Mon, 21 Sep 2020
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့

    

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့

စက်တင်ဘာလ၊ ၂၁ ရက်နေ့ တနင်္လာနေ့တွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့  အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းမှကျင်းပကြပါသည်။ ဤကဲ့သို့ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျှက်ရှိသော အခမ်းအနားကို ၁၉၈၁ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးမှ ချမှတ်ထားခဲ့ခြင်းဖြစ်ပါသည်။ ဤနေ့တွင် ငြိမ်းချမ်းရေးစိတ်ဓာတ်ကိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်ဝှမ်းရှိလက်နက် ကိုင်များသည် ရန်လိုမှုများကို ၂၄ နာရီရပ်တန့်ရန်အပြင် အကြမ်းဖက်မှုကိုအသုံးမပြုတော့ပဲ ပဋိပက္ခများကိုဖြေရှင်းသည့်ကမ္ဘာတွင် ကျွနု််ပတို့တစ်နေ့နေ့တစ်ချိန်ချိန်တွင်နေနိုင်ရန်ဟူသော ငြိမ်းချမ်းရေးအတွက် မျော်လင့်ချက်လည်းပါဝင်ပါသည်။

ဤနှစ်၌ကျရောက်သောအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားကို နိုင်ငံအသီးသီးမှ ကပ်ရောဂါဆိုက်ရောက်သည့် အခြေအနေတွင်ကျင်းပကြပါသည်။ အဆိုပါကပ်ရောဂါသည် ကျွန်ုပ်တို့အားလုံး၏ ဘုံရန်သူပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍  ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်ရေးမှုး အန်တိုနီယို ဂူတဲယား ရက်(စ်) (António Guterres) မှ တိုက်ပွဲဆင်နွဲနေကြသည့်သူများအားလုံးမှ ၎င်းတို့၏လက်နက်များအား ဘေးချထားပြီး တိုက်ခိုက်မှုများရပ်ရန် အသနားခံခဲ့ပါသည်။ သို့မှသာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါပိုးအား ဆန့်ကျင်ကာကွယ်ရာတွင် လူတိုင်းမှစည်းလုံးညီညွှတ်စွာ ဝိုင်းဝန်းလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ဝမ်း နည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိဒေသများတွင် ပဋိပက္ခများဆက်လက်ဖြစ်ပွား လျှက်ရှိနေသောကြောင့် ထိုသနားခံချက်သည် လျစ်လျူထားခြင်းခံနေရကြောင်းသိမြင်နိုင်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂမဟာမင်းကြီးရုံးအမတ်ကြီးဖြစ်သူ မစ်ရှဲလ်ဘတ်ချလတ် (Michele Bachelet) မှ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာကို မကြာသေးမီကထုတ်ဝေခဲ့ပါသည်။ ထိုအစီရင်ခံစာတွင် တပ်မတော်နှင့် မြန်မာပြည် တွင်းရှိ အခြားသောလက်နက်ကိုင်များမှကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ် မှုများကို မှတ်တမ်းတင်ထားပါသည်။ ဤစက်ဆုပ်ရွံရှာဖွယ်ရာ လုပ်ရပ်များတွင် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် တိုင်းပြည်အနှံ့ရှိ အရပ်သားများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်းများလည်းပါဝင်ပါသည်။ ၂၀၁၅ ခုနှစ်တွင်ချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုချုပ်ဆိုခြင်းဖြင့် တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားနေသောပဋိပက္ခများကို အဆုံးသတ်နိုင်ရန်မျှော်လင့်ထားသော်လည်း ထိ တွေ့တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားလျှက် ရှိနေပါသည်။

ကမ္ဘာအနှံ့တွင်ဖြစ်ပွားလျှက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါအားအကြောင်းပြု၍ မြန်မာနိုင်ငံတွင် နိုင်ငံ သားများ၏အခွင့်အရေးများသည် ချိုးဖောက်ခံနေရလျှက်ရှိသည်။ အချို့ဒေသများတွင် အင်တာနက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အစိုးရမှပိတ်ပင်ထားခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ရော ဂါပျံ့နှံ့မှုဆိုင်ရာသတင်းအချက်အလက်များရရှိနိုင်ခြင်းကို အဟန့်အတားဖြစ်စေပါသည်။ ထို့အပြင် လွပ် လပ်စွာသွားလာခွင့်ကို တင်းကျပ်ထားသောကြောင့် များစွာသောအရပ်သားများအတွက် အစာရေစာ ပြတ်လတ်ခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုကျပ်တည်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကျပ်အ တည်းများကို ဖြစ်စေပါသည်။

ဤနှစ်တွင် ကျရောက်သောအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့၏ ဆောင်ပုဒ်သည် ငြိမ်းချမ်းရေးကို အတူတကွပုံဖော်ခြင်းဖြစ်ပါသည်။ အဆိုပါဆောင်ပုဒ်မှ လူသားအားလုံးသည် မျော်လင့်ချက်၊ ကိုယ် ချင်းစာနာမှုနှင့် ကြင်နာမှုတို့ကိုဖော်ပြခြင်းဖြင့် ကပ်ရောဂါရင်ဆိုင်နေရချိန်ကာလအတွင်း ငြိမ်းချမ်းရေး အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်နိုင်ကြောင်း သတင်းပါးခြင်းဖြစ်ပါသည်။ ဤဆောင်ပုဒ်သည် အထူး သဖြင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်များအားလုံးမှ နှစ်ရှည်လများကြာရှည်စွာ ပဋိပက္ခများကိုရင်ဆိုင်နေ ကြရသည့် အပြစ်မဲ့သောမျိုးဆက်သစ်များအား အကာအကွယ်ပေးရန်နှင့် ငြိမ်းချမ်းရေးအားယူဆောင် လာရန်အတွက် ၎င်းတို့၏တာဝန်ဝတ္တရားဖြစ်ကြောင်း သတိပေးခြင်းဖြစ်ပါသည်။

KHRG အနေဖြင့် မြန်မာအစိုးရအား အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနားကျင်းပမည့်နေ့ တွင် ဤကဲ့သို့တောင်းဆိုမှုပြုလိုပါသည်။ တပ်မတော်နှင့် အခြားသောလက်နက်ကိုင်အဖွဲ့အားလုံးတို့ သည် စက်တင်ဘာလ ၂၁ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအပစ်အခတ်ရပ်စဲရေးတွင် ပါဝင်ရန်ဖြစ်ပါသည်။ ဤနေ့သည်ပဋိပက္ခများကြောင့်ဖြစ်ပေါ်သော မရေတွက်နိုင်သည့် သေကြေပျက်စီး မှုများအားပြန်လည်အောက်မေ့ပြီး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအား‌ဖော်ဆောင်ရာတွင် လူတိုင်းတွင်တာ ဝန်ရှိကြောင်းပြန်လည်သတိမူစေလိုပါသည်။

Mon, 21 Sep 2020

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်