Fri, 02 Apr 2021
ဒူးပလာယာခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ:ကော့ကရိတ်မြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ (၂၀၂၁ ခုနှစ်၊ မတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့ သည့်အကြောင်းအရာများကို ဖော်ပြထားပါသည်။ ၂၀၂ဝခုနှစ်၊ မတ်လ ၂၆ရက်နေ့ ညအချိန််တွင် တပ်မတော်မှ အ--- ကျေးရွာတွင် လက်နက်ကြီးများပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ယူဆကြသည်။ ဒေသခံရွာသားတစ်ဦး၏အိမ်ရှေ့တွင် လက်နက်ကြီးတစ်လုံးပေါက်ကွဲမှုကြောင့် ၎င်းနှင့်၎င်း၏ငါးနှစ်သားအရွယ်ရှိသားတစ်ဦးတို့သည် ခြေထောက်တွင်ဒဏ်ရာ များရရှိခဲ့သည်။ ထိုနေ့တွင် ၎င်းတို့သားအဖနှစ်ဦးစလုံးအား ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ မကြာခင်အတွင်းမှာပင် ၎င်းတို့သည် ဆေးရုံမှဆင်းခွင့်ရပြီး ယခုတွင် ၎င်းတို့ရွာသို့ ပြန်လည်ရောက်ရှိနေပြီးဖြစ်သည်။ ဒေသအတွင်း တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများမှ စိုးရိမ်နေရပါသည်။ ထို့ကြောင့် တိုက်ပွဲများ သို့မဟုတ် လက်နက်ကြီး များပစ်ခတ်မှုရှိလာပါက ဒေသခံများသည် ၎င်းတို့အိမ်အောက်တွင် အကာအကွယ်ယူရန်အတွက် ဗုံးခိုကျင်းများတူးထား ခဲ့ကြသည်။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်ဒဏ်ရာရရှိ

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ခုနှစ်၊ မတ်လ ၂၆ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအုပ်စု၊ အ---ကျေးရွာ 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဟ---

စောဝ---

အသက်

၄၅နှစ်

၅နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ

ရှိ

-

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအုပ်စု၊ အ---ကျေးရွ

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအုပ်စု၊ အ---ကျေးရွ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

မသိ

မသိ

မသိ

မသိ

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းစုဆောင်းသူတစ်ဦးမှ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးနှင့် ဒေသခံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာအား ပြောပြပေးသောသူသည် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူကိုယ်တိုင်ပင် ဖြစ်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၁ခုနှစ်၊ မတ်လ ၂၆ရက်နေ့ ညအချိန် ၈း၃၀ မိနစ်တွင် ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် လက်နက်ကြီးတစ်လုံးပေါက်ကွဲမှုကြောင့် ဒေသခံရွာသားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် ဒေသခံများသည် အိမ်တစ်လုံးတွင် အမဲသားများကို အတူတကွ ခုတ်လှီးနေခဲ့ပါသည်။ ထို့နောက် ၎င်းတို့အိမ်သို့ အသီးသီးပြန်လာသည့်အချိန်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ဆံများ ပျံဝဲလာသည့်အသံကို ကြားခဲ့ရပြီး ချက်ချင်းပင် အကာအကွယ်ယူ၍ ပုန်းဝပ်နေ ခဲ့သည်။ 

 

အသက်၄၅နှစ်အရွယ် ဒေသခံရွာသားတစ်ဦးဖြစ်သူ စောဟ---သည် ၎င်း၏ဟောင်းနွမ်းသည့် သစ်သား အိမ်ထဲ၌ရှိနေချိန်တွင် ပထမဦးဆုံး လက်နက်ကြီးတစ်လုံးပေါက်ကွဲသည့်အသံကို ကြားခဲ့ရသည်။ ချက် ချင်းပင် ၎င်းသည် သူ၏ငါးနှစ်သားအရွယ်သားတစ်ဦးဖြစ်သူ စောဝ---ကို ဆွဲခေါ်၍ ခြံထဲရှိတစ်နေရာတွင် အကာအကွယ်ယူရန်အတွက် အသစ်ဆောက်လုပ်ထားသည့်ဘိလပ်မြေအိမ်သို့ပြေးဝင်ပုန်းခိုခဲ့သည်။ သို့ သော်လည်း လက်နက်ကြီးတစ်လုံးသည် ၎င်း၏ခြံထဲတွင်ကျရောက်၍ ၎င်းတို့သားအဖနှင့်ငါးပေအကွာခန့် တွင်ပေါက်ကွဲခဲ့သည်။ စောဝ---သည် ၎င်း၏ဘယ်ခြေထောက်တွင် အနည်းငယ်ဒဏ်ရာရရှိခဲ့သော်လည်း စောဟ---မှာမူ ၎င်း၏ယာခြေထောက်ဒူးခေါင်းအထက်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ 

 

ဤဖြစ်ရပ်နှင့်ပတ်သတ်ပြီး စောဟ---မှ ကရင်လူ့အခွင့်အရေးအဖွဲ့အား ဤကဲ့သို့ပြောကြားခဲ့သည်။ “ကျွန် တော်ရဲ့အိမ်အဟောင်းမှာ ကျွန်တော်တို့ရှိနေခဲ့တယ်။ ပေါက်ကွဲတဲ့အသံကို ကြားရပြီးနောက်မှာ ဆောက် လုပ်ထားတဲ့အိမ်အသစ်ဆီကို ကျွန်တော်တို့ပြေးဝင်ဖို့ကြိုးစားခဲ့တယ်။ အိမ်နှစ်လုံးကြားက စက္ကန့်အနည်း ငယ်လောက်သာပြေးရတယ်။  ကျွန်တော်တို့အိမ်အသစ်ဆီကိုပြေးသွားတဲ့အချိန်မှာဘဲ လက်နက်ကြီးအပိုင်း အစတွေနဲ့ထိမှန်ခဲ့တယ်။ ကျွန်တော့်သွေးပူနေသေးတဲ့အချိန်မှာ အိမ်အသစ်ရဲ့တံခါးဝဆီကို ပြေးသွားနိုင်ခဲ့ တယ်။ ကျွန်တော့် သွေးအေးတဲ့အချိန်မှာ လုံးဝမပြေးနိုင်တော့ဘူး (အိမ်အသစ်ဆီကို ရောက်ရှိပြီးနောက်မှာ သူသည် နာကျင်မှုကို စတင်ခံစားခဲ့ရခြင်းဖြစ်သည်။) အိမ်တံခါးဝရောက်တဲ့အထိ ကျွန်တော့်သားကိုလက်နဲ့ ချီပြီးပြေးခဲ့တယ်။”

 

လက်နက်ကျည်ဆံစသည် စောဟ---၏ခြေထောက်အသားထဲကိုထိုးဝင်ပြီး သွေးများယိုဆင်းခဲ့သည်။ လက် နက်ကြီးပေါက်ကွဲပြီးနောက်တွင် စောဟ---တို့သားအဖနှစ်ဦးကို ကားဖြင့် တောနောဆေးရုံ (ကရင်ကျန်းမာ ရေးဋ္ဌာန) သို့ ပို့ဆောင်ခဲ့သည်။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ပြောပြချက်အရ “ဟုတ်တယ်။ အဲဒီကိစ္စက ညအချိန်မှာဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ကားကို လိုက်ရှာတယ်။ ဒါပေမဲ့ ကားပိုင်ရှင်တွေ (ရွာသားများ) က ခရီးသွားဖို့ သူတို့၏လုံခြံရေးကိုအရမ်းရိမ်ကြတယ်။ နောက်ဆုံးတော့ ကျွန်တော် တို့အခြားကားပိုင်ရှင်တစ်ဦး ကို ရှာတွေ့ခဲ့တယ်။ ပြီးတော့ ဒဏ်ရာရတဲ့သားအဖနှစ်ယောက်ကို တောနောဆေးရုံကို ပို့ဆောင်ခဲ့တယ်။” စောဟ---၏ယာပေါင်တွင်ရှိသောဒဏ်ရာကို ၁ရချက်ချုပ်ခဲ့ရသည်။ သူ၏သားဖြစ်သူ၏ဒဏ်ရာအား ချုပ်စရာ မလိုပေ။ သို့သော် သူ၏ဒဏ်ရာကိုဆေးထည့်ပေးရပါသည်။ ၎င်းတို့ဒဏ်ရာများကို ဆေးရုံသို့ပုံမှန်သွား ရောက်ပြသရပြီး ဒဏ်ရာများကိုဆေးထည့်ရပါသည်။

 

မည်သူက လက်နက်ကြီးပစ်ခတ်ခဲ့သည်ကို ဒေသခံရွာသားများမှ သေသေချာချာ မသိရှိရပါ။ သို့သော် စောဟ---မှ တပ်မတော်စစ်သားများပစ်ခတ်ခဲ့သည်ဟု ယူဆခဲ့သည်။ “ကရင်စစ်သားတွေ (ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA) ပစ်ခတ်ခဲ့တယ်လို့ ကျွန်တော်မထင်ဘူး။ ဒါတွေကိုလုပ်တာ တပ်မတော် ပဲဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကြီးကျည်ဆံအသံက ရွာရဲ့အောက်ပိုင်းကနေ လာတယ် (တပ်မတော်စစ်သားများအစဉ်အမြဲ လှုပ်ရှားသည့်နေရာ)။”[2]  လက်နက်ကြီးပေါက်ကွဲမှုကြောင့် စောဟ---၏အိမ်ရှေ့နေရာတွင် အပေါက်ကြီးတစ်ပေါက်ဖြစ်သွားသည်ဟု ၎င်းမှ ပြောပြခဲ့သည်။ စောဟ---၏ရှင်းပြချက်အရ ထိုလက်နက်ကြီးကျည်ဆံသည် ၆၀ မမ လက်နက်ကြီးဖြစ်မည်ဟု ဆိုခဲ့သည်။

 

ယခုလက်ရှိ ကျေးရွာအနီးတွင် KNLA တပ်စခန်းရှိသည်။ ယခင်က တပ်မတော်တပ်စခန်းလည်း ကျေးရွာ အနီးတွင်တည်ရှိခဲ့သည်။ သို့သော် လွန်ခဲ့သောနှစ်အနည်းက တပ်မတော်စစ်သားများသည် ထိုစခန်းမှ ထွက်ခွာသွားပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တပ်မတော်စစ်သားများသည် ကျေးရွာအနီးတစ်ဝိုက်တွင် ဆက်လက်လှုပ်ရှားနေလျှက်ရှိသည်။ ကော့ကရိတ်မြို့တွင် တပ်မတော်အခြေချစခန်းတစ်ခု တည်ရှိသည်။ နိုင်ငံရေးအခြေအနေကြောင့် (၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှစ၍ မြန်မာစစ်တပ်မှအာဏာသိမ်းယူခဲ့ နောက်ပိုင်း)[3]  ဒေသခံရွာသားများသည် ၎င်းတို့၏လုံခြံရေးအခြေအနေကိုစိုးရိမ်နေရပြီး တပ်မတော်နှင့် KNLA ကြားတိုက်ပွဲများပြန်လည်ဖြစ်ပွားမည်ကို ကြောက်ရွံ့နေကြပါသည်။ ထို့ကြောင့် တိုက်ပွဲများ (သို့မ ဟုတ်) လက်နက်ကြီးများပစ်ခတ်မှုရှိလာပါက ဒေသခံများသည် ၎င်းတို့အိမ်အောက်တွင် အကာအကွယ်ယူ ရန်အတွက် ဗုံးခိုကျင်းများတူးထားကြရသည်။ အာဏာဖီဆန်ရေးအကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM)[4] တွင်ပါဝင်ဦးဆောင်သည်ဟု ယူဆရသည့်ရွာသားများသည် အဖမ်းခံရခြင်းအားရှောင်ရှားရန်အတွက် ၎င်းတို့ ၏အိမ်ထဲတွင်မအိပ်ကြတော့ပေ။ တစ်ချို့သောသူများသည် တောထဲတွင်ပုခတ်ကိုအသုံးပြု၍ သွားအိပ်ခဲ့ ရသည်။ အချို့သောသူများလည်း အခြားသောရွာသားများ၏အိမ်တွင် သွားအိပ်ကြရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူကိုယ်တိုင် ဤသတင်းအကြောင်းအရာအား အသုံးပြုရန် ကရင်လူ့အခွင့်အရေးအဖွဲ့အား ခွင့်ပြုချက်ပေးခဲ့ပါသည်။

Fri, 02 Apr 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

[2] ကရင်လူ့အခွင့်အရေးအဖွဲ့၏သတင်းအကြောင်းအရာများသည် ၎င်းထင်မြင်ချက်နှင့် ထပ်တူကျပါသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်လအနည်းငယ်တွင် တပ်မတော်စစ်သားများမှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများနှင့်ပတ်သတ်သည့်သတင်းအကြောင်း အရာများကို KHRG မှ မှတ်တမ်းတင်ပြုစုထားခြင်းများ ရှိခဲ့သည်။

[3] ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာစစ်တပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်ပြီး ဒီမိုကရေစီနည်း လမ်းကျကျ ရွေးကောက်တင်မြောက်ထားသည့်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။ အရေးပေါ်အခြေအနေအရ  တိုင်းပြည်ကို တစ်နှစ်အုပ် ချုပ်စေရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အစိုးရအာဏာကို လွှဲပြောင်းပေးခဲ့သည်ဟု စစ်တပ်မှ ကြေညာထုတ်ပြန်ခဲ့သည်။ ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော NLD ပါတီသည် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်မဟုတ်ဟု တပ်မတော်မှ ထွက်ဆိုခဲ့သည်။ ထို့ကြောင့် အရေးပေါ်အခြေအနေအရ ရွေးကောက်ပွဲကို အသစ်တဖန် ပြန်လည်လုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။ ၎င်းထွက်ဆိုကြေညာချက်ကို မည်သူမျှ ထောက်ခံခြင်းမရှိပေ။ ၂၀၂ဝရွေးကောက်ပွဲ အတွင်း ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရလွှတ်တော်အဖွဲ့မှ  ကတိသစ္စာပြု၍ တာဝန်လက်ခံသည့်ပွဲအခမ်းအနား မပြုလုပ်မှီ တစ်ရက်အလိုတွင် စစ်တပ်သည် အစိုးရအာဏာကို သိမ်းယူခဲ့သည်။ ရွေးကောက်တင်မြှောက်ခံရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးချုပ်များနှင့် အစိုးရလွှတ်တော်အဖွဲ့ဝင်များသည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

[4] ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့တွင် မြန်မာပြည်အနှံ့အပြားရှိ အစိုးရဆေးရုံးများနှင့် ကျန်းမာရေးဌာနများတွင် တာဝန်ထမ်း ဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများသည် အာဏာဖီဆန်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) တွင် စတင်ပါဝင်လာ ခဲ့သည်။ ထိုလှုပ်ရှားမှုတွင် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့၌ အာဏာသိမ်းယူခဲ့သော မြန်မာစစ် တပ်အား ဆန့်ကျင်ဆန္ဒပြ သည့်အနေဖြင့် အလုပ်အမားသပိတ်လှန်ခြင်းလည်း ပါဝင်ပါသည်။ ဤလှုပ်ရှားမှုသည် (အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ သတင်းမီဒီယာများအစရှိသော) မြန်မာအစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်း များသို့ ပျံ့နှံ့သွားပြီး ၎င်းတို့မှ အာဏာသိမ်း စစ်တပ်အား ဆန့်ကျင်သည့်အနေဖြင့် စစ်တပ်အုပ်ချုပ်မှုအောက်တွင် တာဝန်ထမ်း ဆောင်နေခြင်းကို ရပ်တန့်ခဲ့သည်။ ဤအကြမ်းမဖက်လူထုလှုပ်ရှားမှုသည် မြန်မာပြည်အနှံ့ လူသိများလာပြီး တစ်ချို့သောပြည်သူ လူထုများသည် အာဏာသိမ်းစစ်တပ်အား ဆန့်ကျင့်သည့်အနေဖြင့် သံပုံးတီးသည့်ဆန္ဒပြပွဲနှင့် စစ်တပ်ထုတ်ကုန်တွေ သပိတ်မောက် သည့်လှုပ်ရှားမှုအပါအဝင် ၎င်းတို့လုပ်ဆောင်နိုင်သည့် မည်သည့်သပိတ်မောက်ဆန္ဒပြမှုမဆို စတင်ပြုလုပ်လာခဲ့သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်