Thu, 31 Mar 2022
ဒူးပလာခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို- လက်နက်ကိုင်တပ်ဖွဲ့များ ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံး (၂၀၂၂ခုနှစ်, ဖေဖော်ဝါရီလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင်  ဒူးပလာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ဖော်ပြထားပါသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်နေ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုဖြစ်ပွားသည့်အချိန်တွင် ကောတရီမြို့နယ်၊ မောင်မရွာသစ်ကျေးရွာအုပ်စု၊အ--- ကျေးရွာတွင်နေထိုင်သော အမျိုးသမီးတစ်ဦးသည် လက်နက်ကြီးပေါက်ကွဲမှုအပိုင်းအစထိမှန်သဖြင့် သူမ၏ညာဖက်လက်မှာ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ရရှိသောဒဏ်ရာကြောင့် ချက်ချင်းသေဆုံးသွားခဲ့ပါသည်။ မကြာခဏဖြစ်ပွားသောတိုက်ပွဲနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အ--- ကျေးရွာတွင်နေထိုင်သော ရွာသားများသည် အခြားနီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။[1]

 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်သားအဖွဲ့တစ်ဖွဲ့ (တပ်ရင်းအဖွဲ့မသိရ) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေအတွင်းရှိ ကော်တရီမြို့နယ်၊ မောင်းမရွာသစ်၊ အ--- ကျေးရွာအတွင်း ဝင်ရောက်ကျူးကျော်ခဲ့ပါသည်။ ထိုကဲ့သို့ဝင်ရောက်ကျူးကျော်ခဲ့ခြင်းကြောင့် နံနက် (၈း၀၀) ခန့်တွင် KNLA နှင့် SAC တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်နေ့ နံနက် (၉း၀၀) အချိန်ခန့်တွင် မောင်းမရွာသစ်ကျေးရွာအုပ်စု၊ အ--- ကျေးရွာတွင် KNLA နှင့် SAC တပ်ဖွဲ့တို့ကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသည်။ ထိုနေ့နံနက်ပိုင်းတွင် အ--- ကျေးရွာတွင် နေထိုင်သော အသက်၄၁နှစ်အရွယ်ရှိ နော်ပုတင်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်သည့်အချိန်အတွင်း လက်နက်ကြီးပေါက်ကွဲမှုအပိုင်းအစနှင့် ထိမှန်ခဲ့ပါသည် (မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုအား မသိရပါ)။ (လက်နက်ကြီးအပိုင်းအစ၏ ထိမှန်မှုကြောင့် သူမ၏ ကျိုင်းအောက်တွင် ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ပါသည်။) သူမမှ ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့သဖြင့် ချက်ချင်းသေဆုံးသွားခဲ့ပါသည်။

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် သူမနှင့် ခင်ပွန်းဖြစ်သူတို့သည် (၎င်းတို့၏ ကလေးများမပါပဲ) အိမ်မွေးတိရိစ္ဆာန်များကို အစာကျွေးရန်အတွက်  ၎င်းတို့၏ ကျေးရွာသို့ ပြန်လာချိန်တွင် လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ သူမ၏ ခင်ပွန်းဖြစ်သူမှ ၎င်း၏နွားစာကျွေးပြီး အိမ်၏အနီးတွင် နွားချီပြီးနောက် အိမ်‌‌ရှေ့သို့ပြန်သွားခဲ့ပါသည်။ သူမမှ ဝက်စာကျွေးပြီးသည့်နောက် မီးဖိုချောင်သို့ပြန်သွားခဲ့ပါသည်။ သူမ မီးဖိုချောင်သို့ပြန်သွားသည့်အချိန်တွင် ပေါက်ကွဲသွားသည့် လက်နက် ကြီးအပိုင်းအစထိမှန်သဖြင့် သေဆုံးသွားခဲ့ပါသည်။ သူမ၏ ခင်ပွန်းမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။ ထိုနေ့တွင် ၎င်းတို့နှင့် တစ်ရွာတည်းနေ ထွက်ပြေးတိမ်းရှောင်နေရသည့်ရွာသားများသည် အခြေအနေငြိမ်သက် သည့်အချိန်တွင် ၎င်းတို့၏ အိမ်မွေးတိရိစ္ဆာန်များကို အစာကျွေးရန်အတွက် မိမိတို့၏ကျေးရွာသို့ ပြန်လာခဲ့ကြသည်။

တိုက်ပွဲကြောင့် ကော်တရီမြို့နယ်အတွင်ရှိ အ--- ကျေးရွာအပြင် ဝ--- ကျေးရွာ၊ ဟ--- ကျေးရွာနှင့် ထ--- ကျေးရွာတွင်ရှိသော ရွာသားများအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ကြား ဖြစ်ပွားသောတိုက်ပွဲအတွင်း သက်ကြီးရွယ်အိုအနည်းငယ်သာ ကျေးရွာအတွင်း နေထိုင်ကြပါသည်။ သူမ၏ ခင်ပွန်းဖြစ်သူနှင့် သားသမီးငါးဦး (သားသမီးထဲမှ တစ်ဦးသည် လက်ရှိ ဘန်ကောက်တွင် နေနေပါသည်။) တို့သည် အခြားသောရွာသားများနှင့်အတူ လက်ရှိကော့ကရိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်း တွင် နေထိုင်ကြပါသည်။  ဘုန်းကြီးကျောင်းရှိ ကျောင်းထိုင်ဘုန်းကြီးမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာ
သားများအား အစားအစာကို ပြင်ဆင်ပေးနေရပါသည်။

SAC စစ်သားများသည် ယခု အ--- ကျေးရွာရှိ ရွာသားများ၏အိမ်နှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်နေကြသောကြောင့် ရွာသားသားများအနေဖြင့် ၎င်းတို့၏ ကျေးရွာတွင် ပြန်လည်နေထိုင်ရန်အတွက် ကြောက်ရွံ့ ထိတ်လန့်နေကြရပါသည်။ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာလေးရွာမှ ရွာသားများသည် ၎င်းတို့၏ကျေးရွာတွင် ပြန်လည်နေထိုင်လိုကြပါသည်။ သို့သော်လည်း ရွာသားအများစုသည် ကျေးရွာအတွင်းရှိ ဆက်လက်ဖြစ်ပွားနေသော မလုံခြုံမှုများကြောင့် ၎င်းတို့၏ ကျေးရွာသို့ပြန်သွားရန် မဝံ့မရဲဖြစ်နေကြပါ သည်။

Thu, 31 Mar 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်းရေး သားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်