Thu, 12 Jan 2017
မြိတ်-ထားဝယ် မှုခင်းဆိုင်ရာမှတ်တမ်းလွှာ : တနင်္သာရီမြို့နယ် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော အိမ်တွင်း အကြမ်းဖက် ချိုးဖောက်မှုနှင့် လူသတ် ကြံစည်မှု

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  စောကျော်ဝင်းသည် သူ၏မိခင် နော်အ--- အား အိမ်တွင်း အကြမ်းဖက်ခဲ့ပြီး ၎င်း၏မိခင်ကို သတ်ဖြတ်ရန် ကြံစည်လုပ်ဆောင်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ နော်အေ--- သည် တနင်္သာရီမြို့နယ် KNU ရဲဲစခန်းထံ တိုင်ကြားခဲ့ရာမှ စောကျော်ဝင်းသည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး KNU ရဲစခန်းရှိ အချုပ်ခန်းထဲတွင် ချုပ်နှောင်ထားခြင်း ခံခဲ့ရသည်။ 

 

မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ | တနင်္သာရီမြို့နယ်၊ မြိတ်-ထားဝယ်ခရိုင် (သြဂုတ်လ ၂၀၁၇ ခုနှစ်) 

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ ဒေသတွင်းလူ့အခွင့်အရေးအခြေအနေများကို လေ့လာမှတ်သားရန်လေ့ကျင့်သင်ကြားပေးထားသောဒေသခံ အဖွဲ့ဝင်တစ်ဦးမှ ဖော်ပြခြင်းဖြစ်သည်။[1]   

ဤသတင်းလွှာသည် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် လက်ခံရရှိခဲ့ပြီး အခြားသော မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ ၁စောင် နှင့်အတူ အခြားသောသတင်းအမျိုးအစားများ ဖြစ်ကြသော မှုခင်းအင်တာဗျူး ၄ ခု၊ ဒေသတွင်း နောက်ဆုံးရအခြေ အနေသတင်း ဖော်ပြချက်မှတ်တမ်း ၁စောင်၊ ဓာတ်ပုံ ၄၆ ပုံ နှင့်တကွ လက်ခံရရှိခဲ့သည်။[2]

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

အိမ်တွင်းအကြမ်းဖက် ချိုးဖောက်မှုနှင့် လူသတ်ကြံစည်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

မေလ-သြဂုတ်လ ၂၀၁၇ ခုနှစ်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဘ---ရွာ၊ ဒူးပလယ်အိုကလိုခိုဒေသ၊ တနင်္သာရီမြို့နယ်၊ မြိတ်-ထားဝယ်ခရိုင်  

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်အ--- 

အသက်

၅၃

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

ရှိ

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဘ--- ရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

စောကျော်ဝင်း

ရွာသား

-

ဘ---ရွာ

-

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

နော်အ--- ၏သားဖြစ်သော စိတ်ကြွဆေးပြား (ယာဘ) နှင့် ရေခဲစိတ်ကြွဆေးကို သုံးစွဲသူ စောကျော်ဝင်းသည် အိမ်ပစ္စည်းများကို ဖျက်ဆီးပြီး နော်အ--- အား သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်းကို နော်အေ--- မှ တင်ပြခဲ့သည်။ ထိုမှုခင်းဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် နော်အ--- သည် သူမ၏သားထံမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး တနင်္သာရီမြို့နယ် KNU ရဲအရာရှိများထံ အဖြစ်အပျက်များကို သွားရောက် တိုင်တန်းခဲ့သည်။ ထို့နောက် KNU ရဲများသည် စောကျော်ဝင်းကို ဖမ်းဆီးခဲ့သည်။ ကျွန်တော် [KHRG ကွင်းဆင်းလုပ်သား] သည် ခံစားရသူ နော်အ--- ထံမှလည်း သတင်းအချက်အလက်များကို ကိုယ်တိုင် သွားရောက်စုစည်းခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

စောကျော်ဝင်း၏အမေဖြစ်သူ [နော်အ---] သည် မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ KNU ရဲအရာရှိများထံသို့ ဤအမှုကို သွားရောက်တိုင်ကြားခဲ့ပြီး ၎င်း၏သားကို သူ၏အမှားများမှ သင်ခန်းစာယူရန်နှင့် သူမကို ညှင်းပမ်းနှိပ်စက်ခြင်းမှ ရပ်တန့်ရန် သူမ၏သားကို ဖမ်းဆီးပေးရန် အတွက် ရဲအရာရှိများကို သူမကိုယ်တိုင် ပြောကြားခဲ့သည်။ စောကျော်ဝင်းသည် သူ၏ [စိတ်ကျန်းမာရေး] အခြေအနေ သက်သာသွားမည်ဆိုပါက KNU ရဲစခန်းမှ ပြန်လွတ်လာနိုင်ကြောင်း သိရသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

နော်အ--- သည် စောကျော်ဝင်း၏ မိခင်ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်တွင် သူမ၏သားသည် ထိုင်းနိုင်ငံသို့ သွားရောက်နေထိုင်ခဲ့သည်။ စောကျော်ဝင်းသည် ၎င်း၏ရွာကို ပြန်လည်ရောက်ရှိခဲ့ပြီးသည့်နောက်တွင် ၎င်း၏ သူငယ်ချင်း အပေါင်းအဖော်များနှင့်အတူ စိတ်ကြွဆေးပြား (ယာဘ) နှင့် ရေခဲစိတ်ကြွဆေးကို  သုံးစွဲခဲ့သည်။ ထိုစိတ်ကြွဆေးများကို သုံးပြီးသော အခါတိုင်းတွင် သူသည် မိမိကိုယ်ကို စိတ်မထိန်းနိုင်တော့ပဲ လုပ်ချင်သောအရာမှန်သမျှကို ထင်ရာစိုင်းတတ်သည်။ ရေခဲစိတ်ကြွဆေးသည် စိတ်ကြွဆေးပြား (ယာဘ) ထက် ပို၍ ပြင်းထန်သည်။

 

စောကျော်ဝင်းသည် ၎င်း၏အပေါင်းအဖော်များနှင့်အတူ စိတ်ကြွဆေးပြားများကို ပုံမှန်သုံးစွဲလေ့ရှိပြီး အရာအားလုံးကို မေ့လျောပြီး ရူးသွပ်သွားသည်အထိ သုံးစွဲလေ့ရှိသည်။ ထို့ကြောင့် သူ၏ အမေ၊ ညီကိုမောင်နှမများနှင့် အမြဲတမ်း ရန်ဖြစ်စကားများလေ့ရှိသည်။ ထိုအချိန်တွင် သူတို့သည် စောကျော်ဝင်းနှင့် လွတ်ရာကို မကြာခဏ ထွက်ပြေးခဲ့ကြရသည်။ စောကျော်ဝင်းသည် အိမ်တွင်းအကြမ်းဖက် ချိုးဖောက်မှု ကျူးလွန်ရာတွင် တီဗီ၊ အဝတ်ဗီရို၊ ၎င်းအမေ၏အဝတ်အစား များနှင့် ရေးချိုးခန်းများ စသည်တို့ကို ဖျက်ဆီးခဲ့သည်။ ထို့အပြင် အိမ်တိုင်များကိုလည်းဖျက် စီးခဲ့သည်။ သူ့အမေ၏နွားများကို ခွင့်ပြုချက်မယူပဲ နွားတစ်ကောင်ကို ၁၅၀,၀၀၀ ကျပ်ဖြင့်ရောင်းခဲ့ပြီး သူ့အမေပိုင်ဆိုင်သော စက်လှေတစ်စီးတွင်အသုံးပြုသော မော်တာတစ်လုံးကိုလည်း ရောင်းစားခဲ့သည်။ စောကျော်ဝင်းသည် သူ၏ အမေကို သတ်ရန် ကြံစည်ခဲ့ပြီးနောက်တွင် သူ၏အမေသည် သူမ၏နေအိမ်တွင် နေထိုင်ပါက လုံခြုံသည်ဟု မခံစားရတော့သည့် အတွက်ကြောင့် သူမ၏မောင်နှမများနေအိမ်သို့ သွားရောက်ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ထို့နောက် သူမသည် ဤအခက်အခဲပြဿနာများကို မိမိတစ်ဦးတည်း မကျော်လွှားနိုင်သောကြောင့် တနင်္သာရီမြို့နယ် KNU ရဲအရာရှိများထံ တိုင်ကြားခဲ့သည်။ 

 

သူမ၏တိုင်တန်းမှုများကို နားထောင်ပြီးသောနောက်တွင် KNU ရဲများသည် စောကျော်ဝင်းကို ဖမ်းဆီးရန် ၂၀၁၇ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စောကျော်ဝင်းနေထိုင်သော နေအိမ်သို့ သွားရောက်ခဲ့သော်လည်း ထိုနေ့တွင် သူသည် တောထဲရှိ သူ၏သူငယ်ချင်းနေအိမ်တွင် ရှိနေခဲ့သည်။ KNU ရဲများသည် စောကျော်ဝင်းကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂ ရက် ညသန်းခေါင်ယံချိန်တွင် သူ၏သူငယ်ချင်းနေအိမ်နှင့်နီးသော ကမားလိုချောင်းဖျားတွင် ဖမ်းဆီးခဲ့သည်။ KNU ရဲများသည် စောကျော်ဝင်းကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ ညနေ ၅းဝ၀ နာရီအချိန်တွင် ဘ--- ရွာမှ ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ၎င်းကို ရဲစခန်းရှိ အချုပ်ခန်းထဲတွင် ချုပ်နှောင်ထားသည်။  သို့သော် KNU ရဲအရာရှိများက စောကျော်ဝင်း၏ အမှုတွင် ထောင်ဒါဏ် မည်မျှ ကျခံရမည်နှင့် ပတ်သက်ပြီး အမိန့်ချမှတ်ခြင်း မရှိသေးချေ။ တနင်္သာရီမြို့နယ်ရဲမှူး စောခ--- ၏ အဆိုအရ “ဤအမှုနဲ့ပတ်သက်လို့ စောကျော်ဝင်းဟာ အနည်းဆုံး သုံးနှစ် ထောင်ကျရမယ်။” [တနင်္သာရီမြို့နယ် KNU] တရားသူကြီး ပဒို စောဒ--- မှ ဤ အမှုကို ကိုင်တွယ်ထားသည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ခံစားရသူမှ ဤအချက်အလက်နှင့်တကွ အတူပါလာသော ဓါတ်ပုံများကိုပါ [KHRG] ကို အသုံးပြုခွင့်ပေးရန် ခွင့်ပြုချက်ပေးသည်။

Thu, 12 Jan 2017

Footnotes: 

[1] ကရင်လူ့အခွင့်အရေးအဖွဲ့ KHRGမှ လေ့ကျင့်သင်ကြားပေးသော မြန်မာပြည် အရှေ့တောင်ပိုင်း ရှိဒေသခံ အဖွဲ့ဝင်များအား လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပျက်မှုသတင်းအချက်အလက် တစ်ခုချင်းစီအား စံညွန်းပုံစံ အချိုးအစားများနှင့်အညီ ရွာသားများအား ဖြစ်ရပ်ဆိုင်ရာ အင်တာဗျူးခြင်း နှင့် ၎င်းတို့ရင်းနှီးသော နေရာဒေသများတွင် အထွေထွေနောက်ဆုံးရ အခြေအနေများအား တင်ပြခြင်းတို့ကို စုဆောင်းရန် လေ့ကျင့်သင်ကြားပေးပါသည်။ ဤမှုခင်းဖော်ပြသည့် မှတ်တမ်းလွှာပြုစုရာတွင် ဒေသခံအဖွဲ့ဝင် များကို ၎င်းတို့အရေးကြီးသည်ဟု ယူဆသော လူ့အခွင့်အရေးချိုးဖောက်သော ဖြစ်ပျက်မှုများအား ၎င်းတို့အားဖြင့် စိစစ်အတည်ပြုထားပြီးသော မူရင်းအထောက်အထားများနှင့် ဒေသအတွင်း ပြောင်းလဲဖြစ်ပေါ်မူများအား နှိုင်းယှဉ်ခြင်းတို့ကို လေ့လာမှတ်သားရန် အားပေးတိုက်တွန်းထားပါသည်။ 

[2] ကရင်လူ့အခွင့်အရေးအဖွဲ့KHRG ၏ သတင်းကောက်ယူမှုစည်းစနစ်များအားပို၍ထိုးဖောက်မြင်နိုင်ရန် နှင့် ကိုယ်တွေ့တိုက်ရိုက်ဆက် သွယ်မှုများနှင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသူရွာသားများ၏ အမြင်ရှုထောင့်များတင်ပြခြင်း၊ KHRG ၏အဓိကလုပ်ဆောင်မှုရည်မှန်းချက်တစ်ခုမှာ ကွင်းဆင်းလေ့လာသူများထံမှ လက်ခံရရှိသော သတင်းများအားလုံးကို လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ပြီး ဘာသာပြန်၍ ပြစ်မှု ကျူးလွန်ခြင်းခံရသူများ၏ လုံခြုံရေးနှင့်ပတ်သက် သောအကြောင်းအရာများအား စိစစ်ဖြတ်တောက်ခြင်းများ ပြုလုပ်ပြီးနောက် KHRG ၏ ဝက်ဘ်ဆိုက်တွင် ဖြန့်ဝေခြင်းဖြစ်သည်။ အခြားသောအစီရင်ခံစာများမှာ နေရာဒေသ၊ ခုနှစ်၊ အကြောင်းအရာ၊ အမျိုးအစားအလိုက် ခွဲထားပြီး ဤသတင်းနှင့်ပတ်သတ်သော အခြားသောအကြောင်းအရာများအား ဆက်လက်ဖတ်ရှုရန် ကျေးဇူးပြု၍ အစီရင်ခံစာတစ်ခုချင်းစီအား KHRG ဝက်ဘ်ဆိုက်တွင်ဖက်ရှုပါ။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်