Fri, 24 Jul 2020
မူတရော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: တပ်မတော်စစ်သားများမှ ဒွယ်လိုမြို့နယ်ရှိ ရွာသူတစ်ဦးအား သတ်ခဲ့ပြီးနောက် သူမ၏လက်ဝတ်ရတနာများအား ခိုးယူခဲ့ခြင်း၊ ၂၀၂၀ ခုနှစ် ဇူလှိုင်လ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ခူသူထအုပ်စု၊ ပိုးလိုးထကျေးရွာ ၂၀၂၀ ခုနှစ် ဇူလှိုင်လ ၁၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မှုခင်းကို ဖော်ပြထားခြင်းဖြစ်သည်။ ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၄၀၉ ရှိ တပ်မတော် စစ်သားနှစ်ဦးသည် ရွာသူတစ်ဦအား အနီးကပ် ပစ်သတ်ခဲ့ပြီး သူမကိုယ်ပေါ်တွင် တပ်ဆင်ထားသော လက်ဝတ်ရတနာများအား ခိုးယူခဲ့သည်။ သူမသည် သူမ၏ ခင်ပွန်းနှင့် ကလေးသုံးယောက်အား ထားရစ်ခဲ့ရသည်။[1] 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

သတ်ဖြတ်မှုနှင့် လုယက်မှု 

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၀ ခုနှစ် ဇူလှိုင်လ ၁၆ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဒွယ်လိုးမြို့နယ်၊ ခူသူထကျေးရွာအုပ်စု၊ ပိုးလိုးထကျေးရွာ 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်မုနော် 

အသက်

၃၈

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

ရှိ

အလုပ်အကိုင်

ရွာသား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ပိုးလိုးထကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

ဟိန်းမင်းထက်

စစ်သား

ခမရ အမှတ် ၄၀၉ စကခ အမှတ် ၈

ခူသူထစစ်တပ်စခန်း

စခန်းမှူး ကျော်ဝန
တပ်ရင်းမှူး လင်းလင်းထွဋ်
ဒုတပ်ရင်းမှူး လူမင်းဟန်

သန်းစိုး

စစ်သား

ခမရ အမှတ် ၄၀၉ စကခ အမှတ် ၈

ခူသူထစစ်တပ်စခန်း

စခန်းမှူး ကျော်ဝန
တပ်ရင်းမှူး လင်းလင်းထွဋ်
ဒုတပ်ရင်းမှူး လူမင်းဟန်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

 ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ သတင်းစုဆောင်းသူတစ်ဦးမှ ထိခိုက်နစ်နာသူ၏ ခင်ပွန်းနှင့် တူအား တွေ့ဆုံးမေးမြန်းမှုများပြုလုပ် ခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

သတင်းပေးသူများမှာ ထိခိုက်နစ်သူ၏ ဆွေမျိုးများဖြစ်သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၀ ခုနှစ် ဇူလှိုင်လ ၁၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် ၈၊ ခြေမြန် တပ်ရင်း (ခမရ) အမှတ် ၄၀၉ ၏ တပ်မတော်စစ်သားနှစ်ဦးမှ ဒွယ်လိုးမြို့နယ်၊ ခူသူထကျေးရွာအုပ်စု၊ ပိုးလိုးထကျေး ရွာ ရွာသူတစ်ဦးဖြစ်သော နော်မုနော်အား ပစ်သတ်ခဲ့သည်။ 

 

ထိုစစ်သားနှစ်ဦးမှာ ခူသူထတပ်မတော်စစ်တပ်စခန်း အနီးတွင် အခြေစိုက်နေထိုင်သော ဟိန်းမင်းထက်နှင့် သန်စိုးလွင်ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ဒုတပ်ရင်းမှူး လူမင်းဟန်၏ လက်အောက်တွင်ရှိသော စစ်သား များဖြစ်သည်။ မှုခင်းဖြစ်ပွားနေ့တွင် ၎င်းတို့နှစ်ဦးသည် (ထိုအမှုဖြစ်ပွားခဲ့သော) ရွာဘုန်းကြီးကျောင်းတွင် နေ့လည်စာစားခဲ့သည်။ ထို့နောက် ၎င်းတို့သည် ရွာထဲသို့ သွားရောက်ပြီး စောပူအေး၏ အိမ်နေရာကို မေးမြန်းခဲ့သည်။ ဒေသခံများမှ (စောပူအေး၏) အိမ်နေရာကို ပြောပြခဲ့သော်လည်း ရွာသားများမှ စောပူအေး အိမ်တွင် မရှိကြောင်း၊ သူသည် ၎င်း၏ သားနှင့်သမီးကို ကျောင်းတက်ရန်အတွက် ဘီလင်းမြို့ကို သွားနေပါသည်ဟု ပြောခဲသည်။ 

 

စောပူအေးသည် မြန်မာအစိုးရ၏ ကျေးရွာလူကြီးဖြစ်ခဲ့ဘူးပြီး ယခုအချိန်တွင် သူ၏အိမ်တွင် ဈေးဆိုင်တည် ဈေးရောင်းနေသည်။ ၎င်း၏အိမ်သည် ရွာအစွန်း၊ တောင်ကုန်းအောက်ခြေ၊ ပိုးလိုးချောင်းအနီးတွင် တည်ရှိ သည်။ ထိုစစ်သားနှစ်ဦးသည် ဆိုင်သို့ရောက်ရှိပြီး ထိုင်၍ အရက်သောက်နေခဲ့ကြသည်။ ရွာသားနှစ်ဦး လည်း ၎င်းတို့၏ အရိပ်အခြေကို ဆိုင်ထဲတွင်  စောင့်ကြည့်နေခဲ့ကြသည်။ ထိုစစ်သားနှစ်ဦးမှာ အရက် သောက်ပြီး ရွာမှ ပြန်သွားသည့်အတွက် ထိုရွာသားနှစ်ဦးမှာလည်း ၎င်းတို့၏ အိမ်သို့ပြန်သွားခဲ့ကြသည်။ 

 

တစ်ခဏအကြာတွင် ထိုစစ်သားနှစ်ဦးမှ ဆိုင်သို့ပြန်လာခဲ့ကြပြီး ဒညင်းသီးများပြန်ထည့်သွားရန်အတွက် စ လတ်စတစ် အိတ်တစ်လုံးကိုတောင်းခဲ့ကြသည်။ ထိုအချိန်တွင် နော်မုနော်ထံ အလည်လာနေသည့် စောပူူ အေး၏တူမသည်လည်း ဆိုင်ထဲတွင်ရှိနေသည့်အတွက် ထိုစစ်သားနှစ်ဦးသည် တစ်ခါပြန်သွားကြပြန်သည်။ ထိုတူမပြန်သွားသည့်နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးသည် အိမ်သို့တစ်ခါပြန်လာကြသည်။ အိမ်နီးချင်းများမှ နော်မုနော်၏ အော်သံနှင့် သေနတ်သံသုံးချက်ကို ကြားခဲ့ကြသည်။ 

 

ထိုစစ်သားနှစ်ဦးအနက် တစ်ဦးမှာ သူူမကို ၎င်း၏ MA-1 [တပ်မတော်စစ်တပ်ထုတ် ရိုင်ဖယ်သေနတ်] နှင့် သုံးချက်ပစ်ခဲ့သည်။ သူမ၏အနောက်ဖက်ခြမ်းတွင် ကျည်နှစ်ချက်မှန်ခဲ့ပြီး သူမ၏ ပါးစပ်နှင့် ရင်ဘတ်အား ထိုးဖောက်ထွက်ခဲ့သည်။ နောက်တစ်ချက်မှာ သူမ၏ ဦးခေါင်းအနောက်ကို ထိမှန်ခဲ့ပြီး ထိုကျည်ဆန်မှာ သူမ၏ မျက်စိဘယ်ဘက်ခြမ်းမှတစ်ဆင့် ထိုးဖောက်ခဲ့သည်။ ဒေသခံများ၏ ပြောကြားချက်အရ ဟိန်းမင်းထက်သည် နော်မုနော်ကို ပစ်သတ်သော သူဖြစ်သည်။ ထိုစစ်သားနှစ်ဦးမှာ ဆွဲကြိုးနှင့် သူမ၏နားတွင် ပန်ထားသော နားကပ်တစ်စုံကို ခိုးယူခဲ့ပြီးနောက် ၎င်းတို့သည် ရွာမှ ထွက်ပြေးခဲ့သည်။ ဒေသခံရွာသားတစ်ဦးဖြစ်သော စောတ---သည် ၎င်းစစ်သားနှစ်ဦးထွက်ပြေးခဲ့သည့်နောက်ပိုင်း ထိုပစ်သတ်မှုဖြစ်ပွားခဲ့သည့်နေရာကို ပထမဆုံးရောက်ရှိသော သူဖြစ်သည်။ 

 

နော်မုနော်သည် အသက် ၃၈ ရှိပြီးဖြစ်သည်။ သူမသည် သူမ၏ ခင်ပွန်းနှင့် သားသမီးသုံးဦးကို ထားရစ်ခဲ့ သည်။ သူမ၏ အသက် ၁၈ အရွယ် သမီးကြီး နော်ယ---သည် နဝမတန်းကို သထုံမြို့နယ်၊ မိုးကောင်းအုပ်စု၊ အ---ကျေးရွာ အထက်တန်းကျောင်းတွင် သင်ယူတက်ရောက်နေသည်။ သူမ၏ ၁၅ အရွယ်ရှိ သားကြီး စောဗ---သည် ပဥ္စမတန်းကို ထိုကျောင်းတွင်ပင် တက်ရောက်နေခြင်းဖြစ်သည်။ သူမ၏သားငယ်မှာ ၁၂ အရွယ်ရှိ စောဝ---ဖြစ်သည်။ ထိုအမှုဖြစ်ပွားခဲ့သည့်နေ့တွင် သူသည် သူ၏သူငယ်ချင်းများနှင့် ရွာထဲတွင် ဆော့နေသည်။ 

 

တပ်မတော်မှ ပြစ်မှုကျူးလွန်ခဲ့သူများအား တရားစွဲမည်ဟု ဆိုသည်။ KHRG သတင်းစုဆောင်းသူမှ သူ့ကို [ဇူလှိုင်လ ၂၃ ရက်နေ့] တွင် ဆက်သွယ်ခဲ့သည့်အချိန်တွင် စောပူအေးသည် ဘီလင်းမြို့တွင် ရှိနေခဲ့ဆဲဖြစ် သည်။ ခမရ အမှတ် ၄၀၉ တပ်ရင်းမှူး လင်းလင်းထွဋ်မှ သူ့ကို တရားစွဲဆိုသည့်နေရာတွင် သွားရောက်ပါဝင် ခိုင်းခဲ့သည်။ 

 

ဤအစီရင်ခံစာကို မူကြမ်းရေးနေချိန်တွင် ခမရ အမှတ် ၄၀၂ စစ်သားများနှင့် ခူသူထတပ်မတော် စစ်တပ် စ ခန်းရှိ ခမရ အမှတ် ၄၀၉ စစ်သားများတပ်ချိန်းနေချိန်ဖြစ်သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

သတင်း ပေးခဲ့သည့် ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူမှ ဤအကြောင်းအရာအား ဖြန့်ဝေအသုံးပြုရန်အတွက် ခွင့်ပြု ခဲ့သည်။ 

Fri, 24 Jul 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၀ ခုနှစ် ဇူလှိုင်လတွင်ရရှိသော အကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူတရော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်