေးရှောင်များ ပိုင်ဆိုင်သော အဆောက်အဦး (၆) ခုလည်း ထိခိုက်ပျက်စီးခဲ့ပါသည်။

မြန်မာပြည်အရှေ့ပိုင်းနှင့် အခြားတိုင်းရင်းသားဒေသများတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားသည့်အခါ ကျေးရွာများအား ပစ်မှတ်ထားပြီး လက်နက်ကြီးနှင့် လေကြောင်းဖြင့် တိုက်ခိုက် ခြင်းသည် စစ်ကောင်စီမှ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက စနစ်တကျနှင့် ကျယ်ကျယ် ပြန့်ပြန့်ပြုလုပ်လေ့ရှိသောအရာတစ်ခုဖြစ်ပါသည်။ စစ်ကောင်စီ၏ တိုက်ခိုက်မှုများသည် အများပြည်သူ နေထိုင်ရာနေရာများကို ပစ်မှတ်ထားသည်သာမကဘဲ စာသင်ကျောင်းအပါအဝင် ထောင်ချီရှိသော စစ်ဘေးရှောင်နှင့်သက်ဆိုင်သောအ‌ဆောက်အဦးအပြင် ပြည်သူပိုင်အဆောက်အဦးများကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထားနေသည်မှာ ရှင်းလင်းစွာ ပြသနေပါသည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအောက်တွင် ကလေးသူငယ်များသည် ထိခိုက်နစ်နာလွယ်သူများဖြစ်သည့်အလျောက် အထူးအကာ အကွယ်ပေးထားရမည်ဖြစ်ကြောင်း ထင်ရှားစွာ ပြဌာန်းထားပါသည်။ ပညာရေးအတွက်ဆောက်လုပ် ထားသောအဆောက်အဦးများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ကလေးသူငယ်များအား အထူး အန္တရာယ်ကျရောက်စေပြီး ၎င်းတို့အား ပို၍ပင်ထိခိုက်နစ်နာမှု ဖြစ်စေပါသည်။  နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဥပဒေ‌တွင် အရပ်သားနှင့်စစ်ဖက်ဆိုင်ရာ ပစ်မှတ်များအကြား ခွဲခြားမှုပြုလုပ်ရန် တောင်းဆိုထားပါသည်။ ထို့ကြောင့် စစ်ကောင်စီအနေဖြင့် အရပ်သားများ၏ အရာဝတ္တုပစ္စည်းများ အထူးသဖြင့် ပညာရေးဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာအ‌ဆောက်အဦးများအားပစ်မှတ်ထား တိုက်ခိုက် ခြင်းသည် လက်နက်ကိုင်ပဋိပက္ခအတွင်း ချမှတ်ထားသည်ဥပဒေကို ချိုးဖောက်သည့် ကျူးလွန်မှုကြီး ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး (ICC) ရောမဥပဒေအောက်တွင် အကာအကွယ် ပြုထားသည့်ဆောက်အဦးများအား ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု နှင့် လူသားမျိုး နွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု မြောက်ပါသည်။

နိုင်ငံတကာရာဇဝတ်မှုဥပဒေမှ ရာဇဝတ်မှုကျူးလွန်ရန် အမိန့်ပေးသည့် အထက်အရာရှိများ၏ တာဝန်ရှိ မှုနှင့် ၎င်းတို့၏ လက်‌‌အောက်ငယ်သားများမှ ကျူးလွန်သောရာဇဝတ်မှုလုပ်ရပ်များအား တားဆီးရန် သို့ မဟုတ် အပြစ်ပေးအရေးယူရန်ပျက်ကွက်ခြင်းကိုလည်း ထပ်ဆင့်ပြဌာန်ထားပါသည်။ စစ်ကောင်စီ ခေါင်း ဆောင်များသည် အမိန့်ကွက်ကဲမှုကွင်းဆက်မှတဆင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် အမိန့်ပေး
ခိုင်းစေမှုများအတွက် တာဝန်ရှိပြီး ဤကဲ့သို့သော ဆိုးရွားလှသည့်ရာဇတ်ကျူးလွန်မှုများအတွက် တာဝန် ယူမှုတာဝန်ခံမှု ရှိရမည်ဖြစ်သည်။

နိုင်ငံတကာလူမှုအသိုင်းအဝိုင်းမှ ဤကဲ့သို့သော ကျူးလွန်မှုများအဆုံးသတ်ရန် ချက်ချင်းနှင့် ခိုင်မာပြတ် သားသော အရေးယူမှုလုပ်ရမည်ဖြစ်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းသို့ အကြံပြုတောင်းဆိုချက်များ

  • စစ်ကောင်စီအရာရှိများထံ လက်နက်နှင့် လောင်စာဆီများထောက်ပံ့မှု၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ ရောင်းချပေးပို့မှုများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လုပ်ဆောင် ရန်။
  • ဆက်လက်စုံစမ်းစစ်ဆေးမှုများနှင့် တရားရုံးကြားနာမှုများတွင် ပံ့ပိုးကူညီခြင်းနှင့် စစ်ကောင်စီ ခေါင်းဆောင်များအား ၎င်းတို့၏ ရာဇဝတ်ကျူးလွန်မှုများစွာအတွက် တာဝန်ယူရန် နည်းလမ်းများ ထပ်မံရှာဖွေမှုပြုရာတွင် ပံ့ပိုးကူညီခြင်းပြုလုပ်ရန်။
  • အကူအညီလိုအပ်နေသော အရပ်သားများအားကူညီရန်အတွက် မြေပြင်တွင်ထောက်ပံ့မှုပေးနေ သော ဒေသခံအဖွဲ့အစည်းများအား ဘဏ္ဍာရေးအထောက်အပံ့များ တိုးမြှင့်ပေးမှုပြုရန်။

 

ဆက်သွယ်ရန်:

စောနန္ဒဆူး - hsue@khrg.org
စောအဲလ်ဘတ် - albert@khrg.org

Wed, 07 Feb 2024

ဆက်စပ်ဖတ်ရှုရန်