Tue, 16 Jul 2019
ဒူးပလာယာခရိုင် မှုခင်းဆိုင်ရာမှတ်တမ်းလွှာ : ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း ဒေသခံလယ်သမားတစ်ဦးပိုင်ဆိုင်သည့် ကျွဲနှစ်ကောင်ကို တပ်မတော်စစ်သားများမှ ခိုးယူခြင်း၊ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တပ်မတော်တပ်ကြပ်နှင့် ၎င်း၏စစ်သားနှစ်ဦးမှ  ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒေသခံလယ် သမားတစ်ဦး၏ကျွဲနှစ်ကောင်ကို ခိုးယူခဲ့သည်။ 

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ခိုးယူမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၆ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဘ----ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဒူးပလာယာခရိုင်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်က---

အသက်

-

ကျား/မ

လူမျိုုး

ကရင်

မိသားစုရှိ/မရှိ

ရှိ

အလုပ်အကိုင်

-

ကိုးကွယ်သည့်ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

-

နေရပ် ရွာအမည်

ဘ-ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာ

ဒေသအထက်အရာရှိ အမည်

နီခြေ

တပ်ကြပ်

ခြေလျင်တပ်ရင်း #၃၂

ကြာအင်းဆိပ်ကြီးမြို့

တပ်ရင်းမှူး သိန်းစိုးထိုက်၊ ဒုတပ်ရင်းမှူး သန်းဇော်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဒေသခံတစ်ဦးမှ ကျွန်တော် (KHRG သတင်းစုဆောင်းသူ) ကို ဤအကြောင်းအရာအားပြောပြခဲ့သည်။ ထို့နောက် ကျွန်တော်သည် ထိခိုက်နစ်နာသူဖြစ်သည့် နော်က---နှင့်တွေ့ဆုံ၍ ဤအကြောင်းအရာကို မေးမြန်းခဲ့သည်။ သို့သော် သူမ၏လုံခြုံရေးနှင့်ပတ်သက်၍ သူမသည် ကျွန်တော်ကို အသံဖမ်းစက်ဖြင့် မေးမြန်းခြင်းလုပ်ရန်နှင့် သူမအား ဓာတ်ပုံရိုက်ရန် ခွင့်မပြုခဲ့ပါ။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

 ဤအကြောင်းအရာကို ကျွဲခိုးခံရသူ ဒေသခံလယ်သမားဖြစ်သည့် နော်က---ကိုယ်တိုင်ပြောပြခဲ့ပါသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၆ရက်နေ့တွင် တပ်မတော် ခြေလျင်တပ်ရင်း#၃၂မှ တပ်ကြပ်နီခြေနှင့် ၎င်း၏စစ်သားနှစ်ဦးမှ ဒေသခံလယ်သမားဖြစ်သူ နော်က---ပိုင်ဆိုင်သည့်ကျွဲနှစ်ကောင်ကို ခိုးယူခဲ့သည်။ ၎င်းတို့သည် ထိုကျွဲနှစ်ကောင်ကို ပိုက်ဆံဆယ်သိန်းဖြင့် ဒေသခံမူစလင်လယ်သမားဖြစ်သူ ဦးတ---ထံတွင် ရောင်းစားခဲ့သည်။ [ဤဖြစ်စဉ်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုသဘောတူစာချုပ်မှ အခန်းကြီး (၂)တွင် ရေးသားထားသော ပြည်သူများပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများကို ခိုးယူလုယက်ခြင်းများကို တားမြစ် ထားသည့်အချက်ကို ချိုးဖောက်ခြင်းဖြစ်သည်။]

 

နော်က---သည် ၎င်း၏ကျွဲနှစ်ကောင်ကို လိုက်လံရှာဖွေနေချိန်တွင် ဦးတ---ထံတွင်တွေ့ရှိခဲ့သည်။ ထို့နောက် သူမသည် ဤအကြောင်းအရာကို ကျေးရွာအာဏာပိုင်များထံသို့တင်ပြခဲ့သည်။ ထို့နောက် ဦးတ---သည် အဖမ်းခံခဲ့ရသည်။ ဦးတ---အား စစ်ဆေးမေးမြန်းခဲ့ရာမှ တပ်ကြပ်နီခြေနှင့် ၎င်း၏စစ်သားနှစ်ဦးမှ သူ့အား လာရောက်ရောင်းချခဲ့ကြောင်းရှင်းပြခဲ့သည်။ 

 

ခြေလျင်တပ်ရင်းအမှတ်#၃၂မှ ဒုတပ်ရင်းမှူး သန်းဇော်သည် နော်က---ကို ဤအကြောင်းအရာအား မဖြန့် ဝေရန်တားမြစ်ခဲ့သည်။ ၎င်းသည် ဤဖြစ်စဉ်ကို အရေးယူဆောင်ရွက်သွားမည်ဟု သူမကို ပြောခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့သော စစ်သားများသည် တပ်၏စည်းမျဉ်းစည်းကမ်းအရ အချုပ်ထဲတွင် ခြောက်လအပြစ် ပေးခံခဲ့ရသည်။ 

 

ဤဖြစ်စဉ်မှာ ခြေလျင်တပ်ရင်းအမှတ်#၃၂မှ ဒေသခံများ၏ကျွဲနွားများကို ခိုးယူပြီးရောင်းစားခဲ့သည့် ပထမ ဦးဆုံးကျူးလွန်မှုမဟုတ်ပေ။ ဒေသခံတစ်ဦး၏ပြောပြချက်အရ “ဒီလိုကျူးလွန်မှုတွေကို နောက်ထပ်မဖြစ် အောင် ရပ်တန့်နိုင်ဖို့အတွက် ကျွန်မရှင့်ကို ဒီအကြောင်းအရာတွေ ပြောပြမယ်။ ပြီးရင် ကျွန်မဒီအကြောင်း အရာကို အများသိအောင် ဖြန့်ဝေစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီခြေလျင်တပ်ရင်းအမှတ်#၃၂က ကြာအင်းမြို့နယ်မှာရှိတဲ့ဒေသခံတွေကို ဖိနှိပ်တဲ့အတွက်ကြောင့်ဖြစ်တယ်”

 

ကျေးရွာ၏ဓလေ့ထုံးထမ်းစဉ်လာတရားစီရင်ရေးအရ ဦးတ---သည် လျော်ကြေးအဖြစ် နော်က---အား ငွေ ကျပ် (၆)သိန်းပေးခဲ့ရသည်။ သို့သော် ဦးတ---သည် ကျွဲနှစ်ကောင်အတွက် တပ်ကြပ်နီခြေအား ပေးခဲ့သော ငွေကို ပြန်မတောင်းရဲတော့ပေ။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

နော်က---သည် ဤအကြောင်းအရာကို အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့သည်။ 

Tue, 16 Jul 2019

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်