Sun, 20 Jun 2021
ကမ္ဘာ့ဒုက္ခသည်များနေ့

    

ကမ္ဘာ့ဒုက္ခသည်များနေ့တွင် သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းရှိပါဝင်ပတ်သက်သူ အား လုံးကို နေရပ်မှ အတင်းအဓမ္မ ပြောင်းရွေ့နေထိုင်ရသည့် ကမ္ဘာတစ် ဝန်းလုံးရှိ ၇၁.၇ သန်းသော ဒုက္ခသည်များ နှင့် ပြည်တွင်းစစ်ကြောင့်နေရပ်ရွေ့ပြောင်းနေထိုင်ရသူ (IDP) များ၏လုံခြုံရေးနှင့် ဘဝရှင်သန်ရေးအတွက်ရပ် တည်ရန် (KHRG) မှ တောင်းဆိုလိုက်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော စစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာပြည်ရှိတိုင်းရင်းသားဒေသများအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပြည် တွင်းစစ်များကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများပြားလာပြီး ၎င်းတို့သည် ယခုအချိန်တွင် လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့များ အထူးလိုအပ်လျှက်ရှိနေပါသည်။ သို့သော်လည်း စစ်ကောင်စီမှထိုအ ထောက်အပံ့များ မရောက်ရှိနိုင်ရန် လျစ်လျူရှုထားသည့်အပြင် တားမြစ်ပိတ်ပင်မှုများနှင့် ဖျက်ဆီးမှုများကို လုပ်ဆောင်လျက်ရှိနေသည် ကိုတွေ့မြင်ရပါသည်။ ဤကဲ့သို့သော တားဆီးပိတ်ပင်မှုများနှင့် နှောက်ယှက် ဖျက်ဆီးမှုများသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပ‌ဒေကို စစ်ကောင်စီမှ ပြောင်ပြောင်တင်း တင်း ချိုးဖောက်နေခြင်းဖြစ်ပါသည်။

ဆက်လက်ဖြစ်ပွားနေသော နိုင်ငံရေးမတည်ငြိမ်မှုများ၊ စစ်ရေးလှုပ်ရှားမှုများ၊ မြန်မာစစ်တပ်၏ မဆင်မခြေ ပစ်ခတ်မှုများနှင့် ကျေးရွာများကို ပစ်မှတ်ထားပြီး ဗုံးကြဲ တိုက်ခိုက်မှုများ၊ မြေမြှုပ်မိုင်းများ၊ မြန်မာစစ်တပ် အပြင် နယ်ခြားစောင့်တပ်နှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်များအကြား  အပြန်အလှန်ပစ်ခတ် တိုက် ခိုက်မှု များကြောင့် ထွက်ပြေးတိမ်းရှောင်‌နေရသူ ဒုက္ခသည်များနှင့် ပြည်တွင်းစစ်ဘေးရှောင်များသည် ၎င်း၏နေရပ်သို့ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပါ။ ၎င်းတို့အတွက် အဓိကစိုးရိမ်ရသည်မှာ လုံခြုံရေးနှင့် စား ဝတ်နေရေး အခွင့်အလမ်းများ မရှိခြင်းပင် ဖြစ်သည်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့် စစ်ရေး ပဋိပက္ခအပြင် ကမ္ဘာတစ်ဝှမ်းတွင် နှစ်နှင့်ချည် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုသည်လည်း လူမှုဘဝ မလုံခြုံမှု၊ လူ့အခွင့်အရေး ပျက်စီးယိုယွင်းမှုများနှင့် လူသားချင်း စာနာထောက်ထားမှု အကြပ်အတည်းများကို ထပ်မံဖြစ်ပေါ်စေလျက်ရှိနေပါသည်။ ကိုဗစ်-၁၉ အကြပ်အ တည်း နှင့်ပတ်သက်ပြီး KHRG မှ လတ်တလော ထုတ်ပြန်ထားသော ချန်လှပ်ခံထားရသူများအမည်ရှိ အစီရင် ခံစာ၏ အဓိက ရှာဖွေတွေ့ရှိချက်တွေမှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားဒေသများအ တွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော စစ်ဆေးမှုများ၊ တုန့်ပြန်ကာကွယ်မှုများနှင့် အကူအညီအထောက် ပံ့များ အားလုံးရပ်တန့်ထားခဲ့ရသည်။ အဆိုပါ ကူညီထောက်ပံ့မှုများအား အဓိက ဝန်ဆောင်ပေးနေသည်မှာ တိုင်းရင်းသား လူထုအခြေပြု အဖွဲ့အစည်းများနှင့် ဒေသခံတိုင်းရင်းသားခေါင်းဆောင်များဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းနှင့် သက်ဆိုင် ပါဝင်ပတ်သက်သူများမှ ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းများကို အသိအမှတ်ပြုပြီး လူ သားချင်းစာနာထောက်ထားမှု အကူအညီများအား ဆက်လက်လုပ်ဆောင်နိုင်ခွင့် ရှိရန်အတွက် ဝိုင်းဝန်းပံ့ပိုး ပေးရန် လိုအပ်သည်။

ပြည်တွင်းစစ်ဘေးရှောင်များနှင့် ဒုက္ခသည်များမှ၎င်းတို့၏နေရပ်သို့ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည် နေ ထိုင်နိုင်ရန်နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် ၎င်းတို့၏ ထိခိုက်နစ်နာဆုံးရှုံးမှုများအား ပြန်လည် ကုစားရန်အတွက် KHRG မှအောက်ပါအ ကြံပြုချက်များကို ပေးထားပါသည်။

  • စစ်ကောင်စီမှ အရပ်သားနေရာများနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများအား ရပ်တန့် ရန် ကမ္ဘာ့ကုလသမ္မဂ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံ နှင့် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပြင်းပြင်းထန်ထန် ဖိအားပေးရမည်။
  • တပ်မတော်မှထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာသော မြန်မာပြည်သူများကို အိမ် နီးချင်း နိုင်ငံများမှ အစိုးရများသည် ၎င်းတို့ကို အကာအကွယ်ပေးပြီး လူသားချင်းစာနာထောက် ထားမှုအကူအညီများ အပြည့်အဝ ပေးရမည် ဖြစ်သည်။
  • စစ်ကောင်စီအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့များကို ပိတ်ဆို့တားဆီး ခြင်းနှင့် ဖျက်ဆီးခြင်းများအား ပြုလုပ်ခြင်းမှ လုံးဝရပ်တန့်ပေးရမည် ဖြစ်သည်။
  • စစ်ကောင်စီမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ဖြစ်ပွားခဲ့သော အကြပ်အတည်းများဖြစ် သည့် လူမှုဘဝမလုံခြုံမှုများအတွက် ပြန်လည်ထူထောင်မှုလုပ်ငန်းများ ထိရောက်စွာ ဝိုင်းဝန်း လုပ်ဆောင် ပေးနေကြသော သက်ဆိုင်ရာ ပါဝင်လုပ်ဆောင်သူအားလုံးကို အပြည့်အဝလုပ် ဆောင်ခွင့် ပေးရမည်။ ကိုဗစ်-၁၉ ရောဂါ တုန့်ပြန်ကာကွယ်မှု လုပ်ငန်းများကိုလည်း အချိန်နှင့် တစ်ပြေးညီ ထိရောက်စွာ ပြန်လည်လုပ်ဆောင် ပေးရမည် ဖြစ်သည်။
  • တိုင်းရင်းသားဒေသအတွင်းရှိ လူသားချင်း စာနာမှု အကူအညီးအား အဓိက ဝန်ဆောင်ပေးသော သက်ဆိုင်ရာပါဝင်လုပ်ဆောင်သူများအားနိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုပြီးလူသား ချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက်လုပ်ဆောင်နိုင်ခွင့် ရှိရန်အတွက် ဝိုင်းဝန်းပံ့ ပိုးပေးရမည် ဖြစ်သည်။

ဆက်သွယ်ရန်

နော်ထူးထူး– +66 872 051 856
စောနန္ဒဆူး- +66 811 297 564

Sun, 20 Jun 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်