Fri, 26 Jun 2020
အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့

     

၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့

ကရင်လူ့အခွင့်အရေးအဖွဲ့မှ ကမ္ဘာတစ်ဝှမ်းလုံးရှိ ညှဉ်းပန်းနှိပ်စက်ခံရသူများကြုံတွေ့ရသည့် နာကျင်ခံစားရမှုများ အပေါ် ယနေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့တွင် အထိမ်းအမှတ်ပြုအပ်ပါသည်။ သတင်းအချက်အလက်ရယူလိုသည့်ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း၊ ရက်စက်ကြမ်းကြုတ်လိုသည့်ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း တစ်စုံတစ်ဦးအားရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ နာကျင်ခံစားရအောင်ပြုမူပါက ညှဉ်းပန်းနှိပ်စက်ရာရောက်ပါသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းကို မပြု လုပ်ရန် နိုင်ငံတစ်ကာသဘောတူစာချုပ်တွင်လက်မှတ်ရေးထိုးပြီး ကမ္ဘာတစ်ဝှမ်းလုံးမှတားဆီးကာကွယ်နေကြ သည့်တိုင် လူတစ်ဦး၏ဂုဏ်သိက္ခာကိုထိခိုက်စေသည့် ညှဉ်းပန်းနှိပ်စက်ခြင်းများသည် ဆက်လက်ဖြစ်ပွားနေ ဆဲဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်ခံရသူများအနေဖြင့် ယခုအချိန်တွင် ကိုယ်စိတ်ချမ်းသာစွာဖြင့် ဆက်လက်ရှင်သန် နေပြီး နောင်အနာဂါတ်တွင် ထိုကဲ့သို့ညှဉ်းပန်းနှိပ်စက်ခြင်းမျိုး မကြုံတွေ့ခံစားရအောင် ကရင်လူ့အခွင့်အရေးအဖွဲ့ မှမျှော်လင့်ပါသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားစဉ်အတွင်း လက်နက်ကိုင်အဖွဲ့များမှ ညှဉ်းပန်းနှိပ်စက်မှုများကို စနစ်တစ်ကျ သမိုင်းတစ်လျောက်တွင် ကြာမြင့်စွာအသုံးပြုလာခဲ့ကြပါသည်။ ယခင်က တပ်မတော်မှအရပ်သားများကိုပစ်မှတ် ထား၍လက်နက်ကိုင်အဖွဲ့အစည်းများအား ထောက်ပံ့ပေးခဲ့သည်ဟူသည့်ယူဆချက်ဖြင့် “ဖြတ်လေးဖြတ်နည်းဗျူ ဟာ” ကိုကျင့်သုံးခဲ့ပါသည်။ အမှန်မှာ၊ တပ်မတော်မှ ကရင်ပြည်သူလူထုအားလုံးတို့အား ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ရလာဒ်အားဖြင့် ကရင်ပြည်သူလူထုများသည်လူသားမဆန်စွာနှင့် သိက္ခာမဲ့စွာဆက်ဆံခံခဲ့ကြရပါသည်။

တပ်မတော်၏ ကရင်ပြည်သူလူထုများအပေါ် ဆန့်ကျင်ကာ ညှဉ်းပန်းနှိမ်စက်ကျူးလွန်မှုနှုန်းသည် ကျဆင်းလာ ခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့များမှ ထိုကဲ့သို့သော ညှဉ်းပန်းနှိမ်စက်မှုများအား ရွာသားများကို ဖမ်းဆီးချိန် တွင် ဆက်လက်ကျင့်သုံး လာနေကြဆဲပင်ဖြစ်ပါသည်။ ညှဉ်းပန်းနှိမ်စက်မှုအား ပဋိပက္ခဖြစ်ပွားစဉ်အတွင်း သမိုင်း တစ်လျောက် ကြာမြင့်စွာကျင့်သုံးလာခဲ့ကြသောကြောင့် ယနေ့လက်လက်အချိန်တွင် စစ်ဆေးမေးမြန်းခြင်းနှင့် အပြစ်ပေးခြင်းနှစ်ခုစလုံးအတွက် ညှဉ်းပန်းနှိမ်စက်မှုကို တရားဝင်ကိရိယာတစ်ခုအဖြစ် လက်နက်ကိုင်အဖွဲ့အများ စုမှ ယူဆလျက်ရှိပါသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း ကရင်ပြည်နယ်၌ ညှဉ်း ပန်းနှိပ်စက်မှုများကို ကျူးလွန်ခြင်းလုပ်ရပ်များလျော့နည်းလာခဲ့သော်လည်း မြန်မာပြည်၏အခြားသောဒေသများ ၌ ညှဉ်းပန်းနှိပ်စက်မှုလုပ်ရပ်များကို ကျယ်ပြန့်စွာ ဆက်လက်အသုံးပြုနေကြဆဲပင်ဖြစ်ပါသည်။ ညှဉ်းပန်းနှိပ်စက် မှုလုပ်ရပ်ကို ကြာရှည်စွာကျူးလွန်နေခြင်းအပေါ် တရားမျှတမှုနှင့် တာဝန်ယူမှု၊တာဝန်ခံမှုမရှိခြင်းသည် တပ်မ တော်အား ထိုလုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခြင်းနှင့်အတူ ဆက်လက်ကျူးလွန်ရန် တွန်းအားဖြစ်စေပါသည်။ ရလာဒ်အနေဖြင့် ၎င်းတို့သည် တိုင်းရင်းသားဒေသများ၌ရှိသည့် အရပ်သားများအား ပစ်မှတ်ထား၍ ထိုလုပ်ရပ် များအား ဆက်လက်ကျုးလွန်နေခဲ့ပါသည်။ မကြာသေးမှီက တပ်မတော်သည် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူသားမ ဆန်သည့်လုပ်ရပ်များ အသုံးပြုခြင်းအပါအဝင် ရိုဟင်ဂျာလူမျိုးများအပေါ် ပစ်မှတ်ထား၍ တရားလက်လွတ် တိုက်ခိုက်ခဲ့ပါသည်။ ကျွန်ုပ်တို့နိုင်ငံ၌ ဖြစ်ပေါ်နေသည့် ညှဉ်းပန်းနှိပ်စက်မှုလုပ်ရပ်များကို ဆက်လက်၍ တိုက်ခိုက်ဆန့်ကျင်သွားမည်ဖြစ်သည့်အတွက်ကြောင့် ကရင်လူ့အခွင့်အရေးအဖွဲ့သည် မြန်မာပြည်တွင်ရှိသည့် တိုင်းရင်းသားလူမျိုးများအားလုံးနှင့်အတူ ရပ်တည်ပါသည်။ 

သူတစ်ပါးလက်အောက်မှ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားနေကြရသည့်သူများအတွက် တရားမျှတမှုရရှိရန် ကရင်လူ့အခွင့်အရေးအဖွဲ့မှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ တရားမျှတမှုမရှိဘဲ ထိုကဲ့သိုပြစ်မှုအား ကျုးလွန်ချိုး ဖောက်မှုများသည် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး ငြိမ်းချမ်းမှုလည်း ရရှိနိုင်မည်မဟုတ်ပေ။ အတိတ်မှ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကိုခံစားနေရသူများအား ကူညီအားပေးရန်နှင့် အနာဂတ်၌ ၎င်းလုပ်ရပ်မျိုးတို့အား ခံစား ရသူမရှိလေအောင် ကျွန်ုပ်တို့အားလုံး အတူတကွ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပါသည်။

Fri, 26 Jun 2020

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်