Thu, 04 Jun 2020
အပြည်ပြည်ဆိုင်ရာအကြမ်းဖက်ခံရသောအပြစ်မဲ့ကလေးများနေ့

    

 

၂၀၂၀ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့

လက်နက်ကိုင်ပဋိပက္ခဒဏ် ခံရတဲ့ကလေးတွေအတွက် လူတိုင်းမှာတာဝန်ရှိတယ်။ ဒါ့အပြင် ဒီကိစ္စဟာ လူတိုင်း အတွက် စိုးရိမ်စရာဖြစ်သင့်တယ်။

ဂရာကာ မိုက်ကယ် မင်ဒဲလား, ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကျွမ်းကျင်ပညာရှင်

ယနေ့သည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်ခံရသော အပြစ်မဲ့ကလေးများနေ့ ဖြစ်ပြီး ဤနေ့သည် ကလေးများ အပေါ်ဆိုးရွားသော သက်ရောက်မှုများရှိစေသည့် ပဋိပက္ခများအား သတိမူစေရန်ရည်ရွယ်ပါသည်။ ပဋိပက္ခများ ဖြစ်ပွားသောအချိန်တွင် ကလေးများသည် ထိခိုက်ခံရအလွယ်ဆုံးသောသူများဖြစ်ကြပြီး ၎င်းတို့သည် ကျူးလွန်မှု များကို ခုခံကာကွယ်နိုင်စွမ်းနှင့် ဆန့်ကျင်နိုင်စွမ်း မရှိသော သူများဖြစ်ကြသည်။ ကလေးများသည် မိမိတို့၏ ဘေးပတ် ဝန်းကျင်တွင်ရှိသော သူများအပေါ်တွင် မှီခိုနေရပြီး ၎င်းတို့၏အခွင့်အရေးများ လေးစားခံရမှုသည်လည်း ထိုပတ်ဝန်းကျင်အပေါ်တွင်မူတည်သည်။ ကလေးများသည် ပဋိပက္ခဖြစ်ပွားသောအချိန်တွင် ၎င်းတို့၏အခွင့် အရေးများ ဥပေက္ခာပြုခံရလေ့ရှိသည်။

ပဋိပက္ခဖြစ်ပွားသောအချိန်တွင် ကလေးများသည် စာသင်ကျောင်းကိုထားခဲ့ရပြီး ပညာရေးကိုလည်း စွန့်လွှတ်ခဲ့ ကြသည်။ အခြေခံလိုအပ်ချက်များဖြစ်သော ခိုလှုံရာ၊ သောက်ရေနှင့် စားစရာများ ရရှိရန် အခက်အခဲများနှင့် ရုန်းကန်နေကြရသည်။ ကလေးများသည် ပဋိပက္ခပြင်းထန်လာသောအချိန်တွင် နေအိမ်စွန့်ခွာရခြင်း၊ မိသားစုဝင် များဆုံးရှုံးရခြင်းနှင့်အတူ လက်နက်ကိုင်များအဖြစ် အတင်းအဓမ္မ သွတ်သွင်းခံကြရသည်။ ကလေးများသည် ရက်စက်ကြမ်းကြုတ်မှုများကို တွေ့ကြုံခံစားရပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ တိုက်ခိုက်မှုနှင့် အခြားသောနာကျင်မှုများကို ခံစားကြရသည်။ ပဋိပက္ခအတွင်း ကလေးများ ရင်ဆိုင်ခံစားရသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများသည် မတွေးရက်စရာ ဖြစ်ရပ်များ ဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း ထိုကဲ့သို့ပင်ဖြစ်ပြီး[1] ၂၀၁၉ ခုနှစ်တွင် ပဋိပက္ခနှင့်သဘာဝဘေးဒဏ်ကြောင့် ကလေး (၄၆၀,၀၀၀) ခန့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များလိုအပ်ခဲ့ပြီး (၅၅) ရာခိုင်နှုန်းသောကလေးများမှာ ဝင်ငွေချို့တဲ့မှုအောက်တွင် အသက်ရှင်နေထိုင်ကြရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတစ်ခု အရ ၂၀၁၉ ခုနှစ်အတွင်း ကလေးစစ်သားစုဆောင်းမှု (၁၁၄) မှု၊ ကလေးများကိုသတ်ဖြတ်မှု (၅၅) မှု၊ စာသင် ကျောင်းများကို တိုက်ခိုက်မှု (၅) မှု နှင့် ကလေးများအခိုးခံရမှု (၉) မှုတို့ရှိခဲ့သည်။[2]

နိုင်ငံတကာသို့ မည်သို့ပင်တင်ပြစေကာမူ မြန်မာနိုင်ငံသည် ပဋိပက္ခအတွင်းတွင် ရှိနေဆဲဖြစ်ပြီး ပဋိပက္ခအတွင်း ပါဝင် ပတ်သက်သူအားလုံးမှ ကလေးများကာကွယ်စောင့်ရှောက်ရေးကို တာဝန်ခံရမည်ဖြစ်သည်။ ကရင်လူ့အခွင့် အရေးအဖွဲ့မှ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ကလေးများအားကာကွယ်စောင့်ရှောက်ရေး ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းအပ်ပါသည်။ ကလေးများသည် ဆင်းရဲဒုက္ခနာကျင်ခံစားရမှုများနှင့် ကင်းဝေးပြီး ကျန်းမာပျော်ရွင်သော ဘဝများကို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် အခွင့်အရေးများ ဖန်တီးပေးနိုင်ရန် အားလုံးမှ ပူပေါင်းလုပ်ဆောင်ရန် လိုအပ်ပါသည်။ ကလေးများကို ကာကွယ်စောင့်ရှောက်ရန်၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ကို မြှင့်တင်ရန် ကလေးအခွင့်အရေးချိုးဖောက်မှုများ အပေါ်တွင် တာဝန်ယူမှု တာဝန်ခံမှုများရှိလာစေရန် များစွာ ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သည်။

 

Thu, 04 Jun 2020

Footnotes: 

[1] For more information read KHRG (2008) Growing up under militarisation: Abuse and agency of children in Karen State

[2] General Assembly, (2019) Children and armed conflict, Report of the Secretary- General A/73/907–S/2019/509

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်