Fri, 22 Dec 2023
ဒူးပလာယာခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို- ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် နေရပ်ထွက်ပြေးတိမ်းရှောင်နေရမှုများ

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ဒူးပလာယာခရိုင်၊ ကော်တရီ ကော့ကရိတ် မြို့နယ်၊ ဝေါ်ရေ (ဝင်ရေးမြို့နယ်) နှင့် နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ သည့်အဖြစ်အပျက်များကိုဖော်ပြထားပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် နို့တကော မြို့နယ်အတွင်း အမျိုးသားရွာသားတစ်ဦးမှ ဆိုင်ကယ်မောင်းနှင်လာသည့်အချိန်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ပါသည်။ SAC စစ်သားများသည် ရွာသားများ၏နေအိမ်များကိုမီးရှို့ပြီး ၎င်းတို့၏ပိုင်ဆိုင်မှုများကိုလည်းလုယက်ခိုးယူခဲ့ကြပါသည်။ ဝေါ်ရေမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (KNLA) နှင့် SAC တို့အကြားဖြစ်ပွားသည့်တိုက်ပွဲ ကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။ ထို့အပြင် SAC ၏ ရွာထဲသို့လက်နက်ကြီးပစ်ခတ်မှုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်ခြင်းကိုခံရပါက ကျေးရွာကိုမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်မှုကြောင့် ကော်တရီမြို့နယ်ရှိရွာသားများမှာလည်း ထွက်ပြေးတိမ်း‌ရှောင်ခဲ့ကြရပါသည်။ [1]

 

 

နို့တ‌ကော (ကြာအင်းဆိပ်ကြီး) မြို့နယ်အတွင်း နေအိမ်မီးရှို့မှု

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ခြေမြန်တပ်ရင်း (LIB) အမှတ် (၃၂) စစ်သားများမှ အဖွဲ့နှစ်ဖွဲ့စီခွဲခဲ့ကြပြီး တစ်ဖွဲ့သည် နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ တခါကလိုးကျေးရွာအုပ် စု၊ က--- ကျေးရွာသို့ချီတက်ဝင်ရောက်လာကာ က--- ကျေးရွာရှိရွာသားများ၏ နေအိမ်နှစ်လုံးကိုမီးရှို့ခဲ့ကြပြီး အခြား သောအဖွဲ့မှာ နို့တကောမြို့နယ်၊ ဝါ့မကျေးရွာအုပ်စု၊ ခ--- ကျေးရွာသို့ချီတက်ဝင်ရောက်လာပြီး ခ--- ကျေးရွာရှိ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်‌မတော် (KNLA) ၏ စစ်ဆေးရေးဂိတ်နှစ်လုံးကို မီးရှို့ခဲ့ပါသည်။ က--- ကျေးရွာမှရွာသား တစ်ဦးနှင့် ခ--- ကျေးရွာရှိကျေးရွာအုပ်သူကြီးတစ်ဦးမှ KHRG ထံသို့ဤဖြစ်စဥ်ကို တင်ပြခဲ့ပါသည်။

နို့တကောမြို့နယ်အတွင်း လုယက်မှု

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ခ--- ကျေးရွာတွင်အခြေစိုက်သည့် SAC ၏ ခြေမြန်တပ်ရင်း အမှတ် (၃၂) မှ စစ်သားများသည် နို့တ‌ကောမြို့နယ်၊ ဝါ့မကျေးရွာအုပ်စု၊ ဝါ့မခီးကျေးရွာသို့ချီတက်လာခဲ့ကြပါသည်။ ၎င်းတို့သည်ရွာ သားများ၏ပိုင်ဆိုင်မှုများကိုလုယက်ခဲ့ကြပြီး ရွာသားများ၏ကြက်များကိုလည်း ချက်စားခဲ့ကြပါသည်။ ထို့အပြင် ၎င်းတို့ မှ ရွာသားများအချို့၏သစ်အိမ်တံခါးများကို ရိုက်ချိုးဖျက်ဆီးခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် နို့ တကောမြို့နယ်၊ တခါခီးကျေးရွာအုပ်စု၊ တခါခီးကျေးရွာတွင်အခြေစိုက်သည့် အခြား LIB အမှတ် (၃၂) မှ စစ်သားများ သည် နို့တကောမြို့နယ်၊ တခါကလို့ကျေးရွာအုပ်စု၊ ဂ--- ကျေးရွာသို့ချီတတ်လာခဲ့ပါသည်။ ၎င်းတို့မှ ရွာထဲသို့‌ရောက်ရှိ သွားသည့်အချိန်တွင် ရွာထဲရှိအိမ်တစ်အိမ်မှ ပိုင်ရှင်မရှိသည်နှင့် အိမ်တံခါးကိုချိုးဖျက်ဝင်ရောက်ကာ ငွေသား (၆၀၀,၀၀၀) ကျပ်နှင့် တယ်လီဖုန်းတစ်လုံးကို လုယက်ခဲ့ပါသည်။ ထိုအချိန်တွင် အိမ်ပိုင်ရှင်သည် ၎င်း၏ရော်ဘာခြံတွင် ရှိနေခဲ့ပြီး ဇနီးဖြစ်သူမှာ နို့တကောမြို့နယ်၊ ခိုသယ်ဖလယ်မြို့တွင်နေထိုင်နေခဲ့ပါသည်။ SAC စစ်သားများသည် အ‌ခြားရွာသားတစ်ဦး၏နေအိမ်သို့ဝင်ရောက်လာခဲ့သော်လည်း အိမ်ရှင်ရှိနေသဖြင့် အိမ်ထဲရှိမည်သည့်အရာကိုမှ မယူဆောင်သွားခဲ့ကြပါ။ ဂ--- ကျေးရွာရှိ ရွာသားတစ်ဦးမှ ဤသတင်းအချက်အလက်ကိုပြောပြခဲ့ပါသည်။

နို့တကောမြို့နယ်အတွင်း ရွာသားတစ်ဦးအားသတ်ဖြတ်မှု

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် LIB အမှတ် (၃၂) မှ စစ်သားများသည် နို့တ‌ကောမြို့နယ်၊ ဝါ့မကျေးရွာအုပ်စု၊ ခ--- ကျေးရွာအနီး မော်‌တော်ဆိုင်ကယ်စီးနှင်လာသည့် အသက် ၃၅ နှစ်ရှိ စောလွယ်ထူးနှင့်ထိပ်တိုက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါရွာသားမှာဇနီးဖြစ်သူ၏ ကရုတုမြို့နယ်၊ မယ်သယ်ကျေးရွာအုပ်စု၊ မယ်သယ်ကျေးရွာသို့သွားရောက်လည်ပတ် ပြီး ၎င်း၏ကျေးရွာဖြစ်သော ဝါ့မကျေးရွာအုပ်စု၊ ဝါ့မကျေးရွာသို့ပြန်လာခဲ့ပါသည်။ SAC စစ်သားများမှ ၎င်းကိုရပ်ရန်အ တွက်ပြောခဲ့သော်လည်း မရပ်ပေးသောကြောင့် စစ်သားများမှ၎င်းအားပစ်သတ်ခဲ့ပါသည်။ ပစ်ခတ်မှုသည် စောလွယ် ထူး ၏နောက်ကျောဖက်ကိုထိမှန်ပြီး ချက်ချင်းသေဆုံးသွားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ၎င်း၏ ဇနီးနှင့် ဝါ့မခီးကျေးရွာသူကြီးတို့သည် ခ--- ကျေးရွာရှိ အခင်းဖြစ်ပွားသည့်နေရာသို့‌ရောက်လာခဲ့ကြပြီး စောလွယ်ထူး၏အ‌ လောင်းကို ထို့နေ့တွင် နို့တကောမြို့နယ်၊ ဝါ့မကျေးရွာအုပ်စု၊ ဝါ့မကျေးရွာသို့ပြန်သယ်ဆောင်သွား ပြီး မြှုပ်နှံခဲ့ပါသည်။

နို့တကောမြို့နယ်အတွင်း SAC မှ ရွာသူကြီးတစ်ဦးနှင့် တွေ့ဆုံရန်တောင်းဆိုခြင်း

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှ SAC LIB အမှတ် (၃၂) သည် နို့တကောမြို့နယ်အတွင်း စစ်ဆင်‌ရေးပြုလုပ်ခဲ့ကြပြီး နို့တကောမြို့နယ်၊ တခါခီးကျေးရွာအုပ်စု၊ တခါခီးကျေးရွာရှိ တခါ ခီးဘုရားရှိခိုးကျောင်းတွင်ရပ်ခဲ့ကြပါသည်။ ၎င်းတို့မှ ရွာသူကြီးနှင့်တွေ့ဆုံရန်အတွက်တောင်ဆိုခဲ့ကြသော်လည်း ရွာလူ ကြီးအနေဖြင့် SAC စစ်သားများ ကျေးရွာတွင်းသို့ဝင်‌ရောက်မလာမီ ထွက်ပြေးနှင့်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် SAC LIB အမှတ် (၃၂) မှ စစ်သားများသည် တခါခီးခရစ်ယာန်ဘုန်းတော်ကြီးနှင့်စကားပြောခဲ့ပါသည်။ ရွာသူကြီးသည် SAC ကို ကြောက်သဖြင့် အရင်ထွက်ပြေးသွားခဲ့ကြောင်း စစ်သားများကို ခရစ်ယာန်ဘုန်းတော်ကြီးမှ ရှင်းပြခဲ့ပါသည်။ SAC စစ်သားများသည် ရွာသားများအားနာကျင်အောင် ပြုလုပ်မည်မဟုတ်သောကြောင့် ၎င်းတို့အားမကြောက်ကြရန် ခရစ် ယာန်ဘုန်းတော်ကြီးကို အသိပေးခဲ့ပါသည်။ ခရစ်ယာန်ဘုန်းတော်ကြီးမှ လတ်တလောတွင် SAC စစ်သားများ က---ကျေးရွာရှိ ရွာသားများ၏နေအိမ်များကို မီးရှို့ခဲ့သည့်အကြောင်း SAC ကိုမေးမြန်းခဲ့ပါသည်။ စစ်သားများမှ အိမ်များအား SAC မီးရှို့ခဲ့ခြင်းမဟုတ်ကြောင်း ခရစ်ယာန်ဘုန်းတော်ကြီးကိုပြောပြီး မစိုးရိမ်ရန်အတွက်ပြောခဲ့ပါသည်။ ထို့နောက် SAC စစ်သားများသည့် တခါခီးဘုရားရှိခိုကျောင်းတွင် တစ်ညအိပ်ခဲ့ကြပါသည်။ ၎င်းတို့သည် အရပ်သားများ၏နေရာအ ဆောက်အဦးတွင်လာရောက်နေထိုင်စဥ် ဖျက်ဆီးခြင်းတစ်စုံတစ်ရာမပြုလုပ်သော်လည်း ရွာသားများအပေါ် ကြောက်ရွံ မှုကိုဖြစ်စေခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၈ နာရီအချိန်တွင် KNLA စစ်သားများမှ နို့တ‌ကောမြို့နယ်၊ ခိုသယ်ဖလယ်မြို့ရှိ SAC ၏ရဲစခန်းကိုတိုက်ခိုက်ခဲ့ပြီး အစိုးရအုပ်ချုပ်ရေးရုံးခန်းနှစ်ခုကို မီးရှို့ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုတွင် မည့်သည့်ထိခိုက်ဒဏ်ရာရသေဆုံးမှုမှမရှိပါ။

ကော်တရီမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် နေရပ်ထွက်ပြေးတိမ်းရှောင်နေရခြင်း

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ကောတရီမြို့နယ်၊ ထယ်ဝါ့လော်ကျေးရွာအုပ်စု၊ မယ်တလယ်ကျေးရွာ၏အခြေ အနေသည် ရွာသားများအတွက် လုံခြုံမှုမရှိတော့ပဲဖြစ်နေပါသည်။ ဖိုးချစ်မူစစ်တပ်စခန်းတွင်အခြေစိုက်သည့် SAC စစ် သားများမှ ကျေးရွာတွင်းသို့ လက်နက်ကြီးရန်းသမ်းပစ်ခတ်ခြင်းကြောင့် အမျိုးသားရွာသားတစ်ဦး ခေါင်းတွင်ထိခိုက် ဒဏ်ရာရရှိသွားခဲ့ပါသည်။ SAC စစ်သားများသည် ကော်တရီမြို့နယ်၊ တယ်ဝါ့လော်အုပ်စုအတွင်း၌လည်း ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြပါသည်။ SAC စစ်သားများသည် ၎င်းတို့ ခရီးသွားလာနေစဥ် လက်နက်ကိုင်တပ်ဖွဲ့ များ၏တိုက်ခိုက်ခြင်းကိုခံရပါက ကျေးရွာထဲသို့လက်နက်ကြီးများပစ်ခတ်မည်နှင့် ကျေးရွာကိုမီးရှို့ပစ်မည်ဟု နှုတ်ဖြင့် တယ်ဝါ့လော်ကျေးရွာအုပ်စုရှိရွာသားများကို ခြိမ်းခြောက်ကြပါသည်။ ရွာသားများ SAC ၏ ဤကဲ့သို့သောခြိမ်း‌ခြောက် မှုများကြောင့် ကြောက်ရွံ့ကြရကြောင်း ဖွင့်ပြောခဲ့ကြပါသည်။ ထို့ကြောင့် ရွာသားများသည် ၎င်းတို့၏ကျေးရွာမှ ထွက်ခွါ ခဲ့ကြပြီး ကော်တရီမြို့နယ်, တယ်ဝါ့လော်ကျေးရွာအုပ်စု၊ ဃ--- ကျေးရွာတွင်သွားရောက်ခိုလှုံခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အိမ်ထောင်စု (၆၇) စုထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ တွင် အိမ်ထောင်စု (၃၀၀) နီးပါးခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။

SAC ၏ စစ်တပ်စခန်းသည် ကော်တရီမြို့နယ်၊ တယ်ဝါ့လော်ကျေးအုပ်စု၊ ဖိုးချစ်မူကျေးရွာနှင့်အနီးတွင် အခြေစိုက်ပါ သည်။ ရွာသားများထွက်ပြေးတိမ်းရှောင်သည့်နေရာနှင့် SAC ၏စစ်တပ်စခန်းတည်ရှိသည့်နေရာသည် (၃) မိုင်အကွာအ ဝေးသာရှိပါသည်။ ရွာသားများ၏ ထွက်ပြေးတိမ်းရှောင်စခန်းသည် SAC စစ်တပ်စခန်းနှင့်နီးသည်သာမက SAC ၏ စစ် ဆေးရေးဂိတ်နှင့်လည်းနီးပါသည်။ ထို့ကြောင့် ထွက်ပြေးတိမ်း‌ရှောင်နေရသည့်ရွာသားများအနေဖြင့် လုံခြုံမှုလွန်စွာ မရှိခြင်းနှင့် ၎င်းတို့သည် ကျူးလွန်မှုခံစားရနိုင်သည့်အန္တရာယ်မြင့်မားပါသည်။ ထို့အပြင် SAC မှ အရပ်သားများထံ ဆန် နှင့် အခြားသော အခြေခံအစားအစာများကို မကြာခဏတောင်းလေ့ရှိပြီး ရွာသားများကို နှုတ်ဖြင့်လည်း ခြိမ်းခြောက် ကြပါသည်။

Fri, 22 Dec 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစ ကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်