စစ်ကောင်စီမှ ကိုဗစ်ကပ်ဘေးကို လက်နက်သဖွယ်သုံးနေဟု ကရင်လူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်

Mon, 09 Aug 2021

     

 

စစ် ကောင်စီမှ ကိုဗစ် ကပ်ဘေးကို လက်နက်သဖွယ် အသုံးပြုနေသောကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ခဲ့ပြီး ကရင်ဒေသ၌ စစ်ကောင်စီ၏ လုပ်ဆောင်ချက်များကို ဖော်ပြခဲ့သည်။

ဩဂုတ် ၉ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ တွင် ထုတ်ပြန်သည့် KHRG ၏ ကျေးလက်နေပြည်သူများ၏ အသံများ မှတ်တမ်း၌ ကိုဗစ်ကြောင့် ဒေသခံများ ပိုမိုအခက်အခဲကြုံနေရမှုများကို ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက မြန်မာပြည်တစ်ဝန်းလုံးတွင် စစ် ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ပစ်ခတ်တိုက်ခိုက်မှုပိုမိုများပြားလာခဲ့ပြီး လေကြောင်းမှ ဗုံးကြဲခြင်း အပါအဝင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကရင်ဒေသ ခံရွာသားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရ ရှိခြင်းနှင့် သောင်းနှင့် ချီသော ရွာသားများ နေရပ်ရွေ့ပြောင်းရခြင်းများ ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် ပဋိပက္ခ ပိုမိုပြင်းထန်လာခြင်းကြောင့် ရင်ဆိုင်ရသော အခက် အခဲများ အပြင် ကိုဗစ် ၁၉ ကပ်ဘေးသည်လည်း ထိုအခက်အခဲများကို ပိုမိုဆိုးရွားစေသည်ဟု ဆိုသည်။

မြန်မာပြည် အရှေ့တောင်ပိုင်း ရှိ ကျေးလက်ဒေသများတွင် ကျန်းမာရေးလက်လှမ်းမီနိုင်မှု အလွန်အားနည်းသောကြောင့် ဒေသခံရွာသားများ သည် ကိုဗစ် ၁၉ သံသယ လူနာများကို ၎င်းတို့၏ အိမ်တွင်းတွင်သာ ကုသမှုပေးနေရသည်ဟု KHRGက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ပြည် သူများကို ရရာနည်းလမ်းဖြင့် ဆေးဝါးကုသခွင့်ပေးမည့်အစား ဇူလိုင်လ အစောပိုင်းမှစ၍ ပုဂ္ဂလိကဆေးရုံဆေးခန်း နှင့် လူတစ်ဦးချင်းကို အောက်ဆီဂျင်ရောင်းချခွင့်ပိတ်ပင်လိုက်ကြောင်း၊ တစ်ချိန်တည်းတွင် စစ်ကောင်စီမှ ကရင်အ မျိုးသား အစည်းအရုံး (KNU) ၏ ကိုဗစ် ကာကွယ်တားဆီးရေးလုပ်ဆောင်မှုများကို နှောက်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မကြာသေးခင်အချိန်တွင် စစ်ကောင်စီမှ ၎င်းတို့၏စစ်ရေးလှုပ်ရှားမှုကို ပိုမိုလုပ်ဆောင်ရန် KNU ၏ကိုဗစ် စစ်ဆေးရေးဂိတ်ကို ဖျက်ဆီးကာ ဒေသတွင်းသွားလာရေးကန့်သတ်ချက်များကိုဆန့်ကျင်ခဲ့ကြောင်း၊ စစ်အာဏာသိမ်းမှုနှင့် ကိုဗစ် ၁၉ ကပ်ရောဂါများကြောင့် မြန်မာပြည်အတွင်းရှိ ဌာနေတိုင်း ရင်းသားများသည် အ ကြပ်အတည်းများစွာ ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်ဌာနေတိုင်းရင်းသားများ၏အခွင့်အရေးရရှိ‌ရေးကိုကူညီထောက်ပံ့ သည့်အပြင်၎င်းတို့၏ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း အသိအမှတ်ပြုရန်တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။

Related Readings