Wed, 01 Jun 2022
ဒူးသထူခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - စစ်ကောင်စီစစ်သားများမှ ရွာသား (၇) ဦးအား အဓမ္မဖမ်းဆီး (၂၀၂၂ ခုနှစ်၊ မတ်လ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ ဧပြီလ အတွင်း ဒူးသထူ (သထူ) ခရိုင်၊ သထူ (သထုံ) မြို့နယ်တွင်ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ဖော်ပြထားပါသည်။ ၂၀၂၂ခုနှစ်၊ ဧပြီလ ရက်နေ့ နံနက် (၉း၃၀) အချိန်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ (SAC) စစ်သားများမှ ရွာသား () ဦးအား တော်လှန်တိုက်ခိုက်ရေးသမားများကို ထောက်ပံ့ပေးသည်ဟု စွပ်စွဲဖမ်းဆီးခဲ့ပြီး အခြားသောရွာသားတစ်ဦးကိုလည်း ရိုက်နှက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ရက်နေ့တွင် ဒေသခံခေါင်းဆောင်တစ်ဦးမှ ရွာသားများအဖမ်းခံရမှုအတွက် အာမခံထုတ်ပေးခဲ့သဖြင့် အဖမ်းခံရသည့် ရွာသားများထဲမှ () ဦးပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ သို့သော် SAC စစ်သားများမှ ၎င်းတို့အားသတ်ပစ်မည်ဟူသောခြိမ်းခြောက်မှုကြောင့် ပြန်လည်လွတ်မြောက်လာသည့်ရွာသားများမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြရပါသည်။ ၂၀၂၂ ခုနှစ် မေလ ပထမအပတ်တွင် အချုပ်ခန်းထဲကျန်ရှိနေသေးသောရွာသားတစ်ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။[1]

 

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ နှင့် ၃၁ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့သည် ဒူးသထူ (သထူ) ခရိုင်၊ သူထူ (သထုံ) မြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ --- ကျေးရွာ, --- ရေအိုင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အမည်မသိရသော အမြောက်တပ်ရင်းရှိ စစ်သားများကို ချုံခိုတိုက်ခိုက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ မနက် (၈း၀၀) နာရီခန့်တွင် SAC စစ်ကား () စီးမှထိုနေရာသို့ရောက်ရှိလာခဲ့ပြီး ကင်းပုန်းများကိုဆောက်လုပ်ကြကာ --- ကျေးရွာအနီးတွင်ကင်းလှည့်ခဲ့ကြပါသည်။

ရွှေရောင်ပြကျေးရွာအုပ်စု၊ --- ကျေးရွာ မှ အသက် (၂၂) အရွယ်ရှိ စောဂ--- သည် အနီးအနားရှိ လယ်ယာတွင် ၎င်း၏ မိဘ၊ ဝမ်းကွဲ နှင့် သူ၏ သူငယ်ချင်း () ဦးနှင့်အတူရှိနေခဲ့သည်။ --- ကျေးရွာရှိ ရွာသား () ဦးမှ ၎င်း၏ အမေဖြစ်သူအား ဖုန်းဆက်ကာ SAC စစ်သားများ ၎င်းတို့နေသည့်ဖက်သို့ တက်သွားပြီးဖြစ်ကြောင်းအသိပေးခဲ့ပါသည်။ သို့သော်လည်း ၎င်းတို့မှ ထွက်ခွါခြင်းမပြုမီ SAC စစ်သားများဝိုင်းထားခြင်းကိုခံခဲ့ရပါသည်။ SAC စစ်သားများမှ KNLA နှင့် PDF တို့၏ချုံခို တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍မေးမြန်းခဲ့ပါသည်။ ရွာသားများသည် ဤနေရာဒေသတွင် နေထိုင်ကြ သဖြင့် SAC စစ်သားများ၏ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက် သိရမည်ဖြစ်ကြောင်း ၎င်းတို့အားပြောခဲ့ ပါသည်။ ရွာသားများအား ရွာထဲတွင် PDF များအား ခိုလှုံမှုပေးခြင်းနှင့် အကူအညီပေးခြင်းပြုလုပ်သည်ဟု SAC စစ်သားများက စွပ်စွဲခဲ့ကြသည်။

SAC စစ်သားများသည် ထိုရွာသားများကိုခဏဖမ်းထားကာ ၎င်းတို့အား မြေပြင်သို့မျက်နှာပြု၍ လှဲလျှောင်းစေခဲ့ကြပါသည်။ စောဂ--- မှ ချုံခိုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဘာမျှသိရှိခြင်းမရှိကြောင်း ပြောခဲ့ချိန်တွင် SAC တပ်ရင်းမှုးမှ ၎င်း၏ဦးခေါင်းအား ပစ္စတိုဒင်ဖြင့် () ချက်ရိုက်ခဲ့သဖြင့် ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ပါသည်။ PDF မှ ၎င်းတို့အားထပ်မံတိုက်ခိုက်လာပါက --- ကျေးရွာကို မီးရှို့ပစ်မည်ဟု SAC စစ်သားများ ခြိမ်းခြောက် ခဲ့ကြပါသည်။ ထိုနေရာ၌ SAC စစ်သား (၁၂) ဦးမှ (၁၃) ဦးအထိရှိပြီး လယ်ကွင်းပတ်လည်ရှိနေရာများတွင်လည်း စစ်သားများ ရှိနေခဲ့ပါသည်။

နောက်ပိုင်းတွင် SAC စစ်သားများမှ စောဂ--- ဝမ်းကွဲနှင့် ၎င်း၏သူငယ်ချင်းကို ဖမ်းဆီးသွားခဲ့ပါသည်။ ထို့နောက် ၎င်းတို့မှ ထိုနေရာတွင် ကင်းလှည့်ခဲ့ပြီး --- ရေအိုင်တွင်ငါးဖမ်းနေသောအခြားရွာသား () ဦးကိုပါဖမ်းဆီးခဲ့ကြသည့်အပြင် စောအ---(အရက်အလွန်အကျွံသောက်၍စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရနိုင် ချေရှိ) ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ စောဂ--- ၏ဝမ်းကွဲသည် --- ကျေးရွာတွင်နေထိုင်ပြီး အခြားအဖမ်းခံရသည့်ရွာသားများသည် ရွှေရောင်ပြကျေးရွာအုပ်စုရှိ --- ကျေးရွာ၊ မိုကောင်းကျေးရွာအုပ်စုရှိ က---ကျေးရွာ၊ ဒုံဝန်းကျေးရွာအုပ်စုရှိ --- ကျေးရွာ မှဖြစ်ကြပါသည်။ SAC စစ်သားများသည် ရွာသား () ဦးအားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး ရွာသားများ၏ ဆိုက်ကယ် () စီးကိုပါ သိမ်းဆည်းခဲ့ပါသည်။

အဖမ်းခံရသည့်ရွာသားများသည်-
၁. စောန--- (၄၁ နှစ်) ဒုံဝန်းကျေးရွာအုပ်စု၊ --- ကျေးရွာ
၂. စောင
--- (၃၀ နှစ်) စောဂ--- ဝမ်းကွဲ၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ --- ကျေးရွာ
၃. စောန
--- (၂၈ နှစ်) ရွှေရောင်ပြကျေးရွာအုပ်စု၊ --- ကျေးရွာ
၄. စောဘ
--- (၂၂ နှစ်) မိုးကောင်းကျေးရွာအုပ်စု၊ က--- ‌ကျေးရွာ
၅. စောရ
--- (၂၃ နှစ်) ရွှေရောင်ပြကျေးရွာအုပ်စု၊ --- ကျေးရွာ
၆. စောပ
--- (၃၃ နှစ်) ရွှေရောင်ပြကျေးရွာအုပ်စု၊ --- ကျေးရွာ
၇. စောဝ
--- (အသက်မသိရ) ရွှေရောင်ပြကျေးရွာအုပ်စု၊ --- ကျေးရွာ

စောဂ--- သည် မိဘများနှင့်အတူ ၎င်းတို့၏ကျေးရွာသို့ပြန်ရောက်ချိန်တွင် ကျေးရွာအုပ်စုမှုးကို ရွာသားများ အဖမ်းခံခြင်းနှင့် အဖမ်းခံရသည့် ရွာသားတစ်ဦးစီအား သိန်း (၂၀) ကျပ် ဖြင့်သွားရောက်ရွေးထုတ်ရန် SAC စစ်သားများမှပြောခဲ့ကြောင်း အသိပေးခဲ့ပါသည်။ သို့သော်လည်း စစ်သားများမှ ထိုရွာသားများအား မည်သည့် နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မပြောပြကြပါ။ မိသားစုဝင်များမှ ဖမ်းဆီးခံရ သော၎င်းတို့၏ဆွေမျိုးသားချင်းများအား အမှတ် () အမြောက်တပ်စခန်းတွင် သွားရောက် ရှာဖွေခဲ့ကြ သော်လည်း ထိုတွင်မတွေ့ ရှိခဲ့ကြပါ။ ထို့ကြောင့် မိသားစုဝင်များသည် အဖမ်းခံရသည့်ရွာသားများအား အမှတ် () အမြောက်တပ်သို့ဖမ်းဆီးသွားခဲ့သည်ဟု ယူဆခဲ့ပါသည်။ ဖမ်းဆီးခံရသည့်ရွာသားများသည် မည်သည့်နေရာတွင်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်းမသိရှိရ (အချိန်တစ်ခုအထိ) ခြင်းနှင့် စစ်သားများ (ရွာသားများအားဖမ်းဆီးသော စစ်သားများ) မှ ဖမ်းဆီခံရသည့်မိသားစုဝင်များအား ရှေ့ဆက်ဆက်သွယ်ခြင်းလည်းမရှိပါ။

ထိုနေ့နောက်ပိုင်း သထုံမြို့ရှိ ကျိုက်ကော်၊ ဝပါ (ဝင်းပ) စခန်းတွင်အခြေစိုက်သည့် SAC အမြောက်တပ်မှရွာသားများကို ဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်များသိရှိခဲ့ရပါသည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ရက်နေ့တွင် ဒေသခံခေါင်းဆောင်တစ်ဦး၏ အကူအညီ (SAC စစ်သားများကိုပမာဏမသိရသောငွေသားပေးခဲ့) ဖြင့် ဖမ်းဆီးခံရ သည့်ရွာသား () ဦးပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ စောဝ---ည် အချုပ်ထဲတွင် ဆက်လက်ရှိနေ ခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ ၎င်းအားပြန်လည်လွတ်မြောက်ရန်အတွက် မပြောဝံ့ကြပါ။ SAC စစ်သားများမှ ထိုပြန်လည်လွတ်မြောက်လာသည့်ရွာသား () ဦးအား ကျေးရွာအတွင်း မတွေ့လိုတော့ကြောင်းနှင့် တွေ့မည်ဆိုပါက သတ်ပစ်ခံရမည်ဖြစ်ကြောင့် ၎င်းတို့မလွတ်မြောက်လာခင် သတိပေးခဲ့ပါသည်။ SAC ခြိမ်းခြောက်ခံရမှုကိုကြောက်ရွံ့သဖြင့် လွတ်မြောက်လာသောရွာသား များသည် ထိုင်းနိုင်ငံသို့ထွက်ပြေးခဲ့ကြပါသည်။ နောက်ပိုင်း ၂၀၂၂ ခုနှစ်၊ မေလပထမအပတ်တွင် စောဝ--- သည် အချုပ်မှပြန်လည် လွတ်မြောက်လာခဲ့ပါသည်။ SAC စစ်သားများမှ ၎င်းအားဆက်လက်ဖမ်းဆီးထား မည်ဆိုပါက အကျိုးရှိမည် မဟုတ်ကြောင်းပြောခဲ့ပြီး လွတ်ပေးခဲ့ပါသည်။

Wed, 01 Jun 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်းရေး သားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်