Thu, 31 Mar 2022
မြန်မာပြည် အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးအခြေအနေ လေ့လာသုံးသပ်မှုအစီရင်ခံစာ လက်နက်ကိုင်ပဋိပက္ခများ၊ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းနှင့် ကျယ်ပြန့်သောလူ့အ ခွင့်အရေးချိုးဖောက်မှုများ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလ(Press Release)

   

 

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးအခြေအနေလေ့လာသုံးသပ်မှု အစီရင်ခံစာဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများ၊ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများပြင်းထန်လာခြင်းနှင့် ကျယ်ပြန့်သောလူ့အခွင့်အရေးချိုး ဖောက် မှုများကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ  ထုတ်ဝေလိုက်ပြီး ဖြစ်ကြောင်းအသိပေးလိုက်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် ကနဦးငါးလအတွင်း KHRG ၏ သတင်းမှတ် တမ်း ပြုစုသည့်နယ်မြေများတွင် တိုက်ပွဲများ သို့မဟုတ် ပစ်ခတ်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ နည်းပါးသော်လည်း ယခုအစီရင်ခံစာ ပြုစုသည့်ကာလတွင် လက်နက်ကိုင်ပဋိပက္ခနှင့် ပစ်ခတ်တိုက်ခိုက်မှုများ အလွန်တိုးပွားများပြား လာကြောင်းကို တွေ့ရှိရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များသည် ဒေသအတွင်းအ ကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် များအား ဝင်ရောက်စီးနင်းရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဒူးပလာယာခရိုင်၊ လေးကေ့ကော်ဒေသအတွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် လေကြောင်းတိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုဒေသမှ လူဦးရေ ၁၀,၀၀၀ ကျော်ထက်မနည်း တစ်ပတ် အတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ စစ်ပြေးရှောင်များအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်း ရှောင်ခွင့်ချက်ချင်းရရှိရန် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ကြရပါသည်။ ထိုင်းနိုင်ငံအတွင်းသို့ ယာယီထွက် ပြေးတိမ်းရှောင်မည့် ရွာသားအများစုကို ထိုင်းအာဏာပိုင်များက မြန်မာပြည်ဘက်ခြမ်းသို့ ပြန်ရန် ဖိအားပေးခံရ ခြင်း သို့မဟုတ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်တွင် ယာယီနေထိုင်စေခဲ့ပါသည်။

ကနေဦး စစ်အာဏာသိမ်းမှုကာလအတွင်း မူတြော်(ဖာပွန်) ခရိုင်သည် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် အဓိကထိုးစစ်ဆင်မှုများပြုလုပ်ရန်  ပစ်မှတ်ထားခြင်းခံခဲ့ရပါသည်။ ကရင်ပြည်နယ်၊ မူတြော်ခရိုင်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ လေကြောင်းတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခြင်းမရှိသော်လည်း ထိုခရိုင်အ တွင်းရှိ နယ်မြေဒေသအများစုသည် စစ်ရေးလှုပ်ရှားမှုနှင့်  ပြင်းထန်သော ထိုးစစ်ဆင်မှုများကို နေ့စဉ်နှင့်အမျှ ဆက် လက်ကြုံတွေ့နေရပါသည်။ ရွာသားအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေချိန်တွင် ကရင်အမျိုးသား တပ်မတော် (KNLA)၏ စစ်ရေးလှုပ်ရှားမှုရှိသော အချို့ကျေးရွာများတွင် ဆက်လက်နေထိုင်သည့် ရွာသားများကို စစ် ကောင်စီ၏ တပ်ရင်းမှူးများအပါအဝင် ၎င်းတို့စစ်သားများက ကြိမ်ဖန်များစွာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပါသည်။ ဤအစီရင်ခံစာ ပြုစုသည့်ကာလအတွင်း အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ လူသားဒိုင်းအသုံးပြုခြင်း၊ ညှဉ်းပန်းနှိပ် စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခိုးယူခြင်းနှင့် မြေမြှုပ်ပေါက်ကွဲမှုများ အပါအဝင် အခြားသော လူ့အခွင့်အရေးချိုး ဖောက်မှုများ တိုးမြင့်လာမှုကိုလည်း တွေ့ရှိရပါသည်။

KNU ထိန်းချုပ်နယ်မြေများအတွင်း  စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့များ၏ လှုပ်ရှားသွား လာမှုများပြားလာပါသည်။ ထို့နည်းအတူ ၎င်းတို့၏တပ်စခန်းများသို့ တပ်သားများအ‌ပြောင်းလဲပြုသည့်အချိန်၊ ရိ က္ခာနှင့်လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်သည့်အချိန်တွင် အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း အပါအဝင် အဓမ္မလုပ်အားပေးခိုင်းစေမှု ဖြစ်စဉ်များလည်း ပိုမိုတိုးပွားလာပါသည်။ ထိုကဲ့သို့ အရပ်သားများအားလူ သားဒိုင်းအဖြစ်အသုံးပြုခြင်းနှင့် အဓမ္မလုပ်အားပေး စေခိုင်းမှုများ ပြုလုပ်သည့်အခါ စစ်ကောင်စီတပ်များသည် အ ရပ်သားများအား  ရိုက်နှက်ခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစာရေစာစားသုံးခွင့်မပြုခြင်း၊ အသက်အန္တ ရာယ်ခြိမ်းခြောက်ခြင်းအပါအဝင် လူမဆန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ကြပါသည်။

KNU နယ်မြေများအတွင်းရှိ ကျေးလက်ဒေသများတွင် စစ်ကောင်စီတပ်သားများ ရှိနေခြင်းကြောင့် အထူးသဖြင့် ဒေ သခံများ၏ စားနပ်ရိက္ခာနှင့်အိမ်မွေးတိရစ္ဆာန်များ၊ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူလုယက်ခြင်းများ ပိုမိုများပြား လာသည်။ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသူရွာသားများ၏နေအိမ်များအား ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်းများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိပါသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် ၎င်းတို့ကိုဆန့်ကျင်သော မည်သူ့ကိုမဆို ပစ်မှတ်ထားဆဲဖြစ်သောကြောင့် PDF အပါအဝင် CDM နှင့် ဆက်နွယ်သည်ဟု သံသယရှိသူများကို ရှာဖွေဖမ်းဆီးရာတွင် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ် ဖြတ်ခြင်း စသည့်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပါသည်။ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့များက အရပ်သားများကို ရည် ရွယ်ချက်ရှိရှိသတ်ဖြတ်မှုများလည်း တိုးများလာခဲ့သည်။ ယခုအချိန်တွင် ကရင်ပြည်နယ်ရှိ ဒေသခံရွာသားအများအ ပြားသည် COVID-19 ရောဂါပျံ့နှံ့မှု အပါအဝင် ဆိုးရွားသည့် ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရပြီး ပြင်ပမှအ ကူအညီဝင်ရောက်လာမှုနည်းပါးနေသောကြောင့်သော်လည်းကောင်းစစ်ပြေးရှောင်းနေရသည့်အခြေအနေကြောင့် သော်လည်းကောင်း ၎င်းတို့၏ လူမှုလုံခြုံရေး အခြေအနေသည်  ပိုမိုဆိုးရွားလာပါသည်။

ဤအစီရင်ခံစာမှ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ၎င်းတို့၏ အကျိုး သက်ရောက်မှုများကို ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပိုမိုနားလည်သဘောပေါက်လာမည်ဟု KHRG မှ မျှော်လင့်ပါသည်။ ဤအစီရင်ခံစာထဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများမှ မြန်မာပြည်သူများ၏လူမှု ဘဝလုံခြုံရေးကို အကာအကွယ်ပေးရန်နှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် ပံ့ပိုးကူညီမှုအစီအစဥ်များ ချမှတ်ရာတွင် ပိုမိုပါဝင်နိုင်စေရန်အတွက်  အကြံပြုချက်များထည့်သွင်းဖော်ပြထားပါသည်။  

အကြံပြုချက်များ

  • အိမ်နီးချင်းနိုင်ငံများသည် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဆောင်သည့်အဖွဲ့ အစည်းများနှင့် ဒေသအတွင်းဝန်ဆောင်မှုပေးသူများကို နယ်စပ်ဖြတ်ကျော်ရေးအကူအညီများပေးရန်အ တွက် တရားဝင်ခွင့်ပြုချက်ပေးရပါမည်။
  • ကမ္ဘာ့ကုလသမဂ္ဂ၊ အခြားနိုင်ငံတကာအသိုင်းအဝိုင်းမှ တာဝန်ရှိသူများနှင့် အလှူရှင်များသည် မြေပြင်တွင် လုပ်ဆောင်နေသော ဒေသခံအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများကို တရားဝင်အ သိအမှတ်ပြုပြီး အကူအညီများတိုးမြှင့်ပေးဆောင်ရန်လိုအပ်ပါသည်။
  • စစ်ရေးအရ “လေယာဉ်မပျံသန်းရဇုန်” များကို သတ်မှတ်ကျင့်သုံးရန်လိုအပ်ပါသည်။ မြန်မာစစ်တပ်၏ လေကြောင်းလောင်စာဆီ ထောက်ပံ့ပေးခြင်း၊ ရောင်းဝယ်ခြင်းများအား ပိတ်ဆို့အရေးယူရပါမည်။
  • အရပ်သားများအတွက်လုံခြုံသည့်နေရာများ သတ်မှတ်ပေးပြီး မြန်မာပြည်အတွင်းဖြစ်စေ နယ်စပ်ဖြတ် ကျော်သည့်နေရာတွင်ဖြစ်စေနိုင်ငံတကာမှ အာမခံချက်ပေးပြီးဖန်တီးပေးရန်လိုအပ်သည်။
  • မြန်မာနိုင်ငံရှိကုလသမဂ္ဂအေဂျင်စီများသည် မြေပြင်အခြေအနေများကိုတုံ့ပြန်ရာတွင် ပြတ်သားရှင်းလင်း သည့်ရပ်တည်ချက်ရှိရန်လိုအပ်ပြီး စစ်ကောင်စီမှကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တတ်နိုင်သမျှ တားဆီးရန်လိုအပ်သည်။

ဆက်သွယ်ရန်
နော်ထူးထူး - +66 (0) 872 051 856
စောနန္ဒဆူး - +66 (0) 811 297 564

Thu, 31 Mar 2022

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်