ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်၌ ဖြစ်ပွား ခဲ့သော အဖြစ်အပျက်ကို ဖော်ပြထားပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) မှ ဘူးသိုမြို့နယ်၊ ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား ၄ ဦး (ကလေးတစ်ဦးနှင့်အမျိုးသမီးနှစ်ဦးပါဝင်သည်) သေဆုံးခဲ့ပြီး အခြားသောရွာသား ၆ ဦး (ကလေး ၂ ဦးနှင့် အမျိုးသမီး ၃ ဦးပါဝင်သည်) ဒဏ်ရာရရှိသွားခဲ့ပါသည်။ ထိုအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံး လုံးဝပျက်စီးသွားခဲ့ပါသည်။ သို့ဖြစ်သောကြောင့် ထ--- ကျေးရွာတွင်နေထိုင်သည့် ရွာသားများအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ ဘူးသိုမြို့နယ်အတွင်းရှိ လက်ရှိပုန်းအောင်းသည့်နေရာတွင် နေထိုင်ကြသော ထိုထွက်ပြေးတိမ်းရှောင်နေရသည့်ရွာသားများသည် အရပ်ဖက်အဖွဲ့အစည်းတစ်ခုထံမှ အထောက် အပံ့အချို့ကို ရှေးဦးစွာရရှိခဲ့ကြသော်လည်း အစားအစာ၊ ခိုလှုံရာအမိုးအကာနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီ များ လိုအပ်နေကြပါသည်။ ထိုနေ့တစ်ရက်တည်းဖြစ်သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် SAC မှ အနီးအနား ရှိ ကျောပါးကျေးရွာအုပ်စု၊ ရ--- ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ဘုန်းကြီးကျောင်းတစ်လုံးနှင့် အခြားသောအဆောက်အဦးအချို့ ပျက်စီးသွားခဲ့ပါသည်။ ထို့ကြောင့် ရ--- ကျေးရွာမှရွာသားများသည့် နောက်ထပ် တိုက်ခိုက်မှုများမှ လွတ်မြောက်ရန်အတွက် တောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။ [1]
အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသေဆုံးခြင်း |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ နှင့် ရ--- ကျေးရွာ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ (သေဆုံးမှု) |
||||
|
အမည် |
နော်အ--- |
စောဂ--- |
နော်ယ--- |
စောဟ--- |
|
အသက် |
၄၆ နှစ် |
၃၀ နှစ် |
၂၆ နှစ် |
၃ နှစ် |
|
ကျား/မ |
မ |
ကျား |
မ |
ယောကျ်ားလေး |
|
လူမျိုး |
ကရင် |
ကရင် |
ကရင် |
ကရင် |
|
အိမ်ထောင် ရှိ/မရှိ |
ရှိ |
ရှိ |
ရှိ |
- |
|
အလုပ်အကိုင် |
လယ်သမား |
လယ်သမား |
လယ်သမား |
- |
|
ကိုးကွယ်သည့် ဘာသာ |
ရိုမန်ကက်သလစ် (RC) |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
|
ရာထူးအဆင့် |
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
|
နေရပ် ရွာအမည် |
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ |
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ |
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ |
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ (ဒဏ်ရာရရှိမှု) |
||||||
|
အမည် |
နော်န--- |
စောတ--- |
စောဃ--- |
နော်ဆ--- |
နော်ဧ--- |
နော်မ--- |
|
အသက် |
၃၆ နှစ် |
၁၀ နှစ် |
၄၅ နှစ် |
၅၀ နှစ် |
၄ နှစ် |
၃၁ နှစ် |
|
ကျား/မ |
မ |
ယောကျ်ားလေး |
ကျား |
မ |
မိန်းကလေး |
မ |
|
လူမျိုး |
ကရင် |
ကရင် |
ကရင် |
ကရင် |
ကရင် |
ကရင် |
|
အိမ်ထောင် ရှိ/မရှိ |
ရှိ |
- |
ရှိ |
ရှိ |
- |
ရှိ |
|
အလုပ်အကိုင် |
လယ်သမား |
ကျောင်းသား |
လယ်သမား |
လယ်သမား |
ကျောင်းသား |
လယ်သမား |
|
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
|
ရာထူးအဆင့် |
ရွာသား
|
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
|
နေရပ် ရွာအမည် |
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ |
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ |
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ |
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ |
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ |
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့် နေရာဒေသ |
အထက်အရာရှိအမည် |
|
နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC) [လေတပ်] |
မသိပါ |
[နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ SAC လက်အောက်ရှိ] လေတပ် |
မသိရှိပါ |
[ဗိုလ်ချုပ်ကြီးထွန်းအောင်သည် မြန်မာ့တပ်မတော် လေတပ်ဦး စီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်နေသည်။] |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် [KHRG သတင်းမှတ်တမ်းပြုစုသူ တစ်ဦးမှ] လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားသည့် နော်အ--- တူဖြစ်သူ စောဝ--- နှင့်တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံမေးမြန်မှု ဒုတိယတစ်ခု သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထ--- ကျေးရွာ၌ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကို မြင်တွေ့ ခဲ့သောထ--- ကျေးရွာလူကြီးဖြစ်သော စောဒ--- နှင့်ပြုလုပ်ခဲ့ပါသည်။ ၎င်းမှ ရ--- ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေ ကြောင်းတိုက်ခိုက်မှု အချက်အလက်များကိုလည်း ပေးခဲ့ပါသည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
ကျွန်ုပ် [KHRG သတင်းမှတ်တမ်းပြုစုသူ] ကို ပထမဦးဆုံးသတင်းအချက်အလက်ပေးသူ [စောဝ---] သည် ၎င်း၏ အိမ်အား ကြည့်ရှုပေးနေသော မောင်နှမတစ်ဦး [အမည်မသိ] မှ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဖုန်းဆက်အကြောင်းကြားသဖြင့် ဤအကြောင်းအရာကို သိရှိခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသည် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် နော်အ--- ၏တူဖြစ်ပါသည်။ ကျွန်ုပ် [KHRG သတင်းမှတ်တမ်းပြုစုသူ] ကို ဒုတိယသတင်းအချက် အလက်ပေးသူသည် ကျေးရွာ၌ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ကို တွေ့ရှိခဲ့သော ထ--- ကျေးရွာလူကြီး ဖြစ်ပါ သည်။ [၎င်းမှရ--- ကျေးရွာတွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုကို ကြားသိခဲ့ရပြီး နောက်ပိုင်း ပျက်စီးမှုကို ပါ မြင်တွေ့ခဲ့ပါသည်။] |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာတွင်ဖြစ်ပွားခဲ့သော SAC ၏လေကြောင်းတိုက်ခိုက်မှု
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီနှင့် ၆ နာရီအချိန်ကြားတွင် SAC မှ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာသို့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့ပါသည်။ [ပျက်စီးဆုံးရှုံးမှုနှင့် ဗုံးပေါက်ကွဲမှုကျင်း ၏ အရွယ်အစားကြောင့် ရွာသားများမှ ပေါင် ၅၀၀ ဗုံးဟုယူဆကြပါသည်။] လေကြောင်းတိုင်ခိုက်မှုကြောင့် (ကလေး ငယ် ၁ ဦးပါဝင်သည့်) ထ--- ရွာသား ၄ ဦးသေဆုံးသွားခဲ့ပြီး (ကလေးငယ် ၂ ဦးပါဝင်သည့်) ရွာသား ၆ ဦးဒဏ်ရာရရှိသွား ခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးသွားခဲ့ပြီး နေရပ်ထွက်ပြေးတိမ်းရှောင်နေရမှုကို ဖြစ်စေခဲ့ ပါသည်။
KNLA ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့မှ ဒွယ်လိုး မြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စုတွင် အခြေစိုက်သည့် SAC စခန်းကိုတိုက်ခိုက်ခဲ့သဖြင့် SAC မှတုံ့ပြန်ခြင်းဖြစ်ကြောင်း [ရွာသားများမှ ယုံကြည်ကြပါသည်။]
SAC ၏လေကြောင်းတိုက်ခိုက်မှုမှ သေဆုံးသွားသောသူများမှာ- ၁. နော်အ--- (၄၆ နှစ်) ၂. စောဂ--- (၃၀ နှစ်) ၃. နော်ရ--- (၂၆ နှစ်) ၄. စောဟ--- (၃ နှစ်)
နော်အ--- သေဆုံးပြီးနောက် သူမ၏ အမျိုးသားစောဘ--- ၊ ၎င်းတို့၏ သမီး ၂ ယောက်နှင့် သား ၂ ယောက် ကျန်ရစ်ခဲ့ ပါသည်။ စောဂ--- နှင့် နော်ရ--- တို့သည် ဇနီးမောင်နှံများဖြစ်ကြပါသည်။ စောဟ--- သည် ၎င်းတို့၏ကလေးဖြစ်ပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် နော်အ---၊ စောဂ---၊ နော်ရ--- နှင့် စောဟ--- ၄ ဦးစလုံး ၎င်းတို့၏အိမ်ထဲတွင်မီးလောင်သေဆုံးသွားခဲ့ပါသည်။ ကျေးရွာလူကြီးအပါအဝင် ဒေသခံရွာသားများသည် အဆိုပါသေဆုံးသွားသော ခန္ဓာကိုယ်များကို မီးသဂြိုလ်ခဲ့ကြပြီး ၎င်းတို့အတွက်ဆုတောင်းပေးခဲ့ကြပါသည်။
SAC ၏လေကြောင်းတိုက်ခိုက်မှုမှ ဒဏ်ရာရရှိသောသူများမှာ- ၁. နော်န--- (၃၆ နှစ်) ၂. စောတ--- (၁၀ နှစ်) ၃. စောဃ--- (၄၅ နှစ်) ၄. နော်ဆ--- (၅၀ နှစ်) ၅. နော်ဧ--- (၄ နှစ်) နှင့် ၆. နော်မ--- (၃၁ နှစ်)
[ဒဏ်ရာရရှိကြသူများသည် ၎င်းတို့၏ဒဏ်ရာမည်မျှပြင်းထန်သည်ကို မသိရှိရသော်လည်း အိမ်ထဲ၌ရှိနေစဥ် ပေါက်ကွဲသွားသည့် လက်နက်ကြီးအပိုင်းအစများထိမှန်၍ အားလုံးဒဏ်ရာရရှိသွားခဲ့ပါသည်။] KNLA ကျန်းမာရေးသူနာပြုများမှစီစဥ်၍ ၎င်းတို့အား ဆေးဝါးကုသမှုနေရာသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဒဏ်ရာအနည်းငယ်ရရှိသူများကို ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်သည့်နယ်မြေအတွင်း ကုသမှုပေးခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသူများကို ဆေးဝါးကုသမှုခံယူရန် ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ပါသည်။ [၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့အထိ ဒဏ်ရာရရှိသူတို့၏လက်ရှိအခြေအနေကို မသိရှိရပါ။]
SAC ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၅ လုံး လုံးဝမီးလောင်သွားခဲ့ပါသည်။ အဆိုပါအိမ်ပိုင်ရှင်များမှာစောဘ--- (၅၀ နှစ်) [နှင့် သေဆုံးသွားသည့် နော်အ---]၊ စောဂ--- (၃၀ နှစ်) [နှင့် သေဆုံးသွားသည့် နော်ရ---]၊ စောသ---(၅၅ နှစ်)၊ စောဃ--- (၄၅ နှစ်) [ဒဏ်ရာရရှိသူ]၊ နှင့် စောက--- (၃၀ နှစ်) တို့ဖြစ်ကြပါသည်။ ရွာသားများ၏ပြောပြချက်အရ ကောင်းမွန်စွာဆောက်လုပ်ထားသော ပျက်စီးသွားသည့်နေအိမ် ၂ လုံးနှင့် ထိုနေအိမ်ထဲတွင်ရှိသော ပစ္စည်းများ၏တန်ဖိုးသည် ပျမ်းမျှအားဖြင့် သိန်း ၁၀၀ ကျပ်ကျော်ရှိပါသည်။ အခြားမီးလောင်ပျက်စီးသွားသော နေအိမ် ၃ လုံး၏တန်ဖိုးသည် ခန့်မှန်းခြေအားဖြင့် သိန်း ၆၀ ကျပ်ရှိပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အခြားပျက်စီးသွားသော နေအိမ်အချို့ရှိသော်လည်း ၎င်းတို့၏ကိန်းကဏာန်းအတိအကျကို မသိရှိရပါ။
[ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) မှ မီးလောင်၍ပျက်စီးသွားသောနေအိမ်များမှ မိသားစုတစ်စုလျှင် ၂၀၀,၀၀၀ ကျပ်] ထောက်ပံ့ပေးခဲ့ကြပါသည်။
ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာရှိ ရွာသားတစ်ဦးဖြစ်သော စောဝ--- [သေဆုံးသွားသောနော်အ--- ၏ မိသားစုဝင်တစ်ဦး] မှ “ကရင်ဌာနေအကြီးအကဲတွေဟာ [ရိုးရာအလေ့အထကို] အသုံးပြုပြီး လေယာဥ်လာမယ်လို ခန့်မှန်းခဲ့ကြပေမယ့် ဘယ်နေ့လာမယ်ဆိုတာကို မသိကြပါဘူး။ KNU ကနေ ကျွန်တော်တို့ကို [ဖြစ်လာနိုင်ချေရှိတဲ့ SAC ရဲ့လေကြောင်း တိုက်ခိုက်မှုမှ]သတိဝိရိယနေဖို့ သတိပေးတယ်။” ဟု KHRG ထံသို့ပြောပြခဲ့ပါသည်။ စောဝ--- မှ “လေယာဥ်လာ မယ်ဆိုတာကို ကျွန်တော်တို့မသိဘူး။ ကျွန်တော်ညနေဖက် ထမင်းစားတဲ့အချိန်မှာ လေယာဥ်လာတယ်။ လေယာဥ်လာ တာကို ကျွန်တော်မတွေ့ဘူး” ထပ်မံ၍ ပြောခဲ့ပါသည်။
ကျောပါးကျေးရွာအုပ်စု၊ ရ--- ကျေးရွာတွင်ဖြစ်ပွားခဲ့သော SAC ၏လေကြောင်းတိုက်ခိုက်မှု
ထိုနေ့ [၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့] တွင် SAC မှ ဘူးသိုမြို့နယ်၊ ကျောပါးကျေးရွာအုပ်စု၊ ရ--- ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် အခြားသောအဆောက်အဦးများ ပျက်စီးသွားခဲ့ပါသည်။ အချို့သောနေအိမ်များလည်း ပျက်စီးသွားခဲ့ပါသည်။ သို့သော်လည်း ထ--- ကျေးရွာတွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုကို ရ--- ရွာသားများကြားခဲ့ပြီး ၎င်းတို့၏ကျေးရွာသို့ SAC လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီ ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် ဘုန်းကြီးများနှင့် ရွာသားများမှာ ဒဏ်ရာရသေဆုံးမှုများမရှိခဲ့ပါ။
ထွက်ပြေးတိမ်းရှောင်နေစဥ်အတော်အတွင်းအခြေအနေ
ထ--- ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးသည့်နောက် ထ--- ကျေးရွာ၏ နေအိမ်အလုံး ၆၀ ရှိ ရွာသားများ အားလုံး တောထဲ၊ ရေအရင်းမြစ်ရှိရာနေရာနှင့် ဂူထဲသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပါသည်။ ၎င်းတို့အနေဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့်နေရာတွင် သက်သောက်သက်သာဖြင့် နေထိုင်ရခြင်းမရှိသောကြောင့် အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပညာရေးအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။ ယခုအချိန်သည် ၎င်းတို့၏တောင်ယာစိုက်ပျိုးမြေများကို ခုတ်ထွင်ရှင်းလင်းရမည်ဖြစ်ပြီး တောင်ယာစိုက်ပျိုးရန်အတွက် တောင်ယာစိုက်ပျိုးမြေများကို ထွန်ယှက်ပြင်ဆင်မှုပြုအတွက် တောင်ယာသို့သွားရန် မလွယ်ကူပါ။
ထွက်ပြေးတိမ်းရှောင်နေရသည့်ရွာသားများသည် အစားအစာများအား ၎င်းတို့အချင်းချင်းတို့ကြား ဝေမျှပေးခဲ့ကြပါသည်။ Mutraw Community Development and Management Committee (MCDMC) မှ မိသားစုတစ်စုရှိ ယောက်စီတိုင်းကို တစ်ဦးလျင် ဆန်တစ်ပုံးပေးခဲ့ပါသည်။ ဤဝေပေးသောဆန်သည် တစ်လစာရှင်သန်ရန်အတွက် လုံလောက်မှုရှိပါသည်။ [တွေ့ဆုံမေးမြန်းမှုပြုလုပ်ချိန်] တွင် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေလာရသည်မှာ တစ်ပတ်ရှိနေပြီးဖြစ်ပါသည်။
[၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင်] ထ--- ရွာသားများသည် တောထဲတွင်သာဆက်ထွက်ပြေးတိမ်းရှောင်နေရစဲ ဖြစ်ပါသည်။ ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာ၏ ရွာလူကြီးစောဒ--- မှ “ထ--- ရွာသားတွေဟာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ကြတယ်။ ဒါပေမဲ့ တောင်ယာမှာစိုက်ပျိုးတဲ့ထွက်နှုန်းကနေ အစားအစာလုံလုံလောက်လောက် မရရှိကြဘူး။ ဒါကြောင့် သူတို့က [အနီးအနားရှိ] န--- ကျေးရွာကိုသွားပြီး ဆန်ဝယ်ရတယ်။” ဟုပြောပြခဲ့ပါသည်။ [န--- ကျေးရွာသည် ဒွယ်လိုးမြို့နယ်၊ ကတဲတီကျေးရွာအုပ်စုတွင် တည်ရှိပါသည်။ န--- ကျေးရွာအနီးရှိ ရ--- ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးသည်နောက် ထ--- ကျေးရွာရှိရွာသားများသည် ထိုသို့သွား၍အစားအစာများ မဝယ် ယူနိုင်ကြတော့ပါ။]
ထ--- ကျေးရွာအတွက် တောထဲတွင်တည်ရှိသည့် ထွက်ပြေးတိမ်းရှောင်သည့်နေရာတွင်ရှိသော ကျောင်းနှင့် ကျော်ပါကျေးရွာအုပ်စု၊ ခ--- ကျေးရွာတွင် တည်ရှိသော အထက်တန်းကျောင်းသည် ဆက်လက်ဖွင့်လှစ်လျက်ရှိသည်။ လေ ကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထ--- ကျေးရွာရှိကျောင်းကိုပိတ်ခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ပြီးသည့် နောက် ပိုင်းကျောင်းအား အစားထိုးရန်အတွက် ၎င်းတို့ထွက်ပြေးတိမ်းရှောင်သည့်နေရာတွင် ယာယီကျောင်းဖွင့်လှစ်ခဲ့ပါသည်။ ထ--- ကျေးရွာတွင်ရှိသော စာသင်ကျောင်းသည် လေးတန်းအထိသာရှိပြီး အတန်းကြီးကျောင်းသားများသည် အတစ်နာရီလမ်းလျှောက်ရသော ကျောပါးကျေးရွာအုပ်စု၊ ခ--- ကျေးရွာသို့သွားရောက်၍ ထက်တန်းကျောင်းတက်ခဲ့ ရောက်ခဲ့ရပါသည်။ သို့သော်လည်း ဤကဲ့သို့သောဖြစ်ပွားသော လေကြောင်းတိုက်ခိုက်မှုကြောင့် မိဘများသည် ၎င်းတို့၏ကလေးများကို ထွက်ပြေးတိမ်ရှောင်သည့်နေရာနှင့်ကွာဝေးသည့် ခ--- ကျေးရွာရှိ အထက်တန်းကျောင်းသို့ သွားရောက် ပညာသင်ယူရန်အတွက် စိတ်ဆန္ဒပြင်းပြမှုမရှိကြပါ။ ကျောပါးကျေးရွာအုပ်စု၊ ထ--- ကျေးရွာရှိ စောဝ--မှ “လေယာဥ်က နှစ်ရက် ဒါမှမဟုတ် သုံးရက်တစ်ကြိမ် ကင်းထောက်လို့ ကျွန်တော်တို့တွေ ကျောင်း [ထ--- ကျေးရွာရှိ မူလတန်း ကျောင်း] ဖွင့်လို့မရဘူး။” ဟုပြောပြခဲ့ပါသည်။
တောထဲနှင့် အေးချမ်းသောရာသီဥတုအခြေအနေတွင် အိမ်ကြရသော ကလေးများနှင့် သက်ကြီးရွယ်အိုများသည် ကျန်းမာရေးကုသမှုအတွက် အကူအညီလိုအပ်ကြပါသည်။ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေရစဥ်တွင် ဆေးဝါများလိုအပ်ကြပြီး SAC ၏ အာရုံစူးစိုက်ခံရမည်ကို စိုးရိမ်သဖြင့် မီးမွှေးရန်ကြောက်ရွံ့ကြရပါသည်။ ၎င်းတို့အနေဖြင့် ဗုံးပေါက်ကွဲမှုကြောင့် ထွက်လာသောအခိုးအငွေ့များမှ ရောဂါများရရှိမည်ကိုလည်း ကြောက်ရွံ့ကြရပါသည်။ ထွက်ပြေးတိမ်းရှောင် သည့် နေရာအများတွင် ဓနိရွက်များမရှိသဖြင့် ရွာသားများသည် နေထိုင်ရန်အတွက် အိမ်ခေါင်မိုးများ လိုအပ်ကြပါ သည်။
သေဆုံးသွားသူများနှင့် ဒဏ်ရာရရှိကြသူများ၏ မိသားစုဝင်များမှ အကူအညီများစွာလိုအပ်ကြပါသည်။ ဒဏ်ရာရရှိကြသူများသည် ဆေးဝါးများ၊ အစားအစားများနှင့် နောက်ထပ်ဖြစ်ပေါ်လာနိုင်သော လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ လုံခြုံမှုရှိရန် နေထိုင်ရာနေရာအတွက် ထောက်ပံ့ကူညီမှုများ လိုအပ်ကြပါသည်။ ဒဏ်ရာရရှိသူများထဲတွင် ကလေးများပါဝင်သဖြင့် ၎င်းတို့သည်လည်း ကူညီစောင့်ရှောက်မှု လိုအပ်ကြပါသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
သေဆုံးသွားသည့် နော်အ--- ၏တူဖြစ်သူ စောဝ--- နှင့် ထ--- ရွာလူကြီး စောဒ--- မှ ဤသတင်းအချက်အလက်များကို |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤအစီရင်ခံစာတွင် အောက်ဖော်ပြပါ လက်ခံရရှိပြီးသောအစီရင်ခံစာအချို့ဖြစ်သော KHRG ၏ အတွင်းရေးမှတ်တမ်းနံပါတ်များဖြင့်သည့် #25-58-I2၊ #25-58-I3၊ #25-58-A4-I1 နှင့် #25-58-A5-I1 တို့ဖြင့် ပေါင်းစပ်ထားပါသည်။
