Wed, 22 Jun 2022
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- SAC လုံခြုံရေးတပ်သား များသည် ရွာသားများ၏ သဘောတူညီချက်မပါပဲ COVID-19 ထိုးဆေးအား အဓမ္မ ထိုးခိုင်းခဲ့ (၂၀၂၂ခုနှစ်၊ ဧပြီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများနှင့် ရဲအရာရှိများမှ ရွာသားများ၏ သဘောတူညီချက်မပါပဲ ၎င်းတို့အား အဓမ္မ COVID-19 ကာကွယ်ဆေးထိုးနှံရန်‌ပြောခဲ့သည့်  အကြောင်းအရာကို ဖော်ပြထားပါသည်။ SAC စစ်သားများနှင့် ရဲအရာရှိများသည် လမ်းပေါ်တွင် ခရီးသွားလာသည့်သူများအားရပ်ခိုင်းပြီး ၎င်းတို့၏ COVID-19 ကာကွယ်ဆေးလက်မှတ်အား ပြခိုင်းခဲ့ပါသည်။ ကာကွယ်ဆေးလက်မှတ်မရှိသူများအား လူထုခန်းမဆောင်သို့သွားပြီး ကာကွယ်ဆေးထိုးခိုင်းခဲ့ပါသည်။ ကာကွယ်ဆေးထိုးနှံမှုအား ကျန်းမာရေးကျွမ်းကျင်သူများမှစီမံသည်မဟုတ်ခြင်းနှင့် ရွာသားများအနေဖြင့် ကာကွယ်ဆေးမထိုးချင်သော်လည်း အဓမ္မထိုးခိုင်းသည်ဟု ခံစားရကြောင်း ရွာသားတစ်ဦးမှ ပြောပြခဲ့ပါသည်။[1]

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ဆေးဖက်ဆိုင်ရာအဓမ္မပြုစွက်ဖက်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ ခုနှစ်, ဧပြီလ ၁၁ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်အ---

နော်ဘ---

နော်စ---

အသက်

၂၀

၅၁

၂၅

ကျား/မ

လူမျိုး

ကရင်

ကရင်

ကရင်

မိသားစုရှိ/မရှိ   

မရှိ

ရှိ

ရှိ

အလုပ်အကိုင်

ကျောင်းဆရာမ

လယ်သမား

အိမ်ရှင်မ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ခရစ်ယာန်

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

မူးမြို့နယ်၊ ပေါ်ပီဒဲကျေးရွာအုပ်စု၊ ဒ---ကျေးရွာ

မူးမြို့နယ်၊ ပေါ်ပီဒဲကျေးရွာအုပ်စု၊ ဒ---ကျေးရွာ

မူးမြို့နယ်၊ ပေါ်ပီဒဲကျေးရွာအုပ်စု၊ ဒ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

SAC စစ်သားများ

မသိ

ခမရ အမှတ် (၅၉၉)

မသိ

မသိ

ဗမာ (SAC) ရဲတပ်သား

မသိ

မသိ

မူးမြို့

မသိ 

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

နော်အ--- သည် ကရင်လူအခွင့်အရေးအဖွဲ့ (KHRG) မှ သင်ကြားပို့ချပေးထားသည့် ကျေးလက်စွမ်းရည်ဆွေးနွေးပွဲ (VAW) ကိုယခင်က တက်ရောက်ခဲ့ဖူးသဖြင့် KHRG နှင့် လုပ်ဆောင်ချက်များကိုသိရှိထားပါသည်။ ထို့ကြောင့် ၎င်းမှ မူးမြို့နယ်သို့သွားချိန် COVID-19 ကာကွယ်ဆေးထိုးရန် အဓမ္မစေခိုင်းခံရပြီးသည့်နောက်ပိုင်း သူမနှင့် တစ်ရွာထဲနေKHRG ကွင်းဆင်းလုပ်သားတစ်ဦးအား ဖြစ်ပျက်မှုနှင့်စပ်လျစဉ်း၍ ပြောပြခဲ့ပါသည်။ ထို့နောက် KHRG ကွင်းဆင်းလုပ်သားမှ သူမအား ဤဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းမှုပြုလုပ်ရန် အဆင်ပြေမပြေ မေးမြန်းခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှုပြုလုပ်ရန် သဘောတူခဲ့သဖြင့် ကွင်းဆင်းလုပ်သားမှ ဖြစ်ပျက်မှုအကြောင်းအရာအသေးစိတ်အား သူမနှင့်လူချင်း တွေ့ဆုံရယူခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

သတင်းအချက်အလက်ကိုပေးသူသည် ကာကွယ်ဆေးထိုးရန် အဓမ္မစေခိုင်းခံရသူထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ရက်နေ့တွင် နော်အ--- ၊ သူမ၏ မိခင်နှင့် အမ တို့နှင့်အတူ ကိုယ်ရေးကိုယ်တာကိစ္စအတွက် မူး (မုန်း) မြို့သို့သွားခဲ့ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၉) နှင့်ရဲအရာရှိများသည် မူးမြို့နယ်ရှိ လူထုခန်းမှအနီးရှိ  လမ်းပေါ်တွင် ၎င်းတို့အားရပ်ခိုင်းခဲ့ပါသည်။ ၎င်းတို့အား ရှင်းပြခြင်းတစ်စုံတစ်ရာမရှိပဲ လူထုခန်းမှသို့ သွားခိုင်းခဲ့ပါသည်။ ၎င်းတို့ရောက်ရှိသွားချိန်တွင် COVID-19 ကာကွယ်ဆေးအား အဓမ္မထိုးခိုင်းခဲ့ပါသည်။

 

မူးမြို့နယ်တွင်လုံခြုံရေးတပ်သားများသည် ၎င်းတို့အားရပ်ခိုင်းခဲ့ပြီး COVID-19 ကာကွယ်ဆေးလက်မှတ်အားထုတ်ပြခိုင်းခဲ့ပါသည်။နော်အ--- မှ “(---) ကျမတို့မှာကာကွယ်ဆေးလက်မှတ်ရှိခဲ့မယ်ဆိုရင်သူတို့ကပေးသွားမှာ။တကယ်လို့ ကျမတို့မှာကာကွယ်ဆေးလက်မှတ်မရှိဘူး၊ COVID-19 ကာကွယ်ဆေးတစ်ခါမှမထိုးရသေးဘူးဆိုရင် ကျမတို့ကို လူထုခန်းမဆီသွားပြီး ဆေးသွားထိုးခိုင်းတယ်” ဟုပြောခဲ့ပါသည်။ သူမမှ လုံခြုံရေးတပ်သားများတွင် သေနတ်များ ရှိခြင်းနှင့် ၎င်းတို့အား ကာကွယ်ဆေးထိုးရန်ငြင်းဆိုခြင်းကို လက်ခံမည်မဟုတ်ကြောင်း ထပ်လောင်းပြောပြခဲ့ပါသည်။ သူမမှ “ကျမတို့တွေ သူတို့ကိုကြောက်တယ်” ဟုပြောခဲ့ပါသည်။

 

လူထုခန်းမသို့ ရောက်ရှိသည်နှင့် ၎င်းတို့အား ကာကွယ်ဆေးထိုးရန် နံပါတ်စဥ်အားပေးပြီး ပေးထားသည့်နံပါတ်အ တိုင်း တန်းစီခိုင်းခဲ့ပါသည်။ ရဲအရာရှိများ၊ စစ်သားငါးဦးနှင့် မြို့ထဲရှိ SAC မှခန့်အပ်ထားသည့်  စီမံခန့်ခွဲရေးမှူးဟောင်း များ လူထုခန်းမတွင် ရှိနေခဲ့ကြပါသည်။ နော်အ--- မှ ကိုယ်ဝန်ဆောင်များမှလွှဲ၍ ၎င်းတို့နှင့်အခြားသူများအား ကျန်း မာရေး စစ်ဆေးခြင်းမရှိပဲ ကာကွယ်ဆေးထိုးခဲ့ရကြောင်း ပြောပြခဲ့ပါသည်။ အချို့သူများသည် ကျန်းမာရေး ပြဿနာ ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးလိုစိတ်မရှိကြောင်းပြောကြသော်လည်း ၎င်းတို့အားကာကွယ်ဆေးထိုးရန် ပြောခဲ့ပါ သည်။ ၎င်းတို့အနေဖြင့် ထိုးနှံရန်ကာကွယ်ဆေးအမျိုးအစားများအား ‌ရွေးချယ်ခွင့်မရှိခြင်းနှင့် မည်သည့်ကာကွယ် ဆေး အမျိုးအစားများအား ထိုးပေးမည်ကို ပြောပြပေးခြင်းလည်းမရှိပါ။ နော်အ--- မှ ကာကွယ်ဆေးထိုးရေး စီမံ ဆောင်ရွက်ခြင်းကို မည်သူ ကလုပ်ဆောင်သည်ကိုမသိသည်နှင့် ဆေးရုံဝန်ထမ်းအများစုသည် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင်ပါဝင်ကြ သောကြောင့် ထိုသူတို့သည်  မူးမြို့နယ်ဆေးရုံရှိသူနာပြုများနှင့်ကျန်းမာရေးဝန်ထမ်း များမဟုတ်သည်ဟု ယုံကြည်ကြောင်းပြောပြခဲ့ပါသည်။ ၎င်းမှ SAC သည် ကာကွယ်ဆေးထို့နှံပေးသူများအား ခေါ်ပေးခဲ့ခြင်းဖြစ်ကြောင်း ထပ်လောင်းပြောပြခဲ့ပါသည်။ ကာကွယ်ဆေးထိုးပေးသူများမှလည်း ၎င်းတို့အား ကာကွယ်ဆေး ထိုးပေးပြီးသည့်နောက် ဘာမျှရှင်းပြပေးခြင်းမရှိပဲ ဒုတိယအကြိမ်ပြန်လည်ထိုးနှံရမည့်လက်မှတ်ကိုသာ ပေးခဲ့ပါသည်။  

 

နော်အ--- မှ စစ်သားများနှင့် ရဲအရာရှိများသည် ခန်းမဆောင်ထဲတွင် သေနတ်များကိုကိုင်ဆောင်ထားသောကြောင့်အရပ်သားများသည် ကာကွယ်ဆေးထိုးချင်စိတ်မရှိသော်လည်း ၎င်းတို့အားကြောက်ရွံ့သဖြင့် ကာကွယ်ဆေး ထိုးခဲ့ ကြရသည်ဟုပြောပြခဲ့ပါသည်။ နော်အ--- မှ “ ကျမတို့တွေ ဆေးထိုးပြီး အဆောက်အဦးရဲ့ထွက်ပေါက်ကနေ ထွက် လာပြီးတဲ့နောက်ပိုင်း သူတို့ (အပြင်ဖက်တွင်ရပ်နေသော ရဲအရာရှိများ၊ စစ်သားများနှင့် စီမံခန့်ခွဲရေးမှူး) တွေက ရယ်မော (ရယ်မောလောင်ပြောင်) ခဲ့ကြကြောင်း ထပ်လောင်းပြောပြခဲ့ပါသည်။  ဆေးထိုးပြီးသည့်နောက် သူမအ နေဖြင့် ကိုယ်ပူခြင်းနှင့်ကြွက်သားများနာခြင်းများကိုခံစားရပြီး အခြားမည်သည့် ကျန်းမာရေးနောက်ဆက်တွဲပြဿနာများကို ခံစားရခြင်းမရှိပါ။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအချက်အလက်များကိုပေးသူမှ KHRG အား ပေးထားသည့်အချက်အလက်များကို အသုံးပြုခွင့်ပေးထားပါသည်။

Wed, 22 Jun 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ ခုနှစ် မေလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင် ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်