Tue, 29 Aug 2023
ဘားအံခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - တနေးဆားမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းပေါက်ကွဲမှု (၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ဘားအံခရိုင်၊ တနေးဆား (နဘူး) မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် တနေး ဆားမြို့နယ်၊ ထီးဝါ့ဘလောကျေးရွာအုပ်စုတွင် ရွာသားများ၏နွားများသည် မြေမြှုပ်မိုင်းများကို သုံးကြိမ်နင်းမိပြီး ထိခိုက်သေကြေမှုများရှိခဲ့သည်။ အဆိုပါမြေမြှုပ်မိုင်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ထောင်ထားခဲ့ ကြောင်း ဒေသခံများကယူဆကြသည်။ ထိုကဲ့သို့မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် SAC သည် ဘ---ရွာနှင့် ပ---ရွာရှိ ရွာသားများအား ၎င်းတို့နွားများကို အပြင်သို့မလွှတ်စေရန် သတိပေးခဲ့သည်။ အကယ်၍ ရွာသားများ၏နွားများ သည် နောက်တစ်ကြိမ်မြေမြှုပ်မိုင်းထိမှန်ခဲ့လျှင် နွားပိုင်ရှင်များအနေဖြင့် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။ အခြားဖြစ် စဉ်တစ်ခုတွင်လည်း ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၃ရက်နေ့ နေ့လယ်နှစ်နာရီခန့်တွင် တနေးဆားမြို့နယ်၊ ယောကူ ကျေးရွာအုပ် စု၊ န---ရွာတွင် နေထိုင်သည့် အသက် (၄၁)နှစ်အရွယ် ရွာသားတစ်ဦးသည် မြေမြှုပ်မိုင်းနင်းမိ၍ထိမှန်ခဲ့သည်။ အဆိုပါရွာ သားသည် တောထဲတွင်တည်ရှိသော တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) စစ်သားများ မရှိသည့်တပ်စခန်းအဟောင်းတစ်ခုအနားသို့သွား၍ ဟင်းသီးဟင်းရွက်အချို့ကိုရှာဖွေနေစဉ်တွင် မြေမြှုပ်မိုင်းကိုနင်းမိ ၍ ထိမှန်ခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းထိမှန်၍ ထိုရွာသား၏ညာခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန် အတွက် ၎င်းအား ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ)မြို့နယ်၊ ပီတာခါကျေးရွာအုပ်စု၊ တ---ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ [1]

 

 

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ဘားအံခရိုင်၊ တနေးဆားမြို့နယ်၊ ထီးဝါ့ဘလောကျေးရွာအုပ်စု၊ ဘ---ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အသက် (၅၃)နှစ်အရွယ်ရှိသည့် စောမ---သည် ၎င်း၏ရွာတွင် ရွာသားများ၏နွားများ သည် မြေမြှုပ်မိုင်းသုံးကြိမ်နင်းမိပြီး သေကြေထိခိုက်မှုရှိခဲ့ကြောင်း ရှင်းပြခဲ့သည်။ ပထမဖြစ်စဉ်မှာ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ လတွင် (ရက်အတိအကျမသိရှိရ) ရွာသားတစ်ဦးဖြစ်သူ စောအ---၏နွားတစ်ကောင်သည် အလယ်ဗိုလ်တဲတပ်စခန်း နားတွင် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏တပ်စခန်း) မြေမြှုပ်မိုင်းတစ်လုံးနင်းမိ၍ ထိုနွား၏ခြေထောက်တစ်ဖက် ပြတ်သွားခဲ့သည်။ ဒုတိယဖြစ်စဉ်မှာ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် (ရက်အတိအကျမသိရှိရ) ရွာသားတစ်ဦးဖြစ်သူ စောက---၏နွားတစ်ကောင်သည် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၅၆)အခြေစိုက် သည့်တပ်စခန်းနားတွင် မြေမြှုပ်မိုင်းတစ်လုံးနင်းမိ၍ သေသွားခဲ့သည်။ တတိယဖြစ်စဉ်မှာ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၄ရက်နေ့တွင် ရွာသားတစ်ဦးဖြစ်သူ စောဒ---၏နွားငါးကောင်သည် ဆွဲမိုင်းနှင့်ထိမှန်၍ သုံးကောင်ဒဏ်ရာရရှိခဲ့ပြီး နှစ်ကောင်သေဆုံးခဲ့သည်။ အဆိုပါဆွဲမိုင်းသည် SAC ခမရ (၃၅၇)တပ်ရင်းမှ စောစ---၏လယ်ယာအနားတွင် ထောင် ထားခဲ့ခြင်းဖြစ်သည်။ မတ်လနှင့် ဇွန်လအတွင်းတွင် ရွာသားများသည် လယ်ယာထဲတွင် ၎င်းတို့၏နွားများကို လွှတ်ထား လေ့ရှိသည်။ SAC သည် ရွာသားများ၏လယ်ယာအနားတွင် မြေမြှုပ်မိုင်းများကို ထောင်ထားကြသည်။ သို့သော်လည်း မြေမြှုပ်မိုင်းထောင်ထားသည့်အကြောင်းကို ရွာသားများအားအသိပေးအကြောင်းကြားခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ရွာသားများသည် မြေမြှုပ်မိုင်းတည်ရှိမှုကိုမသိရှိရဘဲ ၎င်းတို့နွားများကို လွှတ်ထားလေ့ရှိသည်။ မြေမြှုုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားပြီနောက် SAC စစ်သားများသည် မြေမြှုပ်မိုင်းထိမှန်သည့်နွားများ၏ပိုင်ရှင်ဖြစ်သူသည် မည်သူမည်ဝါ ဖြစ်ကြောင်းမေးမြန်းခဲ့သည်။ သို့သော်လည်း မည်သူတစ်ဦးမှ မဖြေကြားခဲ့ပေ။ အကြောင်းမှာ SAC မှ နွားပိုင်ရှင်ဖြစ်သူ အားသိခဲ့လျှင် ဒဏ်ငွေဆောင်ခိုင်းမည်ဖြစ်ကြောင်း ရွာသားများနားလည်သိရှိထားသည်။ ထို့နောက် SAC စစ်သား များသည် နွားပိုင်ရှင်အနေဖြင့် ၎င်းတို့နွားများသည် နောက်တစ်ကြိမ်မြေမြှုပ်မိုင်းထိမှန်ခဲ့လျှင် ဒဏ်ငွေပေးဆောင်ရမည် ဖြစ်ကြောင်း ဘ---ရွာနှင့်ပ---ရွာတွင် နေထိုင်ကြသည့်ရွာသားများအား သတိပေးခဲ့သည်။ ထို့အပြင် SAC စစ်သားများ သည် ထီးဝါ့ဘလောကျေးရွာအုပ်စုရှိ အချို့နေရာများတွင် ရွာသားများသွားလာခြင်းကို တားမြစ်ခဲ့သည်။ ထို့ကြောင့် ရွာသားများသည် SAC တားမြစ်ထားသည့်အချို့နေရာများတွင် ၎င်းတို့ ၏နွားများကို သွားကျောင်း၍ မရတော့ပေ။  

၂၀၂၃ခုနှစ်၊ ဇွန်လ ၁၃ရက်နေ့ နေ့လယ်နှစ်နာရီဝန်းကျင်တွင် ဘားအံခရိုင်၊ တနေးဆားမြို့နယ်၊ ယောကူကျေးရွာအုပ်စု၊ န---ရွာတွင် နေထိုင်သည့် အသက် (၄၁)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောယ---သည် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိ၍ထိမှန်ခဲ့သည်။ စောယ---သည် တောထဲသို့ သွား၍ ဟင်းသီးဟင်းရွက်အချို့ကို ရှာဖွေနေစဉ်တွင် မြေမြှုပ်မိုင်းကို နင်းမိ၍ ထိမှန်ခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းထိမှန်ခဲ့သည့်နေရာသည် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ် မတော် (DKBA) တပ်စခန်းဟောင်းအနားတွင် တည်ရှိသည်။ ထိုတပ်စခန်းတွင် တပ်စခန်းဟောင်းတစ်ခုဖြစ်ပြီး DKBA စစ်သားများ မရှိကြပါ။ မြေမြှုပ်မိုင်းထိမှန်၍ စောယ---၏ညာခြေထောက်တွင် ဆိုးဆိုးရွားရွားဒဏ်ရာရရှိခဲ့သည်။ စောယ---၏ညာခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော်လည်း တောထဲမှရွာသားတစ်ဦးဦး၏တဲသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။ ထို့နောက် စောယ---အား ဝ---ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ သို့သော်လည်း ထိုဆေးရုံတွင် စောယ---၏ဒဏ်ရာကို ကုသပေးနိုင်ခြင်းမရှိ၍ ကောင်းမွန်သည့်ဆေးကုသမှုရရှိစေရန်အတွက် စောယ---အား ဘားအံခရိုင်၊ တာကရယ်မြို့နယ်၊ ပီတာခါကျေး ရွာအုပ်စု၊ တ---ဆေးရုံသို့ပို့ဆောင်ခဲ့ပြန်သည်။ ယခုအချိန်တွင် စောယ---သည် ဆေးရုံမှဆင်းလာနိုင်ပြီးဖြစ်သည်။ သို့သော်လည်း စောယ---ရရှိခဲ့သည့်ဒဏ်ရာကြောင့် အိပ်ယာထဲတွင်လဲနေရပါသည်။ စောယ---အနေဖြင့် အလုပ်ကောင်းစွာမလုပ်နိုင်သောကြောင့် ၎င်း၏မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်နေရပါ သည်။ တောထဲတွင် မြေမြှုပ်မိုင်းများထောင်ထားလေ့ရှိကြောင်း စောယ---အနေဖြင့် နားလည်သိရှိထားသော်လည်း သူ့မိသားစုအားထောက်ပံ့နိုင်ရန်အတွက် ဟင်းသီးဟင်းရွက်များရှာဖွေရောင်း၍ ဝင်ငွေအချို့အားရရှိရန် တောထဲသို့ သွားခဲ့ခြင်းဖြစ်သည်။

Tue, 29 Aug 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ မတ်လမှ ဇွန်လအတွင်း ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဘားအံခရိုင်ရှိဒေသခံမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်