Thu, 17 May 2018
တောင်ငူ မှုခင်းဆိုင်ရာမှတ်တမ်းလွှာ: သံတောင်ကြီးမြို့နယ်အတွင်း ၂၀၁ရခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာများရရှိ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ အ---ရွာနှင့် သံတောင်ကြီးမြို့ အကြားရှိလမ်းခွတွင် ကားတိုက်မှုကြောင့် အ---ရွာမှ ရွာသားတစ်ဦးသေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့သည့် အကြောင်းအရာကို ဖော်ပြထားခြင်းဖြစ်သည်။ ယင်းယာဉ်တိုက်မှုဖြစ်ပွားသည့် မော်တော်ကားမှာ တပ်မတော် ဘုရင့်နောင်စစ်တပ်စခန်းမှ ဒုတပ်ကြပ်အောင်မင်းနိုင်၏ကားဖြစ်သည်။ သို့သော်ငြားလည်း သူ၏ကားကို အဆိုပါယာဉ်တိုက်မှုတွင် မောင်းနှင်ခဲ့သောသူသည် မည်သူမည်ဝါဆိုတာက မသိရပါ။ ထိုယာဉ်ကို မောင်းနှင် ခဲ့သူသည် နော်ဝ---ကိုပါတိုက်မိခဲ့ပြီး နော်ဝ---မှ သူမ၏ဘယ်ဖက်လက်တစ်ဖက်နှင့်နံရိုးတစ်ချောင်း ကြိုးခဲ့ သည်။ သို့သော် သူမ၏ ဒဏ်ရာအတွက် ကောင်းမွန်သော ဆေးကုသမှုကို လက်ခံရရှိခြင်း မရှိခဲ့ပေ။

 

မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ| တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ ဒေသတွင်း လူ့အခွင့် အရေးအခြေအနေများကို လေ့လာမှတ်သားရန် လေ့ကျင့်သင်ကြားပေးထားသော ဒေသခံအဖွဲ့ဝင် တစ်ဦးမှဖော်ပြထားခြင်းဖြစ်သည်။[1] ဤသတင်းလွှာသည်၂၀၁ရခုနှစ် ဇူလိုင်လတွင်  တောင်ငူခရိုင်မှ လက်ခံရရှိခဲ့ပြီး အခြားသောမှုခင်းဖော်ပြသည့်မှတ်တမ်းတစ်ခုနှင့်အတူ အခြားသောသတင်းအမျိုး အစားများဖြစ်ကြသော မှုခင်းအင်တာဗျူး (၉) ခု၊ ဒေသတွင်းနောက်ဆုံးရ အခြေအနေသတင်း ဖော်ပြချက်မှတ်တမ်း တစ်စောင်၊ ဓာတ်ပုံ (၁၈၆) ပုံ၊ ဗီဒီယို (၄) ခုနှင့်တကွ လက်ခံရရှိခဲ့သည်။[2]
 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ယာဉ်တိုက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁ရခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့နှင့် အ--- ရွာ အကြားရှိ ကားလမ်းမလမ်းခွ  

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ဝ--- 

အသက်

၅၂ နှစ်

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

ရှိ

အလုပ်အကိုင်

ဥယျာဥ်ခြံ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ဘ--- အုပ်စု၊ အ--- ရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

အောင်မင်းနိုင်

ဒုတပ်ကြပ်

ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်း

သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်လေ့ကျင့်ရေးကျောင်း

ဗိုလ်ချုပ်စိုးတင့်နိုင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤသတင်းကို ရွာသားထံမှ သိရ၍ ထိခိုက်ဒဏ်ရာရရှိသူ ရွာသားများနှင့် သွားရောက်တွေ့ဆုံ၍ အ--- ရွာသို့ သွားရောက်ပြီး အင်တာဗျူး (တွေ့ဆုံမေးမြန်းခန်း) ပြုလုပ်ခဲ့ပါသည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းကို ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူတစ်ဦးက ကျွန်ုပ်အား ၎င်း၏ခံစားရမှုများကို ပြောပြခြင်းကြောင့် မှန်ကန်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၁ရခုနှစ်၊ ဇူလိုင်လ၊ ရရက်နေ့၌ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ အ--- ရွာနှင့် သံတောင်ကြီး လမ်းခွတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါသည်။ ယင်းယာဉ်တိုက်မှုဖြစ်ပွားသည့် မော်တော်ကားမှာ ဘုရင့်နောင်တပ်မှ တပ်မတော် ဒုတပ်ကြပ်ရာထူးရှိသူအောင်မင်းနိုင်၏ကားဖြစ်သည်။ သို့သော် ယင်း ကားအား မောင်းနှင်လာသည့်သူသည် မည်သူမည်ဝါဆိုတာကို မသိရပါ။ ဤဒုတပ်ကြပ်အောင်မင်းနိုင် ၏ကားအား မဆင်မခြေ မောင်းနှင်လာသည့်သူ၏အပြုအမူကြောင့် ယာဉ်တိုက်မှုအခင်းဖြစ်ပွားခဲ့သည်။ အဆိုပါယာဉ်တိုက်မှုတွင် တစ်ဦးသေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းဒဏ်ရရှိသူ (၈) ဦးအနက် အသက် ၅၂ နှစ်အရွယ်ရှိ နောဝ---ဆိုသူသည် ဘယ်ဖက်လက်ကျိုးပြီး ဘယ်ဖက်နံရိုးတစ်ချောင်းပါ ကျိုးသွားခဲ့သည်။ ဤသို့ဖြင့် ၂၀၁ရခုနှစ်၊ ဇူလိုင်လ၊ ရရက်နေ့တွင် ထိခိုက်ဒဏ်ရာရရှိသည့် သူများကို ဘုရင့်နောင်စစ်တပ်ဆေးရုံသို့ ပို့ဆောင်ခံရပြီး စစ်တပ်ဆေးရုံမှ ဓာတ်မှန်ရိုက်ပေးခဲ့သည်။ နော်ဝ---ကို ဓာတ်မှန်ရိုက်ပေးပြီး အဖြေထွက်ရာမှာ သူမ၏ဘယ်ဖက်လက်တစ်ဖက်ကျိုးသွားသည်ဟု ဆေးရုံဓာတ် မှန်ရိုက်ခန်းက ပြောပါသည်။ သို့သော် နော်ဝ---ကို ဆေးရုံတက်စရာမလို၊ ဘာမှမဖြစ်ဟု စစ်တပ်ဆေး ရုံကပြောပြီး သောက်ဆေးများနှင့် လက်ကိုပတ်တီးများဖြင့်သာစည်းပေး၍ နော်ဝ---အား အိမ်တွင် ပြန်ပြီးအနားယူရန် လွတ်လိုက်ပါသည်။  

 

စစ်တပ်ဆေးရုံမှပေးလိုက်သောဆေးမှာ အစာအိမ်သောက်ဆေးနှင့် ပါရာစီတမော့သာဖြစ်၍ ၁၀ ရက် ကြာလျှင် ပြန်လာပြပါဟု သူမကို ပြောခဲ့ပါသည်။ နော်ဝ---၏ ဒဏ်ရာသည် ပို၍နာကျင်လာပြီး တောင်ငူ ဆေးရုံသို့ သွားရောက်ပြသရာမှာ ဘုရင့်နောင်စစ်တပ်ဆေးရုံမှ ပေးသည့်ဆေးသည် လက်ရှိထိခိုက် သည့်ဒါဏ်ရာနှင့်မသက်ဆိုင်၍ မသောက်သုံးရန် တောင်ငူဆေးရုံမှ ဆရာဝန်နော်ရှားရိုဖောမှ ညွှန်ကြား ၍ ၎င်းစစ်တပ်ဆေးရုံမှပေးသည့်ဆေးကို မသောက်သုံးတော့ပဲ ထားခဲ့သည်ဟု နော်ဝ---က ပြောပါ သည်။ 

 

ဤယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဒဏ်ရာရရှိခဲ့သည့် ရွာသားများကို ဘုရင့်နောင်စစ်တပ်ဆေးရုံသို့ ခေါ် သွားခဲ့သော်လည်း ဓါတ်မှန်ရိုက်ပေး၍ ဆေးရုံတက်စရာမလိုဟု ဆရာဝန်များကပြောပြီး ပြန်လွတ်လိုက် ပါသည်။ ၎င်းလူနာများက ဆေးရုံတက်ရမည်ဟုထင်ကာ အိပ်ယာလိပ်နှင့် လိုအပ်သည့် လူနာအသုံး ဆောင်ပစ္စည်းများကို တစ်ပါတည်းယူခဲ့ပြီး ဆေးရုံကလက်မခံ၍ ပြန်လာခဲ့ရပါသည်ဟု ဒါဏ်ရာရှိသူ နော်ဝ---က ပြောပါသည်။ [ဒုတပ်ကြပ်အောင်မင်းနိုင်မှ] ဆေးဖိုးဝါးခလည်းမပေး၊ တာဝန်ယူ ကုသပေး မှုလည်းမရှိကြောင်း ရွာသားများက ပြောပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းနှင့်ပတ်သက်၍ အမှန်တရားပေါ်ပေါက်ရန်နှင့်အများသိရှိပြီးပြုပြင်ပြောင်းလဲနိုင်ရန် အတွက် သတင်းကို အသုံးပြုနိုင်ပါသည်ဟု ကာယကံရှင်မှ ခွင့်ပြုချက်ပေးပါသည်။

Thu, 17 May 2018

Footnotes: 

[1]ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးသော မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံ အဖွဲ့များအား လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပျက်မှုသတင်းအချက်အလက် တစ်ခုချင်းစီအား စံညွန်းပုံစံ အချိုးအစားများနှင့်အညီ ရွာသားများအား ဖြစ်ရပ်ဆိုင်ရာအင်တာဗျူးခြင်းနှင့် ၎င်းတို့ရင်နှီးသော နေရာဒေသ များတွင် အထွေထွေနောက်ဆုံးရအခြေအနေများအား တင်ပြခြင်းတို့ကို စုဆောင်းရန် လေ့ကျင့်သင်ကြားပေး ပါသည်။ ဤမူခင်းဖော်ပြသည့်မှတ်တမ်းလွှာပြုစုရာတွင် ဒေသခံအဖွဲ့ဝင်များကို ၎င်းတို့အရေးကြီးသည်ဟု ယူဆသော လူ့အခွင့်အရေးချိုးဖောက်သော ဖြစ်ပျက်မှုများအား ၎င်းတို့အားဖြင့် စိစစ်အတည်ပြုထားပြီးသော မူရင်းအထောက်အထားများနှင့် ဒေသအတွင်းပြောင်းလဲဖြစ်ပေါ်မူများအား နှိုင်းယှဉ်ခြင်းတို့ကို လေ့လာမှတ် သားရန် အားပေးတိုက်တွန်းထားပါသည်။ 

[2]ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ သတင်းကောက်ယူမှု စည်းစနစ်များအား ပို၍ထိုးဖောက်မြင်နိုင်ရန် နှင့် ကိုယ်တွေ့တိုက်ရိုက်ဆက်သွယ်မှုများနှင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသူရွာသားများ၏ အမြင်ရှု ထောင့်များတင်ပြခြင်း၊ KHRG ၏ အဓိကလုပ်ဆောင်မှုရည်မှန်းချက်တစ်ခုမှာ ကွင်းဆင်းလေ့လာသူများထံမှ လက်ခံရရှိသော သတင်းများအားလုံးကို လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ပြီး ဘာသာပြန်၍ ပြစ်မှုကျူး လွန်ခြင်းခံရသူများ၏လုံခြုံရေးနှင့်ပတ်သက်သော အကြောင်းအရာများအား စိစစ်ဖြတ်တောက်ခြင်းများ ပြုလုပ်ပြီးနောက် KHRG ၏ အင်တာနက်စာမျက်နှာတွင် ဖြန့်ဝေခြင်းဖြစ်သည်။ အခြားသောအစီရင်ခံစာ များမှာ နေရာဒေသ၊ ခုနှစ်၊ အကြောင်းအရာ၊ အမျိုးအစားအလိုက် ခွဲထားပြီး ဤသတင်းနှင့်ပတ်သတ်သော အခြားသောအကြောင်းအရာများအား ဆက်လက်ဖတ်ရှုရန် ကျေးဇူးပြု၍ အစီရင်ခံစာတစ်ခုချင်းစီအား KHRG အင်တာနက်စာမျက်နှာတွင်ဖတ်ရှုပါ။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်