Tue, 16 Jul 2019
သထုံခရိုင် မှုခင်းဆိုင်ရာမှတ်တမ်းလွှာ : ကျိုက်ထိုမြို့နယ်တွင် စူပါဝမ်း ကုမ္ပဏီ၏ မြေယာသိမ်းဆည်းမှု (၂၀၁၈ခုနှစ်၊ အောက်တိုဘာလ)

၂၀၁၅ ခုနှစ်တွင် စူပါဝမ်းကုမ္ပဏီသည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံရွာသားကိုးဦး၏မြေဧက ၆၄ ဧကအား သိမ်းယူခဲ့သည့်အတွက် ရွာသားများသည် အသက်မွေးဝမ်းကျောင်းဆိုင်ရာအခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ မြေယာသိမ်းဆည်းခံရသည့် ရွာသားများသည် မည်သည့်လျော်ကြေးငွေမှ မရရှိသည့်အပြင် ၎င်းတို့မြေယာများကို ပြန်လည် ရရှိခြင်း မရှိသေးပါ။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေယာသိမ်းဆည်းမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၅ခုနှစ် နွေရာသီကာလ

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

က---ကျေးရွာ၊ ချောင်းပြန့်ကျေးရွာအုပ်စု၊ ကျိုက်ထိုမြို့နယ်၊ သထုံခရိုင်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောတ---

အသက်

၃၈ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

ရှိ

အလုပ်အကိုင်

တောင်ယာ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ရာထူးအဆင့်

-

နေရပ် ရွာအမည်

က---ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

ဦးလှမောင်

ကုမ္ပဏီပိုင်ရှင်

စူပါဝမ်းကုမ္ပဏီ[2]

 နောင်ရိုးကျေးရွာ၊ ချောင်းပြန့်ကျေးရွာအုပ်စု၊ ကျိုက်ထိုမြို့နယ်၊ သထုံခရိုင်

-

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤမြေယာသိမ်းဆည်းမှုနှင့်ပတ်သက်သည့်သတင်းအကြောင်းအရာများကို ကျိုက်ထိုမြို့နယ်ရှိ ကေအဲန်ယူ ရဲအရာရှိတစ်ဦးထံမှ ကျွန်မ (KHRG သတင်းစုဆောင်းသူ) ရရှိခဲ့ပါသည်။ ထို့နောက် ကျွန်မသည် က---ကျေးရွာအုပ်ချုပ်ရေးမှူး၊ ချောင်းပြန့်အုပ်စုအုပ်ချုပ်ရေးမှူးနှင့် မြေယာသိမ်းဆည်းခံရသည့်ရွာသားတစ်ဦး ဖြစ်သူ စောတ---နှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။  

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

မြေယာသိမ်းဆည်းခံရသည့် ရွာသားတစ်ဦးနှင့် ဤမြေယာသိမ်းဆည်းသည့်ကိစ္စကို တင်ပြရာတွင် ပါဝင်ကူ ညီခဲ့သည့် က---ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဤသတင်းအကြောင်းအရာများကို ပြောပြခဲ့ခြင်းဖြစ်သည်။  သို့သော် စောပ---သည် မကြာသေးမှီက အုပ်စုအုပ်ချုပ်ရေးမှူးရာထူးကို ခန့်အပ်ခံခဲ့သည့်အတွက် သတင်း အကြောင်းအရာ အပြည့်အစုံကို ကျွန်မအား မပြောပြနိုင်ခဲ့ပါ။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၁၅ခုနှစ်တွင် ဦးလှမောင်ပိုင်ဆိုင်သည့် စူပါဝမ်းကုမ္ပဏီသည် က---ကျေးရွာရှိ ရွာသားကိုးဦး၏မြေဧက ၆၄ ဧကကို အတင်းအဓမ္မသိမ်းယူခဲ့သည်။ က---ကျေးရွာသည်  ကေအဲန်ယူနှင့်မြန်မာနိုင်ငံအစိုးရနှစ်ရပ်လုံး ရောနှော၍အုပ်ချုပ်သည့် ကျေးရွာအုပ်စုတွင် တည်ရှိပါသည်။ မြေယာသိမ်းဆည်းခံရသည့် ရွာသားကိုးဦး မှာ မည်သည့်လျော်ကြေးငွေမှ မရရှိဘဲ ယခုလက်ရှိတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ မြေယာ (၁၃)ဧက သိမ်းဆည်းခံခဲ့ရသူ စောတ---သည် ကရင်လူ့အခွင့်အရေးအဖွဲ့ကို ယခုလို တင်ပြခဲ့သည်။“သူတို့က ကျွန်တော်မြေတွေကို သိမ်းယူခဲ့တယ်။ ပြီးတော့ ကြံစိုက်ခင်းလုပ်ဖို့အတွက် မြေ(၄)ဧကကို အသုံးပြုခဲ့တယ်။ ကျန်တဲ့မြေတွေက ရေတွေနဲ့ ပြည့်နေတာကြောင့် သူတို့ ဘာမှ မစိုက်ရသေးဘူး။ ဒါပေမဲ့ ရေတွေကျလာရင် သူတို့စိုက်လိမ့်မယ်”    ၂၀၁၉ခုနှစ်တွင် ကုမ္ပဏီမှ ကြံ ပင်များကို ပိုမို၍ စိုက်ပျိုးခဲ့သည့်အတွက်ကြောင့် စောတ---အတွက် လယ်ယာမြေနှစ်ဧကသာ ကျန်ရှိခဲ့ သည်။ 

 

၂၀၁၂ ခုနှစ်မှစ၍ စောတ---၏မြေယာများကို ကုမ္ပဏီသုံးလုံးမှ အဆင့်ဆင့်သိမ်းယူခဲ့သည်။ ၂၀၁၂ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ ၎င်းမြေယာများကို ရွှေသန်လွင်ကုမ္ပဏီမှ သိမ်းယူခဲ့သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ အေအိုင်ဂျီကုမ္ပဏီမှ မြေယာများအား သိမ်းယူခဲ့ပြီး စူပါဝမ်းကုမ္ပဏီမှလည်း ၂၀၁၅ခုနှစ်မှ ယနေ့ထိတိုင် ဆက်လက်သိမ်းဆည်းနေဆဲပင်ဖြစ်သည်။ စောတ---၏လယ်ယာမြေမှ နှစ်စဉ် စပါးတင်း ၂၀၀ မှ ၃ဝဝအထိ ထွက်ရှိခဲ့ပြီး  ၎င်း၏မိသားစုစားဝတ်နေရေးကို လုံလောက်စွာထောက်ပံ့နိုင်ခဲ့သည်။ စောတ---သည် ၂၀၁၅ ခုနှစ်မှ ၂၀၁ရခုနှစ်အထိ ၎င်း၏ လယ်ယာမြေတွင် လုပ်ကိုင်စိုက်ပျိုးခွင့်ရရှိခဲ့သည်။ ၂၀၁၈ခုနှစ်တွင် စောတ---သည် ကျပ်၂၀၀,ဝဝဝနှင့် လယ်ထွန်စက်တစ်လုံးကို ငှားရမ်းခဲ့သည်။ သို့သော် လယ်ယာမြေလုပ်ကိုင် စိုက်ပျိုးခြင်းအား ရပ်တန့်ရန် စူပါဝမ်းကုမ္ပဏီဝန်ထမ်းတစ်ဦးမှ ၎င်းအား အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စောတ---သည် ၎င်း၏မိသားစုစားဝတ်နေရေးအတွက် လုံလုံလောက်လောက် ထောက်ပံ့နိုင်ခြင်း မရှိတော့ ဘဲ စီးပွားရေးအခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။   

 

စောတ---သည် ၎င်း၏မိသားစုကိုထောက်ပံ့နိုင်ရန်အတွက် ၂၀၁၈ခုနှစ် ဩဂုတ်လမှ စက်တင်ဘာလအထိ ကျွဲကျောင်းသည့်လုပ်ငန်းဖြင့် လုပ်ကိုင်ခဲ့သည်။ သို့သော် ၎င်းသည် ကျွဲကျောင်းသည့်လုပ်ငန်းကို လုပ်ကိုင် ၍မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် စူပါဝမ်းကုမ္ပဏီမှ ၎င်းအား သိမ်းဆည်းထားသောမြေယာထဲတွင် ကျွဲကျောင်းရန်် ခွင့်မပြုခဲ့ခြင်းဖြစ်သည်။ စောတ---သည် ကုမ္ပဏီမှ တားမြစ်ထားသော်လည်း ၂၀၁၉ခုနှစ် တွင် ၎င်း၏ကျန်ရှိသောမြေယာများနှင့် လုပ်ကိုင်စိုက်ပျိုးရန် ကြိုးစားသွားမည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ အား တင်ပြခဲ့သည်။ ထို့အပြင် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ရသည့်အရာများကိုလည်း ပြော ပြခဲ့သည်။  “ကျွန်တော်တို့မှာ မိသားစုနဲ့ကလေးတွေ ရှိတယ်။ ဒါကြောင့် စားဝတ်နေရေးအတွက် အလုပ် လုပ်ဖို့လိုတယ်။ ကျွန်တော်တို့အလုပ်မလုပ်ရင် ကျွန်တော်တို့ဘဝအတွက် အခက်အခဲများစွာရှိလိမ့်မယ်”။ ယခုတွင် စောတ---၏အမျိုးသမီးသည်လည်း  အခြားဝင်ငွေရရှိရန်အတွက် သူတစ်ပါး၏ရော်ဘာခြံတွင် သော်လည်းကောင်း၊ ဥယျာဉ်ခြံတွင်သော်လည်း လုပ်ကိုင်နေရပါသည်။ 

 

စောတ---သည် ဒေသခံအာဏာပိုင်များထံတွင် ၎င်း၏မြေယာများပြန်လည်ရရှိရန် အကူအညီ သွားတောင်း ခဲ့သည်။ ၂၀၁ရခုနှစ်၊ ဒီဇင်ဘာလ၊ ၂၆ရက်နေ့တွင် က---ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးတို့သည် နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့ပြီး စောတ---နှင့် အခြားရွာသားရှစ်ဦးအတွက် သထုံခရိုင်ရှိ ကေအဲန်ယူခေါင်းဆောင်များနှင့် ဒေသခံမြန်မာအစိုးရအာဏာပိုင် များထံသို့လည်း တိုင်ကြားစာများပေးပို့ခဲ့သည်။  ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလရောက်သည့်အထိ ၎င်းတို့သည် တိုင်ကြားစာနှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာကိုမှ လက်ခံရရှိခြင်းမရှိသည့်အပြင် စူပါဝမ်းကုမ္ပဏီမှ မြေယာများကို ဆက်လက်သိမ်းဆည်းလျက်ရှိသည်။ 

 

၂၀၁၅ခုနှစ်ကတည်းက သိမ်းဆည်းခံရသော မြေယာများအား ပြန်လည်ရရှိရန်အတွက် စောတ---သည် ကျပ်ငွေ ၅သိန်းကို ကုန်ကျခံ၍ ကြိုးပမ်းခဲ့သေးသည်။ ၎င်းငွေအများစုသည် ဤအမှုအတွက် ကူညီခဲ့သော  ကေအဲန်ယူနှင့် မြန်မာအစိုးရအရာရှိများ၏ သွားလာနေထိုင်သည့်စရိတ်အတွက် အသုံးပြုခဲ့သည်။ မြေယာ သိမ်းဆည်းခံခဲ့ရသောရွာသားများသည် ၎င်းကုန်ကျစရိတ်များကို ပေးရမည်ဖြစ်သောကြောင့် စိုးရိမ်ပူပန်မှု များဖြစ်ပေါ်စေပြီး ၎င်းအများစုမှာ ထိုကုန်ကျစရိတ်များကို ပေးရန်မတတ်နိုင်ကြပါ။ ထို့ကြောင့် အချို့မှာ ရွေးချယ်စရာမရှိတော့သဖြင့် မြေယာပြန်လည်ရရှိရန် မျှော်လင့်ချက်ဆုံးရှုံးခဲ့ပြီး ၂၀၁၈ခုနှစ်၊ အောက်တိုဘာ လတွင် စောတ---သည် ဤမြေယာပြန်လည်ရရှိရေး အစီအစဉ်ကို ရပ်တန့်ခဲ့သည်။ ၂၀၁၉ခုနှစ်တွင် မြေယာဆုံးရှုံးသွားသည့်ရွာသားများအား  ကေအဲန်ယူမှ မြေယာအသစ်ပြန်လည်အစားထိုးစီစဉ်ပေးမည်ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ်ထံမှ သိရှိခဲ့ရသည်။ 

 

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြေယာသိမ်းဆည်းမှုပြဿနာသည် ဆက်လက်တည်ရှိနေပြီး ထုံးတမ်းဓ လေ့အရ လုပ်ကိုင်နေကျသောမြေယာပိုင်ရှင်များနှင့် တရားဝင်မြေယာမှတ်ပုံတင်ထားသော မြေယာပိုင်ရှင် များ နှစ်ဦးနှစ်ဖက်လုံးအတွက် ထိခိုက်နစ်နာမှုများရှိပါသည်။ အမှန်စစ်စစ်တွင် မြေယာသိမ်းဆည်းခံရသည့် ဒေသခံရွာသားကိုးဦးတွင် ကေအဲန်ယူမှ ချမှတ်ထားသော  မြေယာစာချုပ်စာတမ်းများရှိပါသည်။ သို့သော်  ကေအဲန်ယူမြေယာစာချုပ်စာတမ်းများအား  မြန်မာအစိုးရမှအသိအမှတ်မပြုသည့်အတွက်ကြောင့် အထူးသ ဖြင့် အစိုးရနှစ်ဦးနှစ်ဖက်လုံးရောနှောအုပ်ချုပ်သည့်နေရာများတွင် ဖြစ်ပွားသည့် မြေယာသိမ်းဆည်းမှုများ အား တားဆီးရန် အကာအကွယ်ပေးနိုင်မှု အနည်းငယ်သာရှိသည်။  ထို့ပြင် ကေအဲန်ယူသည် ၎င်း၏မြေ ယာအုပ်ချုပ်မှုစနစ်အား ပိုမို၍အားကောင်းလာအောင် ပြလုပ်ရန်လုပ်အပ်သေးသည်။ အဘယ်ကြောင့်ဆို သော် မြေယာသိမ်းဆည်းမှုများအား တားဆီးကာကွယ်ရမည့်အစား  မြေယာသိမ်းဆည်းခံရသော ရွာသား များအား မြေယာအသစ်ပြန်လည်အစားထိုးပေးအပ်ရန် စီစဉ်ခဲ့သောကြောင့်ဖြစ်သည်။ စောတ---သည် မြန်မာအစိုးရမှ ချမှတ်ထားသော မြေယာစာရွက်စာတမ်းရှိသော်လည်း ၎င်းမြေယာများအား သိမ်းဆည်းခံရ ခြင်းသည် စိုးရိမ်ဖွယ်ရာကိစ္စတစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာအစိုးရမှ ချမှတ်ထားသော မြေယာစာရွက်စာတမ်းသည်  မြန်မာနိုင်ငံရှိ မြေယာသိမ်းဆည်းမှုများအား ကာကွယ်ရန် တရားဝင် အသိအ မှတ်ပြုထားသောကြောင့်ဖြစ်သည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

မြေယာသိမ်းဆည်းခံရသော ရွာသားသည်  ဤသတင်းအကြောင်းအရာကို အသုံးပြုရန် ကရင်လူ့အခွင့် အရေးအဖွဲ့အား ခွင့်ပြုချက်ပေးခဲ့သည်။

Tue, 16 Jul 2019

Footnotes: 

[1] ယခုလက်ရှိအစီရင်ခံစာကို ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ ၆ ရက်နေ့တွင်ရရှိသော အကြောင်းအရာအပေါ်တွင်အခြေခံပြုစုထားသည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ဒေသတွင်း   လူ့အခွင့်အရေးအခြေအနေများကိုလေ့ လာမှတ်သားရန်လေ့ကျင့်သင်ကြားပေးထားသော ဒေသခံအဖွဲ့ဝင်တစ်ဦးမှဖော်ပြခြင်းဖြစ်သည်။ လုံခြုံရေးနှင့်ပတ်သက်သောထိခိုက်မှုခံစားရသောသူများ၏နာမည်များနှင့် တိကျသော နေရာဒေသအကြောင်းအရာများအား ဖြတ်တောက်ထားသည်။ 

[2]   “Bilin sugar factory restarts operation with trial run of new sugar machine”, BNI Multimedia Group, April 2018 တွင်ဖတ်ရှုနိုင်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်