Thu, 28 Apr 2022
ဒူးသထူခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို - သထူမြို့နယ်တွင် SAC စစ်တပ်မှ ဈေးပွဲတော်တစ်ခုတွင် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ် ခတ်မှုကြောင့် အရပ်သားများ သေဆုံးခြင်း၊ ဒဏ်ရာရရှိခဲ့ခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများ ပျက်ဆီးခဲ့ခြင်း (၂၀၂၂ခုနှစ်၊ မတ်လ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၀ခုနှစ်၊ မတ်လ ၁၉ရက်နေ့၌ ဒူးသထူ (သထုံ)ခရိုင်၊ သထူ (သထုံ) မြို့နယ်၊ တမော်ဒေါကျေးရွာအုပ်စု၊ ---ကျေးရွာတွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ဖော်ပြထားပါသည်။ SAC စစ်တပ်မှ ---ကျေးရွာတွင် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ပြုလုပ်သော ဈေးပွဲတော်တစ်ခုတွင် ရည်ရွယ်ချက်ရှိ ရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ()နှစ်အရွယ်ရှိ ယောင်္ကျားလေးတစ်ဦး အပါအဝင် ရွာသားသုံးဦးသေဆုံးပြီး ကလေးဦးအပါအဝင် ရွာသား (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ရွာသားများပိုင်ဆိုင်သော ဆိုင်ကယ်နှစ်စီးနှင့် ကားသုံးစီးလည်း လက်နက်ကြီးထိမှန်၍ ပျက်စီးခဲ့သည်။ [1]

 

ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း

၂၀၂၂ခုနှစ်၊ မတ်လ ၁၉ရက်နေ့ ()နာရီတွင် ဝေးရော် (ဝင်းပ)ကျေးရွာတွင် အမြောက်တပ် (၄၀၂)နှင့်အတူ အခြေ စိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် ()မှ ဒူးသထူ (သထုံ) ခရိုင်၊ သထူ(သထုံ)မြို့နယ်၊ တမော်ဒေါကျေးရွာအုပ်စု၊ ---ကျေးရွာတွင် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ပြုလုပ်သော ဈေးပွဲတော်ကို လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့သည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ သေဆုံးရခြင်း

SAC တပ်ဖွဲ့မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့်   ()နှစ်အရွယ်ရှိ ယောင်္ကျားလေးတစ်ဦးအပါအဝင် ရွာသား သုံးဦး လက်နက်ကြီးအစအန ထိမှန်ပြီး သေဆုံးခဲ့သည်။ သေဆုံးသွားသည့်ရွာသားသုံးဦးမှာ သထူမြို့နယ်၊ တမော်ဒေါ ကျေး ရွာ၊ ---ကျေးရွာမှနေထိုင်သော ဒေါ်ဒေးသို (အသက် ၅၀နှစ်)နှင့် စောအယ်ဖိုဆား (အသက် ၇နှစ်)နှင့် သထူမြို့နယ်၊ မောလေးကျေးရွာအုပ်စု၊ ---ကျေးရွာတွင်နေထိုင်သော ဒေါ်ငွေကြည် (အသက် ၅၄နှစ်)တို့ဖြစ်ကြသည်။ လက် နက်ကြီးပစ်ခတ်သည့်အချိန်တွင် ဒေါ်ငွေကြည်သည် ဈေးပွဲတော်တွင် မိုးပျံပူဖေါင်းများ ရောင်းနေခဲ့သည်။ ဒေါ်ငွေကြည် သည် သူမ၏မိသားစုစားဝတ်နေရေးအတွက် ရွာထဲရှိဈေးပွဲတော်များတွင် မိုးပျံပူဖေါင်းများ ပုံမှန်ရောင်းနေ လျှက်ရှိသည်။ ထို့ကြောင့် သူမ သေဆုံးရခြင်းသည် သူမ၏မိသားစုအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ ထိခိုက်ဒဏ်ရာရရှိခြင်း

ထို့အပြင် SAC တပ်ဖွဲ့မှ လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်းကြောင့် တမော်ဒေါကျေးရွာအုပ်စု၊ ---ကျေးရွာတွင်နေ ထိုင်သော ကလေးနှစ်ဦးအပါအဝင် ရွာသား (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုအထဲတွင် ၁၂နှစ်သား ယောင်္ကျား လေးတစ်ဦးဖြစ်သူ စောစ---နှင့် ရွာသားတစ်ဦးတို့သည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စိုးရိမ်ရသည့်အ အခြေအနေတွင် ရှိနေပါသည်။

ဒဏ်ရာရရှိခဲ့သော ရွာသား (၁၁)ဦးမှာ သထူမြို့နယ်အတွင်း တမော်ဒေါကျေးရွာအုပ်စု၊ --- --- က---နှင့် ---ရွာများ၊ တရီးခီးကျေးရွာအုပ်စုမှ ---ကျေးရွာနှင့် သထုံမြို့၊ လေးတိုင်ရပ်ကွက်တို့တွင် နေထိုင်ကြသူများဖြစ် သည်။ ၎င်းတို့မှာ နော်အ--- (အသက် ၆နှစ်) စောစ--- (အသက် ၁၂နှစ်) နော်ဇ--- (အသက် ၁၉နှစ်) စောန--- (အသက် ၂၀နှစ်) စောဏ--- (အသက် ၂၆နှစ်) စောပ--- (အသက် ၂၇နှစ်) နော်ယ--- (အသက် ၂၇နှစ်) စောတ--- (အသက် ၄၄နှစ်) နော်ဘ--- (အသက် ၂၈နှစ်) --- (အသက် ၂၇နှစ်)နှင့် --- (အသက် ၃၂နှစ်) တို့ဖြစ်ကြသည်။ ထိုရွာသား (၁၁)ဦးသည် ၎င်းတို့၏ခြေထောက်၊ ခြေဖမိုး၊ ကျောကုန်း၊ ဗိုက်၊ ရင်ဘက်၊ ခေါင်း၊ မျက်လုံး (အမြင်များ မုန်ဝါး)နှင့် မျက်နှာတို့တွင် ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသောရွာသားများ၏ဆေးကုသမှုကုန်ကျစရိတ်များအတွက် ကျေးရွာမှ စုပေါင်း၍ အလှူငွေများ ပံ့ပိုးကူညီခဲ့သည်။ မည်သည့်အဖွဲ့အစည်းမှ ၎င်းတို့၏ဆေးကုသမှုကုန်ကျစရိတ်များကို ကူညီထောက်ပံ့ခြင်း မရှိခဲ့ပေ။

၂၀၂၂ခုနှစ်၊ မတ်လ ၂၂ရက်နေ့၌ KHRG ကွင်းဆင်းလုပ်သားတစ်ဦးမှ တင်ပြချက်များအရ ၁၂နှစ်အရွယ်ရှိ စောဆ---သည် ယခုအချိန်တွင် ဘားအံမြို့နယ်၊ တာတရဲကျေးရွာအုပ်စု၊ က---ကျေးရွာတွင်းရှိ ဒေသခံဆေးရုံတွင် ဆေးကုသမှု ခံယူနေပါသည်။ ထိခိုက်ဒဏ်ရာရရှိသည့် အခြားသောရွာသားနှစ်ဦးသည် ယခုချိန်တွင် တမော်ဒေါကျေးရွာအုပ်ရှိ ဆေးရုံတစ်ရုံတွင် ဆေးကုသမှုခံယူုနေပြီး အခြားသောရွာသားရှစ်ဦးမှာ ၎င်းတို့အိမ်တွင်သာ ဆေးကုသမှုများ ပြုလုပ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ရွာမှ ထွက်ပြေးတိမ်းရှောင် ခြင်းမရှိခဲ့ပေ။ သို့သော် လည်း ရွာသားများသည် SAC မှ လက်နက်ကြီးပစ်ခတ်မှုကို ကြောက်ရွံံ့နေရသည့်အတွက်ကြောင့် ညဖက်တွင် ၎င်းတို့အိမ်အောက်တွင်တူးထားသော ဗုံးခိုကျင်းများထဲတွင် ဝင်ရောက်အိပ်စက်ခဲ့ ရသည်။

---ကျေးရွာတွင် အိမ်ထောင်စု (၂၂၉)စုရှိပြီး ခန့်မှန်းခြေအားဖြင့် ရွာသားများ ၁၄၇၃ ဦးနေထိုင်ကြသည်။ ဈေးပွဲ တော်ကို ပြုလုပ်ကျင်းပသောနေ့တွင် ရွာသားများ ၅၀ မှ ၆၀ဦးသည် ထိုဈေးပွဲတော်ကို လာရောက်ခဲ့သည်။ SAC မှ ဈေးပွဲတော်သို့ လက်နက်ကြီးပစ်ခတ်ခြင်းနှင့်ပတ်သတ်ပြီး ---ကျေးရွာတွင်နေထိုင်သော ရွာသားတစ်ဦးမှ ဤသို့ပြောခဲ့သည်။ဒီဈေးပွဲတော်ကို ရန်သူတွေက လာရောက်ကျင်းပတာ မဟုတ်ဘူး။ ဒါက ကရင်တော်လှန် ရေးနေ့လည်း မဟုတ်ဘူး။ ဒါက ကရင်အာဇာနည်နေ့လည်း မဟုတ်ဘူး။ ဒီဈေးပွဲတော်ကို သူတို့တွေက လက် နက်ကြီးနဲ့ပစ်တာ မသင့်တော်ဘူး ထင်တယ်။

ရွာသားများ၏ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးခြင်း

ထို့အပြင် SAC မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားများပိုင်ဆိုင်သည့် ကားသုံးစီးနှင့် ဆိုင်ကယ်နှစ် စီးလည်း ပျက်စီးခဲ့သည်။ ---ရွာတွင်နေထိုင်သော ဒေါ်ဘ---ပိုင်ဆိုင်သည့်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး၊ ---ရွာမှ ဦးဒ---ပိုင်ဆိုင်သည့် ကားတစ်စီး၊ ---ကျေးရွာမှ စောသ---ပိုင်ဆိုင်သည့်ကားတစ်စီးနှင့် ---ရွာမှ စောဗ---ပိုင်ဆိုင်သည့်ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့သည်။

Thu, 28 Apr 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်