Fri, 31 Jul 2020
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: ဒွယ်လိုးမြို့နယ်ရှိ BGF စစ်သားတစ်ဦးမှ သက်ငယ်ကလေးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့ခြင်း (၂၀၂ဝခုနှစ်၊ ဇွန်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  ၂၀၂ဝခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ အ---ကျေးရွာ အုပ်စု၊ အ---ကျေးရွာတွင်ဖြစ်ပွားခဲ့သော သက်ငယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဖော်ပြထားခြင်းဖြစ်သည်။ BGF (နယ်ခြားစောင့်တပ်) စစ်သားတစ်ဦးမှ ဒေသခံဘုန်းကြီးကျောင်းတစ်ကျောင်းရှိ အသက်မပြည့်သေးသည့် မယ်သီလရှင် တစ်ဦးအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည်။ ထိုထိခိုက်နစ်နာသူ (မယ်သီလရှင်) မှာ ဆေးရုံတက်ခဲ့ ရပြီး သူမရရှိခဲ့သည့် ဒဏ်ရာများကို ကုသရန် ဆေးရုံတွင် (၇) ရက်ကြာနေခဲ့ရသည်။ ပြစ်မှုကျူးလွန်ခဲ့သူကို ဇွန်လ (၁၁) ရက်နေ့တွင် ဖမ်းဆီးရခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ အပ်နှံခဲ့သော်လည်း အမှုစစ်ဆေးစုံစမ်းရာမှာ နှောင့်နှေးနေသည်။[1] 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ကလေးသူငယ်အားကျူးလွန်သည့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၀ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ အ---ကျေးရွာအုပ်စု၊ အ---ကျေးရွာ 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ဘ--- (မဘ----)

အသက်

၁၃

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

မရှိ

အလုပ်အကိုင်

လယ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ရာထူးအဆင့်

သီလရှင်

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထအုပ်စု၊ စ---ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

မှဲ့ကြီး

စစ်သား

BGF တပ်ရင်းအမှတ် (၁၀၁၃) ကတိုင်တိကျေးရွာ တပ်ရင်းမှူး စောလှကြိုင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကျွန်တော်သည် ဒွယ်လိုးမြို့နယ်၊ ဝါးသိုးခိုကျေးရွာတွင် အခြားမှုခင်းတစ်ခုကို သွားရောက်မှတ်တမ်းယူခဲ့ သည့်အချိန်တွင် ဤအမှုနှင့်ပတ်သက်၍ ၂၀၂ဝခုနှစ်၊ ဇွန်လ ၁၂ရက်နေ့တွင် ရဲအရာရှိတစ်ဦးမှ ကျွန်တော့် ကို ဆက်သွယ်ခဲ့သည်။  (ဤအမှုနှင့်ပတ်သက်ပြီး) ကျွန်တော် အ---ကျေးရွာအုပ်ချုပ်ရေးမှူးကို ညနေပိုင်း တွင် ဆက်သွယ်ခဲ့ပြီး ဤအမှုသည် ၂၀၂ဝခုနှစ်၊ ဇွန်လ ၁ဝရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ ကြောင်း ၎င်းမှ ကျွန်တော့်ကို ပြောပြခဲ့သည်။ 

 

၂၀၂ဝခုနှစ်၊ ဇွန်လ ၁၃ရက်နေ့တွင် ကျွန်တော်သည် KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ရင်းအမှတ် (၁၀၂)၊ တပ်ခွဲ (၃)မှ တပ်ခွဲမှူးနှင့် တွေ့ဆုံခဲ့သည်။ သူသည် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျွန် တော့်ကိုပြောပြခဲ့အတိုင်း အတည်ပြုထားသော ကြေးနန်းစာအား ပြခဲ့သည်။ သို့သော်လည်း အချို့သော အ ကြောင်းအရာများမှာ မပြည့်စုံသေးသည့်အတွက် (အကြောင်းအရာ ပိုမိုပြည့်စုံအောင်) တပ်ခွဲ (၃) တပ် ကြပ်ကြီးကို ကျွန်တော် ဆက်သွယ်ခဲ့သည်။ ကျွန်တော် ကျောင်းထိုင်ဆရာတော်နှင့်တွေ့ဆုံရန် ဘုန်းကြီး ကျောင်းကိုလည်း သွားခဲ့သည်။ 

 

[ကရင်လူ့အခွင့်အရေးအဖွဲ့မှ ထိခိုက်နစ်နာသူ၏ မိခင်ကိုလည်း တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့သည်။]

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ကျောင်းထိုင်ဆရာတော်သည် မှုခင်းဖြစ်ပွားခဲ့သည့်အချိန် ဘုန်းကြီးကျောင်းတွင် ရှိနေခဲ့သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

ဤသက်ငယ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ၂၀၂ဝခုနှစ်၊ ဇွန်လ၊ ၁ဝရက်နေ့ ညနေ ၆ နာရီဝန်းကျင် မူ တြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ အ---ကျေးရွာအုပ်စု၊ အ---ကျေးရွာရှိ ခ---ဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ သည်။ ထိခိုက်နစ်နာသူမှာ ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထအုပ်စု၊ စ---ကျေးရွာရှိ အသက် ၁၃ နှစ်အရွယ် မယ်သီလရှင် နော်ဘ---ဖြစ်သည်။ 

 

ပြစ်မှုကျူးလွန်ခဲ့သူမှာ အ---ကျေးရွာတွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ်ရှိ BGF စစ်သား မှဲ့ကြီး ဖြစ် သည်။ သူ၏စခန်းသည် ဘောကျိုထာတံတားအနီးတွင် အခြေချလျှက်ရှိပြီး သူ၏တပ်စုမှူးမှာ ဗိုလ်မဲစီဖြစ် သည်။ မှဲ့ကြီးသည် BGF တပ်ရင်းအမှတ် (၁၀၁၃) ၏ အစိတ်အပိုင်းဖြစ်သော တပ်ခွဲအမှတ် (၁) တွင် တာ ဝန်ထမ်းဆောင်နေသော စစ်သားတစ်ဦးဖြစ်သည်။ BGF တပ်ရင်းအမှတ် (၁၀၁၃) သည် ကတိုင်တိကျေး ရွာတွင် အခြေချ၍ တပ်ရင်းမှူးမှာ လှကြိုင်ဖြစ်ပြီး ဒုတပ်ရင်းမှူးမှာ ကျော်ဝင်းဖြစ်သည်။ တပ်ခွဲအမှတ် (၁) တပ်ခွဲမှူးမှာ ဗိုလ်ဘယိုဖြစ်သည်။ 

 

ကျောင်းထိုင်ဆရာတော် ဦးပညာဒ---ပြောခဲ့သည်မှာ ထိုမှုခင်းဖြစ်ပွားခဲ့သည့်နေ့တွင် နော်ဘ---နှင့် အခြား မယ်သီလရှင်အကြီးတစ်ပါးတို့သည် သူတို့၏ဒကာတစ်ဦး၏အိမ်တွင် လက်ဖက်ရည်သွားသောက်ခဲ့ပြီး နောက် ဘုန်းကြီးကျောင်းသို့ပြန်လာခဲ့သည်။ ညနေ (၆) နာရီဝန်းကျင် သူတို့နှစ်ပါးလုံးသည် လမ်းဘေးရှိ အလှူခံမဏ္ဍပ်တွင်ရှိနေချိန်တွင် ဆရာတော်မှ သူတို့ကို ဘုန်းကြီးကျောင်းဘုရားခန်းတွင် တရားခွေဖွင့်ရန် ခိုင်းခဲ့ပါသည်။ မယ်သီလရှင်အကြီးတစ်ပါးမှာ အလှူခံမဏ္ဍပ်တွင် ကျန်နေခဲ့ပြီး နော်ဘ---မှာ ဘုန်းကြီး ကျောင်းဘုရားခန်းသို့သွားခဲ့သည်။ 
    

မှဲ့ကြီးမှာ နော်ဘ---ဘုန်းကြီးကျောင်းဘုရားခန်းတွင် ရှိနေခဲ့ချိန်တွင် သွားခေါ်ခဲ့သည်။ ဆရာတော်မှ သူမ တို့အား မှောင်နေချိန်တွင် အပြင်မထွက်ခိုင်းကြောင်း သူ့ကို သူမမှ ပြန်လည်ဖြေဆိုခဲ့သည်။ ထို့နောက် မှဲ့ ကြီးသည် ဘုန်းကြီးကျောင်းဘုရားခန်းထဲသို့ဝင်ရောက်သွားခဲ့ပြီး သူမ၏ပါးစပ်ကို သူ၏လက်ဖြင့် ပိတ်ထား ခဲ့ပြီး သူမကို ဘုန်းကြီးကျောင်းအနောက်ဘက်သို့ (လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအတွက်) ဆွဲခေါ်သွားခဲ့ သည်။ မယ်သီလရှင်အကြီးတစ်ပါးမှ နော်ဘ---အား မှဲ့ကြီး ဆွဲခေါ်သွားသည်ကို တွေ့မြင်ခဲ့သော်လည်း ဘာ ကြောင့်ဆွဲခေါ်သွားသည်ကို မသိခဲ့ပေ။ 

 

သူမ (မယ်သီလအကြီးတစ်ပါး)မှ သူမမြင်တွေ့ခဲ့သည့်အရာကို ဆရာတော်ထံသို့ တင်ပြခဲ့သည်။ (ပထမတွင် ဆရာတော်မှ နော်ဘ--- ပြန်ပေးဆွဲခံရသည်ဟုသာ ထင်ခဲ့သည်)။ ဆရာတော်မှ အလှူခံမဏ္ဍပ်အနီးတွင် နေထိုင်သည့် ဒေသခံနှစ်ဦးအား နော်ဘ---ကို ရှာခိုင်းခဲ့သည်။ ၎င်းတို့သည် ဘုန်းကြီးကျောင်းအနီးတွင် ရှာ ဖွေ၍ သူမ၏နာမည်ကို အော်ခေါ်ခဲ့ချိန်တွင် မှဲ့ကြီးမှ ထွက်ပြေးခဲ့သည်။ ၎င်းတို့မှ သူမအား ရှာတွေ့ခဲ့ချိန်တွင် မှဲ့ကြီးမှ သူမကို လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုအား ကျူးလွန်ခဲ့ပြီးဖြစ်ပြီး သူမမှာ အနာတရနှင့် ကျန်နေခဲ့သည်။ မှုခင်းဖြစ်ပွားခဲ့သည့်အချိန်တွင် မှဲ့ကြီးမှ မူးယစ်ဆေးဝါးသုံးဆွဲပြီးခဲ့သည့်အချိန်ဖြစ်သည်ဟု ဒေသခံများက တင်ပြခြင်းခဲ့သည်။ မူးယစ်ဆေးဝါး (ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှု) များသည် BGF စစ်သားများအကြားတွင် တွင်ကျယ်သည်ဟု ဒေသခံအချို့မှ သတိပြုကြသည်။ 

 

ထိခိုက်နစ်နာသူကို ရှာမတွေ့ခင်တွင် ဆရာတော်မှ နောက်ထပ် ရွာသားတစ်ဦးဖြစ်သည့် စောဟ---ကို ဘောကျိုထာတံတားအနီးရှိ BGF စခန်းတွင် မှဲ့ကြီးရှိမရှိကို အခြားစစ်သားများထံ သွားရောက်မေးမြန်းခိုင်း ခဲ့သည်။ ၎င်းတို့သည် မှဲ့ကြီးအား ရှာမတွေ့ခဲ့ပေ။ တပ်စုမှူး ဗိုလ်မဲစီမှ (လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြားသိခဲ့ရပြီးနောက်ပိုင်းတွင်) နော်ဘ---ကို ဖာပွန်မြို့ရှိ ကုတင်တစ်ရာဆေးရုံသို့ ပို့ဆောင်ရန် စောဟ---အား ပိုက်ဆံ (၅၀၀၀၀) ကျပ်ကို ပေးခဲ့သည်။ 

 

ထိခိုက်နစ်နာသူ၏ ဆေးဖိုးဝါးခနှင့် စားသောက်စရိတ်များအတွက် လျော်ကြေးငွေပေးခဲ့ခြင်းမရှိပေ။ သို့ သော် ပြစ်မှုကျူးလွန်ခဲ့သူ၏မိခင်မှ ထိုကုန်ကျစရိတ်များကို ပေးခဲ့သည်။ ထိခိုက်နစ်နာသူကို ဖာပွန်ဆေးရုံ သို့ ဇွန်လ ၁၀ ရက်နေ့တွင် ပို့ဆောင်ခဲ့သည်။ သူမသည် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ဆေးရုံဆင်း ခဲ့ရ ပြီးသည့်နောက်ပိုင်းတွင် ဘုန်းကြီးကျောင်းသို့ပြန်လာခဲ့သည်။ သူမသည် ယခုအချိန်တွင် တစ်ပတ်တစ် ခါ ဆေးရုံသို့ သွားရပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူရပါသည်။ 

 

နော်ဘ---၏ မိခင်ပြောခဲ့သည်မှာ "ကျွန်မသမီးနဲ့ပတ်သက်ပြီး ဘာတွေဖြစ်ပွားခဲ့လဲဆိုတာ ပြောဖို့တောင် ကြောက်နေတယ်။ သူမရဲ့မအင်္ဂါက တော်တော်လေးကို ထိခိုက်ခဲ့တယ်။ သူအဲလောက်ဆိုးဆိုးဝါးဝါးမခံစား ခဲ့ရရင် ဆေးရုံတက်ရဖို့ မလိုဘူး။" အမှုအားလုံးဖြေရှင်းပြီးသွားရင် သူမ၏သမီးအား သူမ၏ရွာသို့ ပြန်လည် ခေါ်ဆောင်သွားမည်ဖြစ်သည်။ 

 

ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် မှဲ့ကြီးကို အခြား BGF စစ်သားများမှ နိုဂဲထာလမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ အပ်နှံခဲ့သည်။ ယခုအချိန်တွင် သူ့ကို ဖာပွန်ဗဟိုရဲစခန်း အချုပ်ထဲ တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ခံနေရသည်။ 

 

KHRG သတင်းမှတ်တမ်းပြုစုသူထံမှ နောက်ဆုံးရရှိခဲ့သည့် သတင်းအရ (၂၀၂ဝခုနှစ်၊ ဇူလိုင်လ၊ ၃၁ရက်) -  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရွာတွင် မှုခင်းနှင့်ပတ်သတ်သည့် စုံစမ်းစစ်ဆေးမှုကို နှစ်ကြိမ်လာရောက် ပြုလုပ်ခဲ့ပြီး မျက်မြင်သက်သေများ၏ ပြောကြားချက်များကို ကြားနာခဲ့သည်။ သို့သော် ဘုန်းကြီးကျောင်းရှိ ဦးဇင်းဖ---မှ ထိုအမှုဆောင်ရွက်မှုှတွင် ပါဝင်ခဲ့ပြီး ထိုစုံစမ်းစစ်ဆေးမှုသည် နှောင့်နှေးနေကြောင်းပြောခဲ့သည်။ သူသည် ထိခိုက်နစ်နာသူ၏မိခင်နှင့်အတူ ရဲစခန်းသို့ ငါးကြိမ်တိုင်တိုင် သွားရောက်ခဲ့ရပြီးဖြစ်သော်လည်း ၎င်းတို့အား မျက်မြင်သက်သေများကို ထပ်ခေါ်ဆောင်လာစေခဲ့သည်။ 

 

သို့သော်လည်း ဦးဇင်းမှ သူကိုယ်တိုင် ထိခိုက်နစ်နာသူ၏မိခင်နှင့် အခြားမျက်မြင်သက်သေများအတွက် ခရီးသွားလာသည့်ကုန်ကျစရိတ်များကို ပေးရန်မတတ်နိုင်တော့ပေ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရှေ့ဆက်တာဝန် ဖြေရှင်းမှုမရှိခြင်း သို့မဟုတ် တရားရုံးသို့ အမှုလွှဲပြောင်းပေးခြင်းမရှိသည့်အတွက် ဦးဇင်းနှင့် ထိခိုက်နစ်နာ သူ၏မိခင် နှစ်ဦးစလုံးမှ ရဲစခန်းသို့သွားရောက်ခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည်။ ဦးဇင်းမှ ဤအမှုအား BGF သို့မဟုတ် KNU ထံသို့ လွှဲပြောင်းစေလိုသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည်  ပြစ်မှုကျူးလွန် ခဲ့သူအား ပို၍မြန်မြန်ဆန်ဆန်တာဝန်ယူအပြစ်ပေးမည်ဟု ဦးဇင်းမှ ယုံကြည်သောကြောင့်ဖြစ်သည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။
ထိခိုက်နစ်နာသူ၏မိခင်မှ ဤအကြောင်းအရာကို အသုံးပြုရန် KHRG အား ခွင့်ပြုချက်ပေးခဲ့သည်။ 
Fri, 31 Jul 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၀ ခုနှစ် ဇွန်လတွင်ရရှိသော အကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ် ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်