Fri, 03 Dec 2021
ဒူးသထူခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို - အတင်းအဓမ္မခိုင်းစေမှု၊ လုယက်မှုနှင့် SAC နှင့် KNLA တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ (၂၀၂၁ခုနှစ်၊ သြဂုတ်လ)

ဤနောက်ဆုံးရ ဒေသတွင်းသတင်းတိုတွင် ၂၀၂၁ခုနှစ်၊ သြဂုတ်လအတွင်း ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့ နယ်တွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကို ဖော်ပြထားပါသည်။ ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ နယ်ခြားစောင့်တပ် (BGF) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့တို့သည် ယိုကလားတပ်စခန်း တည် နေရာကို တိုင်းတာရန်နှင့် မြေပြင်အခြေအနေကို သိရှိရန်အတွက် လေးကေတပ်စခန်းမှ ယိုကလားတပ်စခန်းသို့ ခရီး သွားခဲ့သည်။ ထိုနေရာဒေသသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်မှုအောက်တွင်တည်ရှိပြီး KNU မှ SAC နှင့် BGF တပ်ဖွဲ့တို့၏လှုပ်ရှားမှုများကို ကန့်သတ်တားမြစ်ထား သောနယ်မြေလည်းဖြစ်သည်။ BGF နှင့် SAC စစ်သားများမှ ယိုကလားတပ်စခန်းသို့သွားလာရာတွင် KNU ထိန်းချုပ်နယ်မြေကို ဖြတ်သန်းခဲ့ရပြီး ဒေသခံ KNLA စစ်သားများမှလည်း ၎င်းတို့နယ်မြေကို ကာကွယ်ရမည်ဖြစ်သောကြောင့် BGF SAC တပ်ဖွဲ့တို့နှင့် KNLA တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယိုကလားတပ်စခန်းသို့ ခရီးသွားလာရာတွင် BGF နှင့် SAC တပ်ဖွဲ့များသည် ရွာသားများ ကို အတင်းအဓမ္မဖမ်းဆီး၍ ၎င်းတို့အား လမ်းပြအဖြစ်သော်လည်းကောင်း၊ လူသားဒိုင်းသဖွယ်အဖြစ်သော်လည်း ကောင်း လုပ်ဆောင်ပေးရန် ခိုင်းစေခဲ့သည်။ SAC နှင့် BGF တပ်ဖွဲ့များသည်လည်း ဒေသခံရွာများသို့ ရောက်ရှိသည့် အခါတွင် ဒေသခံရွာသားများပိုင်ဆိုင်သော ဖုန်း၊ ကျွဲနွားတိရိစ္ဆာန်များ အစရှိသည့် ပိုင်ဆိုင်မှုများကိုလည်း လုယက်ခဲ့ သည်။ ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် SAC နှင့် BGF တပ်ဖွဲ့များသည် ယိုကလားတပ်စခန်းမှ လေးကေတပ် စခန်းသို့ ပြန်လည်ရောက် ရှိလာခဲ့သည်။ ၎င်းတို့မှ လေးကေစခန်းသို့ပြန်လာသည့်လမ်းတွင် အခြားရွာသားတစ်ဦးကို ဖမ်းဆီး ခေါ်ယူ၍ လမ်းပြပေးသူအဖြစ်နှင့် လူသားဒိုင်းသဖွယ်အဖြစ်လုပ်ဆောင်ပေးရန် ခိုင်းစေခဲ့ပြန်သည်[1]

 

၂၀၂၁ခုနှစ်၊ သြဂုတ်လ ၉ရက်နေ့တွင် စစ်သည်အင်အား (၈၀) ခန့်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) တပ်သားများနှင့် နယ်ခြားစောင့်တပ် (BGF)တပ်သားများတို့သည် လေးကေတပ်စခန်းမှ ထွက်ခွာ၍ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင်တည်ရှိသော ယိုကလားတပ်စခန်းသို့ ခရီးနှင်ခဲ့သည်။ ၎င်းတို့သည် မြေပြင် အခြေအနေနှင့်ပတ်သတ်ပြီး အချက်အလက်ရရှိရန်နှင့် ယိုကလားတပ်စခန်း၏ နယ်မြေအကျယ်အဝန်းကိုတိုင်းတာရန် အတွက် ယိုကလားတပ်စခန်းသို့သွားခဲ့ခြင်းသည်။ ဒေသခံရွာသားများမှ ဤခရီးစဉ်တွင်ပါဝင်သည့် BGF စစ်သားများ သည် မည့်သည့်တပ်ရင်းမှဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိပေ။ သို့သော်လည်း (KHRG မှ ယခင်က လက်ခံရရှိ သည့် သတင်းအချက်အလက်များအရ) လေးကေနှင့် ယိုကလား တပ်စခန်းများကြားရှိ ဒေသတွင်လှုပ်ရှားနေသော BGF တပ်ရင်းသည် တပ်ရင်းမှူးမောင်လှကြိုင်ဦးဆောင်သည့် တပ်ရင်းအမှတ် (၁၀၁၃) ဖြစ်သည်။

SAC နှင့် BGF တပ်ဖွဲ့များသည် ဒေသခံ KNU အာဏာပိုင်များ၏ခွင့်ပြုချက်ကို မရရှိဘဲ KNU နယ်မြေထဲသို့ စတင်ဝင် ရောက်လာခဲ့သည်။ ၎င်းတို့သည် --- --- ---နှင့် ---ရွာများကို ဖြတ်၍လာခဲ့ကြသည်။ သို့သော်လည်း၊ (KHRG ကွင်းသားလုပ်သားမှ အင်တာဗျူးခဲ့သော ရွာသားတစ်ဦး၏တင်ပြချက်အရ) ဒေသခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်ဖွဲ့ (KNLA) မှ ၎င်းတို့နယ်မြေ၏လုံခြုံရေးကို ကာကွယ်ရန်အတွက် ပြင်ဆင်နေကြပြီးဖြစ်သည်။ SAC နှင့် BGF တပ်ဖွဲ့များလည်း (၎င်းတို့မှ ခွင့်ပြုချက်မရဘဲ နယ်မြေအတွင်းဝင်လာမည်ဆိုလျှင်) ဒေသခံ KNLA စစ်သား များမှ ၎င်းတို့အား ပစ်မှတ်ထားတိုက်ခိုက်လိမ့်မည်ကို ကြိုတင်သိရှိထားပြီးဖြစ်သည်။ SAC နှင့် BGF တပ်ဖွဲ့များသည် ---ကျေးရွာသို့ ကားဖြင့်ရောက်ရှိချိန်တွင် ရွာသားများမှ ၎င်းတို့အားရှေ့ဆက်မသွားရန် နှင့် ဒေသအတွင်း KNLA နှင့် ထိပ်တိုက်ရင်ဆိုင်၍ ပစ်ခတ်မှုများမဖြစ်စေရန်အတွက် ကျေးရွာမှထွက်ခွာပေး၍ နောက်ပြန်လှည့်ပေးရန် သတိပေးခဲ့ သည်။ သို့သော်လည်း SAC နှင့် BGF တပ်ဖွဲ့များသည် ဒေသခံများ၏သတိပေးမှုကို လျစ်လျူရှုခဲ့ကြသည်။ သြဂုတ်လ ၁၀ရက် နေ့နှင့် ၁၁ရက်နေ့တွင် မိုးရေကြီးမှုကြောင့် SAC နှင့် BGF တပ်ဖွဲ့များသည် ---ရွာမှ ယိုကလားတပ်စခန်းသို့ ခြေလျင် ဖြင့်သွားခဲ့သည်။ ဒေသခံတစ်ဦးဖြစ်သူ နော်ဘ--- ပြောပြချက်အရ SAC နှင့် BGF တပ်ဖွဲ့များသည် ရွာသားများအား ဤကဲ့သို့ပြောခဲ့သည်။ ငါတို့သွားဖို့လိုတယ်။ ဒါဟာ ငါတို့ရဲ့တာဝန်ဘဲ။  တစ်ခြားရွာသားဖြစ်သူ နော်ယ---၏ပြောပြ ချက်အရ SAC နှင့် BGF တပ်ဖွဲ့များသည် ရွာသားများအား ဤသို့လည်း ပြောဆိုခဲ့သည်။ ငါတို့သေမယ်ဆိုရင်တောင် ငါတို့သွားမှရမယ်

SAC နှင့် BGF တပ်ဖွဲ့များသည် ---ကျေးရွာသို့ မရောက်ခင်တွင် (SAC နှင့် BGF စစ်သားများ တန်းစီလမ်းလျှောက် နေသည့်အချိန်တွင်) ဒေသခံ KNLA စစ်သားများသည် (မည်သည့်တပ်ရင်းမှ မသိရှိရ) SAC နှင့် BGF တို့အားချုံခို တိုက်ခိုက်ခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုသည် ခဏသာ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် ကျေးရွာ၏အပြင်ဘက်တွင် ဖြစ်ပွားခဲ့သောကြောင့် ရွာသားများအတွက် အန္တရာယ်မရှိခဲ့ပေ။ သို့သော်လည်း အထူးသဖြင့် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင်နေထိုင်သော ---ရွာသားများသည် သေနတ်ပစ်ခတ်မှုအသံကို ကြားနေရသည့်အတွက်ကြောင့် ထိုနေ ရာအနီးတစ်ဝိုက် တွင်နေထိုင်သော ရွာသားများသည် ကြောက်ရွံ့၍ ၎င်းတို့ရွာမှထွက်ပြေးတိမ်းရှောင်ခဲ့သည်။ နော်ဘ---မှ ဤကဲ့သို့ရှင်းပြ ခဲ့သည်။ ကျွန်မတို့ သေနတ်သံကိုကြားရပြီး ထွက်ပြေးခဲ့တယ်။ ကျွန်မတို့ အရမ်းကြောက်နေ ခဲ့တယ်။ အဲဒါကြောင့် ကျွန်မတို့ပြေးခဲ့ရတယ်။  ထို့အပြင် တိုက်ပွဲအတွင်း လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် တစ်ချို့သောရွာသားများ ၏စပါးပင်များလည်း ပျက်စီးခဲ့သည်။ SAC နှင့် BGF တပ်ဖွဲ့များနှင့် KNLA တို့အကြား (၁၅မိနစ်ခန့်) ပစ်ခတ်တိုက်ခိုက် မှုဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC နှင့် BGF တပ်ဖွဲ့များသည် ---ရွာသို့ ဆက်လက်သွားခဲ့သည်။ SAC နှင့် BGF တပ်ဖွဲ့များသည် ---ရွာသို့ သွားနေစဉ်အတွင်း ၎င်းတို့မှ လယ်ယာ လုပ်ကိုင်သော၊ ငါးနှင့် ကျွဲနွားများ မွေးမြူရေးကို လုပ်ကိုင်နေသော ---ရွာသားများကို အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး KLNA ၏တိုက်ခိုက်မှုရန်မှကာ ကွယ်ရန်အတွက် ထိုရွာသားများကို ခိုင်းစေ၍ လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုခဲ့ သည်။ (ဖမ်းဆီးခံရသည့် ရွာသားဉီး ရေအတိအကျကို မသိရှိရပါ။) ထိုရွာသားများတွင် အမျိုးသမီးများ၊ အမျိုးသား များနှင့် ကလေးသူငယ်များ ပါဝင်သည်။ SAC နှင့် BGF တပ်ဖွဲ့များမှ ---ရွာအဝင်တွင် ရောက်ရှိပြီးမှသာ ထိုရွာသား များကို ပြန်လွှတ်ခဲ့ပါသည်။

တိုက်ပွဲဖြစ်ပြီးနောက် BGF နှင့် SAC တို့သည် ---ရွာသို့ ဝင်ရောက်ခဲ့သည်။ တိုက်ပွဲကြောင့် ရွာသားများ ပုန်းအောင်း နေကြရပြီး SAC နှင့် BGF စစ်သားများမှ (KNLA စစ်သားများကိုရှာဖွေရန်) ရွာထဲသို့ ဝင်ရောက်လာ၍ ရှာဖွေခဲ့သည်။ ၎င်းတို့ရှာဖွေနေစဉ်အတွင်း အိမ်အောက်တွင်ပုန်းနေသော ရွာသားများကို မြင်သည့်အခါ ကလေးများအပါအဝင် ရွာသားများကို သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်ခဲ့သည်။ ထို့အပြင် SAC နှင့် BGF စစ်သားများမှ KNLA သည် ၎င်းတို့ အား တိုက်ခိုက်ပါက ရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

SAC နှင့် BGF တို့သည် ---ကျေးရွာအနောက်ဘက်ခြမ်းရှိ ရွာသားနှစ်ဦး၏နေအိမ်များတွင် ခိုးဝင်ခဲ့သည်။ ၎င်းတို့ အိမ်ပိုင်ရှင်များသည် တိုက်ပွဲကြောင့် တိမ်းရှောင်ပုန်းအောင်းနေချိန်တွင် SAC နှင့် BGF တို့မှ ပစ္စည်းများ ခိုးယူလုယက် ရန် အိမ်များတွင် ခိုးဝင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှ အိမ်နီးနားချင်း၏အသံကို ကြားခဲ့ခြင်းကြောင့် ပထမအိမ်တွင်  ဘာတစ်ခုမျှ မယူသွားခဲ့ပေ။ [တခြားအိမ်သို့ ခိုးဝင်နိုင်ရန် ၎င်းတို့၏လုပ်ရပ်ကို သိရှိသွားမည်ကို စိုးသောကြောင့်ဖြစ် သည်။] သို့သော်လည်း ၎င်းတို့သည် အခြားရွာသားတစ်ဦး၏အိမ်သို့သွားခဲ့ပြီး ထိုအိမ်ပိုင်ရှင်၏ပိုင်ဆိုင်မှု [အဖိုးတန် သို့မဟုတ် အသုံးဝင် သောပစ္စည်းများ] ကိုရှာဖွေ၍ ကွမ်းပေါင်း ကီလိုဂရမ်နှင့် ဖုန်းတစ်လုံးကိုပါ ခိုးယူသွားခဲ့သည်။

SAC နှင့် BGF စစ်သားများသည် (သြဂုတ်လ ၁၀ရက် နေ့ည) ဘုန်းကြီးကျောင်းတွင် တစ်ညနားခိုခဲ့သည်။ ၎င်းတို့သည် ဘုန်းကြီးကျောင်းတွင် နေထိုင်စဉ်အတွင်း ဘုန်းကြီးကျောင်းအနီးတစ်ဝိုက်တွင် လာရောက်အစာရှာသော ရွာသားများ ၏ ကြက်နှင့်ဘဲများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ သို့သော် ၎င်းတို့မှ မည်သည့်ကြက်၊ ဘဲကိုမျှ မပစ်သတ်နိုင်ခဲ့ပေ။ ဘုန်းကြီးကျောင်းအနီးတစ်ဝိုက်တွင် လာရောက်အစာရှာသော ဘဲတစ်ကောင်ကို ၎င်းတို့ဖမ်းနိုင်ခဲ့သည်။ (အမှန်စစ်စစ် ၎င်းတို့ဖမ်းရမိခဲ့သော ဘဲနှင့်ကြက်များ မည်မျှရှိကြောင်း မသိရှိခဲ့ရပေ။)

တချို့သောစစ်သားများသည် ၎င်းတို့အတွက် ရွာသားနှစ်ဦးအား အရက်သွားဝယ်ခိုင်းခဲ့သည်။ ထိုရွာသားနှစ်ဦးအနက် တစ်ဦးမှာ ရှစ်နှစ်အရွယ်ကလေးတစ်ဦးဖြစ်သည်။  BGF နှင့် SAC စစ်သားများအရက်မူးပြီးနောက် အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများအပါအဝင် ရွာသူရွာသားများသည် မလုံခြုံမှုများခံစားရပြီး အတိက်ကကဲ့သို့ ပဋိပက္ခများအတွင်း တပ်မတော်စစ်သားများမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် လက်နက်ကြီးများ ရမ်းသန်းပစ် ခတ်မှုများ စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လိမ့်မည်ဟု ရွာသားများက စိုးရိမ်နေကြသည်။ ဤကဲ့သို့စိုး ရိမ်မှုများကြောင့် အမျိုးသမီးများသည် ၎င်းတို့နေအိမ်တွင် အိပ်စက်ရာတွင် လုံခြုံမှုများမရှိဟု ခံစားရသည်။ အမျိုး သားဖြစ်ကြ သည့်ရွာသားများလည်း ညအချိန်တွင် ရွာတွင် မနေရဲကြတော့ပေ။ အမျိုးသားများဖြစ်ကြသည့်အတွက် ပေါ်တာဆွဲခံရမည်ဟု ကြောက်နေကြခြင်းဖြစ်သည်။ စစ်သားများရွာတွင် ရောက်လာပြီးနောက် မိသားစုဝင်တစ်ချို့ လည်း ရွာ၏အပြင်ဖက်၌ ၎င်းတို့၏လယ်ယာထဲရှိ တဲအိမ်များတွင် သွားရောက်အိပ်စက်ခဲ့ရသည်။ နော်ပ---မှ ဤကဲ့ သို့ရှင်းပြခဲ့သည်။ ဟုတ်တယ်။ အဲဒါ (လိင်ပိုင်းဆိုင်အကြမ်းဖက်မှု) က အမျိုးသမီးအများစု ကြုံတွေ့ခံစားရတယ်။ ညဖက်တွေဆိုရင် သူတို့က (SAC ဒါမှမဟုတ် BGF စစ်သားများ) ရွာသားတွေကို အရက်ဝယ်ခိုင်းတယ်။ သူတို့မူးလာ ပြီးဆိုရင် အမျိုးသ မီးတွေကို မုဒိန်းလိုက်ကျင့်မှာ ကျွန်မတို့အရမ်းစိုးရိမ်တယ်။ အဲဒါကြောင့် ကျွန်မတို့က (အသက် ၁၈ နှစ်အောက်) ဆယ်ကျော်သက်မိန်းကလေးတွေကို ဘုန်းကြီးကျောင်းနဲ့ဝေးတဲ့ ရွာရဲ့အနောက်ဖက်မှာ သွားအိပ်ခိုင်းရ တယ်။ (ဘုန်းကြီးကျောင်းသည် ရွာ၏မြောက်ဖက်တွင်တည်ရှိပြီး တပ်မတော်စစ်သားများ နေထိုင်ကြသည်။) အခြား တစ်ဖက်မှာလည်း အမျိုသားရွာသားတွေက ရွာအပြင်ဖက်တောထဲမှာ သွားအိပ်ရတယ်။ သူတို့က (SAC စစ်သားများ) ရွာသားတွေကို ပေါ်တာနဲ့လမ်းပြအဖြစ် ခိုင်းစေမှာလည်းကြောက်တယ်။ SAC စစ်သားတွေက အရက်မူးလာပြီးဆိုရင် ရွာတွေကို ရမ်းသန်းပစ်ခတ်မှာကိုလည်း ကျွန်မတို့စိုးရိမ်တယ်။ (အတိတ်က ပဋိပက္ခအချိန်ကာလတွင် ထိုသို့သော လုပ်ရပ်များ ရှိခဲ့ သည်။ ထို့ကြောင့် ရွာသားတွေက နောက်ထပ်ဖြစ်လာမည်ကို စိုးရိမ်နေရခြင်းဖြစ်သည်။)         

ထို့အပြင် ကိုဗစ်ကပ်ရောဂါကူးစက်မှုများကို ကြောက်နေရသည့်အတွက် တစ်ချို့သောရွာသားများသည် ၎င်းတို့ရွာအ ပြင်မှလာသော သူစိမ်းဧည့်သည်များကို ရှောင်ရှားရန်အတွက် ရွာအပြင်သို့ သွားရောက်နေထိုင်ခြင်းလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် SAC စစ်သားများသည် အပြင် သို့မဟုတ် မြို့ပြဒေသမှလာသည့်သူများဖြစ်ကြပြီး ကျေးရွာ အတွင်း သွားလာလှုပ်ရှားရာတွင် ရွာသားများမှ ကိုဗစ်ရောဂါကူးစက်သွားမည်ဟု စိုးရိမ်နေကြသည်။ နော်ပ---မှ SAC စစ်သားများသည် ရွာသားများအား ပြောခဲ့သည့်အကြောင်းကို ဤကဲ့သို့ ပြန်လည်တင်ပြခဲ့သည်။ လူကောင်းတွေက (SAC နှင့် BGF အတွက်အန္တရာယ်မပြုသောသူများ) ရွာမှာပဲ အိပ်ကြတယ်။ သူတို့က ညဖက်မှာတွေ့လူကို သူတို့ရဲ့ ရန်သူလို့ပြောတယ်။ (သူတို့ပြောပုံအရ ညဖက်ဆိုရင် ရွာအပြင်မှာတွေ့တဲ့လူကိုပစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ညဖက် ဆို ရွာအပြင်မှာရှိတဲ့လူက သူတို့ရဲ့ရန်သူဖြစ်လို့ဘဲ။)” ထို့ကြောင့် ဒေသခံရွာသားများသည် ကိုဗစ်-၁၉ ရောဂါ မကူးစက် အောင် မိမိကိုယ်ကိုကာကွယ်၍ ရွာအပြင်မှာနေထိုင်ခြင်းသည် SAC မှ ၎င်းတို့အား ပစ်မှတ်ထားခံရလျှင် ပို၍အန္တရာယ် များကြောင်း တွေ့ရှိရသည်။

၂၀၂၁ခုနှစ်၊ သြဂုတ်လ ၁၁ရက်နေ့ မနက် () နာရီအချိန်တွင် SAC နှင့် BGF စစ်သားများသည် ကျေးရွာခေါင်းဆောင် များနှင့် ---ရွာမှ မိသားစုတစ်စုလျှင်တစ်ဦးစီအား ဘုန်းကြီးကျောင်းတွင် ၎င်းတို့ကို လာရောက်တွေ့ဆုံရန် အမိန့်ပေး ခဲ့သည်။ ၎င်းတို့သည် အမျိုးသား၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ရွာသားများ ၁၅ဦးကို လမ်းပြအဖြစ် ခေါ်ယူ၍ ယိုကလားတပ်စခန်းသို့ ၎င်းတို့နှင့်အတူ လာပါသွားစေရန် ခိုင်းစေခဲ့သည်။ ၎င်းတို့သည် ရွာသားများအား ထိုတပ်စခန်းသို့သွားလာရန် လမ်းကြောင်းမသိရှိခြင်းကြောင့် ခေါ်သွားရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။ မျက်မြင် သက် သေတစ်ဦးဖြစ်သူ နော်လ---မှ ယခုလိုရှင်းပြခဲ့သည်။ သူတို့က (BGF နှင့် SAC စစ်သားများ) က---ရွာကို ဘယ်လိုသွားရမလဲဆိုတာ မသိဘူးလို့ပြောခဲ့တယ်။ သူတို့မသိတဲ့အတွက်ကြောင့် ရွာသားတွေကို သူတို့နောက်လိုက်ပြီး လမ်းပြပေးပါ လို့ခိုင်းစေရတာဖြစ်တယ်။ နော်ဘ---ပြောပြချက်အရတကယ်တော့ သူတို့က က---ရွာကိုဘယ်လို သွားရတာလဲသိနေတယ်။ ဒါပေမဲ့ KNLA စစ်သားတွေက သူတို့ကို တိုက်ခိုက်မှာကို ကြောက်နေတယ်။ KNLA ကလည်း သူတို့က ရွာအပြင်ကနေထွက်ပြီးတာနဲ့ သူတို့ကိုဝိုင်းပြီး တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေပြီး။ အဲဒါကြောင့် သူတို့က (SAC) အမျိုးသ မီးရွာသားတွေကို ခေါ်ယူပြီး လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုနေတာဖြစ်တယ်။

SAC နှင့် BGF စစ်သားများမှ ၎င်းတို့သည် ယိုကလားတပ်စခန်းကို ရောက်ရှိပြီးသည်နှင့် ထိုရွာသားများကို ပြန် လွှတ်ပေး မည်ဟုပြောခဲ့သည်။ သို့သော်လည်း ရွာသားများအများစုမှ အထူးသဖြင့် သက်ကြီးရွယ်အိုများသည် ထိုခိုင်းစေမှုကို (SAC စစ်သားများနောက်သို့လိုက်ပါသွားရန်) ငြင်းဆိုနိုင်ခဲ့ပြီး SAC နှင့် BGF စစ်သားများမှလည်း ရွာသားများအား ဘာမျှပြန်မလုပ်ခဲ့ပေ။ နော်ပ---၏ပြောပြချက်အရ ကျေးရွာခေါင်းဆောင်များသည်လည်း ရွာသား များအား လူသားဒိုင်းအဖြစ်သော်လည်းကောင်း၊ လမ်းပြအဖြစ်သော်လည်းကောင်း အတင်းအဓမ္မခိုင်းစေခြင်းကို ရှုတ် ချ၍ အခြားရွာသားများကိုယ် စားရပ်တည်ပေးပြီး ဤကဲ့သို့ပြောဆိုခဲ့သည်။ မင်းတို့သူတို့ကို လွတ်ပေးသင့်တယ်။ သူတို့က သာမန်ရွာသားတွေဘဲ။ သူတို့ကို မလွတ်ဘူးဆိုရင် သူတို့ကျွဲတွေ၊ နွားတွေ အစာငတ်လိမ့်မယ်။ ရွာသား အများစုမှာ စစ်သားများအတွက် လမ်းပြအဖြစ်လုပ်ဆောင်ပေးခြင်းမှ လွတ်မြောက်ခဲ့သော်လည်း အမျိုးသမီးများ ဖြစ်သည့် ကျေးရွာခေါင်းဆောင်နှစ်ဦးမှာ အခြားရွာသားများကို ကာကွယ်ပေးရန်အတွက် ထိုစစ်သားများနောက်သို့ လိုက်သွားခဲ့သည်။ (SAC စစ်သားများမှ လူသားဒိုင်းအဖြစ် အမျိုးသမီးများကို ပို၍အသုံးပြုချင်ပုံရသည်။ အဘယ် ကြောင့်ဆိုသော် KNLA စစ်သားများသည် အမျိုးသားရွာ သားများနှင့်နှိုင်းယှဉ်လျှင် SAC စစ်သားများနှင့်အတူ အမျိုး သမီးများလိုက်ပါလာပါက ပစ်ခတ်တိုက်ခိုက်မှုဖြစ်နိုင်ချေ နည်းနေသောကြောင့်ဖြစ်သည်။) အမျိုးသားဖြစ်ကြသည့် ရွာသားနှစ်ဦးမှာလည်း ထိုအမျိုးသမီးကျေးရွာခေါင်းဆောင်နှစ်ဦးကို ကာကွယ်ပေးရန်အတွက် စစ်သားများနောက်သို့ လိုက်ပါသွားပေးခဲ့သည်။ ကျေးရွာခေါင်းဆောင်များနှင့် ရွာသားများလေးဦးတို့သည် ယိုကလားတပ်စခန်းရောက်ရှိ သည့်အထိ SAC နှင့် BGF စစ်သားများနောက်သို့ လိုက်ပါသွားခဲ့ရသည်။ ၎င်းတို့လေးဦးသည် ပေါ်တာကဲ့သို့ စစ်အသုံး အဆောင်များကို သယ်ဆောင်ရခြင်းမရှိခဲ့ပေ။ သို့သော်လည်း ၎င်းတို့သည် မိုးရွာနေချိန်အတွင်း ဗွက်ဖြင့်ထူထပ်၍ ကြမ်းတမ်းသောလမ်းတွင် ခြေလျင်ဖြင့်လျှောက်၍ လိုက်ပါသွားခဲ့ရပြီး ရေနက်သောမြစ်ထဲတွင်လည်း ဖြတ်ကျော်ခဲ့ ရသည်။ ၎င်းတို့သည် SAC နှင့် BGF စစ်သားများနှင့်အတူ ခက်ခဲကြမ်းတမ်းသောလမ်းတွင် တစ်နေကုန်ခရီးနှင်ခဲ့ရပြီး စစ်သားများမှ ၎င်းတို့ကို လူသားဒိုင်းသဖွယ်အဖြစ်အသုံးပြု၍ အလွန်အန္တရာယ်ရှိသော အခြေအနေသို့တွန်းပို့စေခဲ့ သည်။ 

SAC နှင့် BGF စစ်သားများသည် က---ကျေးရွာအဝင်ဝတွင် ရောက်ရှိသောအခါ လိုက်ပါလာသော ---ရွာသားလေး ဦးကို လွတ်ပေးခဲ့သည်။ ထိုရွာသားများလည်း က---ရွာမှ ထွက်ခွာပြီးနောက်တွင် SAC နှင့် BGF စစ်သားများသည် က---ကျေးရွာအပြင်ဘက်ရှိ ၎င်းတို့စခန်းအနီးတစ်ဝိုက်တွင် လက်နက်ကြီးများရမ်းသန်းပစ်ခတ်ခဲ့သည်။  

ထိုကိစ္စဖြစ်ပွားပြီးနောက်ပိုင်း ယိုကလားကျေးရွာအုပ်စုရှိ အရပ်သားပြည်သူများသည် အကြောက်တရားနှင့် နေထိုင် နေရပြီး ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်နေရသည်။ တစ်ချို့သောရွာသားများသည် ၎င်းတို့အိမ်တွင်ပင် မအိပ်ရဲတော့ သည့်အထိ လုံခြုံမှုမရှိဘဲ ခံစားနေရသည်။ နော်ပ---မှ သူမ၏စိုးရိမ်မှုကို ဤကဲ့သို့ ပြောပြခဲ့သည်။ သူတို့က (SAC နှင့် BGF) သူတို့ရန်သူကိုမြင်ပြီးပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ရင် သူတို့က ရွာသားတွေကို ပဋိပက္ခကြား ထဲမှာ ဆွဲခေါ်စရာမ လိုဘူးလေ။  ဒါပေမဲ့လည်း သူတို့ရန်သူက သူတို့ကိုတိုက်ခိုက်လို့ရှိရင် သူတို့က ရွာသားတွေကို ပြန်ပြီးတိုက်ခိုက်တယ်။ မင်းသိတဲ့အတိုင်းဘဲ ရွာသားအများစုများက အတိတ်မှာ ထိုကဲ့သို့ခြိမ်းခြောက်မှုနဲ့ ဆိုးရွားတဲ့အတွေ့အကြုံကို ကြုံတွေ့ ခဲ့ရတယ်။ အခုလည်း အဲဒါတွေကို သူတို့ကြုံတွေ့ခဲ့ရတယ်။ အဲဒါကြောင့် ရွာသားတွေက အတိတ်တုန်းက ကြုံတွေ့ခဲ့ တဲ့ ချိုးဖောက်မှုတွေလိုမျိုး ပြန်ပြီးကြုံတွေ့ခံစားနေရမှာကို စိုးရိမ် ကြောင့်ကြနေရတယ်။

SAC နှင့် BGF စစ်သားများသည် ယိုကလားစခန်းသို့သွား၍ ထိုနေရာတွင် မြေပြင်အခြေအနေကို မှတ်တမ်းတင်ရန်နှင့် ယိုကလားစခန်းမြေနေရာများကို တိုင်းတာပြီးနောက် လေးကေတပ်စခန်းသို့ ပြန်လာမည်ဆိုသည့် အကြောင်းကို ရွာသားသည် ၎င်းတို့ဆီမှ ကြားသိရှိခဲ့ရသည်။ သို့သော်လည်း ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၁၃ရက်နေ့တွင် KHRG ဝန်ထမ်းမှ ရွာသားများအား အင်တာဗျူးမေးမြန်းချက်အရ BGF နှင့် SAC စစ်သားများသည် ထိုတပ်စခန်းတွင် ဆက်လက်ရှိ နေသေးသည်။

၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂၃ရက်နေ့၌ KHRG မှ လက်ခံရရှိသည့်သတင်းများအရ BGF နှင့် SAC စစ်သားများသည် ယိုကလားစခန်းမှ ထွက်ခွာပြီး လေးကေတပ်စခန်းသို့ပြန်လာရာတွင် က--- --- --- ---ကျေးရွာများကို ဖြတ်သန်း ၍ပြန်လာခဲ့သည်။ ရွာသားများ၏တင်ပြချက်အရ BGF နှင့် SAC စစ်သားများသည် က---ရွာသားတစ်ဦးကို ဖမ်းဆီး ခေါ်ယူခဲ့သည်။  BGF နှင့် SAC စစ်သားများသည် လေးကေတပ်စခန်းသို့ပြန်လာရန်အတွက် ယိုက လားတပ်စ ခန်းနှင့် ---ကျေးရွာအကြား လမ်းပြတစ်ဦးလိုနေသောကြောင့် ထိုရွာသားအား လူသားဒိုင်းသဖွယ်အဖြစ်အသုံးပြု၍ ခိုင်းစေခဲ့ ခြင်းဖြစ်သည်။ သို့သော်လည်း ရွာသားများ၏ပြောပြချက်များအရ BGF နှင့် SAC စစ်သားများသည် လေးကေစခန်းသို့ မည်သို့ပြန်လာရမည်ကို သိနှင့်ပြီးသားဖြစ်သည်။ (ထို့ကြောင့် လမ်းပြပေးသူ မလိုအပ်ပါ) ၎င်းတို့ သည် ---ကျေးရွာသို့ ရောက်ရှိချိန်တွင် ထိုရွာသားအား လွတ်ပေးခဲ့ပြီး ငွေ ၅၀၀၀ ကျပ် ပေးခဲ့သည်။ သို့သော်လည်း ထိုရွာသားသည် ၎င်းတို့ငွေကို လက်မခံခဲ့ပေ။ ရွာသားမှ ဤသို့ပြောခဲ့သည်။ မင်းတို့ငါ့ကို ဘာမှပေးစရာမလိုပါဘူး။ မင်းတို့တွေ (BGF နှင့် SAC စစ်သားများ) ငါ့ကို မရိုက်တာပဲ ငါအ ဆင်ပြေနေပါပြီး။  ထိုရွာသားသည် BGF နှင့် SAC စစ်သားများနှင့် အတူလိုက်ပါသွားစဉ်အတွင်း သူ၏လုံခြုံရေးအတွက် အလွန်အမင်းစိုးရိမ်ကြောက်ရွံ့မှုရှိခဲ့သည်။ စစ်သားများမှ ၎င်းအား ညင်းပန်းနှိပ်စက်မည်ကိုလည်း စိုးရိမ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုရွာသားသည် အတိတ်တွင် အတင်းအဓမ္မခိုင်းစေမှုများရှိပါက ရွာသားများအားနှိပ်စက်ခဲ့သည့် သာဓကများရှိခဲ့ကြောင်း သိရှိထား ခြင်းကြောင့်ဖြစ်သည်။

Fri, 03 Dec 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ သြဂုတ်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်းရေး သားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်