Thu, 06 Feb 2020
ဖာပွန်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: ဘူးသိုမြို့နယ်မှ အရွယ်မရောက်သေးဘဲ အဓမ္မလက်ထပ်ထိမ်းမြားခိုင်းခြင်း၊ သက်ငယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း၊ (၂၀၁၉ခုနှစ်၊ မေလမှ အောက်တိုဘာလအထိ)

၂၀၁၉ခုနှစ်၊ မေလအတွင်း ဘူးသိုမြို့နယ်၊ ဆ---ကျေးရွာအုပ်စု၊ ဇ---ရွာတွင်နေထိုင်သည့် ၁ရခုနှစ်အရွယ်ရှိ မိန်းကလေး ငယ်တစ်ဦးအား သူမ၏မွေးစားမိခင်မှ သူမ၏ဆန္ဒမပါဘဲ အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်လက်ထပ်ထိမ်း မြားရန် အဓမ္မခိုင်းစေခဲ့သည်။ သူမ၏မွေးစားမိခင်သည် ထိုအမျိုးသားနှင့်လက်ထပ်စေရန်အတွက် သူမအား ညှင်းပန်း နှိပ်စက်ခဲ့ပါသည်။ ၂၀၁၉ခုနှစ်၊ မေလနှင့်အောက်တိုဘာလအတွင်းတွင် အဆိုပါမိန်းကလေးသည် ထိုအမျိုးသား၏လိင် ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခြင်းကို အကြိမ်ကြိမ်ခံခဲ့ရပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ  လွတ်မြောက်ရန်အတွက် အ ကြိမ်ကြိမ်ထွက်ပြေးခဲ့ပါသည်။ သို့သော်လည်း ထွက်ပြေးသည့်အချိန်တိုင်း သူမအား အတင်းအဓမ္မပြန်လာခိုင်းစေ၍ သူမ၏အမျိုးသားနှင့် ပြန်လည်လက်ထပ်ထိမ်းမြားစေခဲ့ပါသည်။ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ၊ ၁၆ရက်နေ့တွင် သူမ၏ အမျိုးသားနှင့်ကွာရှင်းပေးရန်တောင်းဆိုထားသော်လည်း ကျေးရွာရပ်ကွက်လူကြီးများက သူမ၏တောင်းဆိုမှုကို လိုက် လျောပေးခြင်းမရှိခဲ့သည့်အပြင် သူမအား ပြန်လည်စဉ်းစားပေးရန်အတွက် အချိန်သုံးလပေးခဲ့ပါသည်။ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ၊ ၃၁ရက် နေ့တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ သူမ၏အမျိုးသားအား အောက်လမ်းပညာ အသုံးပြုသည်ဆို၍ ဖမ်းဆီးခဲ့ပါသည်။ နောက်ပိုင်းတွင် KNPF မှ ထိုမိန်းကလေးအပေါ်တွင် သူမ၏ မွေးစားမိခင်မှ အဓမ္မ လက်ထပ်ထိမ်းမြားခိုင်းခြင်းနှင့် အဆိုပါအမျိုးသား၏လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု  ကျူးလွန်ထားသည့်ကိစ္စရပ်များကို စုံစမ်းသိရှိခဲ့ရပါသည်။ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးသည့်နောက်ပိုင်း ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် KNPF မှ သူမ၏မွေးစားမိခင်အား ဖမ်းဆီးခဲ့ပါသည်။ သို့သော် နောက်ဆုံးတွင် သူမ၏မွေးစားမိခင်သည် ဒဏ်ငွေမျှသာ ပေး ဆောင်ရပြီး ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ရက်နေ့တွင် လွတ်မြောက်ခဲ့ပါသည်။ ထိုမိန်းကလေးငယ်သည် စိတ်ထိ ခိုက်နာကျင်စေသည့်ဖြစ်ရပ်များကို ကြုံတွေ့ရသောကြောင့် ယခုအချိန်တွင် သူမသည် စိတ်ဝေဒနာနှင့်ပတ်သက် သည့်ပြဿနာများကို ခံစားနေရပါသည်။ သို့သော်လည်း သူမသည် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများအား လက်ခံရရှိခြင်းလုံးဝမရှိပေ။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

အရွယ်မရောက်သေးဘဲ အဓမ္မလက်ထပ်ထိမ်းမြားခိုင်းခြင်း၊ သက်ငယ်လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း 

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၉ ခုနှစ်၊ မေလမှ အောက်တိုဘာလ

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဇ---ရွာ၊ ဆ---ကျေးရွာအုပ်စု၊ ဘူးသိုမြို့နယ်၊ ဖာပွန်မြို့နယ်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်အ---

အသက်

၁ရ နှစ်

ကျား/မ

လူမျိုး

ကရင်

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့်ဘာသာ

ခရစ်ယာန်

နေရပ် ရွာအမည်

ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဆ---ကျေးရွာအုပ်စု၊ ဇ---ရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အလုပ်အကိုင်

နေရပ်ရွာအမည်

နော်ပ

လယ်ယာ

ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဆ---ကျေးရွာအုပ်စု၊ ဇ---ရွာ

စောဖ

-

ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊  ပဟဲ့ကျေးရွာအုပ်စု၊ ခ---ရွာ 

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့၏သတင်းမှတ်တမ်းပြုစုသူတစ်ဦးမှ ရာဇဝတ်မှုကျူးလွန်ခံရသူကိုယ်တိုင်ဖြစ်သည့် နော်အ---အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။  

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာအား ပြောပြပေးသောသူသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား ကိုယ်တိုင် ကြုံတွေ့ခံစားရသူဖြစ်ပါသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၁၉ခုနှစ်၊ မေလအလယ်ပိုင်းတွင် ဘူးသိုမြို့နယ်၊ ဆ---ကျေးရွာအုပ်စု၊ ဇ---ရွာရှိ နော်အ---ဟုခေါ်သော ၁ရခုနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သူမ၏မွေးစားမိခင်ဖြစ်သူနော်ပ--မှ သူမ၏ဆန္ဒမပါဘဲ ဘူးသို မြို့နယ်၊ ခ---ကျေးရွာတွင် နေထိုင်သည့် စောဖ---ဟုခေါ်သော အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦး နှင့်လက်ထပ်ထိမ်းမြားရန် အဓမ္မခိုင်းစေခဲ့သည်။ အစပိုင်းတွင် နော်အ---သည် ထိုအမျိုးသားနှင့် လက်ထပ် ထိမ်းမြားရန်အတွက် ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် နော်ပ---သည် ထိုအမျိုးသားနှင့် လက်ထပ်စေရန်အတွက် နော်အ---အား ရိုက်နှက်၍သော်လည်းကောင်း၊ အကြိမ်ကြိမ်ရေနစ်ခိုင်းစေ၍သော် လည်းကောင်း၊ ပုပ်သိုးသွားပြီး ခွေးစာဖြစ်သည့် စားစရာများကို စားစေခြင်းဖြင့်သော်လည်းကောင်း အမျိုး မျိုး ညှင်းပန်းနှိက်စက်ခဲ့ပါသည်။ နော်အ---သည် သူမ၏မွေးစားမိဘတွေအပေါ် မှီခိုနေရပြီး နောက်ဆုံးတွင် ညှင်းပန်းနှိက်စက်မှုဒဏ်ကို မခံစားနိုင်သည့်အဆုံးတွင် သူမ၏စိတ်ဆန္ဒမရှိသော်လည်း စောဖ---နှင့်လက် ထပ်ခဲ့ပါသည်။ 

 

နော်အ---သည် စောဖ---နှင့်လက်ထပ်ယူပြီးနောက် သူမ၏မွေးစားမိခင်အိမ်တွင် နေထိုင်ခဲ့ပါသည်။ သူမ၏ အမျိုးသားသည် သူမအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပါသည်။ သူမ၏အမျိုးသားသည် သူမအား ပြည့်တန် ဆာမ (သို့) လိင်ကျွန်အဖြစ်ကဲ့သို့ ဆက်ဆံပြုမူခဲ့သည်ဟု နော်အ---မှ ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်း မှတ်တမ်းပြုစုသူတစ်ဦးအား တင်ပြခဲ့ပါသည်။ နောက်ဆုံးတွင် နော်အ---သည် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုနှင့် သူမခံစားနေရသည့်ဝေဒနာများမှ လွတ်မြောက်ရန်အတွက် သူမ၏အမအိမ်တွင် သော်လည်း ကောင်း၊ အခြားသူများ၏အိမ်တွင်သော်လည်းကောင်း ထွက်ပြေးနေထိုင်ခဲ့ပါသည်။ သို့သော် သူမ၏မွေးစား မိခင်သည် သူမအား အိမ်သို့ပြန်လာရန် ခိုင်းစေခဲ့ပြီး ၂၀၁၉ခုနှစ်၊ ဇွန်လ ၁ဝရက်နေ့တွင် ထိုအမျိုးသားနှင့် လက်ထပ်ထိမ်းမြားစေခဲ့ပြန်ပါသည်။ (အဆိုပါရပ်ရွာတွင် မိမိ၏တရားဝင်အမျိုးသားဆီမှ ထွက်ပြေးရှောင်ရှား ခြင်းသည် လင်မယားကွာရှင်းမှုအဖြစ် ယူဆကြခြင်းကြောင့်ဖြစ်သည်)။ ထို့နောက်တွင် စောဖ---သည် နောက်တစ်ကြိမ် သူမအား အဓမ္မပြုကျင့်ခဲ့ပါသည်။ ထို့ကြောင့် သူမသည် ဒုတိယအကြိမ် ထွတ်ပြေးခဲ့သည်။

 

၂၀၁၉ခုနှစ်၊ ဇွန်လ ၁၂ရက်နေ့တွင် နော်အ---သည် သူမ၏အမအိမ်တွင် တစ်ယောက်တည်းရှိနေစဉ်တွင် စောဖ---သည် သူမအား အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့သည်။ စောဖ---သည် သူမအား အတင်းအဓမ္မဆွဲယူ၍ သူမကို နမ်းခဲ့ပါသည်။ သူမ၏ရှပ်အင်္ကျီသည် ဆုတ်ပြဲသွားပြီး သူမ၏ထမီလည်း ချွတ်ကျခဲ့ပါသည်။ သူမ သည် လွတ်မြောက်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးနောက် သူမ၏ထမီအား ပြန်လည်ဆွဲယူ၍ သူမ၏ခန္ဓာ ကိုယ်အား ထမီဖြင့်ဖုံးကွယ်၍ သူမ၏မွေးစားဖခင်ဖြစ်သူ စောယ---၏တဲအိမ်ဟောင်းသို့ ထွက်ပြေးခဲ့ပါ သည်။ ထိုအဖြစ်အပျက်အား အခြားသူများက မြင်တွေ့ခဲ့သည်ကို သူမ သတိထားမိခဲ့ပါသည်။ သို့သော် သူမအား မည်သူကမှ မကူညီခဲ့ပါ။

 

နော်အ---သည် ထိုအဖြစ်အပျက်အား ဤကဲ့သို့ရှင်းပြခဲ့ပါသည်။ “ကျွန်မထင်းရှာပြီး ပြန်လာတဲ့အချိန်မှာ သူ က အိမ်မှာရောက်နေတယ်။ ဒါပေမဲ့ သူအိမ်မှာရှိတယ်ဆိုတာကို ကျွန်မ မသိခဲ့ဘူး။ ကျွန်မက အိမ်ထဲဝင်ဖို့ တံခါးဖွင့်လိုက်တဲ့အချိန်မှာ သူက ကျွန်မရဲ့လက်ကို ဖြတ်ကနဲ ဆွဲကိုင်လိုက်တယ်။ ပြီးတော့ ကျွန်မကို သူ ဆွဲကိုင်လိုက်ပြီး ကျွန်မကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မရုန်းထွက်ပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အစပိုင်းမှာ ထွက်ပြေးလို့မရခဲ့ဘူး။ ကျွန်မထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ကျွန်မရဲ့ထမီ လည်း ချွတ်ကျခဲ့တယ်။ နောက်ဆုံးမှာ ကျွန်မသူ့ဆီကနေ ရုန်းထွက်ပြီး ထွက်ပြေးနိုင်ခဲ့တယ်။ ပြီးတော့ ကျွန် မထမီကို ကောက်ယူလိုက်ပြီး ကျွန်မအဖေဆီကို ပြေးခဲ့တယ်။ အခုတော့ ဤအမှုနဲ့ပတ်သက်ပြီး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဆီက ဆုံးဖြတ်ချက်ကို စောင့်နေတယ်။”  

 

၂၀၁၉ခုနှစ်၊ ဇွန်လ ၁၆ရက်နေ့တွင် စောဖ---ကို တတိယအကြိမ် ပြန်လည်လက်ထပ်ယူရန် နော်ပ---မှ နော်အ---အား အဓမ္မခိုင်းစေခဲ့ပြန်သည်။ သို့သော်လည်း နော်အ---သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ယခင်ကဲ့သို့ ကြုံတွေ့ခဲ့ရပြီး တဖန်ထွက်ပြေးခဲ့ပြန်သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးကဲ့သို့သော ဒေသခံအာဏာပိုင်များသည် နော်အ---၏အခြေအနေကို သိရှိထားသော်လည်း သူမကို ကာကွယ်ရန်အတွက် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ အရေးယူဆောင် ရွက်မှုလုပ်ဆောင်ခြင်းမရှိသည့်အပြင် ဒေသခံအာဏာပိုင်များသည် နော်အ---၏ထိမ်းမြားလက်ထပ်ပွဲအ ခမ်းအနားတွင် တက်ရောက်ပါဝင်ခဲ့ကြပါသည်။ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့တွင် နော်အ---သည် သူမ၏အမျိုးသားနှင့် တရားဝင်ကွာရှင်းပေးရန် ဒေသခံအာဏာပိုင်များကို တောင်းဆိုခဲ့သည်။ သို့ သော် ၎င်းတို့က သူမအား ပြန်လည်စဉ်းစားပေးရန်အတွက် အချိန်သုံးလပေးခဲ့ပြီး သူမအား စောဖ---၏လိင် ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ကာကွယ်ပေးရန်အတွက် မည်သည့်အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် ခြင်းမရှိခဲ့ပေ။ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂ဝရက်နေ့တွင် နောက်ဆုံးအကြိမ်ဖြစ် သူမ၏အမျိုးသားနှင့် လက်ထပ်ထိမ်းမြားရန် နော်အ---အား အဓမ္မခိုင်းစေခဲ့ပြန်သည်။ 

 

ထို့နောက်တွင် စောဖ---သည် နော်အ---မှ ၎င်းအား ချစ်ခင်စွဲမက်လာစေရန်အတွက် အောက်လမ်းပညာ သုံး၍ အခြားသောရွာသားသုံးဦး (ဦးန---၊ ဦးယ---နှင့် ရသေ့)နှင့်ပူးပေါင်းကြံစည်ခဲ့ပါသည်။ နော်အ---သည် ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာသော်လည်းကောင်း အကြမ်းဖက်မှုအား အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည့်အတွက် သူမ၏စိတ်ကျန်းမာရေးအား ဆိုးရွားစွာ ထိခိုက်ခဲ့ပါသည်။ ထို့ကြောင့် သူမ၏ အပြုအမူအကျင့်စရိုက်များသည် အောက်လမ်းပညာကြောင့် ပြောင်းလဲလာခဲ့သည်ဟု ဒေသခံများက ယူဆ ခဲ့ပြီး သူမအား ဖယ်ကျဉ်ထားခဲ့ပါသည်။ နော်အ---၏မွေးစားဖခင်ဖြစ်သူ စောယ---သည် သူမ၏အပြုအမူအ ကျင့်စရိုက်ပြောင်းလဲလာခဲ့သည်ကို သတိပြုမိခဲ့သည့်အတွက်ကြောင့် သူမသည် အောက်လမ်းပညာပြုစား ခံရသည်ဟု ယူဆခဲ့သည်။ ထို့ကြောင့် စောယ---သည် ဘူးသိုမြို့နယ်ရှိ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) နှင့်ပူးပေါင်း၍ ၎င်းအမှုကို စုံစမ်းစစ်ဆေးထုတ်ဖော်ခဲ့သည်။ 

 

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့တွင် KNPF အဖွဲ့သည် စောဖ---နှင့်ဦးန---အား ဖမ်းဆီးခဲ့သည်။ KNPF အဖွဲ့မှ ၎င်းနှစ်ဦးအား စစ်ဆေးမေးမြန်းပြီးသည့်နောက်တွင် အဓမ္မလက်ထပ်ထိမ်းမြားခိုင်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စသည့်ကိစ္စရပ်များကို သိရှိလာခဲ့ပါသည်။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး သည့်နောက်တွင် မွေးစားမိခင်ဖြစ်သူနော်ပ---သည် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ဖမ်းဆီးခံခဲ့ပါ သည်။ သို့သော်လည်း နောက်ဆုံးတွင် ဘူးသိုမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး၏တရားရုံးမှ နော်ပ---အား ဒဏ်ငွေ ၂,၀၀၀,၀၀၀ ကျပ်ထိထိ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပါသည်။ နော်ပ---သည် ဒဏ်ငွေပေး ဆောင်ပြီးနောက် ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့တွင် လွတ်မြောက်ခဲ့ပါသည်။ စောဖ---အား မည် သည့်အမှုဖြင့် အရေးယူဆောင်ရွက်ရန်အတွက် ရှင်းရှင်းလင်းလင်း မရှိခဲ့ပေ။ 

 

နော်အ---သည် သူမ၏အမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့အား တိုင်ကြားခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏မွေးစားမိခင်အား ကြောက်ရွံ့ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ မွေးစားမိခင်မှ နော်အ---အား ညှင်းပန်းနှိက်စက်ခဲ့သည့်ဒဏ်ကြောင့် သူမသည် ယခုအချိန်ထိ စိတ်ပိုင်းဆိုင်ရာအနာတရများ ခံစားနေရ ဆဲဖြစ်သည်။ ထို့အပြင် နော်အ---သည် တရားမျှတမှုစနစ်နှင့် ရာဇဝတ်ကျင့်ထုံးဥပဒေများနှင့်ပတ်သက်ပြီး အသိပညာများ နည်းပါးခြင်းကြောင့်ဖြစ်သည်။ နော်အ---သည် သူမ၏စိတ်ခံစားချက်နှင့်ပတ်သက်ပြီး အခြားသောသူများအား ဝေငှပြောပြရန်အတွက် အလွန်ရှက်မိပါသည်။ ယခုအချိန်တွင် နော်အ---သည် သူ မ၏အိမ်နီးချင်းမိသားဝင်များနှင့်အတူ နေထိုင်နေပါသည်။ သို့သော် သူမသည် စိတ်ကျန်းမာရေးဆိုင်ရာ ဝန် ဆောင်မှုများအား လက်ခံရရှိခြင်း မရှိခဲ့ပေ။ သူမသည် အခုအချိန်တွင် ကျယ်လောင်ဆူညံသည့်အသံဖြင့် စကားပြောဆိုခြင်း သို့မဟုတ် ကြားမကောင်းသော အကြောင်းရာကိစ္စများကို ပြောဆိုလေ့ရှိလာပါသည်။ ထို့ကြောင့် နော်အ---သည် သူမကြုံတွေ့ခံစားရသည့် စိတ်ဒဏ်ရာများကို ကုသရန်အတွက် ကောင်းမွန် သည့် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကိုရရှိရန် လိုအပ်ပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

နော်အ---သည် ဤသတင်းအကြောင်းအရာများကို အသုံးပြုရန်အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့အား ခွင့်ပြုချက်ပေးခဲ့ပါသည်။ နော်အ---အား မေးမြန်းခဲ့စဉ်အတွင်း သူမဘေးနားတွင် ထိုင်နေခဲ့သည့် သူမ၏ မွေးစားဖခင်သည်လည်း ဤသတင်းအချက်အလက်အား အသုံးပြုရန် သဘောတူခဲ့ပါသည်။ 

Thu, 06 Feb 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့် အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသောကွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖာပွန်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေး အနေနှင့် ဆင်ဆာဖျက်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်းရေးသားထားသော အချက်အလက်များသည် KHRG ဝန်ထမ်းမှ ရှင်းပြမှုများ ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်