Wed, 25 Nov 2020
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့

     

 

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) နှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO) တို့သည်အပြည်ပြည်ဆိုင်ရာအမျိုး သမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့အား ထောက်ခံသောအားဖြင့် ဤအစီရင်ခံစာကိုထုတ်ပြန်လိုက်ပါ သည်။ နိုဝင်ဘာလ ၂၅ ရက်နေ့သည်အမျိုးသမီးငယ်များနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ရာ၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်စေသည့်ကျူးလွန်မှုလုပ်ရပ်များကိုသတိမူမိစေရန်နှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများရပ်တန့်စေရန် ၁၉၈ဝ ခုနှစ်ကတည်းက စတင်တောင်းဆိုသည့်နေ့တစ်နေ့ ဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သောနှစ် ၄ဝ ကျော်အတွင်းအကြမ်းဖက်မှုပပျောက်စေရန်အတွက် လုံလောက်သည့်လုပ် ဆောင်မှုများမရှိခဲ့ပါ။ အကြမ်းဖက်မှုသည်ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသော အမျိုးသမီးများ၏ဘဝတွင်ကြုံတွေ့ရ သည့်သွင်ပြင်လက္ခဏာတစ်ရပ်အနေဖြင့် ဆက်လက်တည်ရှိနေပါသည်။ ဤနေ့တွင်သာမက နေစဉ်နှင့်အမျှအမျိုး သမီးများအပေါ်ကျူးလွန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများအပေါ်တာဝန်ယူမှုရှိစေရန် ကျွန်ုပ်တို့မှ တိုက်တွန်းလိုက်ပါသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံအပေါ်ကမ္ဘာ့ကုလသမဂ္ဂ၏ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးမစ်ရှင် (IIFF MM) မှမြန်မာနိုင်ငံအတွင်း လိင်ပိုင်းဆိုင်ရာကျား၊မအခြေပြုအကြမ်းဖက်မှုနှင့်ပတ်သက်သည့် အစီရင်ခံစာအား ထုတ်ဝေခဲ့ပါသည်။ ထိုအစီရင်ခံစာထဲ၌ “ခြောက်လှန့်ခြင်း၊ အကြမ်းဖက်ခြင်း၊ အရပ်သားများအားအပြစ်ပေးခြင်း နှင့် စစ်နည်းပရိယာယ်သဖွယ်ရည်ရွယ်ချက်ရှိစွာလုပ်ဆောင်ခြင်း” နှင့်အတူရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံမြောက် ပိုင်းတို့တွင် တပ်မတော်မှကျူးလွန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အကြောင်းအရာအသေးစိတ်အချက်အ လက်များကိုဖော်ပြထားပါသည်။ ထို့ကဲ့သို့သောအလားတူ စစ်နည်းပရိယာယ်များကို တပ်မတော်မှကရင်လူထုအ ပေါ်နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့ကြပါသည်။ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးမစ်ရှင်မှ ဤကဲ့သို့သောအကြမ်း ဖက်မှုများသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုနှင့်လူမျိုးတုံးသတ်ဖြတ်မှုမြောက် ကြောင်းမှတ်ယူခဲ့ပါသည်။ သို့ဖြစ်သောကြောင့် နိုင်ငံတစ်ကာရာဇဝတ်ခုံရုံး (ICC) သို့ အရေးတကြီးလွှဲပြောင်းပေး ရန် အထူးတလှယ်လိုအပ်လျက်ရှိကြောင်း တင်ပြခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့်လက်ရှိတွင်မြန်မာနိုင်ငံ၏တရားစီ ရင်ရေးစနစ်သည် စစ်ဖက်ဆိုင်ရာကိစ္စရပ်များအားတာဝန်ယူဆောင်ရွက်ပေးရန် စွမ်းဆောင်နိုင်ခြင်းမရှိသည့်အ ပေါ် ဤကဲ့သို့လုပ်ဆောင်ရန်တိုက်တွန်းခြင်းအား လှိုက်လှဲစွာကြိုဆိုထောက်ခံလိုက်ပါသည်။

ကျား၊မအခြေပြုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား ပဋိပက္ခဖြစ်ပွားချိန်အတွင်း၌သာကျူးလွန်ခြင်းမဟုတ်ပဲ အိမ်ထောက်ဖက်အဓမ္မပြုကျင့်ခြင်း၊အနှောင့်အယှက်ပေးခြင်း၊တစ်စုံတစ်ဦးအားလိုက်လံချောင်းမြောင်းခြင်း၊ယဉ် ကျေးမှုထုံးတမ်းစဉ်လာကျင့်ထုံးများ ကျင့်သုံးခြင်း၊ သို့မဟုတ် မျိုးဆက်ပွားအခွင့်အရေးကိုချိုးဖောက်ခြင်း စသည် တို့လည်းပါဝင်နေပါသည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှလွှတ်မြောက်လာသူများသည် ၎င်းတို့အပေါ်ကျူးလွန် ခဲ့သောပြစ်မှုနှင့် စပ်လျဉ်း၍မကြာခဏအပြစ်တင်ဝေဖန်ခံရလေ့ရှိသည်။ ၎င်းတို့၏ဝတ်စားဆင်ယင်ပုံ သို့မဟုတ် ပြုမှုနေထိုင်ပုံများကြောင့်ကျူးလွန်ခံရခြင်းဖြစ်သည်ဟု အိမ်နီးနားခြင်းနှင့် မိသားစုဝင်များကပါအပြစ်တင်အရှက် ခွဲတတ်ကြသည်။ အဓမ္မပြုခံရခြင်း သို့မဟုတ်အကြမ်းဖက်ခံရခြင်းတို့သည်မည်သည့်အခါမျှကျူးလွန်ခံရသူအမျိုး သမီးများ၏အပြစ်မဟုတ်ချေ။

အမျိုးသမီးများသည် တရားမျှတမှုရှာဖွေသည့်အချိန်တွင် တရားစီရင်ရေးစနစ်များသည် လွပ်လပ်မှုမရှိခြင်း၊ နည်း လမ်းမှန်ကန်မှုမရှိခြင်း၊ တာ၀န်ယူမှုတာဝန်ခံမှုမရှိခြင်း၊ဖယ်ကျဉ်ခံရခြင်းအပြင်အမျိုးသားများမှကြီးစိုးနေခြင်းများ နှင့်ကြုံတွေ့နေရပါသည်။ အမျိုးသားများကြီးစိုးသောတရားစီရင်ရေးစနစ်သည်အန္တရာယ်ရှိသော တရားစီရင်ရေး ဆိုင်ရာဓလေ့ ထုံးတမ်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါသည်။ သို့ဖြစ်ပါ၍ မြန်မာအစိုးရအနေဖြင့် အမျိုးသမီး များအပေါ်ပုံ စံအမျိုးမျိုးဖြင့်ကျူးလွန်သောအကြမ်းဖက်မှုများဘေးမှ ကာကွယ်ပေးရန်လိုအပ်ပါသည်။ အမျိုးသ မီးငယ်များနှင့် အမျိုးသမီးအားလုံး၏ အခွင့်အရေးအား လေးစားခြင်း၊ အကာအကွယ်ပေးခြင်းနှင့် ဖြည့်ဆည်းပေး ခြင်းများရှိလာစေရန်အတွက်အစိုးရမှဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပါသည်။

ထပ်မံတလဲလဲဖြစ်ပေါ်လျှက်ရှိနေသော ကျား၊မအခြေပြုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများတွင် ရာဇဝတ်မှုကျူး လွန်သူများအားလုံးကိုတာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် ဥပဒေရေးရာယန္တရားများကို ပြန်လည်ပြင်ဆင်ဖွဲ့ စည်းရန်နှင့် ပိုမိုအားကောင်းခိုင်မာလာစေရန်အတွက် အရေးတကြီးလုပ်ဆောင်ရန်လိုအပ်နေပါသည်။ ပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်အလေ့အထများကြောင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုလုပ်ရပ်များ ပိုမိုဖြစ်ပေါ်စေပါသည်။ KHRG နှင့် KWO တို့အနေဖြင့် တာဝန်ယူမှုတာဝန်ခံမှုအတွက် သေချာစေရန်ထပ်မံတောင်းဆိုလိုပါသည်။ နိုင်ငံ တော်သည် တပ်မတော်မှကျူးလွန်သောရာဇဝတ်မှုများအပေါ်ပြစ်ဒဏ်ကင်းလွှတ်ခွင့်ပေးခြင်းအား အဆုံးသတ်ရ မည်။ ကျား၊မအခြေပြု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူများအား အရပ်ဘက်တရားရုံးများတွင်အရေး ယူဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ 

အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့်အမျိုးသမီးများအား အကြမ်း ဖက်ခြင်းမှကာကွယ်တားဆီးရန်အတွက် အစိုးရမှလိုအပ်သည့်ဥပဒေရေးရာယန္တရားများကို ထားရှိပေးရမည်ဖြစ် သည်။ လူတိုင်းသည် ဥပဒေ၏အကာအကွယ်ကိုတန်းတူညီမျှစွာရရှိပါကအစိုးရသည် ၎င်းတို့၏ဥပဒေပိုင်းဆိုင်ရာ ကျင့်ဝတ်နှင့် တာဝန်ဝတ္တရားများကို ဘက်လိုက်မှုမရှိပဲ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ အမျိုးသမီးများသာမ က အမျိုးသားများနှင့်လူမှုအသိုက်အဝန်းတစ်ရပ်လုံးမှ အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်းအားကာကွယ်တား ဆီးရာတွင်တာဝန်ရှိပါသည်။ အမျိုးသမီးများအပေါ် စိတ်ပိုင်း၊ရုပ်ပိုင်ဆိုင်ရာ အကြမ်းဖက်သည့်လုပ်ရပ်များကိုတွေ့ မြင်ကြားသိခဲ့ပါက တရားမျှတမှုရရှိရန်အတွက် လုပ်ဆောင်ပေးရန် ကျွန်ုပ်တို့အားလုံး၏ တာဝန်ပင်ဖြစ်ပါသည်။ ထိုသို့တရားမျှတမှုရရှိရန်ကြိုးပမ်းသူများကိုလည်း ဥပဒေအရအကာအကွယ်ပေးရမည်ဖြစ်ပါသည်။

ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက ကမ္ဘာ့ကုလသမဂ္ဂကျား၊မမညီမျှမှုညွှန်းကိန်း (United Nations Gender Inequality Index) တွင် နိုင်ငံပေါင်း (၁၈၉) နိုင်ငံအနက် မြန်မာနိုင်ငံသည် စိတ်ပျက်ဖွယ်အဆင့် (၁၄၈) တွင်ရှိနေ ပါသည်။ အမျိုးသမီးများသည်ဆုံးဖြတ်ချက်ချရသည့်အခန်းကဏ္ဍများတွင်ပိုမိုပါဝင်လုပ်ဆောင်လာနိုင်ရန်အတွက် ဥပဒေနှင့် မူဝါဒများအားရေးဆွဲပြဌာန်းရန်လိုအပ်ပါသည်။ လွန်ခဲ့သည့် (၇) နှစ်ကျော်ကလွှတ်တော်တွင်အဆိုတင် သွင်းခဲ့သည့်အမျိုးသမီးများအား အကြမ်းဖက်ခြင်းမှကာကွယ်တားဆီးသည့်ဥပဒေ (PoVAW) ကို မြန်မာအစိုးရမှ အမြန်ဆုံးအတည်ပြုပြဌာန်းပေးရန်လိုအပ်ပါသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင်းခွဲခြားမှုပပျောက်ရေးဆိုင် ရာသဘောတူစာချုပ် (CEDAW) ကိုလက်မှတ်ရေးထိုးခဲ့သည့်မြန်မာအစိုးရသည် နိုင်ငံအတွင်းရှိအမျိုးသမီးများ၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ရန်အတွက်နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းများကိုလေးစားလိုက် နာရန်အထူးလိုအပ်ပါသည်။

ကျွန်ုပ်တို့မှအမျိုးသမီများအားအကြမ်းဖက်သည့်ဖြစ်ရပ်များတိုးများလာသည်ကိုမြင်တွေ့ခဲ့ကြရသည်။ ထို့ကြောင့်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများလျော့နည်းသွားရန် ကျွန်ုပ်တို့မှ စွမ်းစွမ်းတမံကာကွယ်ရမည်ဖြစ်ပါသည်။ အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်းအား ချက်ချင်းရပ်တန့်ရန် အရေးကြီးပါသည်။ ကျား၊မအခြေပြုလိင်ပိုင်း ဆိုင်ရာအကြမ်းဖက်များ ပပျောက်အောင်လုပ်ဆောင်ရန် လူတိုင်းတွင်တာဝန်ရှိပါသည်။ နောင်လာမည့်မျိုးဆက် သစ်အမျိုးသမီးငယ်များအားလုံးအတွက်၎င်းတို့၏ဘဝနှင့် လုပ်ဆောင်နိုင်စွမ်းများကိုဆိုးကျိုးသက်ရောက်စေမည့် အကြမ်းဖက်မှုများမရှိသောကမ္ဘာသစ်တစ်ခုအား တည်ဆောက်ကြပါစို့။

ဆက်သွယ်ရန်
နော်ထူးထူး - +66 (0) 87-205-1856
နော်ကညောဖော - +66 (0) 81-029-5503

Wed, 25 Nov 2020

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်