Mon, 22 Jul 2019
ဖာပွန်ခရိုင် မှုခင်းဆိုင်ရာမှတ်တမ်းလွှာ: ဘူးသိုမြို့နယ်တွင် မင်းပုဂံ ကုမ္ပဏီမှ နေ့စားအလုပ်သမားများအား လုပ်အားခပေးရန်ပျက်ကွက် (၂၀၁၉ခုနှစ်၊ မတ်လ)

ဘူးသိုမြို့နယ်အတွင်း ၂၀၁၈ခုနှစ်၊ မတ်လတွင် မင်းပုဂံကုမ္ပဏီ[1] မှ လမ်းဆောက်လုပ်ရေးစီမံကိန်းကို ရပ်ဆိုင်းခဲ့ပြီးသည့် နောက်ပိုင်း နေ့စားအလုပ်သမား ၁၈ဦးတို့သည် လုပ်အားခကိုအပြည့်အဝမရရှိခဲ့ကြပါ။ ထို့အတွက်ကြောင့် အဆိုပါ နေ့စားအလုပ်သမားများသည် စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး စားသောက်စရာများဝယ်ယူရန်အတွက် အကြွေးတင်ခဲ့ကြရပါသည်။ ထိုကုမ္ပဏီမှ အလုပ်သမားများအား ပေးရမည့် လက်ကျန်ငွေများသည် ၁၆၁၂၀၀၀ ကျပ် ဖြစ်ပါသည်။ 

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လုပ်အားခပေးဆောင်ရန် ပျက်ကွက်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၈ခုနှစ် မတ်လ

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ခ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ဦးလ---

အသက်

၄၁ နှစ်

မိသားစုရှိ/မရှိ

ရှိ

အလုပ်အကိုင်

ကားမောင်း

ကိုးကွယ်သည့်ဘာသာ

အီစလမ်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ရပ်ကွက် အမှတ် (---)

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

ကုမ္ပဏီအမည်

အခြေစိုက်သည့်နေရာ

ဒေသအထက်အရာရှိ အမည်

ဦးသိန်းဇော်

အင်ဂျင်နီယာ

မင်းပုဂံကုမ္ပဏီ

ရန်ကုန်

ဦးမင်းအောင်ဇော်လတ် (မင်းပုဂံကုမ္ပဏီပိုင်ရှင်)

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤသတင်းအချက်အလက်များအား လုပ်အားခမရရှိခဲ့သော နေ့စားအလုပ်သမားတစ်ဦးဖြစ်သူ ဦးလ---ထံမှ ရရှိခဲ့ပါသည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်များအား လုပ်အားခမရရှိသည့်နေ့စားအလုပ်သမားထံမှ တိုက်ရိုက်ရရှိခဲ့ပါသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၁၈ခုနှစ်၊ မတ်လအတွင်း မင်းပုဂံကုမ္ပဏီမှ  ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ခ---ကျေးရွာရှိ နေ့စားအလုပ်သမားများအား လုပ်အားခပေးဆောင်ရန် ပျက်ကွက်ခဲ့ပါသည်။ မင်းပုဂံကုမ္ပဏီမှ ထီးသဘလုထကျေးရွာအုပ်စုနှင့် မာထောကျေးရွာအုပ်စုတို့ကြား ဆောက်လုပ်မည့် လမ်းဆောက်လုပ်ရေး စီမံကိန်းတွင် ခ---ကျေးရွာတွင်နေထိုင်ကြသော ရွာသူရွာသားများနှင့် ဦးလ---တို့သည် နေ့စားအလုပ်သမား များအနေဖြင့် လုပ်ကိုင်ခဲ့ကြပါသည်။ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလတွင် ထိုကုမ္ပဏီမှ ၎င်းလမ်းဆောက်လုပ်ရေး စီမံကိန်းအား စတင်ခဲ့ပြီး လမ်းဆောက်လုပ်ရေးနှင့် တံတားဆောက်လုပ်ရေးတို့တွင် ဒေသခံရွာသားများ အား အလုပ်သမားများအနေဖြင့် ငှားရမ်းခဲ့ကြပါသည်။ ဤဆောက်လုပ်ရေးလုပ်ငန်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် မြန်မာအစိုးရမှ ချမှတ်ခဲ့သည့် အစီအစဉ်ဖြစ်ပါသည်။ 

 
၂၀၁၈ခုနှစ်၊ မတ်လတွင် မင်းပုဂံကုမ္ပဏီမှ လမ်းဆောက်လုပ်ရန်အတွက် ရန်ပုံငွေပြတ်တောက်သွားသဖြင့် ထိုစီမံကိန်းအား ရပ်ဆိုင်းခဲ့ကြပါသည်။ ထိုနောက် မင်းပုဂံကုမ္ပဏီ၏အင်ဂျင်နီယာဖြစ်သူ ဦးသိန်းဇော်သည် နေ့စားအလုပ်သမားများအား လုပ်အားခအပြည့်အဝ မပေးခဲ့ပါ။ အလုပ်သမားများအား လုပ်အားခပေး ဆောင်ရမည့်အစား ဦးသိန်းဇော်သည် မိမိကိုယ်ပိုင်ငွေများအဖြစ် ၎င်းအခကြေးငွေများကို သိမ်းယူခဲ့ပြီးပေးဆောင်မည့်လုပ်အားခများအတွက် အကြိမ်ကြိမ်ရက် ရွှေ့ဆိုင်းခဲ့ပါသည်။

 

အမျိုးသားတစ်ဦးလျှင် နေ့စဉ်လုပ်အားခအတွက် ၅၅ဝဝကျပ်မှ ၆ဝဝဝကျပ် ကြားတွင်ရရှိပြီး အမျိုးသမီးတစ်ဦးလျှင် ၄ဝဝဝကျပ်မှ ၅ဝဝဝကျပ်ကြားတွင် နေစားအလုပ်သမားများအဖြစ် အခကြေးငွေရရှိသင့်ပါသည်။ သို့သော် အဆိုပါနေ့စားအလုပ်သမား(၁၈)ဦးတို့သည် ၎င်းတို့ရရှိသင့်သောလုပ်အားခများအားအပြည့်အဝရရှိရန်အတွက် စောင့်နေရဆဲဖြစ်ပါသည်။ ကုမ္ပဏီမှ ၎င်းတို့အားလုပ်အားခပေးဆောင်ရန် ကတိ ပေးထားသော်လည်း ယခုအချိန်ထိ မပေးဆောင်ရသေးပေ။ ဦးသိန်းဇော်မှ ဦးလ---နှင့် အခြားနေ့စားအ လုပ်သမားများအားပေးရမည့် စုစုပေါင်း ငွေပမာဏသည် ၁၆၁၂၀၀၀ ကျပ် ဖြစ်ပါသည်။ 

 

နေ့စားအလုပ်သမားများသည် ၎င်းတို့၏စားဝတ်နေရေးနှင့် မိသားစုများကို ထောက်ပံ့ရန်အတွက်် မိမိတို့၏ နေ့စဉ်လုပ်အားခများကိုသာ မှီခိုကြရပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည့် အသက်မွေးဝမ်း ကျောင်းပြုရန်အတွက် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် လုံလောက်သည့်မြေယာများ မရှိသောကြောင့်ဖြစ် သည်။ နေ့စားအလုပ်သမားများသည် လုပ်အားခများအား မရရှိသဖြင့် စားသောက်စရာများဝယ်ယူရန် အကြွေးတင်ခဲ့ကြပြီး ၎င်းတို့အား စီးပွားရေးအကြပ်အတည်းများနှင့် စိုးရိမ်ပူပန်မှုများကို ဖြစ်စေပါသည်။ ယင်းနှင့်ပတ်သတ်၍ နေ့စားအလုပ်သမားဖြစ်သူ မအ---မှ သူမ၏ခံစားချက်ကို ကရင်လူ့အခွင့်အရေးအဖွဲ့ အား ပြောပြခဲ့သည်။ “ကျွန်မတို့တွေ စားစရာနဲ့လိုအပ်တာတွေဝယ်ဖို့ ပိုက်ဆံမရှိတဲ့အတွက် ကျွန်မအရမ်း ဒေါသထွက်မိတယ်။” 

 

နေ့စားအလုပ်သမားများသည် လုပ်အားခများကို မရရှိသေးပါသဖြင့် ၎င်းတို့သည် ခ---ကျေးရွာလူကြီးများ နှင့်တွေ့ဆုံပြီး ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် အရေးယူဆောင်ရွက်ရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ၎င်းတို့သည် ကုမ္ပဏီမှ ပေးဆောင်ရမည့် ကျန်ရှိနေသေးသည့် လုပ်အားခများကို ရရှိရန်အတွက် တိုင်ကြားစာတစ်စောင်ကို သဘောတူလက်မှတ်ထိုးခဲ့ပြီး ၂၀၁၈ခုနှစ်၊ သြဂုတ်လ၊ ၁၃ရက်နေ့တွင် ကရင် ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ထံသို့ တိုင်ကြားခဲ့ပါသည်။ 

 

လမ်းဆောက်လုပ်ရေးစီမံကိန်းအား ရပ်ဆိုင်းပြီးသည့်နောက်ပိုင်းတွင် ခ---ကျေးရွာရှိရွာသားများသည် နေ့ စားအလုပ်ကို ပုံမှန်လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှစပြီး ၎င်းရွာသားများသည် လမ်းဆောက်လုပ်ရေးစီမံကိန်းအတွက် စိန်ဆင်ကြယ်ကုမ္ပဏီတွင် နေ့စားအလုပ်သမားများအဖြစ် လုပ်ကိုင် ခဲ့ကြပါသည်။ ယခုလက်ရှိတွင် ရွာသားများသည် ၎င်းတို့၏လုပ်အားခများကို အချိန်မှန်မှန် ရရှိနိုင်ပြီး ၎င်းတို့အကြွေးတင်ခဲ့သည့်ငွေများကိုလည်း ပြန်ဆပ်နိုင်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့ဆောက်လုပ်နေသည့် လမ်းစီ မံကိန်းသည် ၂၀၁၉ခုနှစ်၊ ဇူလှိုင်လတွင် ပြီးစီးသွားမည်ဖြစ်သည်။ 

 

၂၀၁၉ခုနှစ်၊ ဇွန်လတွင် ကရင်လူ့အခွင့်အရေးအဖွဲ့မှ သတင်းမှတ်တမ်းပြုစုသူသည် လုပ်အားခပေးဆောင် ရန် ပျက်ကွက်ခြင်းနှင့်ပတ်သက်၍ ဦးလ---နှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ၎င်းမှ ဦးသိန်းဇော်နှင့်အဆက် အသွယ်လုံးဝမရရှိတော့ကြောင်း ရှင်းပြခဲ့ပါသည်။ ထို့အပြင် ရွာသားများမှ ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ပို့ပေးခဲ့သောတိုင်ကြားစာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားပေးခြင်း မရှိသေးပဲ ဖြစ်နေပါ သည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဦးလ---မှ ကရင်လူ့အခွင့်အရေးအဖွဲ့အား ဤသတင်းအချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ပါသည်။

Mon, 22 Jul 2019

Footnotes: 

[1] မင်းပုဂံကုမ္ပဏီ လိမိတက် မှတ်ပုံတင်ခြင်းအမှတ် : 10534297 - ဤကုမ္ပဏီနှင့်ပတ်သတ်သည့် အချက်အလက်များအား ဤနေရာတွင် ကြည့်ပါ။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်