Fri, 11 Sep 2020
(Press Release) မရေရာမှုများဆီသို့လှမ်းဝင်ခြင်း - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပြည်တွင်းပြည်ပဒုက္ခသည်များ၏ နေရပ်ပြန်သည့် အတွေ့အကြုံများ

  

ယနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ မရေရာမှုများဆီသို့လှမ်းဝင်ခြင်း - မြန်မာပြည်အရှေ့တောင် ပိုင်းရှိ  ပြည်တွင်းပြည်ပဒုက္ခသည်များ၏ နေရပ်ပြန်သည့်အတွေ့အကြုံများအမည်ရှိသောအစီရင်ခံစာကို ထုတ် ပြန်လိုက်ပါသည်။ ဤအစီရင်ခံစာတွင် မိမိ၏မူရင်းကျေးရွာ သို့မဟုတ် ပြန်လည်နေရာချထားရေးနေရာများသို့ ပြန်လည်နေထိုင်ကြသောဒုက္ခသည်များနှင့် IDP များရင်ဆိုင်နေရသောစိန်ခေါ်မှုများကို လေ့လာဆန်းစစ်ထား ပါသည်။ မြန်မာပြည်၏အနာဂတ်တွင် တိုင်းရင်းသားလူနည်းစုများအတွက် တန်းတူညီမျှမှုကို အာမခံချက်ပေး လိုလျှင် ပြန်လည်အခြေချနေထိုင်သူများ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြန်လည်ပေါင်းစည်းမှုများသည် အရေးကြီးလှပါသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှပြုလုပ်ခဲ့သော ပြန်လည်အခြေချနေထိုင်သူများနှင့် လူတွေ့မေးမြန်းခန်းများ မှရရှိသောအချက်အလက်များအရ လက်ရှိကူညီထောက်ပံ့ရေးလမ်းကြောင်းများသည် လုံလောက်မှုမရှိပေ။ ကုလ သမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ၏ အကူအညီဖြင့်ပြန်လာသူများသည် အစိုးရနှင့်အဖွဲ့အစည်းများ၏ အကူအညီ မပါပဲ မိမိအစီအစဉ်ဖြင့်နေရပ်သို့ပြန်သွားသည့် ဒုက္ခသည်များကဲ့သို့ပင် ၎င်းတို့၏ဘဝပြန်လည်ထူထောင်ရာတွင် လုပ်ဆောင်နိုင်မှု စွမ်းရည်မရှိကြပေ။ ထို့ပြင် ပြန်လည်နေရာချထားရေးအထောက်အပံ့နှင့်  နောက်ဆက်တွဲစီစစ်မှု များစောင့်ကြည့်ရန်ကတိပျက်ခြင်းသည် နေရပ်ပြန်သူများအား အထူးအကူအညီလိုအပ်သူများအဖြစ် ခက်ခဲသည့် ဘဝသို့တွန်းပို့စေသည်။  အကယ်၍နေရပ်ဒေသအသစ်တွင် ၎င်းတို့၏ဘဝအား ပြည့်စုံစွာပြန်လည်ထူထောင်နိုင် ခြင်းမရှိပါက နောင်တွင်လည်းနေရပ်ရွှေ့ပြောင်းမှုကို ထပ်မံဖြစ်စေမည်ဖြစ်သည်။

နေရပ်ပြန်သူများအတွက် တရားဝင်စာရွက်စာတမ်းများပြုလုပ်ရာတွင် အကူအညီ အချို့ရရှိကြသော်လည်း အများ စုမှာ ၎င်းတို့ရရှိသင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရန် အတွက်အခက်အခဲများ ရှိနေကြဆဲဖြစ်သည်။ မြေယာ၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်အတွက် တရားဝင်စာရွက်စာတမ်းများလိုအပ်သော ကြောင့် ဤအခက်အခဲသည် နေရပ်ပြန်သူများ၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးပူးပေါင်းပါဝင်မှုများအတွက် အဟန့်အတား ဖြစ်စေသည်။ နေရပ်ပြန်သူများမှ လုပ်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ယုံ ကြည်မှုအားနည်းခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုအပေါ် ယုံကြည်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုကြပါသည်။ ပြန်လည် အခြေချနိုင်ထိုင်ခြင်းနှင့် ပြန်လည်ပူးပေါင်းနေထိုင်ခြင်းများ အစပြုလုပ်ဆောင်လာမှုများရှိလာသည့်တိုင်အောင် သမိုင်းတစ်လျှောက် ဖြစ်ပေါ်လာခဲ့သောပဋိပက္ခနှင့် အကြမ်းဖက်မှုများအပေါ် ယခုအချိန်ထိ ကိုင်တွယ်ဖြေရှင်း နိုင်ခြင်း မရှိသေးပေ။

နေရပ်ပြန်သူ ဒုက္ခသည်နှင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူအရေးနှင့် ပတ်သက်ပြီး KHRG ၏ ဒါရိုက်တာဖြစ်သူ နော်ထူးထူးက ယခုလိုပြောပါသည်။ မြန်မာပြည်ရဲ့အနာဂါတ်မှာ တိုင်းရင်းသားလူနည်းစုအတွက် တန်းတူညီမျှမှု နဲ့ အာမခံချက်ရရှိဖို့ အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများဟာ ပြန်လည်အခြေချနေထိုင်ကြမည့် ဒုက္ခသည်များ နှင့် IDP တွေရဲ့ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြန်လည်ပေါင်းစည်းမှုများကို ထည့်သွင်းစဉ်းစားပြီး အထူးလုပ် ဆောင်ရန်လိုအပ်ပါတယ်။ လက်ရှိကူညီထောက်ပ့မှုများ လုံလောက်မှုမရှိတဲ့အပေါ်မှာ ပြန်လည်အခြေချနေထိုင် သူများအနေနဲ့ မိမိတို့ရဲ့အခြေခံ လိုအပ်ချက်များကို မိမိဘာသာ ရုန်းကန်ဖြည့်ဆည်းနေရပါတယ်။ ဒါကြောင့် သူတို့ အနေနဲ့ နိုင်ငံရေးအခန်းကဏ္ဍတွေမှာ အပြည့်အဝပါဝင်နိုင်ခွင့်မရှိသလို နိုင်ငံသားဖြစ်ခွင့်အခွင့်အရေးလည်း အ ပြည့်အဝမရရှိပေ။ ဒါကြောင့် မြန်မာအစိုးရ၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကူညီထောက် ပံ့သူများအနေနဲ့ သူတို့ရဲ့နိုင်ငံရေးတွင်ပါဝင်နိုင်မှုနှင့် နိုင်ငံသားအခွင့်အရေးရရှိမှုအားကောင်းလာအောင် တာဝန် ယူကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။

ဤအစီရင်ခံစာသည်  ပြည်တွင်း၊ ပြည်ပပါဝင်ပတ်သက်သူများမှ မြန်မာပြည်ရှေ့တောင်ပိုင်းရှိ နေရပ်ပြန်သူဒုက္ခ သည်များနှင့် IDP များရင်ဆိုင်နေရသောစိန်ခေါ်မှုများကို ပိုမိုနားလည်ရန် အထောက်အကူပြုမည်ဟု KHRG မှ မျှော်လင့်ပါသည်။ တာဝန်ရှိသောအစိုးရများနှင့် အဖွဲ့အစည်းများမှ ပြန်လည်နေရာချထားရေးလုပ်ငန်းနှင့် ပြန် လည်ပေါင်းစည်းရေးတွင်ရှိနေသောအားနည်းချက်များကို ထိထိမိမိကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် KHRG မှ အကြံပြုချက်များကိုလည်း ပေးထားပါသည်။

 

ဆက်သွယ်ရန်

စောနန္ဒဆူး - +95 77 675 3790
နော်ထူးထူး - +66 (0)87 205 1856

Fri, 11 Sep 2020

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်