Wed, 24 Nov 2021
စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည်သူများ၏ခုခံတွန်းလှန်မှု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းအတွင်းဖြစ်ပွားခဲ့သော မတရားမှု၊ မလုံခြုံမှု၊ အကြမ်းဖက်မှုများနှင့်ပတ်သက်သော သက်သေခံချက်များ (Press Release)

    

 

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည်သူများ၏ခုခံတွန်းလှန်မှု ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်လိုက်ပါသည်။ ဤအစီရင်ခံစာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီမှကျူးလွန်သော ကြီးလေးသောရာဇ၀တ်မှုများနှင့် ပိုမိုဆိုးရွားလာသော လူ့အခွင့်အရေးအခြေအနေ၊ လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးအကြပ်အတည်းများကို မြန်မာပြည် တစ်ဝှမ်းလုံးတွင်ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကို မီးမောင်းထိုးပြထားသည်။ ကျေး လက်နေရွာသားများနှင့် ပြည်သူအများအပြား၏ မျှော်လင့်ချက်နှင့် ရုန်းကန်မှုများကို တင်ပြထားပြီး ၎င်းတို့ရင်ဆိုင် ရသည့် မလုံခြုံမှုများ တိုးလာနေသော်လည်း မတရားသော စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရန် နည်းလမ်းမျိုးစုံ ဖြင့် ဆက်လက်ဆန့်ကျင်နေကြောင်းကိုလည်း ဖော်ပြထားသည်။

ရွာသားများ၊ ဆန္ဒပြပွဲများတွင်ပါဝင်သူများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများကို တွေ့ဆုံမေး မြန်းမှုများမှတစ်ဆင့် ဤအစီရင်ခံစာတွင် စစ်တပ်ဉီးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ဆန္ဒပြသူများအပေါ် မည်သို့အကြမ်းဖက်ပုံများကို ဖော်ထုတ်ပြသထားသည်။ မေးခွန်းဖြေကြား သူများမှ  ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးများနှင့် နိုင်ငံ၏အနာဂတ်ကိုကာကွယ်ရန် ကြိုးပမ်းရာတွင် နကစ ၏ ရက်စက် ကြမ်းကြုတ် သော ဖြိုခွင်းတုန့်ပြန်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အတွက်၎င်းတို့၏ကြောက်ရွံ့မှုနှင့် မလုံခြုံမှုများအကြောင်း ကို ပြန်လည်ပြောပြခဲ့ပါသည်။ သို့သော်လည်း၊ ဆန္ဒထုတ်ဖော်သောပြည်သူများအနေဖြင့် ၎င်းတို့၏ ပြင်းပြသော မျှော်လင့်ချက်များဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ဖိနှိပ်မှုမှလွတ်မြောက် ရေးအတွက် အဆုံးအထိတိုက် ပွဲဝင်ရန် ခိုင်မာ‌သော ဆုံးဖြတ်ချက်များကိုလည်း ဖော်ပြထားပါသည်။

ဤအစီရင်ခံစာတွင် စစ်ကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထိုးစစ်ဆင်ရာတွင် အရပ်သားများကိုပါ အဓိကပစ်မှတ်တစ်ခုအဖြစ် တိုက်ခိုက်လာခဲ့သည့်အတွက် ကျေးလက်ဒေသရှိ တိုင်းရင်းသား ဒေသခံများအတွက် မလုံခြုံမှုများပိုမိုခံစားလာကြောင်းကိုလည်း တင်ပြထားသည်။ စစ်ကောင်စီ၏ ရက်စက်သော အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာခြင်းကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်ဘေးရှောင်များ  ပိုမိုများပြားလာခဲ့သည်။ စစ်အာ ဏာသိမ်းပြီးကတည်းက ဇွန်လ ၂၃ ရက်နေ့အထိ ကရင်ပြည်နယ်ရှိ ဒေသခံ ပြည်သူ ၅၀,၀၀၀ အပါအဝင် မြန်မာပြည် အရှေ့တောင်ပိုင်းတွင်ရွာသားပေါင်း ၁၇၇,၀၀၀ နီးပါးသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါသည်။ (၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၃ ရက်နေ့အထိ ဒေသခံပြည်သူ ၁၄၀,၀၀၀ ကျော်ခန့် တိမ်းရှောင်နေရဆဲဖြစ်သည်။)

ဤအစီရင်ခံစာတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ အာဏာသိမ်းမှု၏ကျယ်ပြန့်သော သက်ရောက်မှုများဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပြိုလဲလာခြင်း၊ စစ်ကောင်စီမှ သတင်းအချက်အလက်ရရှိနိုင်ခွင့်အားကန့်သတ်ခြင်း နှင့် COVID-19 ကပ်ရောဂါကိုတိုက်ဖျက်ရေးအတွက် အ‌ရေးပါသည့်ကျန်းမာရေးဝန်ဆောင်မှုများအပေါ် စစ်ကောင်စီ ၏ကန့်သတ်ချက် စသည်တို့ကို ဖော်ပြထားပါသည်။

ဤအစီရင်ခံစာသည် ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ တိုင်း ရင်းသားလူနည်းစုများအပေါ် စစ်အာဏာသိမ်းမှု၏သက်ရောက်မှုများကို ပိုမိုကောင်းမွန်စွာနားလည်သဘောပေါက် နိုင်စေမည်ဟု KHRG မှ မျှော်လင့်ပါသည်။ အစီရင်ခံစာတွင် ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ အတွက် အကြံပြုချက်အများလည်းပါဝင်သည်။ ဤအကြံပြုချက်များသည် ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်း အဝိုင်းများမှ စစ်ကောင်စီကိုအသိအမှတ်မပြုရန် ၊ စစ်ကောင်စီနှင့် လက်တွဲမလုပ်ရန်၊ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများ လွယ်ကူချောမွေ့စွာ ဝင်ရောက်နိုင်စေရန်၊ လူ့အခွင့်အရေးကိုကာကွယ်ရန်နှင့် နိုင်ငံတ ကာရာဇ၀တ် မှုများအတွက် တာဝန်ခံမှုကိုမြှင့်တင်ရန်အတွက် လုပ်ဆောင်နိုင်သည့်နည်းလမ်းများကို ထည့်သွင်းထားပါသည်။

 

ဆက်သယ်ရန်

စောနန္ဒဆူး -       +66 (0) 811 297 564

နော်ထူးထူး -      +66 (0)87 205 1856

Wed, 24 Nov 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်