Tue, 10 Dec 2019
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ထုတ်ပြန်ချက်

   

 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁ဝ ရက်နေ့တွင် ကျရောက်သော (၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ ကျွန်ုပ်တို့ကရင်လူ့အခွင့်အရေးအဖွဲ့အနေဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်စွမ်းရှိနေသည့်အပေါ် အလွန်ဝမ်းမြောက်မိပါသည်။ ထို့အပြင် လူ့အခွင့်အရေးလုပ်ငန်းများလုပ်ဆောင်ရာတွင်လိုအပ်သောအရင်းအမြစ်များနှင့် လုံခြုံရေးအတွက်စိုးရိမ်စရာများရှိနေသော်ငြားလည်း လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်နေကြသည့် အခြားလူထုအခြေပြုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့စည်းများနှင့်ပုဂ္ဂိုလ်များအတွက် ကျွန်ုပ်တို့မှ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ 

ကျွန်ုပ်တို့လူမှုပတ်ဝန်းကျင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများဆက်လက်ဖြစ်ပွားနေခြင်းနှင့် အတိတ်မှဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်  ဆိုးကျိုးများဆက်လက်ခံစားနေရသည့်အပေါ် ကျွန်ုပ်တို့အနေဖြင့်အလွန်စိတ်ပျက်ဝမ်းနည်းမိပါသည်။ လူအခွင့်အရေးပြဿနာများဖြစ်သည့် အထူးသဖြင့် စစ်ဖက်ဆိုင်ရာလှုပ်ရှားမှုများနှင့်တိုက်ပွဲများ၊ ကာလရှည်ကြာနေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ရမှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် မြေယာသိမ်းဆည်းမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင်နေထိုင်ကြသောကလေးသူငယ်များသည်မြေယာမဲ့မိသားစုများမှ ကြီးပြင်းလာရခြင်း၊ ၎င်းတို့မိဘများအားညှင်းပမ်းနှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်းများကြောင့်မိဘမဲ့ကလေးများ အဖြစ်ကြီးပြင်းလာရခြင်းနှင့်ဆင်းရဲနွမ်းပါးခြင်း၊ပညာရေးကျန်းမာရေးအရင်းအမြစ်များလုံလောက်မှု မရှိခြင်းကြားတွင် ကြီးပြင်းလာခဲ့ကြရပါသည်။  

ယနေ့တွင် ကျင်းပပြုလုပ်မည့်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့၏အဓိကမီးမောင်းထိုးပြချင်သည့်ဆောင်ပုဒ်မှာ “လူသားအားလုံးအခွင့်အရေး လူငယ်များကရပ်တည်ပေး” ဆိုသည့်ဆောင်ပုဒ်ဖြစ်ပါသည်။ ယခုအချိန်တွင် ဤဆောင်ပုဒ်အတိုင်းလူငယ်များအနေဖြင့်လုပ်ဆောင်ရန်အသင့်လျော်ဆုံးအချိန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည်စစ်အာဏာရှင်အုပ်ချုပ်မှုမှဒီမိုကရက်တစ်အုပ်ချုပ်မှုတစ်စိတ်တစ်ပိုင်းသို့တဖြည်းဖြည်းအသွင်ပြောင်းလဲလာခဲ့သောကြောင့် သမိုင်းသစ်တစ်ခုအဖြစ်ရှုမြင်လာကြသောကြောင့် ရင်းနှီးမြုပ်နှံမှုများပြားလာခြင်း၊ ဖွံ့ဖြိုးရေးဆိုင်ရာအဆောက်အဦးများတိုးချဲ့လာခြင်း၊ ဆက်သွယ်ချိတ်ဆက်မှုများအားကောင်းလာခြင်း၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖြစ် ပေါ်လာခဲ့ပါသည်၊၊ယခုအချိန်တွင်ထိုပြောင်းလဲလာမှုများကြောင့် မည်သို့သောအကျိုးသက်ရောက်မှုများ ခံစားကြရမည်ကိုမသိရှိနိုင်သည့်အပြင်  မည်သို့သောလူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်လာမည်ကိုလည်း ကြိုတင်မှန်းဆလို့မရနိုင်သေးပေ၊၊ မြန်မာနိုင်ငံရှိမျိုးဆက်သစ်လူငယ်များသည် ၎င်းတို့အခွင့်အရေးအား တောင်းဆိုရာတွင်လူ့အခွင့်အရေးဆိုင်ရာဗဟုသုတများတိုးပွားလာအောင်လုပ်ဆောင်ရန်နှင့် ၎င်းတို့၏စွမ်းဆောင်ရည်များမြင့်တင်ရန်ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားရန်လိုအပ်ပါသည်၊၊

မြန်မာပြည်ရှိမျိုးဆက်သစ်လူငယ်များသည် တရားမျှတမှုရရှိရန်ကြိုးစားရာတွင်အခက်အခဲများရှိသော်လည်း ၎င်းတို့အနေဖြင့် အားမလျော့ဘဲတက်ကြွစွာလုပ်ဆောင်ခဲ့ကြပါသည်၊၊  တစ်ချို့ဖြစ်စဉ်များဖြစ်သည့် ဒေသခံများ သဘောတူညီမှုမပါပဲဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအားတည်ဆောက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့သော ကရင်နီလူငယ်များနှင့် တိုက်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရသောကချင်ပြည်သူများအတွက် ၎င်းတို့လွတ်မြောက်လာနိုင်ရန်ကချင်လူငယ်များမှတောင်းဆိုဆန္ဒပြမှုစသည့်ကိစ္စရပ်များသည် ပြည်တွင်းမီဒီယာများ၏ အာရုံစိုက်ခြင်းကိုခံခဲ့ရပါသည်။ ဤကဲ့သို့ထင်ရှားသောဖြစ်ရပ်များဖြစ်သည့် လူ့အခွင့်အရေးအတွက်အကြမ်းဖက်မှုမပါပဲ တောင်းဆိုဆန္ဒပြနေသည့်လူငယ်များအပေါ် မြန်မာအစိုးရမှထောင်ချခြင်းနှင့်ဖိနှိပ်ချုပ်ချယ်မှုများလုပ်ဆောင်နေမှုများကိုတွေ့ရသောကြောင့်စိတ်မချမ်းမြေ့ဖွယ်ရာအဖြစ်မြင်ရပါသည်၊၊  ၂၀၁၉ခုနှစ်၊သြဂုတ်လတွင် ရန်ကုန်မြို့၌ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများဖြစ်သော နော်အုန်းလှနှင့်ကရင်လူငယ်နှစ်ဦးသည်ကရင့်အာဇာနည်နေ့အခမ်းအနားကိုဦးဆောင်စီစဉ်ကျင်းပ ခဲ့သောကြောင့်ဖမ်းဆီးခြင်းခံခဲ့ရပါသည်။ဤဖြစ်ရပ်အားလုံးသည်မြန်မာပြည်အတွင်း တန်းတူအခွင့်အရေးရရှိ ရန်လှုပ်ရှားနေသူများအတွက်အခက်အခဲများရှိနေကြောင်းဖော်ပြနေပါသည်။ လူ့အခွင့်အရေးအတွက်လုပ် ဆောင်ရာတွင်အခက်အခဲများရှိနေသော်လည်း ဤ့့ဖြစ်ရပ်အားလုံးကိုခြုံငုံကြည့်မည်ဆိုလျှင် လူ့အခွင့်အရေးအတွက် အမှန်တကယ်ရပ်တည်လုပ်ဆောင်ပေးရန်လိုအပ်နေပါသည်၊၊

နော်အုန်းလှမှ ပြောဆိုသည်မှာ- “အနာဂတ်ဟာ လူငယ်တွေရဲ့လက်ထဲမှာဘဲရှိပါတယ်။ သူတို့ဟာ လူ့အခွင့်အ ရေးကဘာလဲဆိုတာကိုသိသင့်၊ နားလည်သင့်ပါတယ်။” မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးချိုး ဖောက်မှုပုံစံအဟောင်းများသည်လျော့နည်းသွားခြင်းမရှိသည့်အပြင် လူ့အခွင့်အရေးချိုးဖေါက်မှုပုံစံအသစ်များလည်းဖြစ်ပေါ်လာသည့်အတွက်မျိုးဆက်သစ်လူငယ်များအနေဖြင့် လုပ်ဆောင်ရမည့်အရာသုံးခုရှိလာပါသည်၊၊ ထိုအရာများမှာတစ်ဦးတစ်ယောက်အခွင့်အရေးနှင့် အများနှင့်သက်ဆိုင်သည့်အခွင့်အရေးအတွက်လုပ်ဆောင်ရာတွင်နည်းလမ်းသစ်များဖြင့် ရဲရဲတင်းတင်းပြောဆိုလုပ်ဆောင်ရန်လိုအပ်ပါသည်၊၊ထို့အပြင်အစိုးရနှင့်အရပ်ဖက်အဖွဲ့အစည်း များနှင့်ပူးတွဲလုပ်ဆောင်၍သော်လည်းကောင်း၊သက်ဆိုင်ရာတာဝန်ရှိသူများအား တာဝန်ယူမှု၊တာဝန်ခံမှုရှိစေရန် တောင်းဆိုရာတွင်သော်လည်းကောင်းဆက်လက်လုပ်ဆောင်သွားရန်လိုအပ်ပါသည်၊၊ ဆက်လက်ဖြစ်ပေါ်နေသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကိုမြင်တွေ့နေရသည့်အတွက် ကျွန်ုပ်တို့ကရင်လူ့အခွင့်အရေးအဖွဲ့အနေဖြင့်အမှန်တကယ်စိုးရွံ့မိပါသည်။ သို့သော်လည်းလူငယ်များ၏ တတ်ကြွလုပ်ဆောင်မှုများကြောင့်ကျွန်ုပ်တို့အနေဖြင့်လူ့အခွင့်အရေး အတွက်လုပ်ဆောင်ရာတွင်ပို မိုစိတ်အားထက်သန်စေပြီးမြန်မာပြည်၏အနာဂတ်တွင်တရားမျှတမှုနှင့် လူ့အခွင့်အရေးအပြည့်အဝရ ရှိလာရန်အတွက် မျှော်လင့်ချက်များရှိနေပါသည်၊၊

Tue, 10 Dec 2019

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်