Thu, 26 Jul 2018
သထုံခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - လိင်ပိုင်းဆိုင်ရာစော် ကားနှောင့်ယှက်ခြင်း

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ က--- ရွာတွင်ဖြစ်ပွားခဲ့သော အမျိုးသမီးငယ်တစ်ဦး အပေါ် လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်ခြင်းအကြောင်းကိုတင်ပြခြင်းဖြစ်ပါသည်။ စိတ်မတည်ငြိမ်သူ နော်ဖ---ဖြစ် သော အသက်အရွယ်ငယ်ကလေးမလေးတစ်ဦးအား ကျောင်းအုပ်ဆရာဖြစ်သော ဦးသက်နိုင်ဦးမှ နမ်း၍ခန္ဓာပိုင်းဆိုင်ရာ မဖွယ်မရာပြုမူခြင်း ဖြစ်ပွားခဲ့ပါသည်။ ဤပြစ်မှုကျူးလွန်သူကို ဖမ်းမိသော်လည်း ခဏတာအတွင်းမှာ လွတ်ငြိမ်းခွင့်ရခဲ့ပြီး အခြားကျောင်းတစ် ကျောင်းတွင် အလုပ်အခန့်ခံရပါသည်။ ဒေသခံများသည် ဦးသက်နိုင်ဦးမှ ဤကဲ့သို့ကလေးများအပေါ် ဆက်လက်၍စော်ကား နှောင့်ယှက် မည်ကိုစိုးရိမ်ကြပါသည်။

 

မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ | ဘီးလင်းမြို့နယ်၊ သထုံခရိုင် (ဒီဇင်ဘာလ ၂၀၁၇ ခုနှစ်) 

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှဒေသတွင်း   လူ့အခွင့်အရေးအ ခြေအနေများကို လေ့လာမှတ်သားရန် လေ့ကျင့်သင်ကြားပေးထားသော ဒေသခံအဖွဲ့ဝင်တစ်ဦးမှဖော်ပြခြင်းဖြစ်သည်။[1]  ဤသတင်းလွှာသည်   ၂၀၁၈ ခုနှစ်၊ မေလတွင် လက်ခံရရှိခဲ့ပြီး အခြားသောမှုခင်းပြသည့် မှတ်တမ်း များ ၂ စောင်နှင့်အတူ သထုံခရိုင်ဒေသတွင်းနောက်ဆုံးအခြေအနေသတင်းဖော်ပြချက်မှတ်တမ်း တစ်စောင် လက်ခံရရှိခဲ့သည်။[2]  
 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

က---ရွာ၊ ဘီးလင်းမြို့နယ်၊ သထုံခရိုင်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ဖ---

အသက်

၁၅ နှစ်

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

မရှိ

အလုပ်အလုပ်အကိုင်

ကလေး

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ကလေး

နေရပ် ရွာအမည်

ကမမောင်းမြို့၊ ထ--- ရပ်ကွပ်

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

အလုပ်ခန့်ခံရသောနေရာ

နေရာဇာတိ

ဦးသက်နိုင်ဦး

အစိုးရမှ ကျောင်းအုပ်ဆရာ

က---

ကျိုက်ထို

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

 ဤသတင်းကို အခွင့်အရေးချိုးဖောက်ခံရသူ၏အဒေါ်နှင့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၈ရက်တွင် တွေ့ဆုံ ပြီးအကြောင်း စုံကို မေးမြန်းထားခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းသည် မှုခင်းဖြစ်ပွားသည့်နေရာ၌ ဒေသခံရွာသားများ၏ပြောကြားချက်အရ သိရှိရပါသည်။ ထို့နောက် အခွင့်အရေးချိုးဖောက်ခံရသူ၏ အဒေါ်ကိုလည်း ဤအကြောင်းအရာနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်းကြောင့် ဤသတင်းမှန်ကန်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မူလတန်းကျောင်းအုပ်ဖြစ်သူ ဦးသက်နိုင်ဦးသည် ၁၅ နှစ်သာ ရှိသေးသော စိတ််မတည်ငြိမ်သော အမျိုးသမီးငယ် နော်ဖ---အား လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခဲ့ပါသည်။

 

ထိုနေ့တွင် ဆရာကြီးသည်အရက်အနည်းငယ်သောက်ထားပြီး ဖုန်းအားသွင်းရန် နော်ဖ---၏အိမ်သို့ ရောက်လာပါ သည်။ ဆရာကြီးအိမ်ထဲဝင်လာသောအခါ သူမ၏မိဘသည်သူမကို အိမ်သန့်ရှင်းရေးလုပ် ခိုင်းခဲ့ပါသည်။ အဘယ် ကြောင့်ဆိုသော် သူမ၏မိဘတို့သည် ဆရာအားဧည့်သည်အဖြစ် သဘောထားသောကြောင့်ဖြစ်သည်။ ထို့နောက် သူမတစ်ယောက်ထဲနေသောအချိန်တွင် သူမအား ဦးသက်နိုင်ဦးမှ နမ်းဆုတ်မှုပြုခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် အမျိုးသမီးငယ်မိဘနှင့်တစ်ချို့သူတို့သည် ရုပ်ရှင်ကြည့်နေခြင်းဖြစ်သည်။

 

ဦးသက်နိုင်ဦးမှ နမ်းဆုတ်မှုပြုလုပ်ခိုက်တွင် နော်ဖ---၏ဦးတော်စပ်သူ စောရ---သည်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူထံ အ ကြောင်းကြားခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများမှ ဆရာကြီးအား ဖမ်းပြီး လက်ထိတ်ခက်ခဲ့ပါသည်။ သို့သော် ဖမ်းဆီးသူတို့၏အလေးမထားမှုကြောင့် ဦးသက်နိုင်ဦးသည် လက်ထိတ်ကိုဖြုတ်ပြီး ထွက်ပြေးခဲ့ပါသည်။ သို့သော် မကြာခင်အတွင်းတွင် ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါသည်။

 

ဤမှုခင်းကို ဖြေရှင်းရန်အတွက် ဒေသခံတာဝန်ရှိသူများသည် အုပ်ချုပ်ရေးမှူးများနှင့် စ---၊ ထ---၊ ယ---၊ သ---၊ ဝ--- နှင့် ပ--- ရွာများ၏ ကျောင်းအုပ်များကို ဖိတ်ခေါ်ပြီးအစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

သ--- ရွာမှ ရွာသားတစ်ဦးမှ ဦးသက်နိုင်ဦးသည် အမျိုးသမီးငယ်၏မိဘများကို တောင်းပန်ပြီး ဤမှုခင်းကိုဆက် လက်မတင်ပြဖို့တောင်းဆိုခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ အမျိုးသမီးငယ်၏မိဘများလည်း ဤမှုခင်းသည် တာဝန်ရှိ သူများ၏လက်ထဲ၌ ရှိသည်ဟုပြန်လည်တုန့်ပြန်ခဲ့ပါသည်။ သူတို့သည်လည်း ဦးသက်နိုင်ဦးအား သူတို့ရွာတွင် ဆက် လက်၍စာသင်ရန်မလိုလားကြပါ။

 

ဦးသက်နိုင်ဦးသည် အပြစ်ရှိသော်လည်း (ဒေသခံရွာသားများသိရှိချက်အရ) သူသည်ဤမှုခင်းအတွက် ထိုက်တန် သောအပြစ်ဒဏ် မခံရပါ။ ဘီးလင်းမြို့နယ် လက်ထောက်ဒုပညာရေးမှူးဖြစ်သော ဦးလွင်မောင်စိုးသည် ဦးသက် နိုင်ဦးအား နီးစပ်ရာမြို့သို့ပြန်ခေါ်သွားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဦးသက်နိုင်ဦးသည် အစိုးရမှအလုပ် ခန့်ထားသည်ဖြစ်၍ ဦးလွင်မောင်စိုးမှ ဤဆရာကြီးသည် သူတို့၏လူသာဖြစ်သောကြောင့် သူတို့ကိုယ်တိုင်တာဝန် ယူမည်ဟု ပြောကြားခဲ့ပါသည်။ 

 

ဖောက်ထွင်းမြင်နိုင်ခြင်းမရှိသောအခါ ဒေသခံရွာသားများသည် ဦးသက်နိုင်ဦးအား ဤမှုခင်းနှင့်ပတ်သက်၍ ထိ ရောက်စွာ အရေးယူမှုမရှိသည်ဟုယုံကြည်ကြသည်။ ထို့အပြင် ဦးသက်နိုင်ဦးအား ကျောင်းအုပ်အဖြင့် လက်မခံသင့် တော့ပါဟု ယုံကြည်ကြပါသည်။ ဤဆရာကြီးကို ရွာသားများမှ ဥပဒေအတိုင်း အရေးယူစေလိုပါသည်။ သို့သော် ဦးသက်နိုင်ဦးအား အရေးယူရမည့်အစား အရေးမယူပဲ အခြားရွာတစ်ရွာ၏ကျောင်း၌ ဆရာအဖြစ်ထပ်မံအလုပ် ခန့်ခံရပါသည်။ သူသည် ထိုရွာ၌ ကျောင်းအုပ်ဖြစ်သောသူသည် အခြားတစ်နေရာကို ပြောင်းရွှေ့သောကြောင့် ထို ကျောင်းအုပ်ကို အစားထိုးပြီးအလုပ်လုပ်နေခြင်းဖြစ်သည်။

 

ကျွန်ုပ် (ကရင်လူအခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်းပြုစုသူ) သည် ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ အလုပ်လုပ်နေသူတစ်ဦးအား တွေ့ဆုံမေးမြန်းရာတွင် သူမမှ ဤကဲ့သို့မှုခင်းနှင့်ပတ်သက်ပြီး ထိရောက်စွာအရေးမယူ သည့်အပေါ် (ဒေသခံတာဝန်ရှိသူများဘက်တွင်လည်း) အမျိုးသမီးများကို ခွဲခြားဆက်ဆံရာရောက်သည်ဟုဆိုခဲ့ပါ သည်။ ထို့အပြင် သူမမှလည်း “ကျွန်မတို့သည် အမျိုးသမီးများဖြစ်သောကြောင့် ဤကဲ့သို့မှုခင်းကို လျှစ်လှူရှူကြပြီး အရေးယူ သင့်သော်လည်း ပြစ်မှုကျူးလွန်သူအားအရေးမယူကြပါ ” ဟု ထပ်မံပြောဆိုခဲ့ပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းကို အခွင့်အရေးချိုးဖောက်ခံရသူ၏ အဒေါ်က လူ့အခွင့်အရေးအဖွဲ့အား ခွင့်ပြုချက်ပေးထားပါသည်။

Thu, 26 Jul 2018

Footnotes: 

[1] ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသော မြန်မာပြည်အရှေ့တောင်ပိုင်းရှိဒေသခံ အဖွဲ့များအား လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပျက်မှုသတင်းအချက်အလက်တစ်ခုချင်းစီအား စံညွန်းပုံစံအချိုးအစားများနှင့်အညီ ရွာ သားများအား ဖြစ်ရပ်ဆိုင်ရာအင်တာဗျူးခြင်းနှင့် ၄င်းတို့ရင်နှီးသောနေရာဒေသများတွင် အထွေထွေနောက်ဆုံးရအခြေ အနေများအားတင်ပြခြင်းတို့ကိုစုဆောင်းရန် လေ့ကျင့်သင်ကြားပေးပါသည်။ ဤမူခင်းဖော်ပြသည့်မှတ်တမ်းလွှာပြုစုရာတွင် ဒေသခံအဖွဲ့ဝင်များကို ၄င်းတို့အရေးကြီးသည်ဟုယူဆသော လူ့အခွင့်အရေးချိုးဖောက်သောဖြစ်ပျက်မှုများအား ၄င်းတို့ အားဖြင့် စီစစ်အတည်ပြုထားပြီးသော မူရင်းအထောက်အထားများနှင့်ဒေသအတွင်း ပြောင်းလဲဖြစ်ပေါ်မူများအားနှိုင်းယှဉ် ခြင်းတို့ကို လေ့လာမှတ်သားရန်အားပေးတိုက်တွန်းထားပါသည်။

[2] ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ၏ သတင်းကောက်ယူမှုစည်းစနစ်များအားပို၍ထိုးဖောက်မြင်နိုင်ရန်နှင့် ကိုယ်တွေ့ တိုက်ရိုက်ဆက်သွယ်မှုများနှင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိရွာသူရွာသားများ၏ အမြင်ရှုထောင့်များတင်းပြခြင်း၊ KHRG ၏အဓိကလုပ်ဆောင်မှုရည်မှန်းချက်တစ်ခုမှာ ကွင်းဆင်းလေ့လာသူများထံမှလက်ခံရရှိ သောသတင်းများအားလုံးကို လုပ် ငန်းစဉ်အတိုင်းလုပ်ဆောင်ပြီး ဘာသာပြန်၍ပြစ်မှုကျူးလွန်ခြင်းခံရသူများ လုံခြုံရေးနှင့်ပတ်သက်သောအကြောင်းအရာများ အားစီစစ်ဖြတ်တောက်ခြင်းများ ပြုလုပ်ပြီးနောက် KHRG ၏ ဝက်ဘ်ဆိုက်တွင်ဖြန့်ဝေခြင်းဖြစ်သည်။ အခြားသော အစီရင် ခံစာများမှာနေရာဒေသ၊ ခုနှစ်၊ အကြောင်း အရာ၊အမျိုးအစားအလိုက်ခွဲထားပြီး ဤသတင်းနှင့်ပတ်သတ်သော အခြားသော အကြောင်းအရာများအား ဆက်လက်ဖတ်ရှုရန်ကျေးဇူးပြု၍ အစီရင်ခံစာတစ်ခုချင်းစီအား KHRG ဝက်ဘ်ဆိုက်တွင်ဖက်ရှုပါ။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်