Tue, 29 Sep 2020
ဘားအံခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: တနေးဆါး (နဘူး) မြို့နယ်တွင် မပေါက်ကွဲသေး လက်နက်ခဲယမ်း ပေါက်ကွဲမှုကြောင့် ကလေး(၄) ဦး ထိခိုက်ဒဏ်ရာရရှိ၊ ၂၀၂၀ ခုနှစ် ဇူလိုင်လ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  ၂၀၂၀ ခုနှစ်၊ ဇူလှိုင်လ ၂၁ ရက်နေ့၌ ဘားအံခရိုင်၊ တနေးဆါး (နဘူး) မြို့ နယ်၊ သီဝါးပူကျေးရွာအုပ်စု၊ သီဝါးပူကျေးရွာတွင် မပေါက်ကွဲသေးသော လက်နက်ခဲယမ်း ပေါက်ကွဲမှုကြောင့် ကလေး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့နောက် ၎င်းတို့အား မြဝတီဆေးရုံတွင် ဆေးရုံတင်ခဲ့ရပါသည်။ ၎င်းတို့ထဲမှ တစ် ဦးဖြစ်သည့် စောဟ--- ၏ယာဘက်လက်သည် ပြတ်ထွက်သွားခဲ့သောကြောင့် ထိုင်းနိုင်ငံရှိ မဲဆောက်ဆေးရုံတွင် ဆေး ကုသမှုခံယူရန် လွှဲပြောင်းပေးခဲ့ရပါသည်။ စောဟ---၏ မိခင်ဖြစ်သူမှာ သားဖြစ်သူ၏ ပညာရေးအတွက် မထောက်ပံ့ပေး နိုင်သောကြောင့် ယခုတွင် သူမ၏သားအနာဂတ်အတွက် စိုးရိမ်နေပါသည်။ [1]

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မပေါက်ကွဲသေးသော လက်နက်ခဲယမ်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ များရရှိ

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၀ ခုနှစ်၊ ဇူလှိုင်လ ၂၁ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

တနေးဆါးမြို့နယ်၊ သီဝါးပူကျေးရွာအုပ်စု၊ သီဝါးပူကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဟ---

စောက---

စောဖ---

စောမ---

အသက်

၁၂

၁၀

၁၀

၁၂

ကျား/မ

ကျား    

ကျား    

ကျား    

ကျား    

လူမျိုး

ကရင်

ကရင်    

ကရင်    

ကရင်  

မိသားစုရှိ/မရှိ

မရှိ

မရှိ

မရှိ

မရှိ

အလုပ်အကိုင်

ကျောင်းသား    

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

သီဝါးပူကျေးရွာ

သီဝါးပူကျေးရွာ

သီဝါးပူကျေးရွာ

သီဝါးပူကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ဝန်ထမ်းများသည် တနေးဆါးမြို့နယ်ရှိ ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန (KECD)မှ ပညာရေးမှူး ပဒိုစောဆဲထီးနေသော၊ သီဝါးပူကျောင်းဆရာနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့၏ မိ ခင်တစ်ဦးကိုလည်း တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပါသည်။ 
 

KHRG ၏ မှတ်တမ်းပြုသူတစ်ဦးမှ ဤဖြစ်ရပ်နှင့် ပတ်သက်သည့်အချက်အလက်များအား သီဝါးပူကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် နောက်ထပ်တွေ့ ဆုံမေးမြန်းခဲ့ပါသည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

တွေ့ဆုံမေးမြန်းမှုခံခဲ့ရသူများသည် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးများအား ဆေးရုံတင်ခဲ့ကြသူများဖြစ် ကြပါသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၀ ခုနှစ်၊ ဇူလှိုင်လ ၂၀ ရက်နေ့တွင် ဒေသခံကလေး (၂) ဦးမှ မပေါက်ကွဲသေးသော လက်နက်ခဲယမ်း တစ်လုံးကို ဘားအံခရိုင်၊ တနေးဆါးမြို့နယ်၊ သီဝါးပူကျေးရွာအုပ်စု၊ သီဝါးပူကျေးရွာ မယ်ပလယ်ချောင်းနံဘေးရှိ  စိုက်ပျိုးရေးခြံတစ်ခြံ၌ တွေ့ရှိခဲ့သည်။ ၎င်းတို့အနက် တစ်ဦးမှ မပေါက်ကွဲသေးသောလက်နက်ခဲ ယမ်းတစ်လုံးကို ကောက်ယူခဲ့သော်လည်း အခြားတစ်ဦးမှာ ထိုလက်နက် ယူလိုက်ပြီး အဝေးသို့ လွှင့်ပစ်ခဲ့ပါ သည်။ နောက်တစ်နေ့ နေ့လည်ထမင်းစားဆင်းချိန်တွင် ဒေသခံကျောင်းသားတစ်ဦးဖြစ်သည့် စောဟ---သည် အခြားနွားကျောင်းသည့် ကလေး ၃ ဦး (စောက---၊ စောဖ---နှင့် စောမ---) နှင့်အတူ မပေါက်ကွဲ သေးသောလက်နက်ခဲယမ်းကို ပစ်ခဲ့သည့် နေရာအနီးအနားတစ်ဝိုက်တွင် ကစားခဲ့သည်။ ၎င်းတို့ထဲမှစော ဖ---သည်ထိုလက်နက်အား ၎င်း၏ သူငယ်ချင်းများမှ မနေ့ကလွှင့်ပစ်ခဲ့သည်ကိုတွေ့၍ ကောက်ယူခဲ့ပြီး စောဟ---ကို ပေးခဲ့သည်။ 

 

အဆိုပါကလေး (၄) ဦးတို့သည်ှ မပေါက်ကွဲသေးသော လက်နက်ခဲယမ်းအနီးတွင် ဝိုင်းရံနေခဲ့ကြသည်။ ထို့နောက် စောဟ---မှ ထိုလက်နက်ကို ကျောက်တုံးဖြင့် ထုခဲ့သောကြောင့် ပေါက်ကွဲခဲ့သည်။ ၎င်းတို့အားလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ ဦးခေါင်း၊ ခြေထောက်၊ လက်နှင့် ရင်ဘတ်များတွင် ဒဏ်ရာရရှိခဲ့ကြ သည်။ စောဟ---သည် ဒဏ်ရာအပြင်းထန်ဆုံးရရှိခဲ့သည်။ သူ၏ယာဘက်လက်သည်  ပေါက်ကွဲမှုကြောင့် ပြတ်ထွက်သွားခဲ့သည်။ 

 

ထိုပေါက်ကွဲသံကို အနီးနားရှိ ရွာသားများမှ ကြားခဲ့သည်။ သို့သော် ၎င်းတို့သည် ငါးဖမ်းသည့်လူများ ချောင်းထဲ၌ ဖောက်ခွဲမှုလုပ်၍ငါးဖမ်းကြသည်ဟုထင်ခဲ့ကြပါသည်။ ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် က လေးတစ်ဦးမှ ရွာထဲသို့ပြန်လာ၍ အကူအညီမတောင်းသည့် အချိန်အထိ ၎င်းတို့သည် မိုင်းပေါက်ကွဲမှုဖြစ် ပွားသောနေရာသို့ မသွားပဲရှိနေခဲ့ကြသည်။ ဒေသခံကျောင်းဆရာတစ်ဦးဖြစ်သည့် စောဘလယခူတင်ပြ ချက်အရ "မှုခင်းဖြစ်ပွားခဲ့တဲ့အချိန်မှာ နေ့လည်ထမင်းစားဆင်းချိန်ဖြစ်တယ်။ ကျွန်တော်ကတော့ အိမ်ပြန် ပြီး နေ့လည်စာစားနေတာ။ ကျွန်တော် ပေါက်ကွဲသံတစ်ခုကိုကြားတယ်။ […] ကျွန်တော်က တစ်ယောက် ယောက် ငါးဖမ်းဗုံးကိုခွဲပြီး ငါးဖမ်းနေတယ်ထင်တာ။ (တစ်ချို့လူတွေက ဒေသတွင်းမှာ ဒီလိုလုပ်နေကျ)။"

 

ရွာသားများမှ  မှုခင်းဖြစ်ပွားခဲ့သည်ကို သိရှိပြီးနောက် အခင်းဖြစ်ပွားသည့်နေရာသို့ လျင်မြန်စွာသွားခဲ့ကြ သည်။ စောဟ---၏ မိခင်ဖြစ်သူမှ "ကျွန်မသားကို ကျွန်မအော်ခေါ်တယ်။ သားလေး၊ သားလေး၊ ကျွန်မ သားက သတိလစ်သွားလို့ ကျွန်မကိုပြန်မထူးနိုင်တော့ဘူး။ […] ကျွန်မတို့ သူတို့ (ထိခိုက်ခဲ့သူ) ကို တွေ့တဲ့ အချိန်မှာ သူတို့က ချောင်းနံဘေးမြေပြင်ပေါ်မှာ လဲနေကြတယ်။ တစ်ယောက်မှ ကျမတို့နဲ့ စကားမပြောနိုင် တော့ဘူး။"ဟု တင်ပြခဲ့ပါသည်။ 

 

အမှုဖြစ်ပွားပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကလေးမိဘများသည် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးများအား သီဝါးပူးဆေးခန်းသို့ခေါ်ဆောင်သွားခဲ့ကြသည်။ ဒေသခံကျန်းမာရေးဝန်ထမ်းများမှ ပြင်းထန်သည့် ဒဏ်ရာများအား မကုသနိုင်ခဲ့သည့်အတွက် ကလေး(၄)ဦးကို မြဝတီမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။ စောဟ---အား ၎င်း၏ဒဏ်ရာပြင်းထန်မှုကြောင့် မဲဆောက်ပြည်သူ့ဆေးရုံသို့ နောက်ဆုံးတွင် လွှဲပြောင်းပေး ခဲ့သည်။ ၎င်း၏ လက်မောင်းအား ဖြတ်တောက်ခဲ့ရသည်။ 

 

KECD နှင့် နယ်စပ်ကျန်းမာရေးအဖွဲ့အစည်းမှ စောဟ---အား မဲဆောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန် ကူ ညီဆောင်ရွက်ပေးခဲ့ကြသည်။ KHRG ၏ တွေ့ဆုံမေးမြန်းမှုအရ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူတို့၏ ဆေးကုသမှုကုန်ကျစရိတ်များအား ထောက်ပံ့ပေးခဲ့ကြသည်။ 

 

စောဟ---၏မိခင်နှင့် ဆရာတို့သည်ှ ၎င်း၏ပတ်ဝန်းကျင်တွင် ပြန်လည်သင့်မြတ်စွာနေထိုင်နိုင်ရန်နှင့် လက် တစ်ဖက်ဆုံးရှုံးရသည့်အတွက် ပတ်ဝန်းကျင်မှခွဲခြားဆက်ဆံခံရမည်ကို စိုးရိမ်နေကြသည်။ စောဟ---သည် ပညာဆက်လက်သင်ယူရန်နှင့် စာမရေးနိုင်တော့မည်ကို စိုးရိမ်ပူပန်နေကြောင်းကိုလည်း ဖော်ပြခဲ့ပါသည်။ သို့သော် သူ၏ဆရာဖြစ်သူမှ သူ့အား အားပေးနှစ်သိမ့်ခဲ့သည်မှာ “သားလေး စာပြန်ရေးနိုင်မှာ သေချာပါ တယ်။ ဆရာ့ကိုပဲကြည့်လေ။ ဆရာ့မှာလက်တစ်ဖက်မရှိတော့ပေမဲ့ စာရေးနိုင်သေးတာပဲ။ ဒါကြောင့် စိတ် ဓာတ်ကျစရာအကြောင်းလုံးဝမရှိနော်။” 

 

စောဟ---မိခင်မုဆိုးမဖြစ်သူမှ ကိုယ်လက်အင်္ဂါမပြည့်စုံသူတစ်ယောက်အနေဖြင့် သူမ၏သားဖြစ်သူ ကြုံတွေ့ရနိုင်သောအခက်အခဲအားလုံးကို ကျော်လွှားနိုင်ရန် ကောင်းမွန်သောပညာရေးအား တက်မြောက်မှုသည်  အလွန်အရေးကြောင်း ပြောခဲ့ပါသည်။ သို့သော် သူမသား၏ပညာရေးကို ထောက်ပံ့ရန် ငွေကြေးမပြည့်စုံကြောင်း ပြောပြသည်။ “ကျွန်မသားက မသန်မစွမ်းဖြစ်သွားပေမဲ့ သားလေးကို ပညာသင်ယူခွင့်ရစေချင်တယ်။ တကယ်လို့ တစ်ယောက်ယောက်က သူပညာရေးအတွက် ကူညီပေးမယ်ဆိုရင် သူ့အတွက် ကောင်းမွန်တဲ့အနာဂတ်ရှိမှာ။” ယခင်က မိုင်းအန္တရာယ်လျော့ချရေးပညာရေးအမြင်ဖွင့်သင်တန်း (MRE)ကို အရွယ်ရောက်သည့် ရွာသားများမှတက်ရောက်ခဲ့ပြီး၊ အသိပညာပေးပိုစတာများကို ကျောင်း၏နံရံဘေးတွင် ကပ်ထားသည်။ သို့သော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ကလေးများသည် ဒေသခံရွာသားများအား  မပေါက်ကွဲသေးသော လက်နက်ခဲယမ်းတစ်လုံးနှင့် ဆင်တူသည့်လက်နက်ကို [ပိုစတာတွင် သို့မဟုတ် စစ်သားများထံမှ] ယခင်က မတွေ့ဖူးကြောင်း ပြောပြခဲ့သည်။ ထိုလက်နက်ခဲယမ်းသည် ထီးလက်ကိုင်နှင့်တူသည့်အတွက် ကြောင့် ၎င်းတို့အတွက် စူးစမ်းလိုစိတ်ပြင်းပြခဲ့သည်။ 

 

မပေါက်ကွဲသေးသော လက်နက်ခဲယမ်းသည် မည်သည့်လက်နက်ခဲယမ်းအမျိုးအစားဖြစ်ကြောင်းကို မည်သူမျှမသိရှိကြပေ။ ထိခိုက်ဒဏ်ရာရရှိသူများသည် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများ၏ ပုံစံအမျိုး မျိုးတို့အား ဖော်ပြကြသဖြင့် တနေးဆါးမြို့ရှိ KECD ၏ ပညာရေးမှူးမှ လက်ပစ်ဗုံးဖြစ်နိုင်သည်ဟု ထင်သည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

 KHRG တွေ့ဆုံမေးမြန်းခဲ့သည့် ထိခိုက်ခံခဲ့ရသူများ၏ မိခင်တစ်ဦးနှင့် အခြားမေးခွန်းဖြေကြားသူနှစ်ဦးမှ ဤအကြောင်းအရာကို အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့သည်။ 

Tue, 29 Sep 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၀ ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံထားခြင်းဖြစ်ပါသည်။ ကရင်လူ့အခွင့်အရေးအ ဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဘားအံခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ အား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါ သည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်