Fri, 27 Jan 2023
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ကော်တရီမြို့နယ်တွင် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ (၂၀၂၂ခုနှစ်၊ အောက်တိုဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့က ရိတ်)မြို့နယ်တွင် ဖြစ်ပွားခဲ့သောအကြောင်းအရာကို ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၀ရက်နေ့တွင် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ မောခီးကျေးရွာအုပ်စု၊ အ---ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးသည် ဆွဲမိုင်းတစ်လုံးကို မတော်တဆတိုက်မိခဲ့သည်။ ၎င်းဆွဲမိုင်းကို အောင်မင်္ဂလာတပ်စခန်းတွင်အခြေစိုက်သည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့များမှ ထောင်ထားခဲ့သည်ဟု ဒေသခံများက ယူဆကြသည်။ ဤဖြစ်စဉ် တွင် အဆိုပါရွာသားသည် တပ်စခန်းအနီးနားတစ်နေရာတွင် မီးသွေးဖုတ်ရန် သွားလာနေသည့်အချိန်တွင် ထိုဆွဲမိုင်းကို တိုက်မိခဲ့ခြင်းဖြစ်သည်။ ၎င်းမိုင်းပေါက်ကွဲမှုကြောင့် ထိုရွာသား၏ဘယ်ခြေထောက်၊ ကျောကုန်းနှင့် နာရွက်နားတွင် ဒဏ်ရာရရှိခဲ့သည်။ ထိုရွာသားသည် ဆေးရုံသို့သွား၍ ဆေးကုသမှုခံယူပြီးနောက် ၎င်းဒဏ်ရာများ ပြန်လည်သက် သာလာပြီးဖြစ်သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၀ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်မြို့နယ်)၊ မောခီးကျေးရွာအုပ်စု၊ အ---ကျေး ရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ဘ---

အသက်

၄၆နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်၊ဗမာကပြား

မိသားစုရှိ/မရှိ   

မရှိ 

အလုပ်အကိုင်

နေ့စားအလုပ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိ အမည်

မသိ

မသိ

တပ်ရင်းမသိရသော SAC တပ်ဖွဲ့များ

အောင်မင်္ဂလာတပ်စခန်း

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်စဉ်နှင့်ပတ်သတ်၍ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့တွင် KHRG ရုံးဝန်ထမ်းတစ်ဦးသည် ဒေသခံ အာဏာပိုင်တစ်ဦးအား ဖုန်းဖြင့်ခေါ်ဆို၍ အင်တာဗျူးလုပ်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့တွင် KHRG ရုံးဝန်ထမ်းမှ ဆွဲမိုင်းတိုက်မိခဲ့သည့်ရွာသားကို ဖုန်းဖြင့်ခေါ်ဆို၍ အင်တာဗျူးလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာကို ပြောပြခဲ့သည့်သူများမှာ ဆွဲမိုင်းပေါက်ကွဲမှုဖြစ်စဉ်ကို ကြားသိရှိခဲ့သည့် ဒေသခံအာ ဏာပိုင်တစ်ဦးနှင့် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ရွာသားကိုယ်တိုင်ဖြစ်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၀ရက်နေ့တွင် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ မောခီးကျေးရွာအုပ်စု၊ အ---ကျေး ရွာတွင်နေထိုင်သည့် ရွာသားတစ်ဦးသည် ဆွဲမိုင်းတစ်လုံးကို မတော်တဆတိုက်မိခဲ့သည်။ ထိုရွာသား၏နာမည်မှာ ဘ---ဖြစ်သည်။ ၎င်းဆွဲမိုင်းကို အောင်မင်္ဂလာတပ်စခန်းတွင် အခြေစိုက်သည့် (တပ်ရင်းမသိရသော) နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့များက ထောင်ထားခဲ့သည်ဟု ဒေသခံများက ယူဆကြသည်။ (အကြောင်းရင်းမှာ အခင်းဖြစ်ပွားသည့်နေရာသည် ထိုတပ်စခန်းနှင့်နီးသောကြောင့်ဖြစ်သည်။) ဤဖြစ်စဉ်တွင် အဆိုပါရွာသားသည် တပ်စခန်းအနီးနားတစ်နေရာတွင် မီးသွေးဖုတ်ရန် သွားလာနေသည့်အချိန်တွင် ထိုဆွဲမိုင်းကို တိုက်မိခဲ့ခြင်းဖြစ်သည်။ (ထိုရွာသားသည် တပ်စခန်းအနီးနားရှိ တောထဲတွင် သစ်များသယ်ဆောင်လာ၍ ၎င်းမီးသွေးဖိုရှိသည့်နေရာသို့ ပြန်လာ ချိန်တွင် ဆွဲမိုင်းတိုက်မိခဲ့ခြင်းဖြစ်သည်။) ဤဖြစ်စဉ်နှင့်ပတ်သတ်၍ ဘ---မှ ဤကဲ့သို့ ပြောခဲ့သည်။ “ကျွန်တော်က မီးသွေးဖုတ်တဲ့အလုပ်ကို လုပ်တယ်။ စစ်ကောင်စီတပ်စခန်းအနား တစ်နေရာမှာ ထင်းသွားကောက်ပြီးပြန်လာတဲ့ အချိန်မှာ အဲဒီမိုင်းကို တိုက်မိခဲ့တာပဲ။ ပထမတော့ ကျွန်တော်ထင်တာက တိုက်ပွဲဖြစ်နေတာပေါ့။ (မြေမြှုပ်မိုင်း) ဆွဲမိုင်းပေါက်ကွဲသွားပြီး အပိုင်းအစတွေက ကျွန်တော့်ကို လာထိမှန်သွားတာတောင် သတိမပြုမိခဲ့ဘူး။ နောက်မှ ကျွန်တော့်ကို မိုင်းထိနေပါလားဆိုပြီး သတိပြုမိခဲ့တယ်။ အဲဒီနောက် ကျွန်တော်လည်း ရွာကို ပြန်ပြေးလာခဲ့တယ်။ ကျွန်တော့်ရဲ့ဘယ်ခြေသလုံး၊ ကျောကုန်းနဲ့ နားရွက်အနားမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ကျောကုန်းမှာတော့ ဒဏ်ရာ အများကြီးရတယ်။” ဘ---သည် ဆွဲမိုင်းကိုတိုက်မိခဲ့သည့်အချိန်တွင် သူ့နောက်ကို သူငယ်ချင်းအဖော်တစ်ဦးမှ မလိုက် ခဲ့ပေ။

 

ဘ---သည် ဒဏ်ရာများဖြင့် ကျေးရွာသို့ပြန်လာခဲ့သည်။ ထို့နောက် ဘေးပတ်ဝန်းကျင်မှရွာသားများက သူ့ကို ကားပေါ် သို့တင်၍ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ဝေါ်လေမြို့ရှိ ဝေါ်လေဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထိုဝေါ်လေဆေးရုံ ကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စီမံခန့်ခွဲအုပ်ချုပ်သည်။ (အောင်မင်္ဂလာကျေးရွာမှ ထိုဆေးရုံသို့ ဆိုင်ကယ်ဖြင့်သွားလျှင် ၁၅မိနစ်ခန့်ကြာသည်။) ဘ---သည် ဆေးရုံတွင် လေးရက်ကြာ ဆေးကုသူမှုခံယူခဲ့သည်။ ဆေးကုသမှုကုန်ကျစရိတ်ကို ဘ---မှ ပေးဆောင်ရန် မလိုခဲ့ပေ။ ဘ---သည် စားစရာများကိုသာ ဝယ်ယူခဲ့ရသည်။ ဤအခြေအနေနှင့်ပတ်သတ်၍ ဘ---မှ ယခုလိုပြောကြားခဲ့သည်။ “ဆေးရုံတက်နေတဲ့အချိန်မှာ တစ်ချို့သူငယ်ချင်း တွေက စားစရာနဲ့မုန့်တွေဝယ်စားဖို့အတွက် ကျွန်တော့်ကို ပိုက်ဆံအနည်းငယ်လာပေးကြတယ်။”

 

(အ---ကျေးရွာ)အနီးတစ်ဝိုက်တွင် ယခင်က မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပေ။ ထိုရွာတွင် မိုင်းအန္တရာယ်အသိပညာပေးသင်တန်းလည်း တစ်ခါမှ လာရောက်ပေးခြင်းမရှိခဲ့ပေ။ ယခင်က ထိုရွာတွင် ခွေးတစ် ကောင်က မြေမြှုပ်မိုင်းတစ်လုံးနင်းမိခဲ့သည့်ဖြစ်စဉ်မျိုး ရှိခဲ့ဖူးသည်။ သို့သော်လည်း ထိုဒေသတွင် ရွာသားတစ်ဦးမှ ဆွဲမိုင်းတစ်လုံးကို တိုက်မိခဲ့သည့်ဖြစ်စဉ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ ၎င်းဆွဲမိုင်းကို (မြေမြှုပ်မိုင်း)  အောင် မင်္ဂလာတပ်စခန်းတွင်အခြေစိုက်သည့် SAC တပ်ဖွဲ့များက ထောင်ထားခဲ့သည်ဟု ဒေသခံများက ယူဆကြသည်။ အကြောင်းရင်းမှာ အခင်းဖြစ်ပွားသည့်နေရာသည် ထိုတပ်စခန်းနှင့်နီးသောကြောင့် ဖြစ်သည်။ ထို့အပြင် ထိုအခင်းဖြစ် ပွားသည့်နေရာတွင် အခြားသောမည်သည့်လက်နက်ကိုင်တပ်ဖွဲ့များမှ သွား ရောက်လှုပ်ရှားခြင်းမရှိခဲ့ခြင်းလည်းဖြစ် သည်။ ဘ---မှာ ဆွေမျိုးသားချင်းတစ်ဦးမှ မရှိပါ။ ထို့ကြောင့် သူ၏သူငယ်ချင်းများနှင့်ရွာသားများသာ သူ့ကို အားပေးကူညီကြသည်။ (၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအထိ KHRG မှ လက်ခံရရှိသည့်သတင်းအချက်အလက်များအရ) မည်သည့်အဖွဲ့အစည်းမှ ဘ---ကို ငွေကြေးထောက်ပံ့ခဲ့ခြင်း မရှိခဲ့ပေ။ ဘ---သည် ဒဏ်ရာများသက်သာလာ၍ ဆေးရုံ မှ ဆင်းလာနိုင်ပြီးဖြစ်သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဆွဲမိုင်းကိုတိုက်မိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်ရွာသားကိုယ်တိုင်က ဤသတင်းအကြောင်းအရာကို ရေးသားဖြန့်ဝေရန်အ တွက် KHRG အား ခွင့်ပြုချက်ပေးခဲ့ပါသည်။

Fri, 27 Jan 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်