Mon, 25 Nov 2019
သထုံ မှုခင်းဆိုင်ရာမှတ်တမ်းလွှာ : ဖားအံမြို့နယ်ရှိ ရွာသားတစ်ဦးမှ မြေမြုှပ်မိုင်းတက် နင်းပြီးသည့်နောက် ပြင်းထန်သည့် ဒဏ်ရာများ ဆက်လက်ခံစားနေရခြင်း၊ ၂၀၁၉ ခုနှစ် မေလ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  ၂၀၁၉ ခုနှစ် မေလ ၁၈ ရက်နေ့က မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သထုံခရိုင်၊ ဖားအံမြို့နယ်၊ ဝဲပျံကျေးရွာအုပ်စုရှိ ရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။  တစ်ဦးမှာ သူ၏ ယာခြေထောက်ကို ဆုံးရှုံးခဲ့ရပြီး လက်ရှိတွင် သူ၏ ဆွေမျိုးများကို မှီခိုလျှက် နေထိုင်စားသောက်နေရပါသည်။ မြေမြျုပ်မိုင်းများရှိနေသည့်နေရာဒေသ များကို တာဝန်သုတ်သင်ရှင်းလင်းများ ဆောင်ရွက်ခြင်းကို မတွေ့ရပေ။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု 

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၉ ခုနှစ် မေလ ၁၈ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

သထုံခရိုင်၊ ဖားအံမြို့နယ်၊ ဝဲပျံကျေးရွာအုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဘ---

စောစ---

အသက်

၁၉

၃၂

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ

ရှိ

ရှိ

အလုပ်အကိုင်

လယ်သမား

လယ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ဗုဒ္ဓ

ရာထူးအဆင့် 

ရွာသား

ရွာသား

နေရပ် ရွာအမည်

အ--- ရွာ

အ--- ရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်‌ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

မသိ

စစ်သားများ

မသိ

မီဇိုင်းတောင်

ဦးစန္ဒာဝရ မီးဇိုင်းတောင် ဘုန်းကြီးကျောင်း ရာထူးကြီးကျောင်းထိုင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကျွန်တော်ကို ဒ---ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ အ---ကျေးရွာရှိ မြေမြှုပ်မိုင်းတက်နင်းမိခဲ့သော သူများ အကြောင်းပြောပြီးသည့်နောက်တွင်၊ ကျွန်တော် ကမမောင်းရှိ အ---ရွာရှိ ရွာသားတစ်ဦးဖြစ်သော စောအ---ထံမှ အကူအညီတောင်းခံခဲ့သည်။ ထိုသူမှ ထိခိုက်ခံခဲ့ရသူများနှင့် ကျွန်တော်ကို ဆက်သွယ်ပေးပြီးနောက် ၎င်းတို့ကို အ---ကျေးရွာတွင် တွေ့ဆုံခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤအကြောင်းအရာအား ပေးခဲ့သော သူများမှာ ဤအဖြစ်အပျက်များအား ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

ဤမှုခင်းသည် သထုံခရိုင်၊ ဖားအံမြို့နယ်၊ ဝဲပျံကျေးရွာအုပ်စု၊ အ---ရွာ၏အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သည်။ ထိခိုက်ခံစားခဲ့ရသူများမှာ အသက် ၁၉ နှစ်အရွယ် စောဘ--- နှင့် ၊ အသက် ၃၂ နှစ်အရွယ် စောစ---တို့ သည် အ---ကျေးရွာတွင် နေထိုင်ကြသည်။ 

 

၂၀၁၉ ခုနှစ် မေလ ၁၈ ရက်နေ့တွင် သူတို့သည် အ---ကျေးရွာမှ တောထဲတွင် ဒညင်းသီးသွားရောက် ရှာခဲ့သည်။ ရွာမှ အနောက်မြောက်ဘက်သို့ မိနစ် ၃၀ လောက် လမ်းလျှောက်သွားပြီးနောက် စောဘ---က စောစ---၏နောက် ခြေလှမ်း ငါးလှမ်းလောက်အကွာတွင် လိုက်လာပြီး မြေမြှုပ်မိုင်းကို တက်နင်းမိခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် စောဘ---၏ ယာခြေထောက်ဒူးခေါင်းမှ အသားများ ဆုတ်ပြဲခဲ့သည်။ စောစ---လည်း အရှေ့သို့လွင့်ထွက်သွားပြီး ၎င်း၏ကျောတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ 

 

စောစ---က ကရင်လူ့အခွင့်အရေးအဖွဲ့သို့ ဤမှုခင်းအကြောင်း ရှင်းပြခဲ့သည်မှာ ကျွန်တော်အနောက်က လျှောက်လာတဲ့ ကျွန်တော်ညီက မြေမြှုပ်မိုင်းတက်နင်းမိတယ်။ ကျွန်တော်ရဲ့ကျောကိုထိပြီး ကျွန်တော် အရှေ့ကို လွင့်သွားတယ်။ ကျွန်တော်ညီကို ကြည့်လိုက်တဲ့အချိန်မှာ သူလည်း လဲကျသွားတယ် ဒါပေမဲ့ သူက သတိရလိုက် မရလိုက်ဖြစ်နေတယ်။ ကျွန်တော်ရဲ့ နောက်ကျောလည်း ဒဏ်ရာရသွားတာကို သတိထားမိလိုက်တယ်။ စောဘ---က ကျွန်တော် ဘယ်အချိန်အိမ်ပြန်ရောက်လာလဲဆိုတာကို ကျွန်တော် မသိခဲ့ဘူးလို့ ထပ်မံဖြည့်စွက်ပြောဆိုခဲ့သည်။ 

 

ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းရရှိချက်အရ ထိုမြေမြှုပ်မိုင်းများကို ရာထူးကြီး ဘုန်ကြီး ဦးစန္ဒာဝရ ဦးဆောင်သည့် ဒီခေဘီအေ ခွဲထွက်အဖွဲ့မှ ထောင်ထားခြင်းဖြစ်သည်။ သူတို့သည် မီဇိုင်းတောင်တွင် နေထိုင်ခဲ့ပေမဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၁၄ ထံတွင် သူတို့လက်နက်ချပြီးနောက် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ 

 

ကရင်လူ့အခွင့်အရေးအဖွဲ့၏ ကွင်းဆင်းလုပ်သားများ ထပ်မံမေးမြန်းပြောဆိုချက်အရ မြေမြှုပ်မိုင်းတက်နင်း ခဲ့မိသော အကျိုးဆက်ကြောင့် စောဘ---နှင့် သူ၏မိသားစုများသည် ပူပင်သောကရောက်နေကြရသည်။ စောဘ---မှာ သူ၏ ယာခြေထောက်အား ဆုံးရှုံးခဲ့ခြင်းကြောင့် အလုပ်မလုပ်နိုင်တော့ပေ။ ယခုအချိန်တွင် သူသည် သူ၏ မိသားစုနှင့် ဆွေမျိုးများအပေါ် မှီခိုနေထိုင်စားသောက်နေကြရသည်။ စောစ---သည် ကျောဒဏ်ရာ ပြင်းပြင်းထန်ထန်မရရှိခဲ့သောကြောင့် အလုပ်လုပ်နိုင်ပါသည်။ သူတို့သည် ဆေးဝါးကုသရန် လျှော်ကြေးငွေ တစ်ပြားမျှမရရှိခဲ့ပေ။ 

 

မြေမြှုပ်မိုင်းများ သုတ်သင်ရှင်းလင်းရန် မည်သည့်လက်နက်ကိုင်အဖွဲ့မှ တာဝန်ယူဆောင်ရွက်ခြင်းမရှိပေ။ ဒေသခံရွာသူရွာသားများမှ မြေမြှုပ်မိုင်းရှိနိုင်မည့်နေရာများကို ရှောင်ရှားသွားလာရပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

မြေမြှုပ်မိုင်းတက်နင်းခဲ့မိသူ နှစ်ဦးစလုံးမှ ဤအကြောင်းအရာကို အသုံးပြုရန် ကရင်လူ့အခွင့်အရေးအဖွဲ့ကို ခွင့်ပြုချက်ပေးခဲ့ပါသည်။

Mon, 25 Nov 2019

Footnotes: 

[1] ဤအစီရင်ခံစာသည် [နေ့ရက်] တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသော ကွင်းမှလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား [ခရိုင်] ရှိ ဒေသခံ တစ်ဦးမှဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအနေနှင့် စင်စာဖျက်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်းရေးသားထားသော အချက်အလက်များသည် KHRG ဝန်ထမ်းမှ ရှင်းပြမှုများထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်