Mon, 19 Aug 2019
တောင်ငူမှုခင်းဆိုင်ရာမှတ်တမ်းလွှာ: ၂၀၁၉ခုနှစ်၊ မေလတွင် သံတောင်ကြီးမြို့နယ်ရှိ ရွာသားတစ်ဦးသည် တပ်မတော်ကားတစ်စီးမှ အတိုက်ခံရပြီး ဒဏ်ရာရခဲ့ခြင်း

၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြားစခန်းကျေးရွာအပြင်ဘက်တွင် ဆိုင်ကယ်နှင့်ပြန်လာသော ရွာသားတစ်ဦးအား အရှိန်ဖြင့်မောင်းနှင်လာသော တပ်မတော်ကားတစ်စီးမှ တိုက်မိပြီး ၎င်းရွာသားသည် ခြေထောက်နှင့်ဒူးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပါသည်။ ထိုတပ်မတော်ကားသည် ရွာသားအား တိုက်မိခဲ့ပြီးသော်လည်း ရပ်တန့်ခြင်းမရှိခဲ့ပေ။ အတိုက်ခံရသည့်ရွာသားမှာလည်း ထိုဖြစ်ပျက်မှုအား သတင်းပို့၊တိုင်ကြားရဲခြင်း မရှိပါ။ ၎င်း၏ ဒဏ်ရာကိုလည်း ကောင်းမွန်သည့်ဆေးဝါးကုသမှုခံယူရန် ငွေကြေးမတတ်နိုင်သည့် အတွက်ကြောင့်  ဓလေ့ရိုးရာဆေးဝါးများသာအသုံးပြု၍ ကုသခဲ့ပါသည်။[1]

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

တပ်မတော်မှ အရှိန်ဖြင့်ကားမောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခြင်း 

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာ၏အပြင်ဘက်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောတ ---

အသက်

၂၆နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

ရှိ

အလုပ်အကိုင်

လယ်သမား

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဟ---

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

မသိ

မသိ

မသိ

မသိ

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်ပျက်မှုအား ရွာသားတစ်ဦးထံမှကြားရပြီးနောက် ကားတိုက်ခံရသည့်ရွာသား ကိုယ်တိုင်အား တွေ့ဆုံမေးမြန်းခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤအကြောင်းအရာသည် မှန်ကန်ကြောင်း ကားတိုက်ခံရသည့်ရွာသား ကိုယ်တိုင်ပြောပြခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 ၂၀၁၉ ခုနှစ်၊ မေလ ၁ဝ ရက်နေ့တွင် သစ်များနှင့်ဝါးများတင်ဆောင်လာသော တပ်မတော်ကား ၅ စီးသည် သံတောင်ကြီး၊ ဘောဂလိမှ တောင်ငူသို့ အရှိန်ပြင်းစွာဖြင့်မောင်းနှင်လာခဲ့သည်။ သံတောင်ကြီးမြို့နယ်၊ ရွာကြီးကျေးရွာအုပ်စု၊ ပျားစခန်းအပြင်ဘက်ရှိ ဆယ့်တစ်မိုင်တွင် တပ်မတော်ကား နောက်ဆုံးတစ်စီးသည် အခြားသောကား (၄) စီးအား ကျော်တက်ရန်မောင်းနှင်လာစဉ် တောင်ငူမှ ဟ---ရွာသို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသောရွာသားတစ်ဦးဖြစ်သူ စောတ---အား တိုက်မိခဲ့သည်။ ထိုရွာသား၏ ဆိုင်ကယ်သည် လမ်းဘေးသို့လှဲကျသွားပြီး ပျက်စီးခဲ့သည်။ စောတ--- သည်လည်း ဒူးခေါင်းနှင့်ခြေထောက်တွင် ဒဏ်ရာရခဲ့ပါသည်။ ၎င်းဆိုင်ကယ်ဖြင့် တင်ဆောင်လာသော  ဆန်အိတ်နှစ်အိတ်လည်း ပေါက်ပြဲကာ လမ်းမပေါ်တွင်ဖိတ်ကျခဲ့သည်။

 

ထိုတပ်မတော်ကားသည် ရွာသားအားတိုက်မိသော်လည်း ကားမရပ်ခဲ့ပါ။ စောတ---သည် ဒဏ်ရာများရခဲ့ သောကြောင့် မထနိုင်တော့သည့်အတွက် ပျားစခန်းရွာတွင်နေထိုင်သောမိတ်ဆွေများအား ဖုန်းဖြင့်ခေါ်၍ အကူအညီတောင်းခဲ့ပါသည်။ မိနစ် ၃၀ အကြာ ညနေ ၃ နာရီ မိနစ်၃၀ အချိန်တွင် ၎င်း၏မိတ်ဆွေများ ထိုဖြစ်ပျက်မှုဖြစ်ပွားသောနေရာသို့ရောက်ရှိခဲ့ပြီး လမ်းပေါ်တွင် ဖိတ်ကျနေသောဆန်အား ကောက်သိမ်းခဲ့ သည်။

 

၎င်းတို့သည် ထိခိုုက်ဒဏ်ရာရရှိခဲ့သည့် စောတ--- အား ဆေးကုသရန်အတွက် ဆေးခန်းသို့ပို့ဆောင်ခဲ့ သည်။ စောတ---၏ဒူးခေါင်းအနာအား လေးချက်ချုပ်ရပြီး ဓါတ်မှန်ရိုက််ရန်လိုသည်ဟု ၎င်းအားပြောခဲ့သည်။ ထိုဆေးခန်းတွင် ဓာတ်မှန်စက်မရှိသည့်အတွက် ဆေးရုံတွင် ဓာတ်မှန်ရိုက်မည်ဆိုပါက ငွေကြေးများစွာ ကုန်ကျမည်ဖြစ်သောကြောင့် စောတ--- သည် ဓာတ်မှန်ရိုက်သည့်အစီအစဉ်ကို မရွေးချယ်ခဲ့ပေ။ ထိုအစား ၎င်း၏ရွာသို့ပြန်၍  ဓလေ့ရိုးရာဆေးဝါးများဖြင့်သာကုသမည်ဟု ဆုံးဖြတ်ခဲ့သည်။ 

 

စောတ--- သည် ထိုကိစ္စနှင့်ပတ်သက်၍ မည်သူအား အကြောင်းကြားရမည်ကို မသိရှိသည့်အပြင် ၎င်းအား တပ်မတော်ကား ဖြင့်အတိုက်ခံရ သဖြင့် အမှုရင်ဆိုင်ရမည်ကို လည်း ကြောက်ရွံ့ခဲ့ရသည်။ ထို့ ကြောင့် စောတ---သည် ဘာမျှမ ပြောဘဲ တိတ်ဆိတ်စွာ နေခဲ့ သည်။ စောတ---သည်၎င်းဒဏ် ရာများ  ပျောက်ကင်းရန်အတွက် အချိန်မည်မျှကြာမည်နှင့် ဆေး ကုသရန်အတွက် ငွေကြေး မည်မျှကုန်ကျလိမ့်မည်ကို မသိ သောကြောင့်စိတ်ဖိစီးမှုများခံစား နေရပါသည်ဟု ပြောခဲ့ပါသည်။ ထို့အပြင် ပျက်စီးသွားသည့် ဆိုင်ကယ်ကိုလည်း ပြန််လည် ပြုပြင်ရန် သို့မဟုတ် အသစ်တစ် စီးဝယ်ရန် ငွေကြေးမတတ်နိုင်ခဲ့ ပေ။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။
ကားတိုက်ခံသည့်ရွာသားကိုယ်တိုင်မှကရင်လူ့အခွင့်အရေးအဖွဲ့ အားဤအချက်အလက်များအသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ပါသည်။
Mon, 19 Aug 2019

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၁၉ခုနှစ်၊ ဇွန်လတွင်လက်ခံရရှိခဲ့သောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသော တောင်ငူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားခြင်းဖြစ်ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ ဆင်ဆာဖျက်ထားပါသည်။ ကွင်းစ၊ကွင်းပိတ်အတွင ရေးသားထားသော အချက်အလက်များသည် အကြောင်းအရာများအား ရှင်းပြရန်ရွယ်ရွယ်ချက်ဖြင့် KHRG ဝန်ထမ်းမှ ထည့်သွင်းထားခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်