Fri, 06 Mar 2020
မူတြော် ခရိုင် မှုခင်းဆိုင်ရာမှတ်တမ်းလွှာ : ဒွယ်လိုးမြို့နယ်တွင် တပ်မတော်စစ်သားများမှ ရွာသားတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် နှိပ်စက်မှု၊ ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  တပ်မတော်စစ်သားများမှ အ---ကျေးရွာ၊ ဒွယ်လိုးမြို့နယ်၊ မူတြော်(ဖာပွန်) ကျေးရွာရှိ ရွာသားတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ထိန်းသိမ်းချုပ်နှောင်ထားမှုများအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KNLA) နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွား ပြီးသည့်နောက်ပိုင်း ဖြစ်ပွားခဲ့သည်။ ထိုရွာသားမှာ စကားမပြောရန် သို့မဟုတ် စစ်သားများအား မကြည့်ရန် ခြိမ်းခြောက် ခံရသည့်အတွက် အကူအညီ အော်ဟစ် မတောင်းခံခဲ့ရဘဲ ကျူးလွန်သူများ၏မျက်နှာကိုလည်း မတွေ့ခဲ့ရပေ။ ထိခိုက်ခံခဲ့ ရသူ၏ မျက်နှာ၊ လည်ပင်းနှင့် ရင်ဘတ်များတွင် ဒဏ်ရာများရရှိခဲ့ပြီး၊ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူရန်ပင် မတတ်နိုင်ပေ။  

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

တပ်မတော်စစ်သားများမှ ရွာသားတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် နှိပ်စက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

အ---ကျေးရွာ၊ လေးဖိုးထကျေးရွာအုပ်စု၊ ဒွယ်လိုးမြို့နယ်၊ မူတြော်ခရိုင်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောယ---

အသက်

၃၂ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

ရှိ

အလုပ်အကိုင်

လယ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

အ---ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

နောင်ထွန်း

ဗိုလ်မှူး

စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ်(၈)၊ ခြေမြန်တပ်ရင်း (ခမရ) (၄၀၈)

မောလိုကလိုးစစ်တပ် (စခန်း)၊ ကမမောင်း စကခ စစ်တပ် (၁)

ဒုဗိုလ်မှူးကြီး အောင်နိုင်ထွန်းနှင့် ဗိုလ်မှူးကြီး အောင်အောင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KNLA တပ်ရင်း အမှတ် (၁၀၂)၊ တပ်ခွဲ အမှတ် (၃)၊ တပ်ရင်းမှူး စောဒ---မှ ကရင်လူ့အခွင့်အရေး (KHRG) ကွင်းဆင်းလုပ်သားတစ်ဦးအား မှုခင်းဖြစ်ပွားပြီးနောက်တစ်ရက်နံနက်တွင် မှုခင်းအကြောင်းအရင်းအား ဆက်သွယ်အသိပေးအကြောင်းကြားခဲ့သည်။ ကွင်းဆင်းလုပ်သားမှာ ထိခိုက်ခံရသူ စောယ---ကို ထိုအကြောင်းအရာအလုုံးစုံနှင့် ပတ်သတ်သည့်အရာများအား တွေ့ဆုံမေးမြန်းခဲ့သည်။ ထိခိုက်ခံခဲ့ရသူမှာ ကျူးလွန်သူများကို မပြောပြနိုင်ခဲ့ပေ၊ (အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် သူတို့၏မျက်နှာကို မကြည့်နိုင်ရန် သူ၏ဦးခေါင်းအား သေနတ်ဖြင့် ချိန်ရွယ်ထားခဲ့သည်)။ KHRG မှ ကွင်းဆင်လုပ်သားအား ဒေသခံ KNLA တပ်ရင်းမှူးမှ မှုခင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သော တပ်မတော် တပ်ရင်းအကြောင်းအရင်းအား ရရှိရန် ပြောပြခဲ့သည်။ ထိုကွင်းဆင်းလုပ်သားမှာ မှုခင်းဖြစ်ပွားခဲ့ချိန်အတွင်းကျေးရွာတွင်ရှိပြီး ထိခိုက်ခံရသူ အား ကူညီခဲ့သည့် အ---ကျေးရွာရှိ ဒေသခံရွာလူကြီး စောဂ---အား တွေ့ဆုံမေးမြန်းခဲ့သည်။ ထိခိုက်ခံခဲ့ ရသူအား ထိုနေ့တွင် ကူညီခဲ့သောပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ဝန်ထမ်းတစ်ဦးဖြစ်သည့် စောဟ---ကိုလည်း ဖုန်းဖြင့် မေးမြန်းခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

အခြေခံသတင်းအရင်းအမြစ်ဖြစ်သည့် စောယ---သည် ဤမှုခင်းအား ကိုယ်တွေ့ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ JMC ဝန်ထမ်းတစ်ဦးဖြစ်သည့် စောဟ---အား ထိုမှုခင်းဖြစ်ပွားခဲ့ပြီးနောက် ရွာသို့အခေါ်ခံခဲ့ရသည်။ ထိုဝန်ထမ်းသည် တပ်မတော်စစ်တပ်ဖမ်းဆီးထားသည့် ထိခိုက်ခံခဲ့ရသူအား လွှတ်ပေးရန် ကူညီခဲ့သည်။ ကျေးရွာလူကြီး စောဂ---သည် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်၊ JMC ဝန်ထမ်းအား တပ်မတော်စစ်သားများ၏ ဖမ်းဆီးထိန်းချုပ်ခံခဲ့ရပြီး ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် စောယ---အကြောင်းကို အသိပေး အကြောင်းကြားခဲ့သည်။ KNLA တပ်ရင်းမှူးဖြစ်သည့် စောဒ---သည် ထိုနေ့အစောပိုင်းတွင် တပ်မတော် နှင့်တိုက်ပွဲဖြစ်စဉ်တွင် ပါဝင်ခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် (၁၀) အချိန်၊ အ---ကျေးရွာ၊ လေးဖိုးထကျေးရွာအုပ်စု၊ ဒွယ်လိုး မြို့နယ်၊ မူတြော်ခရိုင်တွင် တပ်မတော် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၈) နှင့် KNLA တပ်ရင်း အမှတ် (၁၀၂)၊ တပ်ခွဲ အမှတ်(၃) အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားခဲ့ရခြင်း၏ အခြေခံအကြောင်း ရင်းမှာ တပ်မတော် ခမရ (၄၀၈)မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ကန့်သတ်နယ်မြေ အတွင်း ကိုက် (၅၀)ကျော်သို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ တပ်မတော်စစ်သားများသည် ကျေးရွာလူကြီးအား ကြိုတင်ဆက်သွယ်အသိပေးမှုမရှိခဲ့ခြင်းနှင့် KNU ကန့်သတ်နယ်မြေတွင်းသို့ လက်နက် များဖြင့်ပင် ဝင်ရောက်ခဲ့သည်ဟု ရွာသားများမှ ပြောကြားခဲ့သည်။ ထို့နောက် တိုက်ပွဲဖြစ်ရခြင်း၏ အ ကြောင်းရင်းမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အား ချိုးဖောက်ခဲ့ခြင်း ကြောင့်ဖြစ်သည်ဟု ၎င်းတို့မှ ဆက်လက်ပြောကြားခဲ့သည်။

 

ဒေသခံရွာသားတစ်ဦးဖြစ်သော စောယ---မှ တိုက်ပွဲဖြစ်ပွားသည့် အသံကို ကြားခဲ့ပြီးနောက် ကြောက်ရွံ့ပြီး ရွာ နောက်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ စောယ---၏ ပြောကြားချက်အရ တပ်မတော် စစ်သားများမှ ၎င်းကို နံနက် (၁၁)အချိန်တွင် ဖမ်းဆီးခဲ့ပြီး ၎င်း၏ မျက်နှာ (ပါးနှစ်ဖက်)ကို ထိုးကြိတ်ခဲ့သည်။ ထို့နောက် တပ်မတော်စစ်သားများမှ ၎င်းအား မြေပြင်ပေါ်တွင် ဆွဲချခဲ့ပြီး ၎င်း၏ ဦးခေါင်းနှစ်ဖက်လုံးကို သေနတ်ဖြင့် ချိန်ရွယ်ထားခဲ့သည်။ ၎င်းအား စစ်ဖိနပ်ဖြင့် နှစ်ကြိမ်ကန်ခဲ့ပြီး သေနတ်ဖြင့် တစ်ကြိမ် ရိုက်နှက် ခဲ့သည်။ ကျေးရွာလူ ကြီးအား ဆက်သွယ်ရန် နှင့် စကားပြောရန်လည်း ခွင့်မပြုခဲ့ပါ။

 

စောယ---မှ သုံးနာရီကြာ ဖမ်းဆီးခံခဲ့ရပြီး ထိုအချိန်အတွင်း ၎င်းမှ စကားပြောရန် ကြိုးစားခဲ့လျှင် အကြိမ် ပေါင်းများစွာ ဆက်တိုက်ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ တပ်မတော်စစ်သားများမှ ၎င်းကို မူးနှောက်ခဲ့သည့် အထိ ရိုက်နှက်ခဲ့ခြင်းကြောင့် ၎င်း၏ဦးခေါင်း၊ လည်ပင်းနှင့် ရင်ဘတ်များတွင် ဒဏ်ရာများရရှိခဲ့သည်။ စောယ---မှ သေနတ်ဖြင့် တစ်ချိန်လုံး ချိန်ရွယ်ခြင်းကိုခံခဲ့ရသည်။ ၎င်းမှ၊ "ရွာသားနှစ်ဦးကို သေနတ်နဲ့ ပစ်တဲ့အချိန်မှာ၊ တပ်မတော်စစ်သားတွေက လက်နက်ခဲယမ်းတွေကို သွားရောက်သယ်ယူကြရတယ်။ တပ်မတော်စစ်သားတစ်ဦးကတော့ လက်နက်သွားရောက်သယ်ယူတဲ့အချိန်မှာ အခြားစစ်သားတစ်ဦးက ကျွန်တော်အတူရှိနေခဲ့တယ်။ အဲ့ဒီစစ်သားတစ်ဦးကကျွန်တော့ရဲ့ မျက်နှာကို သေနတ်နဲ့ ချိန်ရွယ်နေဆဲပဲ" ဟုပြောခဲ့သည်။

 

နေ့လည် ၂ နာရီတွင် JMC တွင်အလုပ်လုပ်သော စောဟ---သည် ထိုနေ့တွင် အ---ကျေးရွာမှ တပ်မတော် စစ်သားများ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရသည့် ရွာသားနှစ်ဦးအား ဆေးရုံသို့ပို့ဆောင်ရန် သွားရောက်ခဲ့သည်။ ထိုအချိန်တွင် ဒေသခံကျေးရွာလူကြီး စောဂ---မှ တပ်မတော်စစ်သားများ၏ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ရိုက်နှက်ခြင်းကို ခံရသည့် အခြားရွာသားတစ်ဦး (စောယ---)ရှိသည်ဟု စောဟ---အား ပြောပြခဲ့သည်။ စောဟ---မှ ဤအကြောင်းအရာအား သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တပ်မတော်စစ်သားများမှ စောယ---အား ဖမ်းဆီးထားသည်ကို သိရှိခဲ့သည်။ စောဟ---မှ တပ်မတော်စစ်သားများအား စောယ---သည် သာမန်ရွာသားတစ်ဦးသာဖြစ်ကြောင်း ပြောခဲ့သည့်အတွက် ၎င်း(စောယ---)အား လွတ်ပေးခဲ့သည်။

 

စောယ---သည် ၎င်းအားမည်သူမည်ဝါရိုက်နှက်ခဲ့သည်ကို မသိရှိခဲ့ပါ။ သို့သော် တပ်မတော်စစ်သား ဖြစ်သည်ကို သူသိခဲ့သည်။ ထို JMC ဝန်ထမ်း စောဟ---မှ မည်သူမည်ဝါဖြစ်ကြောင်းသိမည်ဟု စောယ---ယုံကြည်နေသည်။ KNLA တပ်ရင်းအမှတ် (၁၀၂)၊ တပ်ခွဲအမှတ် (၃) တပ်ခွဲမှူး စောဒ---မှ ဤတပ်မတော် စစ်သားများသည် ခမရ အမှတ်(၄၀၈)၊ မောလိုကလိုးတွင် အခြေစိုက်သည့် စစ်တပ်မှ စစ်သားများဖြစ် ကြောင်း KHRG ကွင်းဆင်းလုပ်သားအားပြောပြခဲ့သည်။ (နောင်ထွန်းသည် အ---ကျေးရွာတွင် တာဝန်ကျ သော ဒုတပ်ရင်းမှူးဖြစ်ပြီး ခမရ အမှတ် (၄၀၈) ကျူးလွန်ခဲ့သော အမှုများအား တာဝန်ယူဆောင်ရွက်ရန် ဖြစ်သည်)။

 

စောယ---နှင့် တွေ့ဆုံမေးမြန်းစဉ် (အမှုဖြစ်ပြီးလေးရက်မြောက်နေ့)တွင် ထိုးကြိတ်ခံခဲ့ရသော ၎င်း၏မျက်နှာ မှာ ယောင်လျှက်ပင်ရှိနေသေးသည်။ ၎င်း၏ အနာများအား ဆေးရုံတွင် သွားရောက်ပြသရန် ပိုက်ဆံ လုံလုံ လောက်လောက်မရှိပေ။ 

 

ယခုအချိန်တွင် ရွာသားများအား ဤကဲ့သို့သော မှုခင်းများမှ ကူညီစောင့်ရှောက်နိုင်သည့် ကျေးလက်စွမ်း ရည်မြှင့်တင်ရေးနည်းဗျူဟာများမရှိသေးပေ။ ထို့ကြောင့် ရွာလူကြီးစောဂ---မှ ကြောက်ရွံ့နေရပြီး အခြား နေရာသို့ ထွက်ပြေးတိမ်းရှောင်ရမည်လား သို့မဟုတ် ၎င်း၏ရာထူးမှနုတ်ထွက်ရမည်လား ဝေခွဲမရ ဖြစ်နေ သည်။ (ဤကဲ့ သို့သော ဖြစ်စဉ်သည် ၂၀၁၇ ခုနှစ်တွင် တစ်ခါဖြစ်ပွားခဲ့သည်)။ အထက်အရာရှိများမှ ဤအမှုအားတာဝန်ယူ ဖြေရှင်းခြင်းမရှိလျှင် ၎င်း၏ ရာထူးမှ နုတ်ထွက်မည်ဟု ထိုရွာလူကြီးမှ ပြောခဲ့သေးသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ထိခိုက်ခံခဲ့ရသူမှာ ဤအကြောင်းအရာအား အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့သည်။

Fri, 06 Mar 2020

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်