Tue, 14 Nov 2023
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ကရူတူးမြို့နယ်တွင် အသက် ၆၀နှစ်အရွယ်ရှိအမျိုးသားတစ်ဦးသည် မိန်းကလေးငယ်နှစ်ဦးအား အဓမ္မပြုကျင့် (၂၀၂၃ခုနှစ်၊ ဧပြီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်စဉ်များကို ဖော်ပြထားပါသည်။ ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ဝေးသလွဲကျေးရွာ အုပ်စု၊ စ---ကျေးရွာတွင် အသက် (၆၀)နှစ်အရွယ်ရှိသော စောဒ---သည် မိန်းကလေးငယ်နှစ်ဦးအား အဓမ္မပြုကျင့်ခဲ့ သည်။ ဤဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ ထိုမိန်းကလေးငယ်နှစ်ဦးကို ကာကွယ် စောင့်ရှောက်ပေး၍ နှစ်သိမ့်ဆွေးနွေးမှုများ ပေးခဲ့သည်။ ထို့အပြင် ထိုမိန်းကလေးနှစ်ဦးအနေဖြင့် သက်သေခံချက်များ ထုတ်ဖော်ပြောဆိုရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများကို KWO မှ ၎င်းတို့အား ကူညီပေးခဲ့သည်။ မြို့နယ်အာဏာ ပိုင်များမှ ပြစ်မှုကျူးလွန်သူ စောဒ---ကို ဖမ်းဆီးခဲ့ပြီး ဒေသခံ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ရဲစခန်းတွင် ထိန်းသိမ်း ချုပ်နှောင်ခဲ့သည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်တရားရုံးမှ အာဏာပိုင်များသည် ပြစ်မှုကျူးလွန်သူ စောဒ---အား အမှုစစ်ဆေးနေဆဲဖြစ်သည်။ [1]

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

အသက်၆၀နှစ်အရွယ် ရွာသားတစ်ဦးသည် မိန်းကလေးငယ်နှစ်ဦးအား အဓမ္မပြုကျင့်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ ဧပြီလ

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ဝေးသလွဲကျေးရွာအုပ်စု၊ စ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်အ---

နော်ဘ---

အသက်

၁၂နှစ်

၁၂နှစ်

ကျား/မ

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ   

-

အလုပ်အကိုင်

ကျောင်းသူ

ကျောင်းသူ

ကိုးကွယ်သည့် ဘာသာ

မိရိုးဖလာနတ်ကိုးကွယ်သူ

မိရိုးဖလာနတ်ကိုးကွယ်သူ

ရာထူးအဆင့်

-

-

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ဝေးသလွဲကျေးရွာအုပ်စု၊ စ---ကျေးရွာ

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ဝေးသလွဲကျေးရွာအုပ်စု၊ စ---ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အလုပ်အကိုင်

ရာထူးအဆင့်

စောဒ---

မသိရှိ

ရွာသား

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ ကရူတူးမြို့နယ်မှ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၏အတွင်းရေးမှူးသည် KHRG သတင်းစုဆောင်းသူတစ်ဦအား ဆက်သွယ်၍အကြောင်းကြားခဲ့သည်။ ထို့နောက် KHRG သတင်းစုဆောင်းသူသည် အဓမ္မပြုကျင့်ခံရသည့်မိန်းကလေးငယ်နှစ်ဦးနှင့် ၎င်းတို့၏မိခင်များအား တွေ့ဆုံမေးမြန်းခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာများအား မျှဝေပြောပြသူများမှာ အဓမ္မပြုကျင့်ခံရသည့်မိန်းကလေးငယ်နှစ်ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များဖြစ်ကြသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ဝေးသလွဲကျေးရွာအုပ်စု၊ စ---ကျေးရွာတွင် အသက် (၆၀)နှစ်အရွယ်ရှိသော စောဒ---သည် မိန်းကလေးငယ်နှစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည်။ အဓမ္မပြုကျင့်ခံရသည့်မိန်းကလေးငယ်နှစ်ဦးသည် နော်အ---နှင့် နော်ဘ---တို့ဖြစ်ကြပြီး စ---ကျေးရွာတွင် နေထိုင်ကြသည်။ ထိုမိန်းကလေးငယ်နှစ်ဦးစလုံးသည် အသက် (၁၂)နှစ်သာ ရှိပြီး တတိယတန်းကျောင်းသူများဖြစ်ကြသည်။ စောဒ---သည် ထိုမိန်းကလေးငယ်နှစ်ဦးအား ၂၀၂၃ခုနှစ်၊ ဧပြီလတွင် အဓမ္မပြုကျင့်ခဲ့သည်။ သို့သော်လည်း အဆိုပါမိန်းကလေးနှစ်ဦးသည် အဓမ္မပြုကျင့်ခံရသည့်အချိန်ကာလ၊ ရက်အတိ အကျကို မမှတ်မိနိုင်ခဲ့ပါ။ စောဒ---သည် မတူညီသည့် အချိန်နှင့်နေရာတွင်  ဤမိန်းကလေးငယ်နှစ်ဦးအား နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်။ ပထမအကြိမ်တွင် စောဒ---သည် ၎င်း၏အိမ်တွင် ထိုမိန်းကလေးငယ်နှစ်ဦးအား  အဓမ္မပြုကျင့်ခဲ့ ကြောင်း ကာယကံရှင်မိန်းကလေးနှစ်ဦးစလုံးက တင်ပြခဲ့သည်။ စောဒ---သည် ထိုအမျိုးသမီးနှစ်ဦးအား အဓမ္မမပြု ကျင့်မှီ ၎င်းတို့ကို သောက်သုံးရေအား တိုက်ကျွေးခဲ့သည်။ (ရေသောက်ပြီးနောက်တွင်) မိန်းကလေးငယ်နှစ်ဦးသည် လည်ချောင်းနာလာပြီး မူးဝေခဲ့သည်။ ထိုရေသည် မူးယစ်ဆေးဝါးလိုမျိုး အနံ့ရှိသည်ဟု ထိုမိန်းကလေးနှစ်ဦးက ပြောပြ ခဲ့သည်။

 

ဒုတိယအကြိမ်တွင် ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း အခြားသောအချိန်၊ အခြားသောနေရာတွင် စောဒ---မှ မိန်းကလေးငယ် နှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်။ ပထမအကြိမ်ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာတွင် နော်ဘ---သည် တောအုပ် အနီးတွင် ပြေးလွှားဆော့ကစားနေခဲ့သည်။ စောဒ---သည် သူမကိုမြင်ပြီး လှမ်းခေါ်ခဲ့သည်။ သူမသည် စောဒ---အနီးသို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း သူမပြန်ပြေးထွက်မည့်အချိန်တွင် စောဒ---သည် သူမအား အတင်းဖမ်းဆွဲပြီး အဓမ္မပြုကျင့်ခဲ့သည်။

 

၂၀၂၃ခုနှစ်၊ ဧပြီလနွေရာသီကျောင်းပိတ်ရက်တွင် နော်အ---၏ဖခင်သည် ၎င်း၏သမီး၊ သားနှင့် စောဒ---ကို ရွာအပြင် တွင်ရှိသော စားကျက်မြေတစ်ခုတွင် နွားများသွားကျောင်းရန် ပြောကြားခဲ့သည်။ အမှန်တကယ်တွင် စောဒ---သည် နော်အ---မိသားစု၏အိမ်နီးချင်းတစ်ဦးဖြစ်သည်။ ၎င်းတို့သည် စားကျက်မြေသို့ ရောက်ရှိသည့်အခါတွင် နော်အ---၏ ဖခင်သည် နော်အ---နှင့်သူမ၏မောင်လေးဖြစ်သူအား ရေချောင်းငယ်ထဲတွင် ရေရှိ၊ မရှိ သွားကြည့်ခိုင်းခဲ့သည်။ ရေချောင်းငယ်သို့သွားရောက်ကြည့်ပြီးနောက် နော်အ---၏မောင်လေးသည် အခြေအနေအား ပြန်လည်ပြောပြရန် အတွက် ဖခင်ထံသို့ ပြန်သွားခဲ့သည်။ ထို့နောက် နော်အ---သည် သူမ၏မောင်လေးနောက်သို့ ပြန်ပြေးသည့်အချိန်တွင် စောဒ---သည် သူမ၏ခြေထောက်တစ်ဖက်ကို အတင်းဖမ်းဆွဲခဲ့သည်။ ထိုအချိန်တွင် စောဒ---သည် သူမအား အဓမ္မ မပြုကျင့်ခဲ့ပါ။ သို့သော်လည်း သူမ၏မောင်လေးသည် ရေချောင်းထဲသို့ပြန်သွား၍ ရေသွားကူသည့်အချိန်တွင် စောဒ---သည် အခွင့်ကောင်းယူ၍ နော်အ---အား အဓမ္မပြုကျင့်ခဲ့သည်။

 

ဤလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်များကို သက်ဆိုင်ရာတာဝန်ရှိသူများ သိရှိပြီးနောက်တွင် ကရူတူးမြို့နယ်မှ KWO သည် နော်အ---နှင့်နော်ဘ---တို့ကို ခေါ်ဆောင်၍ လုံခြုံသည့်နေရာတစ်ခုတွင် ထားရှိခဲ့သည်။ လုံခြုံသည့်နေရာ တစ်ခုတွင် ရှိနေစဉ်အတွင်း KWO မှ ထိုမိန်းကလေးငယ်နှစ်ဦးကို   ကာကွယ်စောင့်ရှောက်ပေး၍ နှစ်သိမ့်ဆွေးနွေးမှုများ ပေးခဲ့သည်။ ထို့အပြင် ထိုမိန်းကလေးနှစ်ဦးအနေဖြင့် သက်သေခံချက်များ ထုတ်ဖော်ပြောဆိုရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို KWO မှ ၎င်းတို့အား ကူညီပေးခဲ့သည်။ ၂၀၂၃ခု နှစ်၊ နိုဝင်ဘာလတွင် KHRG ရရှိသည့်သတင်းများအရ ထိုမိန်းကလေးငယ်နှစ်ဦးသည် အိမ်သို့ပြန်လာ၍ ကျောင်းပြန်တက်နေပြီးဖြစ်သည်။ ကရူတူးမြို့နယ်မှ KNPF ရဲအရာရှိ များက ပြစ်မှုကျူးလွန်သူ စောဒ---ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ကရူတူးမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းချုပ်နှောင်ခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဤသို့ဖြစ်ပွားခဲ့သည့် လိင်ပိုင်းဆိုရာအကြမ်းဖက်မှုဖြစ်စဉ်များကို ကြားသိရှိခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် KNU ဒူးပလာယာခရိုင်တရားရုံးမှ တာဝန်ရှိသူများသည် ပြစ်မှုကျူးလွန်သူ စောဒ---အား အမှုစစ်ဆေးနေ ဆဲဖြစ်သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အဓမ္မပြုကျင့်ခံရသူ ကာယကံရှင်မိန်းကလေးနှစ်ဦးနှင့် ၎င်းတို့မိသားစုဝင်များသည် ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Tue, 14 Nov 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဧပြီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်