Mon, 09 Sep 2019
ဖာပွန် မှုခင်းဆိုင်ရာမှတ်တမ်းလွှာ : နယ်ခြားစောင့်တပ် တစ်ဦးမှ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုအား ဘူးသိုမြို့နယ်တွင် ကျူးလွန်ခဲ့ ၂၀၁၉ ခုနှစ်၊ ဧပြီလ

ဘူးသိုမြို့နယ် ထ--- ရပ်ကွက်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ရက်နေ့၌ အသက် ၂၀ နှစ်အရွယ်ရှိ ကောလိပ်ကျောင်းသား တစ်ဦးအား နယ်ခြားစောင့်တပ် (BGF)မှ တပ်ရင်း အမှတ် ၁၀၁၄ မှ စစ်သားတစ်တစ်ဦးက ရိုက်နက်ခဲ့ပါသည်။ သို့ဖြစ်သောကြောင့် အရိုက်ခံရသူမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ကမမောင်းရှိ ပြည်သူဆေးရုံသို့ တင်ခဲ့ပါသည်။ ဤဖြစ်ပျက်ခဲ့သည်ကို အဆိုပါ အရိုက်ခံရသူသည် သက်ဆိုင်ရာအာဏာပိုင်များထံသို့ လက်တုန့်ပြန် တင်ပြရန် အလွန်ကြောက်ရွံ့သည် နှင့် မည်သည့် လျှော်ကြေးကို မှမရရှိခဲ့ပါ။ 

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ ကမမောင်းမြို့၊ ထ--- ရပ်ကွက်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောထ---

အသက်

၂၀

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

မရှိ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

နေရပ် ရွာအမည်

ကမမောင်းမြို့၊ ထ--- ရပ်ကွပ်

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်‌ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

စောဖါးဂေါ်

တပ်သား

BGF တပ်ရင်းအမှတ် (၁၀၁၄)

ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ BGF တပ်ရင်း အမှတ် ၁၀၁၄, တံတားဦး

BGF အမှတ် ၁၀၁၄ ဗိုလ်မှုးကြီး ဗိုလ်စောမောင်ချစ် 

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်ပွားခဲ့သည့် ကိစ္စအား ကျွန်တော် (ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ သတင်းမှတ်တမ်းပြုစုသူ သည်) ဒေသခံများထံမှ ကြားသိခဲ့ပြီးသည့် နောက်ပိုင်းတွင် ခံရသူ၏ မိခင်နှင့်ကိုယ်တိုင် လူတွေ့မေးမြန်းခဲ့ ပါသည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သတင်းမှတ်တမ်းပြုစုသူတစ်ဦးမှ မှုခင်းအချက်အလက်များအား ခံရသူ၏မိခင်ဆီမှ ကိုယ်တိုင်ရရှိခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ရက်နေ့တွင် အသက်၂၀ အရွယ်ရှိ ကောလိပ်ကျောင်းသားတစ်ဦးအား BGF တပ်ရင်း အမှတ် ၁၀၁၄ မှ အသက် ၄၀ အရွယ်ရှိ စောဖါးဂေါ်သည် အရက်မှုး၍ မော်တော်ဆိုင်ကယ် မောင်းသည်ဟုဆိုကာ ရိုက်နက်ခဲ့ပါသည်။ ထိုမှုခင်းသည် ဘူးသိုမြိူ့နယ်၊ ကမမောင်းမြို့၊ ထ--- ရပ်ကွက်တွင်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါအရိုက်နှက်ခံရသည့်ကျောင်းသားသည် ယခုလက်ရှိဘားအံမြို့တွင်ပညာသင်ကြားလျက်ရှိပြီး သင်္ကြန်အတွင်း ၎င်း၏မိသားစုထံသို့ပြန်လည်ခဲ့ပါသည်။

 

စောထ--- သည် အရိုက်ခံရပြီးသည့်နောက်ပိုင်း မျက်နှာနှင့်ခေါင်းတွင် ဒဏ်ရာရရှိခဲ့ကာ ကမမောင်းပြည်သူ့ဆေးရုံသို့ တင်ပို့ဆေးကုသမှုခံယူခဲ့ပါသည်။ ထိုကဲ့သို့ ရိုက်နှက်ခံရသဖြင့် ၎င်း၏ဦးခေါင်းအားချုပ်ခဲ့ရသော်လည်း ထိုနေ့၌ပင် ဆေးရုံမှဆင်းခဲ့ပါသည်။ ၎င်း၏ မိခင်မှှ ထိုဆေးကုသမှုကုန်ကျစရိတ် ၅ ထောင် ကျပ်ခန့်အားပေးခဲ့ရပါသည်။

 

ဤဖြစ်ပျက်ခဲ့သည်ကို အဆိုပါအရိုက်ခံရသူသည် သက်ဆိုင်ရာအာဏာပိုင်များထံသို့ လက်တုန့်ပြန် တင်ပြရန် အလွန်ကြောက်ရွံ့ခဲ့ပါသည်။ ထို့အပြင်၊ ၎င်း၏မိဘများမှာ စိတ်ပျက်ခြင်းနှင့် ဘာမျှမတတ်နိုင် ခဲ့ကြောင်း ခံစားခဲ့ရပါသည်။ ဒေါ်မ--- မှ KHRG အား ဤကဲ့သို့ပြောခဲ့ပါသည်။ “အရိုက်ခံရပြီးဆေးရုံ တင်ခဲ့ရတဲ့လူတွေက ဆေးကုသမှုအတွက် ပေးရတယ်လေ။ BGF တပ်သား စောဖါးဂေါ်က ကျမသားကို ရိုက်တော့ ဘယ်သူက သူအတွက် ဆေးကုသမှုစရိတ်ကိုပေးမှာလဲ။”

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ထိုရိုက်နှက်ခြင်းကို ခံခဲ့ရသူ၏မိခင်ကိုယ်တိုင်မှ ဤအချက်အလက်ကို အသုံးပြုရန် ခွင့်ပြုချက်ပေးထား ပါသည်။

Mon, 09 Sep 2019

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်