Tue, 19 Sep 2023
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဆောထိမြို့နယ်တွင် SAC စစ်သားများမှ ရွာသားတစ်ဦးအား ပစ်သတ်ခဲ့ခြင်း (၂၀၂၃ ခုနှစ်၊ မတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ မတ်လအတွင်း ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ ဆောထိ (ရွှေကျင်)မြို့နယ်တွင် ရွာသားတစ်ဦးအသတ်ခံရသည့်ဖြစ်စဉ်ကိုဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ မနက် (၁၀)နာရီ ခန့်တွင် ရွာသားတစ်ဦးဖြစ်သူ စောဘီသိန်းနှင့် သူ၏သူငယ်ချင်းနှစ်ဦးတို့သည် ၎င်းတို့အိုးအိမ်ပိုင်ဆိုင်မှု များကိုပြန်လည်ကြည့်ရှုရန် ရွာသို့ပြန်လာခဲ့သည်။ ၎င်းတို့ပြန်လာသည့်လမ်းတွင် SAC စစ်သားများနှင့်ပက်ပင်တိုးမိခဲ့ သည်။ SAC စစ်သားများသည် ၎င်းတို့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ စောဘီသိန်းသည် သေနတ်ကျည်ဆံထိမှန်ခဲ့ သည်။ သို့သော် သူ၏သူငယ်ချင်းနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ နှစ်ရက်ကြာပြီးနောက် သေဆုံးနေသော စောဘီသိန်း၏အလောင်းကို တွေ့ရှိခဲ့သည်။ စောဘီသိန်း၏ဦးခေါင်းနှင့်ကျောကုန်းတွင် ဒဏ်ရာများရရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထို့အပြင် စောဘီသိန်းသည် စစ်သားဝတ်စုံကိုဝတ်ဆင်ထားပြီး သေဆုံးနေကြောင်းတွေ့ရှိခဲ့သည်။ သို့သော်လည်း စစ်သားဝတ်စုံသည် စောဘီသိန်းနှင့် မတော်ကြောင်းတွေ့ရှိရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

တွေ့လျှင်ပစ်နှင့် ပစ်ခတ်သတ်ဖြတ်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်၊ အင်ဗလာကျေးရွာအုပ်စု၊ က---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဘီသိန်း

အသက်

၄၄နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

တစ်ခုလပ်မုဆိုးဖို

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

-

နေရပ် ရွာအမည်

ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်၊ အင်ဗလာကျေးရွာအုပ်စု၊ က---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိ

မသိ

တပ်မ (၇၇)၊ (၈၈)၊ (၄၄)၊ (၃၃) နှင့် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၅၇)၊ (၃၅၀)၊ (၂၆၄)၊ (၉၁)နှင့် (၂၀)

ခလယ်လွီထူခရိုင်၊ ရွှေကျင်မြို့နယ်

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် KHRG သတင်းစုဆောင်းသူတစ်ဦးသည် မှတ်တမ်းပြုစုရန်အတွက် အခင်းဖြစ်ပွား သည့်နေရာသို့သွားရောက်ခဲ့ပြီး စောဘီသိန်း၏အလောင်းကိုတွေ့ရှိခဲ့သည့်ရွာသားတစ်ဦးအား တွေ့ဆုံမေးမြန်းခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာနှင့်ပတ်သက်၍ စောဘီသိန်း၏အလောင်းကိုတွေ့ရှိခဲ့သော ဒေသခံအာဏာပိုင်များနှင့်ရွာ သားများသည် KHRG သတင်းစုဆောင်းသူတစ်ဦးသို့ တင်ပြခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၅၇)၊ (၃၅၀)၊ (၂၆၄)၊ (၉၁)နှင့် (၂၀)  တပ်မ (၇၇)၊ (၈၈)၊ (၄၄)၊ (၃၃) တပ်ပေါင်းစုများသည် ကရင်အမျိုးသားအစည်း အရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်သော ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်ရှိ ကျေးရွာအုပ်စုလေးအုပ်စုအတွင်းသို့ လာ ရောက်စစ်ကြောင်းထိုးခဲ့သည်။ ၂၀၂၃ခု နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် မနက် (၁၀)နာရီခန့်တွင် အင်ဗလာကျေးရွာအုပ်စု၊ က---ရွာသားများဖြစ်ကြသည့် စောဘီသိန်းနှင့်သူ၏သူငယ်ချင်းနှစ်ဦးတို့သည် ၎င်းတို့အိုးအိမ်ပိုင်ဆိုင်မှုများကို ပြန်လည် ကြည့်ရှုရန် ရွာသို့ဆိုင်ကယ်ဖြင့် ပြန်လာခဲ့သည်။   (စောဘီသိန်းနှင့် သူ၏သူငယ်ချင်းနှစ်ဦးတို့သည် စစ်ပြေးရှောင် (IDP) စခန်းမှ ၎င်းတို့ရွာသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။) က---ရွာအပြင်ဘက်ရှိ ၎င်းတို့ပြန်လာသည့်လမ်းတွင် စစ်ကြောင်းထိုး လာသော SAC စစ်သားများနှင့် ပက်ပင်တိုးခဲ့သည်။

 

SAC စစ်သားများသည် (ဆိုင်ကယ်တစ်စီးဖြင့်စီးနှင်းလာသော) ထိုရွာသားသုံးဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ထို့ ကြောင့် ရွာသားသုံးဦးသည်ဆိုင်ကယ်ကိုပစ်ထားပြီး ထွက်ပြေးခဲ့သည်။ (ထွက်ပြေးနေစဉ်တွင်) စောဘီသိန်း၏နောက် ကျောတွင် သေနတ်ထိမှန်ခဲ့သည်။ သို့သော် သူ၏သူငယ်ချင်းနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထို့နောက်သေ နတ်ထိမှန်ခဲ့ပြီး စောဘီသိန်းသည် အော်ဟစ်၍အကူအညီတောင်းနေသည်ကို သူ၏သူငယ်ချင်းနှစ်ဦးမှ ကြားခဲ့ရသည်။ သို့သော်လည်း စောဘီသိန်းဆီသို့သွားပြီး ၎င်းအားကူညီပေးရန် သူငယ်ချင်းဖြစ်သူနှစ်ဦးမှ အလွန်ကြောက်ရွံ့ခဲ့သည်။ အကြောင်းမှာ စောဘီသိန်းသေနတ်ထိမှန်ပြီး လှဲကျသည့်နေရာသည် SAC (ယာယီ)စခန်းနှင့် အလွန်နီးသောကြောင့် ဖြစ်သည်။ စောဘီသိန်းသေနတ်ထိ မှန်ပြီး ချက်ချင်းမသေဆုံးခဲ့ကြောင်း ရွာသားများမှ ယူဆကြသည်။ SAC တပ်ဖွဲ့များ သည် က---ကျေးရွာအနီး တွင် နှစ်ရက်ကြာ ယာယီစခန်းချခဲ့သည်။

 

(SAC စစ်သားများထွက်ခွာပြီးနောက်) ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA) စစ်သားများသည် ဒေသအတွင်း မြေမြှုပ်မိုင်းများရှင်းလင်းရာတွင် (က---ကျေးရွာအပြင်ဘက်ရှိ) နေရာ တစ်ခုတွင် သေဆုံးနေသော စောဘီသိန်း၏ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ (ထိုနေရာသည် စောဘီသိန်းသေနတ်ထိ မှန်ပြီး လှဲကျသည့်နေရာဖြစ်ကြောင်းယူဆ၍ရသည်။) စောဘီသိန်း၏ဦးခေါင်းနှင့်ကျောကုန်းတွင် သေနတ်ဒဏ်ရာများ ရရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထို့အပြင် စောဘီသိန်းသည် အခြားအဝတ်အစားများ ဝတ်ဆင်ထားပြီး သေဆုံးနေ ကြောင်း တွေ့ရှိခဲ့သည်။ စောဘီသိန်းသေဆုံးနေချိန်တွင် သူဝတ်ဆင်ထားသည့်အဝတ်အစားသည် သူသေနတ်ထိမှန် သည့်အချိန်တွင် ဝတ်ဆင်ထားသည့်အဝတ်အစားနှင့် တူညီမှုမရှိကြောင်းတွေ့ခဲ့ရသည်။ စောဘီသိန်းသေဆုံးနေချိန်တွင် KNLA စစ်ဝတ်စုံဝတ်ထားပြီး စောဘီသိန်းသည် အရပ်အမောင်းရှည်ပြီး ခန္ဓာကိုယ်ကြီးသည့်အတွက်ကြောင့် ထိုစစ်ဝတ် စုံသည် သူနှင့်လည်း မတော်ကြောင်းလည်းတွေ့ခဲ့ရသည်။ စောဘီသိန်းသည် သေနတ်ထိမှန်ခဲ့ပြီး မပြေးနိုင်ခဲ့သည့် အတွက်ကြောင့် SAC စစ်သားများမှ ၎င်းအား ဖမ်းဆီးခဲ့ကြောင်း ဒေသခံ KNU အာဏာပိုင်များနှင့် ရွာသားများမှ ယူဆ ကြသည်။ ထို့နောက် SAC စစ်သားများသည် စောဘီသိန်းအား အဝတ်အစားလဲဝတ်ပေးပြီး သေနတ်ဖြင့် ဦးခေါင်းကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

 

(၂၀၂၃ ခုနှစ်၊ မတ်လမှစ၍) စောဘီသိန်း၏မိသားစုဝင်များသည် က---ရွာတွင် မနေတော့ပေ။ စောဘီသိန်း၏အကိုဖြစ် သူသည် စောဘီသိန်း၏သမီးနှစ်ဦးကို သူနေထိုင်သည့်တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန်အတွက် စောဘီသိန်း၏ရုပ်အလောင်းကိုတွေ့ရှိခဲ့သော ဒေသခံ အာဏာပိုင်များနှင့်ရွာသားများသည် KHRG အား ခွင့်ပြုချက်ပေးခဲ့သည်။

Tue, 19 Sep 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအားဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်