Wed, 14 Jun 2017
၂၀၁ရခုနှစ်အတွင်း မြိတ်-ထားဝယ် ခရိုင်ရှိ တနင်္သာရီမြစ်တွင် ရေအားလျှပ်စစ် စီမံကိန်း အတွက် ရေကာတာဆည်ဆောက်ရန် အဆိုပြု

ဤသတင်းအကျဉ်းချုပ်သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်တွင် ရေအားလျှပ်စစ်  စီမံကိန်းအတွက် ရေကာတာ ဆောက်  လုပ်ရန် အဆိုတင်သွင်းမှု နှင့်ပတ်သက်ပြီး အသေးစိတ်ဖော်ပြထားပါသည်။ ဤရေကာတာကို တနင်္သာရီမြစ်အတွင်း  အ--- ကန် ဟုခေါ်သော မိုးရိုရွာနှင့် ၂.၇  ကီလိုမီတာ  အကွာတွင် ရှိသော နေရာတွင် တည်ဆောက်မည်  ဖြစ်ပါသည််။ အဆိုပါ ဆောက်လုပ်မည့် ရေကာတာနှင့် ပတ်သက်ပြီး၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ တွင်တွေ့ဆုံညှိနှိုုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ အနီးတစ်ဝိုက်တွင် နေထိုင်ကြသော ဒေသခံရွာသူရွာသား များက ထို စီမံကိန်းအား သဘောမတူသဖြင့် ၄င်းတွေ့ဆုံပွဲ အတောအတွင်းတွင်ပင် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။[1] နီပွန်ကိုဝီ (Nippon Koei)  ကုမ္ပဏီ နှင့် အီတလီ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး (Italian-Thai Development) ကုမ္ပဏီ တို့မှ အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းအတွက် ဆောက်လုပ်မည့် ရေကာတာအား လေ့လာစစ်ဆေးခဲ့ပါသည်။

 

အဆိုပြု ရေအားလျှပ်စစံစီမံကိန်း၏ နောက်ခံံ သမိုင်းကြောင်းနှင့်မိတ်ဆက်ခြင်း

တနင်္သာရီမြစ်အတွင်း တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်ပြီး မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်ရှိ ဘ---ရွာမှ ဒေသခံ ရွာသားတစ်ဦးဖြစ်သော စောခ--- အား KHRG ဝန်ထမ်းတစ်ဦးမှ မတ်လ ၂ ရက်၊ ၂၀၁၇ ခုနှစ်တွင်  တွေ့ဆုံ မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို မိုးရိုရွာအနီး တစ်ဝိုက်ရှိ တနင်္သာရီမြစ်တွင် တည်ဆောက်ရန် အဆိုပြုထားခြင်း ဖြစ်ပါသည်။  စောခ---သည် ရေအားလျှပ်စစ်စီမံကိန်း၏ ဆိုးကျိုးသက်ရောက်မှု ခံရမည့် ရွာများထဲမှ ရွာသား တစ်ဦးဖြစ်ပြီး ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းတွင် ဦးစီးဆောင်ရွက်မည့် ထိုင်းကုမ္ပဏီ ဖြစ်သော (GMS Power (သို့) GMS) ဟူ၍လည်းခေါ်သည်)  မဟာ မဲခေါင် ဒေသခွဲ စွမ်းအင် ပြည်သူပိုင် ကုမ္ပဏီ လီမိတက် (Greater Mekong Sub-region Power Public Company Limited)   အမည်ရှိ ကုမ္ပဏီမှ ကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။ ရေကာတာ ဆောက်လုပ်မှုကြောင့် ရင်ဆိုင်ကြုံတွေ့ရမည့် ဆိုးကျိုးသက်ရောက်မှုရှိသည့် အခြားရွာမှ ရွာသားများလည်း အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ကြပါသည်။ 

တနင်္သာရီမြစ်ရှိ ၄င်းဧရိယာသည်  ရေအားလျှပ်စစ်ဆည်တည်ဆောက်ရန် ၁၉၉၇ ခုနှစ် ကတည်းက သတ်မှတ်ထားခဲ့ သော နေရာဖြစ်သည်။ စီမံကိန်းနှင့်ပတ်သက်ပြီး ကနဦး လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများကို ၁၉၉၇ ခုနှစ်တွင် နီပွန်ကိုဝီ (Nippon Koei) ကုမ္ပဏီ မှ ပြုလုပ်ခဲ့ပါသည်။ အီတလီ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူပိုင် ကုမ္ပဏီ လီမိတက် Italian-Thai Development Public Company Limited (ITD) မှ ရေအားလျှပ်စစ်စီမံကိန်း ဖြစ်လာရေးအတွက် ၂၀၁၂ခုနစ် တွင် လေ့လာဆန်းစစ်ခြင်း ထပ်မံ ပြုလုပ်ခဲ့ပါတယ်။  ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဂျီအမ်အက်စ် စွမ်းအင် (GMS Power) ကုမ္ပဏီသည် အဆိုပါ စီမံကိ်န်းအား အဆိုပြုတင်သွင်းထားပြီး ဖြစ်ကြောင်း ၄င်းတို့၏ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၉ရက်၊ ၂၀၁၇ ခုနစ် တွင် ဒေသခံ ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ခု ပြုလုပ်စီစဉ်ခဲ့ပါသည်။ 

မတူကွဲပြားသော ကုမ္ပဏီ များသည် ၁၉၉၇ ခုနှစ်ကတည်းက ထိုစီမံကိန်းတွင် ပါဝင်ခဲ့သည်။ နီပွန်ကိုဝီ (Nippon Koei) ကုမ္ပဏီ မှ စ၍ ၁၉၉၇ ခုနှစ်တွင် ဤရေအားလျှပ်စစ် ရေကာတာ ဖြစ်လာနိုင်ခြေရှိမရှို ဦးစွာ လေ့လာစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ ငါးနှစ်ခန့် ကြာပြီးနောက်၊ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ITD ကုမ္ပဏီ မှ အဆိုပါ စီမံကိန်းကြောင့် ဒေသခံရွာသူရွာသားများအတွက် မည်သို့ ဆိုးကျိုးသက်ရောက်မှု ရှိမည်ကို သိရှိရန်အတွက် အခြား လေ့လာဆန်းစစ်မှု တစ်ခု ထပ်မံပြုလုပ် ခဲ့ပါသည်။ သို့သော် ITD ကုမ္ပဏီ သည်အဆိုပါ လေ့လာဆန်းစစ်မှုအတွက် သော်လည်းကောင်း ရေကာတာတည်ဆောက်မည့်နေရာအတွက် သော်လည်းကောင်း လေ့လာဆန်းစစ်မှု ပြုလုပ်ရာတွင် ဒေသခံပြည်သူလူထုများနှင့်  တိုင်ပင်ဆွေးနွေးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။  အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး ITD ကုမ္ပဏီသည်  ၂၀၁၂ ခုနှစ် ကတည်းက လေ့လာစစ်ဆေးမှု စတင်  ပြုလုပ်ခဲ့သော်လည်း ၄င်းတို့၏ ပါဝင်လုပ်ဆောင်မှုများ ဘယ်အချိန်တွင် စတင် ရပ်စဲခဲ့သည်ကိုမူ ဒေသခံရွာသားများက မသိခဲ့ကြပေ။ လယ်ဒိုစိုးမြို့နယ်ရှိ KHRG ကွင်းဆင်းလုပ်သား၏ သတင်းပေးပို့ချက်အရ ၂၀၁၂ ခုနှစ် ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက် မြန်မာနိုင်ငံတော်အစိုးရသည်  ITD ကုမ္ပဏီ အား တနင်္သာရီတိုင်းဒေသကြီးအတွင်း  ဖွံ့ဖြိုးရေးစီမံကိန်းများဖြစ်သော လမ်းဆောက်လုပ်ရေး နှင့် အခြား ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများ ပြုလုပ်ရန်  ပေးထားသောခွင့်ပြုချက်များကို ပြန်လည်ရုပ်သိမ်းခဲ့ပါသည််။ ထို့ကြောင့် ၄င်း ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၂ ခုနှစ်မှစပြီး ယာယီရပ်ဆိုင်းခဲ့ပါသည်။ မကြာသေးခင်က ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်ပြီး GMS Power ကုမ္ပဏီ မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ တွင်ပြုလုပ်ခဲ့သော ရေအားလျှပ်စစ်စီမံကိန်း ညှိနှိုင်းဆွေးနွေးပွဲအပေါ် အတည်ပြုချက် တစ်စုံတစ်ရာ မရှိသော်ငြားလည်း GMS Power ကုမ္ပဏီ နှင့် ITD ကုမ္ပဏီ တို့သည် ထိုစီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်နေသည်ဟု  ဒေသခံပြည်သူလူထုများက  ယူဆကြပါသည်။ 

ညှိနှိုင်းဆွေးနွေးပွဲ အစည်းအဝေး၏ အကျိုးသက်ရောက်မှု

ဤစီမံကိန်းကို တစ်ဖန်ပြန်လည်စတင်  ပြီး နောက်တွင် တွေ့ဆုံဆွေးနွေးညှိနှိုုင်းပွဲအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်၊ တနင်္သာရီမြို့ခန်းမတွင် ကျင်းပခဲ့ပါသည်။ ကုမ္ပဏီသည် ဒေသခံ အာဏာပိုင်များ နှင့် (CBOs) လူထုဗဟိုပြုအဖွဲ့အစည်းများ ကို ၎င်းတို့ ပြုလုပ်သော အစည်းအဝေးသို့  ဖိတ်ခေါ်ခဲ့ပါသည်။ ထို့နောက် အဆိုပြုထားသည့် ရေကာတာ စီမံကိန်း ဆောက်လုပ်မည့် နေရာ အနီးတဝိုက်တွင်ရှိသော  ဒေသခံရွာ ၁၈ ရွာသည်  ဆိုးကျိုးသက်ရောက်မှု ခံရနိုင်ဖွယ်ရှိသဖြင့် လူထုဗဟိုပြုအဖွဲ့အစည်း (CBOs) များမှ ထိုစီမံကိန်းနှင့်ပတ်သက်၍  ဒေသခံ ရွာ ၁၈ ရွာမှ ကိုယ်စားလှယ်များအား ထိုအစည်းအဝေးသို့ တက်ရောက်ရန် ထပ််ဆင့် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ထို ၁၈ ရွာမှ တစ်ချို့သော ကိုယ်စားလှယ်များသာ ထိုအစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ကြပြီး များစွာသော ဆိုးကျိုးသက်ရောက်မှု ခံစားရမည့် ဒေသခံရွာသားများ က မတက်ရောက်နိုင်ခဲ့ကြပါ။ အဘယ်ကြောင့်ဆိုသော် ထိုအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ရွာသားအချို့သည် ခရီးသွားလာရေးအတွက် ငွေကြေးအခက်အခဲများရှိခြင်း၊ အချို့သော ရွာများသည်လည်း ထိုအစည်းအဝေးပြုလုပ်မည့် နေရာနှင့် အလှမ်း ဝေးကွာခြင်း စသည်များ  ကြောင့် ထိုအစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ၎င်းအစည်းအဝေးသို့ ၂၀၁၂ခုနှစ်တုန်းက ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်မှုတွင် ITD ကုမ္ပဏီနှင့် အတူလိုက်ပါခဲ့ဖူးသူ  အစိုးရ လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်ကြီးတစ်ဦးလည်း တက်ရောက်ခဲ့ပါသည်။ 

၂၀၁၂ ခုနှစ်အတွင်း ITD ကုမ္ပဏီ မှ ပြုလုပ်သော သုတေသန နှင့် လေ့လာဆန်းစစ်မှု များကို ဂျီအမ်အက်စ် စွမ်းအင် (GMS Power) ကုမ္ပဏီ မှ ထို တွေ့ဆုံဆွေးနွေး ပွဲအစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပါတယ်။ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အဆိုပြု ရေအားလျှပ်စစ် စီမံကိန်းသည် တနင်္သာရီမြစ်အတွင်းမှ လျှပ်စစ်ဓာတ်အား ၁၀၄၀ မီဂါဝပ် (megawatts) ထုတ်လုပ်ပေးနိုင် စွမ်းရှိသည်ဟုသိရပါသည်။ ရေကာတာ ဖြစ်တည်မည့်ပတ်ဝန်းကျင်တွင် ရေလွှမ်းမိုးနိုင်မည့် ဧရိယာမှာ ၅၈၅ စကွဲယား ကီလိုမီတာ ဖြစ်ပြီး ၂၅၀ စကွဲယား ကီလိုမီတာသည် စိုက်ပျိုးမြေများ ပါဝင်မည် ဖြစ်ပါသည်။ 

၄င်း ရေကာတာကို ၂.၇ ကီလိုမီတာ အကွာတွင်ရှိသော မိုးရိုရွာအထက်ပိုင်းတွင် တည်ဆောက်မည် ဖြစ်ပါသည််။ ITD ကုမ္ပဏီ ၏ ၂၀၁၂ ခုနှစ် မှ လေ့လာဆန်းစစ်မှုအရ ဤစီမံကိန်းသည် ၎င်းပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၄ ရွာ အား ထိခိုက်ပျက်စီးနိုင်မည်ဖြစ်ပြီး များသောအားဖြင့် အဆိုပါရွာများသည် မြစ်၏အထက်ပိုင်းတွင် တည်ရှိသောရွာများဖြစ်ပါသည််။ ဆည်အသေးများကို တနင်္သာရီမြစ်၏ အထက်ပိုင်းရှိ မိုးရိုရွာ အနီးတွင် အဆိုပြုထားသည့် အဓိကထား တည်ဆောက်မည့်  ရေကာတာ  နှင့် ဝေးသောနေရာတွင် တည်ဆောက်မည် ဖြစ်ပါသည်။  ထိခိုက်ပျက်စီးမှုရှိနိုင်သော အဆိုပါ ကျေးရွာ ၁၄ ရွာတွင် အိမ်ခြေ ၈၇၉ အိမ် ခန့်ရှိပြီး လူဦးရေပေါင်း ၄၅၀၀ ဝန်းကျင်ခန့်ရှိပါသည်။ ရေအားလျှပ်စစ် စီမံကိန်းကြောင့် လူထု နှင့် ပတ်ဝန်းကျင် အပေါ် မည်မျှအတိုင်းအတာထိ ဆိုးကျိုး သက်ရောက်မှုရှိနိုင်မည်ကို GMS Power ကုမ္ပဏီ က အတည်ပြုဖော်ပြခြင်း  တစ်စုံတစ်ရာ မရှိခဲ့ပါ။ ဘ---ရွာမှ ဒေသခံရွာသားတစ်ဦး၏ အဆိုအရ ၎င်းစီမံကိန်းသည် ရွာပေါင်း ၁၈ ရွာခန့် ထိခိုက်ပျက်စီးနိုင်မည်ဖြစ်ပြီး ထို ရွာများမှာ မိုးရို၊ တမို၊ ဒါဘောကလို၊ ပထူးကလို၊ လယ်ဖါဒို၊ ဒဲပလော၊ တဲထာ၊ ဘူးသောပလော၊ ပယ်ခို၊ နော်တယ်၊ တိုတယ်ထာ၊ တဖီလေးခို၊ မောထာ၊ ကားဒဲ၊ ကဆေးထာ၊ ကစဲ ရွာနှင့် အခြားအမည်မသိ ရွာ နှစ် ရွာ အပါအဝင် အားလုံးပေါင်း ၁၈ ရွာရှိသည်ဟု ဆိုပါသည်။ 

အဆိုပါ စီမံကိန်းကို အများပြည်သူ နှင့် ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်စေပြီး ၂၀၁၇ ခုနှစ်တွင် အများပြည်သူ နှင့် ပုဂ္ဂလိကစပ်တူလုပ်ဆောင်ခြင်း (Public-Private Partnerships) အနေဖြင့် ဆက်လက် အကောင်အထည်ဖော်ရန် GMS Power ကုမ္ပဏီ မှ စတင် စီစဉ်လုပ်ဆောင်ထားခြင်း ဖြစ်ပါသည်။

စောခ---၏ တင်ပြ  ချက်အရ GMS Power ကုမ္ပဏီ သည် လေ့လာဆန်းစစ်မှု အသစ်ထပ်မံ ပြုလုပ်မှု မရှိဘဲ  ၂၀၁၂ ကတည်းက ITD ကုမ္ပဏီ မှ သုတေသနလုပ်ခဲ့သော လေ့လာဆန်းစစ်မှုများကိုသာ အသုံးပြုခဲ့သည်ဟု ဆိုပါသည်။ ITD ကုမ္ပဏီ ၏ လေ့လာဆန်းစစ်မှုများအရ  ထိုနေရာတွင် ရွာပေါင်း ၁၄ ရွာသာ ပျက်စီးနိုင်မည်ဟုသာဖော်ပြခဲ့ သော်လည်း  ITD ကုမ္ပဏီ ၏ လေ့လာဆန်းစစ်မှု အပြီး ငါး နှစ် အလွန်တွင် အခြား ရွာ လေး ရွာ ထပ်မံပေါ်ပေါက်ခဲ့သောကြောင့် ထိခိုက် ပျက်စီးနိုင်မည့် ရွာပေါင်း ၁၈ ရွာ အထိ ဖြစ်လာရခြင်း ဖြစ်ပါသည်။  GMS Power ကုမ္ပဏီ သည် တွေ့ဆုံဆွေးနွေးပွဲတွင် တရားဝင် ကြေငြာခဲ့သော လုပ်ထုံးလုပ်နည်းအတိုင်း၎င်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွားရန် စီစဉ်ထားပါသည်။ ၎င်းစီမံကိန်းတည်ဆောက်မည့် နေရာတွင် ဇီဝမျိုးကွဲများကာကွယ်ခြင်း နှင့် သက်ရှိသဘာဝအရင်းအမြစ်များ စဉ်ဆက် ပျက်စီးဆုံးရှုံးမှု မရှိစေရန် တာဝန်ယူစီမံ ကာကွယ်ထိန်းသိမ်းမှာဖြစ်ပြီး ရေကာတာ ကို  အမြော်အမြင်ရှိရှိနှင့် ဂရုစိုက်စွာ အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ကုမ္ပဏီက ပြောသွားခဲ့ပါသည်။ ရေကာတာ တည်ဆောက်ရန်အတွက် ဒေသလေ့လာစစ်ဆေးရေးနှင့်ပတ်သက်ပြီး လေ့လာဆန်းစစ်ရေး သုတေသန ပြုလုပ်မည့် အပိုင်းသုံးပိုင်းရှိသည်ဟု GMS Power ကုမ္ပဏီ ကပြောပါသည်။ အပိုင်း ၁ - ကနဦးဖြစ်နိုင်ခြေရှိသည့် ဆိုးကျိုးသက်ရောက်မှုများကို  ဆန်းစစ်ခြင်း၊ အပိုင်း ၂ - အဆိုပါ စီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရန် ဖြစ်နိုင်ခြေရှိမရှိ ဆန်းစစ်ခြင်း၊ အပိုင်း ၃ - သဘာဝပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်ဆိုင်ရာထိခိုက်ပျက်စီးမှု ဆန်းစစ်ခြင်း စသည်တို့ ဖြစ်ပါသည်။။ ထိုလေ့လာဆန်းစစ်မှုအရ  ၄င်းအဆိုပြု ထားသော စီမံကိန်းဆောက်လုပ်ရန် မြစ်ဝှမ်းဒေသ  အနီးတဝိုက်တွင် နေထိုင်သော ဒေသခံပြည်သူများအထဲမှ ရေကာတာ ကြောင့် ဆိုးကျိုးသက်ရောက်မှုများ တို်က်ရိုက် ရင်ဆိုင်ခံစားရသော  ပြည်သူ နှင့် သွယ်ဝိုက်၍ ခံစားရသော  ပြည်သူ နှစ်မျိုးလုံးကိုလည်း ဖော်ထုတ်နိုင်မည်ဟု ကုမ္ပဏီမှ ဖော်ပြခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲ အစည်းအဝေးတွင် ဆိုးကျိုးသက်ရောက်မှုခံစားရသော  ဒေသခံပြည်သူများအတွက် ဘယ်လိုနည်းလမ်းဖြင့် ကူညီထောက့်မှုပေးမည်ကို ရှင်းလင်းတိကျစွာ မပြောခဲ့သော်ငြားလည်း ကူညီထောက်ပ့ံမှုအား ဦးစားပေး လုပ်ဆောင်ပေးမည်ဟု ကုမ္ပဏီမှ ကတိပေးခဲ့ပါသည်။ ထို့အပြင် ၄င်းကုမ္ပဏီမှ စီမံကိန်းကြောင့် ရေလွှမ်းမိုးဒဏ် ခံစားရသော ဒေသခံပြည်သူလူထုများကို သတင်းမှတ်တမ်းကောက်ယူမည်ဟု ကတိပေးခဲ့သော်လည်း ဆိုးကျိုးသက်ရောက်မှု ခံစားရသော ဒေသခံပြည်သူလူထုများ၏ သတင်းမှတ်တမ်း အချက်အလက်များ ကောက်ယူပြီးနောက် မည်သို့ အရေးယူလုပ်ဆောင်သွားမည်ကိုတော့ မပြောခဲ့ပါ။ ညှိနှိုင်းဆွေးနွေးပွဲ အစည်းအဝးတွင် ကုမ္ပဏီ၏ ဖော်ပြချက်အရ ၎င်းစီမံကိန်းသည် ဒေသခံပြည်သူလူထုများအတွက် စီးပွားရေးအခွင့်အလမ်းများ နှင့် အလုပ်အကိုင် အခွင့်လမ်းများကို ဖန်တီးပေးမည့် အကျိုးခံစားခွင့် ရရှိမည်ဟုလည်း ဆိုပါသည်။  အစည်းအဝေးအတွင်း GMS Power ကုမ္ပဏီ က ၎င်း၏ စီမံကိန်းကို အကောင်အထည်ဖော်မည်ဆိုပါက ထိုစီမံကိန်းတည်ဆောက်မည့် နေရာတွင်နေထိုင်သော ဒေသခံပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုစံနှုန်းကို လျှော့ချပေးနိုင်မည့်အပြင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်နေသော လျှပ်စစ်မီး ပြဿနာ  ကိုလည်း ဖြေရှင်းပေးနိုင်မည်ဟု တင်ပြပြောဆိုခဲ့ပါတယ်။ ထို့အပြင်  ပူးပေါင်းပါဝင်သော ပုဂ္ဂလိက ကုမ္ပဏီများသာမက  မြန်မာပြည်သူပြည်သားများအားလုံး ဤစီမံကိန်းကြီး၏ အကျိုးကျေးဇူးများကို ခံစားခွင့်ရှိမည်ဟု  ကုမ္ပဏီမှ သက်သေခံခဲ့ပါသည်။

ရွာသားများ၏ စိုးရိမ်မှုများ

စီမံကိန်းကြောင့် ဆိုးကျိုးသက်ရောက်မှု အများဆုံး ခံစားရမည့် သူများမှာ  စိုက်ပျိုးရေး၊ လယ်ယာနှင့် တောင်ယာ များကို အဓိကထားလုပ်ကိုင်စားသောက်ကြသည့် ရွာသူရွာသားများ ဖြစ်ကြပါသည်။  ITD ကုမ္ပဏီ မှ စီမံကိန်း ဧရိယာတွင် ကနဦး  ဆောက်လုပ်ခဲ့သော လမ်းများကြောင့် ဒေသခံပြည်သူများသည် ထိခိုက်ပျက်ဆီးမှုနှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုဒဏ်များကို ဦးစွာခံစားခဲ့ရပြီး ဖြစ်သည်ဟု စောခ--- မှ ဆိုပါသည်။ စီမံကိန်းနှင့်ပတ်သက်ပြီး တနင်္သာရီမြစ်ဝှမ်းရှိ သတ်မှတ်ထားသည် ဧရိယာသို့   ဒေသလေ့လာဆန်းစစ်ရေးပြုလုပ်နိုင်ရန်နှင့် ပစ္စည်းများကို သယ်ယူပို့ဆောင်နိုင်ရန်အတွက် ITD ကုမ္ပဏီမှ ဤလမ်းအား ၂၀၁၂ ခုနှစ်တွင်  ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဒေသခံပြည်သူတို့၏ မျိုးဆက်အစဉ်အလာ အလိုက် လုပ်ကိုင်စားသောက်လာခဲ့သော စိုက်ပျိုးမြေများ နှင့် စိုက်ပျိုးပင်များဖြစ်သော ကွမ်းပင်၊ ဒူးရင်းပင် နှင့် အုန်းပင် စသောအပင်များသည်လည်း ထိုလမ်းဆောက်လုပ်ခြင်းကြောင့် ပျက်စီးခဲ့ရပါသည်။ 

 ဒေသခံ ရွာသားများသည် ဤစီမံကိန်းအား  ဆက်လက်  ကောင်အထည်ဖော် လုပ်ဆောင်ပါက စီမံကိန်း အနီးတစ်ဝိုက်ရှိ ရွာများ ရေလွမ်းမိုးခံရမည်ကို  စိုးရိမ်ပူပန်ကြပါသည်။ ထို့အပြင် အဆိုပါ ရွာသူရွာသားများ၏ အိမ်မျှသာမက ၄င်းတို့၏ လုပ်ကိုင်စားသောက်ရာနေရာ နှင့် စိုက်ပျိုးမြေများကိုပါ ရေလွှမ်းမိုး ခံရမည် ဖြစ်ပါသည်။  စောခ--- က “ဒီရေအားလျှပ်စစ်တမံစီမံကိန်းအတွက် ရေကာတာ ဆောက်လုပ်ပါက  ပျက်ဆီးမှုကြီးကြီးမားမားမရှိဘူး လို့ သူတို့က ကျနော်တို့ကို ပြောတယ်။ သူတို့က ဒီစီမံကိန်းကြောင့် ထိခိုနှစ်နာမယ့်  ပြည်သူများ အတွက် ထောက်ပ့ံကူညီမယ်လို့လဲ ကျနော်တို့ကို ကတိပေးခဲ့တယ်။ သူတို့က ဒီကစ္စကို စကားအဖြစ်နဲ့ဘဲ  ပြောခဲ့တာ၊ တစ်ကယ်တမ်းလက်တွေ့မှာတော့ ကျနော်တို့က သူတို့ကိုလွယ်လွယ်နဲ့ မယုံကြည်နိုင်ဘူး။ ကျနော်သိရသလောက်ကတော့ သူတို့ကတိပေးထားတဲ့အတိုင်း အခုထိ သူတို့ဘက်က ဘာတစ်ခုမှမလုပ်ပေးခဲ့သေးဘူး။” ဟုဆိုပါသည်။ ရွာသူရွာသားများသည် စီမံကိန်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက်ပြည့်စုံစွာ မရရှိခြင်းကြောင့်  စိုးရိမ်မှုများ ရှိကြောင်း  ထုတ်ဖော်ပြောဆို ခဲ့ကြပါသည််။ စောခ--- ၏အဆိုအရ GMS Power ကုမ္ပဏီ က ရေအားလျှပ်စစ် စီမံကိန်းဖြစ်တည်ရန်အတွက် ရေကာတာ လာရောက်ဆောက်လုပ်မည်ဟု ပြောခဲ့သော်လည်း  ဘယ်အချိန် ဘယ်အခါတွင် ဤစီမံကိန်းအား အကောင်အထည်ဖော်မည်ကိုမူ  ရွာသူရွာသားများအား အသိပေးခြင်း မရှိခဲ့ပေ။ 

စီမံကိန်း အကောင်အထည်ဖော်မည့်   ဒေသတွင် နေထိုင်ကြသော ဒေသခံပြည်သူလူထုများသည် ၎င်းစီမံကိန်းအား  သဘောမတူကြသဖြင့် ၂၀၁၇၊ ဖေဖေါ်ဝါရီလ၊ ၉ ရက်နေ့ တွင် ပြုလုပ်ခဲ့သော ဆွေးနွေးညှိနှိုင်းတွေ့ဆုံပွဲတွင်ပင် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့ကြပါသည်။ ဒေသခံရွာသားများ  ဆန္ဒပြရသည့် အကြောင်းအရင်းမှာ အကယ်၍ ဤစီမံကိန်းအား အကောင်အထည် ဖော်ခဲ့မည်ဆိုပါက ဒေသခံရွာသားများအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရင်ဆိုင်ခံစားရမည်ကို ကြိုတင် သိမြင်ကြသောကြောင့်  ဖြစ်ပါသည်။ အကယ်၍ ဆိုးကျိုးသက်ရောက်မှု ရှိလာပါက (သို့မဟုတ်) ဆိုးကျိုးသက်ရောက်မှုရှိလာချိန်တွင်  ဒေသခံရွာသားများ အိုးအိမ်နေရာများ ရွှေ့ပြောင်းရပါက  GMS Power ကုမ္ပဏီမှဘယ်လိုမျိုးနည်းဖြင့် နစ်နာကြေး ပေးဆောင်သွားမည်ကို  ရွာသူရွာသားများကလည်း မသိရသေးပါ။ အဆိုပါ ရေကာကာ ဆောက်လုပ်ပြီးစီးခဲ့ပါက ဒေသခံ ရွာသူရွာသားများသည် မိမိတို့၏ အသက်မွေးဝမ်းကြောင်းအတွက် မွေးမြူရေးနှင့် လယ်ယာလုပ်ကိုင်စားသောက်ရန် မြေယာမရှိတော့မည်ကို အထူးစိုးရိမ်နေကြပါသည်။  ဆွေးနွေးညှိနှိုင်းပွဲ အစည်းအဝေးတွင်တက်ရောက်သူအများစုမှာ ဒေသခံရွာသားများဖြစ်ကြပါသည်။  ထို့ကြောင့် အစည်းအဝေးတွင် စီမံကိန်းကို ကန့်ကွက်ကြောင်း ရွာသားများက ထွက်ဆိုခဲ့ကြခြင်း ဖြစ်ပါသည်။ စောခ--- မှ  “ကျနော်တို့ အနေနဲ့ကတော့ ဒီစီမံကိန်းကို အတတ်နိုင်ဆုံး မဖြစ်လာနိုင်အောင် တားဆီးကာကွယ်မယ်။ ဒါပေမဲ့ သူတို့ဘက်က မဖြစ်ဖြစ်အောင် စီမံကိန်းကို အကောင်အထည်ဖေါ်ရင်တော့ ကျနော်တို့ ဘယ်လိုနည်းနဲ့ ဆက်ပြီးတားရမယ်ဆိုတာကိုတော့ မသိတော့ဘူး။”  ဟု တင်ပြခဲ့ပါသည်။  ထို့အပြင်  ဒေသခံရွာသားများ၏ စိုးရိမ်မှု များနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိတ်ပင်တားဆီးခြင်း မပြုနိုင်သည့်  အခြေအနေအပေါ် လယ်ဒိုစိုးမြို့နယ်မှ  ဒေသခံရွာသားတစ်ဦး၏ မှတ်ချက်အရ  ကရင်အမျိုးအသား အစည်းအရုံး (KNU) ဥက္ကဌ စောမူးတူးစေးဖိုးသည် မြိတ်-ထားဝယ်ခရိုင် ဒေသအတွင်း ဖွံ့ဖြိုးရေး နှင့် တနင်္သာရီမြစ်ဝှမ်းဒေသတွင် ဆောက်လုပ်မည့် ရေကာတာ  အပါအဝင် စက်မှုလုပ်ငန်း  ဆိုင်ရာ စီမံကိန်းများ လုပ်ကိုင်ဆောင်ရွက်ရန် ကုမ္ပဏီများနှင့် နားလည်မှု သဘောတူစာချုပ် (Memorandum of Understanding) ကို ဒီဇင်ဘာလ ၁၃ရက် ၂၀၁၆ ခုနှစ်တွင် ချုပ်ဆိုခဲ့ပါသည်။

ရွာသားများသည် ရေကာတာ ဆောက်လုပ်နိုင်မည့် အလားအလာ နှင့်ပတ်သက်ပြီး သူတို့၏စိုးရိမ်ပူပန်မှုများကို လူထုအခြေပြုအဖွဲ့အစည်း (CBOs) များထံသို့တင်ပြခဲ့ကြပါသည််။ စောခ---မှ “ကျနော်တို့ ဒီစီမံကိန်းကိုရပ်တန့်ဖို့အတွက် အာဏာပိုင်များကို မစည်းရုံးသိမ်းသွင်းတတ်ဘူး၊ အဲ့ဒါကြောင့် ခင်ဗျားတို့ (CBOs) ကနေပြီးတော့ အကယ်၍ အာဏာပိုင်ခေါင်းဆောင်များနဲ့ တွေ့လို့ရှိရင် ဒီရေကာတာစီမံကိန်းနှင့်ပတ်သက်ပြီး ရွာသူရွာသားများဘက်ကို ကြည့်ပြီးရပ်တည်ပေးပါလို့ ပြောပေးပါ။” ဟု ရှင်းပြခဲ့ပါသည်။ ထို့အပြင်  စောခ--- နှင့် စောဒ--- အမည်ရှိ အခြားဒေသခံရွားတစ်ဦး တို့မှလည်း  သူတို့၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်ပြီး အတိုချုပ်အနေနှင့် ဆက်ပြောခဲ့သည်မှာ “ကျနော်တို့ ဒီစီမံကိန်းနှင့်ပတ်သက်ပြီး လုံးဝသဘောမတူဘူး။ ဒါပေမဲ့ ကျနော်တို့အခွင့်အရေးအတွက် ဘယ်လိုရပ်တည်ရမယ် ဆိုတာကိုလည်းကျနော်တို့ မသိဘူး။ ကျနော်တို့အခု အထူး စိုးရိမ်တာကတော့ ကျနော်တို့ပိုင်တဲ့မြေ နဲ့ ရွာတွေဆုံးရှုံးရမှာကိုပဲ။ အကယ်၍ ဒီစီမံကိန်းကြီးသာ တကယ်ဖြစ်လာလို့ရှိရင်  ကျနော်တို့ အနာဂတ်အတွက်ဘယ်လို ရှေ့်ဆက်ပြီး ရှင်သန်ရမလဲဆိုတာကိုတော့ ကျနော်တို့ မသိဘူး။ သူတို့က ရွာသား တွေရဲ့ စိုးရိမ်ပူပန်မှုအတွက် ထည့်သွင်း မစဉ်းစားပေးဘူးဆိုရင်တော့ ရှေ့ဆက်ပြီး ဘာလုပ်ရမလဲဆိုတာကိုလည်း ကျနော်တို့ မသိတော့ဘူး။”

တွေ့ဆုံမေးမြန်းခဲ့သော စောခ--- ၏အဆိုအရ “ဒီစီမံကိန်းဟာ ကျနော်တို့ ကို အရမ်းစိုးရိမ်ပူပန်မှုဖြစ် စေတယ်။ ကျနော်တို့ရဲ့အနာဂတ်အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုလည်းဖြစ်တယ်။ (CBOs) အဖွဲ့အစည်းများ အနေနှင့်လည်း ဒီရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး ဘယ်လိုနည်းနဲ့ ကာကွယ်ရမည်ဆိုတာ  ကျနော်တို့ကို အကြံပေးစေချင်တယ်။ နောက်ပြီး စီမံကိန်း အကောင်အထည်ဖော်မည့် အစီအစဉ်များကိုလည်း ရပ်တန့်ပေးဖို့ပညာပေး ဟောပြောပွဲများ လုပ်စေချင်ပါတယ်။ အဆိုပြု ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး ကေအန်ယူ (KNU) ဘက်ကနေလည်း ဘာတစ်ခုမှ အရေးယူ လုပ်ဆောင်ပေးခြင်းမရှိသေးဘူး။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး (KNU) ခေါင်းဆောင်တွေထံမှာ တင်ပြထားပြီးသား ဖြစ်တယ်၊ ဒါပေမဲ့ သူတို့အရေးယူဆောင်ရွက်ပေးမှာလား မယူဘူးလားဆိုတာကိုတော့ ကျနော်တို့လည်း သေချာမသိဘူး။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဘယ်လိုနည်းနဲ့ ကိုင်တွယ်ရမည် ဆိုတာကိုအကြံပေးရန်အတွက် ကျနော်တို့ ဒေသခံအဖွဲ့အစည်းများရဲ့ ကူညီထောက်ပံ့မှု အရမ်းလိုအပ်ပါတယ်။”

နိဂုံး

ဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုဖြစ်သော ရေအားလျှပ်စစ် ရေကာတာ စီမံကိန်း သည် လယ်မူလားမြို့နယ်ရှိ စီမံကိန်း အကောင်အထည်ဖော်မည့် ဒေသတွင် နေထိုင်သော ဒေသခံပြည်သူလူထုများအတွက် အထူး စိုးရိမ်ပူပန်ရသည့် ကိစ္စတစ်ခုဖြစ်ပါသည်။ ၎င်းစီမံကိန်းဖြစ်မြောက်ခဲ့မည်ဆိုပါက အဆိုပါ ဒေသခံရွာသူရွာသားများသည် သူတို့၏ ရပ်ရွာမှ  အတင်းရွှေ့ပြောင်းရမည့် အလားလာ  တွင် ရှိနေပါသည်။ အသက်မွေးဝမ်းကြောင်းအတွက် ဆိုးကျိုးသက်ရောက်မှု တစ်ခုဖြစ်သော မြေယာဆုံးရှုံးမှုသည် ရွာသားများ၏ အကြီးမားဆုံးသော အဓိက စိုးရိမ်ရသည့် အရာတစ်ခု ဖြစ်ပါသည်။ စီမံကိန်းကြောင့် သက်ရောက်မှုရှိသော ပြည်သူလူထုများကို GMS Power ကုမ္ပဏီမှ နစ်နာကြေးပေးဆောင်သွားမည်ဟု ကတိပေးခဲ့သော်လည်း ရွာသားများက ကုမ္ပဏီမှ မျှတသင့်လျော်သော နစ်နာကြေးပေးဆောင်သွားမည်ဟု မယုံကြည်ကြပါ။ ထို့အပြင် အဆိုပါ ကုမ္ပဏီမှ ဒေသခံရွာသူရွာသားများ၏ မိသားစုပိုင် လယ်ယာမြေ၊ အသက်မွေးဝမ်းကြောင်းအပေါ် ဆိုးကျိုးသက်ရောက်မှု နှင့် ရပ်ရွာများ၏ ပျက်ဆီးဆုံးရှုံးမှုများအတွက် နစ် နာကြေးပေးဆောင်မည်ကိုလည်း မယုံကြည်ကြပါ။ 

Wed, 14 Jun 2017

Footnotes: 

[1] ဒေသခံ လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့်လေ့လာရန် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မြိတ်-ထားဝယ်ခရိုင်ရှိ ဒေသခံ အဖွဲ့ဝင် ထံမှ ရရှိသော သတင်းအချက်အလက်များအပေါ် အခြေခံကာ သတင်းအကျဉ်းချုပ်အား KHRG ရုံးဝန်ထမ်းများမှ စုဆောင်းတင်ပြ ထားပါသည်။ KHRG ၏ သတင်းမှတ်တမ်းပြုစုခြင်း နည်းလမ်းစနစ်အား ပွင့်လင်းမြင်သာမှု တိုးပွားလာရန်၊ မြန်မာပြည် အရှေ့ပိုင်းရှိ ရွာသူရွာသားများ၏ အမြင်ရှုထောင့်နှင့် အတွေ့အကြုံများအား ပိုမို၍ တိုက်ရိုက် ထိတွေ့ ပြောဆိုနိုင်ရန်အတွက် ကွင်းဆင်းလေ့လာသူများ ထံမှာ ရရှိလာသည့် သတင်းအချက်အလက်များအားလုံးကို KHRG ၏ လုပ်ငန်းစဉ်များအတိုင်း ဘာသာ ပြန်လုပ်ဆောင်ပြီးနောက် ပြစ်မှု ကျူးလွန်ခြင်း ခံရသူများ၏ လုံခြုံရေးပိုင်းဆိုင်ရာအား စီစစ်ပြီး ဝက်ဘ်ဆိုဒ်တွင် တင်ပြ ထုတ်လွင့်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် အစီရင်ခံစာများအား နေရာဒေသ၊ ခုနှစ်၊ အကြောင်းအရာ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားပြီး ဤသတင်းနှင့်ပတ်သက်၍ အခြားသောအကြောင်းအရာများနှင့် အစီရင်ခံစာတစ်ခုချင်းစီအား KHRG ဝက်ဘ်ဆိုက်တွင် ဆက်လက်ဖတ် ရှုနိုင်ပါသည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်