Fri, 19 Mar 2021
ဒူးပလာယာခရိုင် နောက်ဆုံးရဒေသတွင်းအစီရင်ခံစာ: ကော့ကရိတ်မြို့ နယ်တွင် KNLA နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၊ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ

ဤနောက်ဆုံးရဒေသတွင်းအစီရင်ခံစာတွင် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့ နယ်၊ ရေကျော်ကြီးကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော အခြေနေကို ဖော်ပြထားခြင်းဖြစ်သည်။ ထိုနေ့တွင် တပ်မတော် စစ်သားများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းကြောင့် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရ ခြင်းဖြစ်သည်။ တပ်မတော်စစ်သားများ သည် ထိုနယ်မြေထဲတွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့အထိ နေ သွားခဲ့သောကြောင့် ဒေသခံများ၏လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများဖြစ်စေခဲ့သည်။ KNLA ၏တင်ပြချက်အ ရ တပ်မတော်စစ်သားများမှ အာဏာဖီဆန်ရေးအကြမ်းမဖက် လူထုလှုပ်ရှားမှု (CDM) နှင့်  စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများမှ KNU ၏နယ်မြေဒေသတွင် လာရောက်ခိုလှုံတိမ်းရှောင်နေ သည့်အပေါ် ဝင်ရောက်ဖမ်းဆီးရန်ဖြစ်သည်။[1] 

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်တွင် KNLA တပ်မဟာ(၆)၊ တပ် ရင်း(၁၈)၊ တပ်ခွဲ(၃) နှင့်တပ်မတော်စစ်ကွပ်ကဲအခြေစိုက်(စကခ) အမှတ်(၁၂) လက်အောက်ခံခြေလျင်တပ် ရင်း (ခလရ) အမှတ်(၂၃၀) နှင့် (၂၃၁)တို့သည် ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီးကျေး ရွာအုပ်စု၊ ရွာသစ်ကုန်းရွာနှင့်သာယာကုန်းတို့အကြားတွင် ပစ်ခတ်တ်ိုက်ခိုက်ခဲ့ကြသည်။ (ဤရွာနှစ်ရွာ၏ တည်နေရာနှင့် ကော့ကရိတ်မြို့သို့သွားရန် ဆိုင်ကယ်ဖြင့် ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်ကြာသည်)။ ဤလက် လက်ကိုင်နှစ်ဖွဲ့သည် အစဦးတွင် လက်နက်ငယ်ဖြင့်စတင်ပစ်ခတ်ခဲ့ကြသည်။ ထို့နောက် ရွာသားများမှလက် နက်ကြီးအသံများကိုကြားခဲ့ကြသည်။ ထိုတိုက်ပွဲသည် ၁၆ မိနစ်ခန့် ကြာမြင့်ခဲ့သည်။ 

တပ်မတော်စစ်သားများမှ KNU ကန့်သတ်နယ်မြေအတွင်းသို့ KNLA ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့သည့် အတွက် ပစ်ခတ်တိုက်ခတ်မှုဖြစ်ပွားခဲ့သည်။ KNLA တပ်မဟာ(၆)ဗျူဟာမှူး၏ တင်ပြချက်အရ တပ်မတော် မှ KNU မြို့နယ်မှူးအား (ဖုန်းဖြင့်) ခေါ်၍ ၎င်းတို့မှ အာဏာဖီဆန်အကြမ်းမဖက် လူထုလှုပ်ရှားမှုနှင့် တပ်မ တော်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်ပါဝင်ခဲ့ပြီး ကန့်သတ်နယ်မြေတွင်းတွင် လာရောက်ပုန်းရှောင်ခိုလှုံနေသည့် ကျောင်းဆရာ၊ ဆရာမနှင့်ဆရာဝန်၊ သူနာပြုစသည့် မြန်မာအစိုးရဝန်ထမ်းများအား လာရောက်ဖမ်းဆီး ရန် ပြောဆိုခဲ့သည်။ (တစ်ချို့သောဝန်ထမ်းများသည်  KNU ၏ထိန်းချုပ်နယ်မြေအတွင်းတွင် တပ်မတော်ဖမ်း ဆီးမှုမှ လွှတ်မြှောက်ရန် သွားရောက်ပုန်းရှောင်ခိုလှုံကြသည်)။ တပ်မတော်၏တောင်းဆိုမှုနှင့်ပတ်သတ်ပြီး မြို့နယ်မှူးမှ KNLA တပ်ရင်း(၁၈) တပ်ရင်းမှူးအား အကြောင်းကြားခဲ့သည်။ တပ်ရင်းမှူးမှ ၎င်းတို့၏တောင်း ဆိုမှုကို ငြင်းဆိုခဲ့ပြီးနောက် တပ်မတော်စစ်သားများကို ကန့်သတ်နယ်မြေတွင်းသို့မဝင်လာရန် ပြောဆိုခဲ့ သည်။ တိုက်ပွဲမဖြစ်ပွားခဲ့ခင် KNLA မှ ၎င်းတို့၏တောင်းဆိုမှုကို ငြင်းဆိုခဲ့ပြီးနောက် ၎င်းတို့ဝင်ရောက်ခဲ့လျှင် တိုက်ပွဲဖြစ်ပွားနိုင်ကြောင်းကို သုံးကြိမ် သို့မဟုတ် လေးကြိမ် သတိပေးခဲ့သည်။ သို့သော် တပ်မတော်မှ ၎င်း တို့၏သတိပေးချက်များကို မလိုက်နာခဲ့ပေ။ 

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေ့တွင် တပ်မတော်စစ်ကား ၃ စီးသည် ကန့်သတ်နယ်မြေတွင်းသို့ ရွာသစ်ကုန်းလမ်းမှ တစ်ဆင့်ဝင်ရောက်ခဲ့သည်။ ဒေသခံများ၏ဖော်ပြချက်အရ ပုံမှန်အားဖြင့် ထို KNLA ဂိတ်တွင် စစ်သားအ နည်းငယ်သာရှိသည်။ ပုံမှန်အားဖြင့် ၄ယောက် သို့မဟုတ် ၅ယောက်သာရှိသည်။ သို့သော် ထိုတိုက်ပွဲဖြစ်ပွား ခဲ့သည့်နေ့တွင် တပ်မတော်ဆန့်ကျင်သည့်ဆန္ဒပြပွဲကြောင့် KNLA စစ်သား(တပ်စုတစ်စု) ၂၅ ယောက်မှ ၃၀ ယောက်ထိ ထိုဂိတ်တွင်ရှိနေခဲ့သည်။ KNLA စစ်သားများမှ ရှေ့မှလာခဲ့သည့်တပ်မတော်စစ်ကားတစ်စီးအား စတင်ပစ်ခတ်ခဲ့သည့်အတွက် တပ်မတော်ဘက်မှလည်း ပြန်လည် ပစ်ခတ်ခဲ့သည်။ အခြားစစ်ကားနှစ်စီးမှာမူ ထိုပစ်ခတ်မှုတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။ 

ထိုစစ်ကားသုံးစီးထဲတွင် တပ်မတော်စစ်သားအယောက် ၃၀ ခန့်ရှိခဲ့သည်။ ထိုစစ်ကားသုံးစီးအနက် တစ်စီးမှာ မူ ဖုံးထားသည့်အတွက် အထဲတွင်မည်သည့်အရာများရှိသည်ကို မတွေ့နိုင်ပေ။ သို့သော် ဒေသခံများ၏ပြော ပြချက်အရ ၎င်းတို့သည် တိုင်ကီပုံးများကို သယ်ဆောင်ခြင်းဖြစ်သည်။ တပ်မတော်စစ်သားများသည် တိုက် ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နောက်ကြောင်းပြန်ဆုတ်ခဲ့သည်။ ဒေသခံတစ်ဦး၏ပြောပြချက်အရ၊ ထိုတိုက်ပွဲတွင် တပ်မတော်စစ်သားသုံးဦးသေဆုံးခဲ့ပြီး၊ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုနေ့တွင် အရေးပေါ်လူနာတင် ကားနှင့်တပ်မတော်စစ်ကားလေးစီးသည် ထိုတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသို့ ရောက်ရှိလာခဲ့သည်။ ဒေသခံ များမှ ကြောက်ရွံ့နေခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ခြင်းမရှိခဲ့ပေ။ 

ထိုညတွင် တပ်မတော်စစ်သားများမှ ရွာသစ်ကုန်းနှင့်သာယာကုန်းရွာနှစ်ရွာသို့ ရောက်လာခဲ့ပြီး ၎င်းတို့သည် မည်သူ့ထံမှခွင့်ပြုချက်မတောင်းခံခဲ့ဘဲ ထိုရွာနှစ်ရွာတွင်နေထိုင်ခဲ့သည်။ ရွာတစ်ရွာစီတွင် စစ်သား ၂၅ ဦးနေခဲ့ ပြီး တစ်ချို့စစ်သားများလည်း ရွာနှစ်ရွာအကြားတွင်လည်းရှိခဲ့သည်။ ၎င်းတို့သည် KNLA နှင့်ပစ်ခတ်မှု ထပ် မဖြစ်အောင် အာရှလမ်းမအနီး ကန့်သတ်နယ်မြေနှင့်ဝေးသည့်နေရာတွင် နေထိုင်ခဲ့သည်။ တပ်မတော်စစ် သားများမှ CDM လုပ်သည့် အစိုးအရဝန်ထမ်းများအားဖမ်းရန် ဆက်လက်စီစဉ်နေသေးသည်။ 

တပ်မတော်စစ်သားများရှိနေသည့်အတွက်ကြောင့် ဒေသခံရွာသားများသည် တစ်ညလုံးကြောက်ရွံ့နေခဲ့ကြရ သည်။ ရွာသားအချို့မှာ စုပေါင်းအိပ်ခဲ့ကြသည်။ ရွာနှစ်ရွာရှိ ရွာသားများမှာမူ ပေါ်တာအဖမ်းခံရမှာကြောက်ရွံ့ ခဲ့သည့်အတွက် ညတိုင်းရှောင်ပုန်းအိပ်ခဲ့ရသည်။ အလားတူ အနီးအနားရှိကျေးရွာများမှာလည်း  ဤအဖြစ်အ ပျက်ကို ကြုံတွေ့ခဲ့ရသည်။ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင်၊ တပ်မတော်မှ၎င်းတို့၏စစ်သားများကို ကော့ ကရိတ်မြို့သို့ထပ်မံပို့ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်၊ စားနပ်ရိက္ခာများကို တပ် မတော်စစ်သားများရှိရာ ရွာသစ်ကုန်းနှင့်သာယာကုန်းရွာများသို့ စစ်ကားတစ်စီးဖြင့်ပို့ဆောင်ခဲ့သည်။ နောက် ဆုံးတွင် ၎င်းတို့သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ထိုနယ်မြေမှဆုတ်ခွာခဲ့သည်။ (၎င်းတို့သည် မည် သူကိုမှ မဖမ်းဆီးရခဲ့ပေ)။ 

Fri, 19 Mar 2021

Footnotes: 

[1] ဤအစီရင်ခံစာသည်  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်