Thu, 05 Jun 2025
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒွယ်လိုးမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင်ဖြစ်ပွားခဲ့ သောလက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကတိုင်တိတပ်စခန်းတွင်အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် ကတိုင်တိကျေး ရွာအုပ်စုရှိ အအ--- ကျေးရွာအတွင်းသို့ (၆၀) မမ လက်နက်ကြီး (၆)လုံးပစ်ခတ်၍ အသက် (၂၁) နှစ်အရွယ်ရွာသား တစ်ဦးဖြစ်သူ စောအ---အား ထိမှန်၍ သေဆုံးသွားခဲ့သည်။ နောက်တစ်နေ့တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၌ SAC သည် ကတိုင်တိကျေးရွာအုပ်စု၊ အအ--- ကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်၍ ရွာသားတစ်ဦးဖြစ်သူ စောဘ--- အားထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် စောဘ---သည် စားဝတ်နေရေးအတွက် အခက်အခဲစိန်ခေါ်မှု များနှင့်ကြုံတွေ့နေရသည်။ အကြောင်းမှာ ၎င်း၏အိမ်သည် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ခြင်းသည်။ အဆိုပါရွာသားနှစ်ဦးသည် ၎င်းတို့၏နေအိမ်နှင့်တိရိစ္ဆာန်များကို ပြန်လည်ကြည့်ရှုရန် နီးစပ်ရာစစ်ပြေးရှောင်စခန်းမှ ကျေးရွာသို့ပြန်လာသည့်အချိန်တွင် လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ထိုဒေသတွင် SAC နှင့်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ ကြားတိုက်ပွဲဖြစ်ပွား၍ အအ---ကျေးရွာမှ ရွာသားများသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှစပြီး ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ လက်နက်ကြီးပစ်ခတ်ခြင်းနှင့်လေ ကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင့် ရွာသားများ သေဆုံး၊ ဒဏ်ရာရရှိမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ အအ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

စောဘ---

အသက်

၂၁ နှစ်

၄၃ နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

မရှိ

ရှိ

အလုပ်အကိုင်

လယ်ယာ

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကတိုင် တိကျေးရွာအုပ်စု၊ အအ--- ကျေးရွာ 

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကတိုင် တိကျေးရွာအုပ်စု၊ အအ--- ကျေးရွာ 

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်            

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

မသိရှိရ

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ SAC ကတိုင်တိတပ်စခန်း

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

SAC လေတပ်

မင်းအောင်လှိုင် (ထွန်းအောင်သည် SAC လေတပ်ဦးစီးချုပ်အဖြစ် တာ ဝန်ထမ်းဆောင်သည်)

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကျွန်တော်သည် (KHRG ကွင်းဆင်းလုပ်သား) လေယာဉ်သံနှင့်လက်နက်ကြီးပစ်ခတ်ခဲ့ကြားရပြီး ရွာသားများ အသေအ ပျောက်များရှိမလားစိုးရိမ်ပူပန်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ကတိုင်တိကျေးရွာအုပ်စု၊ အဘ---ဆေးခန်းသို့သွား ပြီး အအ---ကျေးရွာမှ ဒဏ်ရာရရှိသည့်ရွာသားတစ်ဦးဖြစ်သူ စောဘ---နှင့်တွေ့ဆုံခဲ့သည်။ ထို့နောက် စောဘ---အနေဖြင့် သူဘယ်လိုဒဏ်ရာရရှိခဲ့ကြောင်း ၎င်းအား အင်တာဗျူးခဲ့သည်။ ကျွန်တော်သည် အခြားသူများထိခိုက်ဒဏ်ရာရရှိလားဟု မေးသည့်အခါတွင် သူက အအ---ကျေးရွာမှ ရွာသားစောအ---သည်လည်း မနေ့က (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် နေ့) ထိမှန်သေဆုံးသွားသည်ဟုပြန်လည်ပြောပြခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

အခင်းဖြစ်ပွားသည့်အချိန်တွင် စောဘ---သည် အအ---ကျေးရွာထဲတွင်ရှိနေခဲ့သည်။ သူ့အား ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ ဤသတင်းအကြောင်းအရာသည် တိကျမှန်ကန်စေရန်အတွက် KHRG ကွင်းဆင်းလုပ်သားသည် စောဆ---ကိုလည်း မေးမြန်းစုံစမ်းခဲ့သည်။ စောဆ---သည် အအ---ကျေးရွာအတွက် လုံခြုံရေးဝန်ထမ်းတစ်ဦးအဖြစ် (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KNLA စစ်သားအနေဖြင့် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး ကတိုင်တိတပ်စခန်းမှ SAC စစ်သားများက အအ---ကျေးရွာထဲသို့ လက်နက်ကြီး (၆၀) မမ (၆)လုံးပစ်ခတ်၍ စောအ---အား ထိမှန်သေဆုံး သည့်ဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ခဲ့သည်။ (စောဆ---သည် SAC တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်သည့်အသံကို ကြား ခဲ့ရခြင်းဖြစ်သည်။) (ထို့အပြင် KHRG ကွင်းဆင်းလုပ်သားသည် အဘ--- ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ သရာဒ---ကိုလည်း မေးမြန်းခဲ့သည်။)

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ည (၈)နာရီတွင် ကတိုင်တိတပ်စခန်းတွင်အခြေစိုက်သော SAC စစ်သားများသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စုရှိ အအ--- ကျေးရွာအတွင်းသို့ (၆၀)မမ လက်နက်ကြီး (၆)လုံး ပစ်ခတ်၍ အအ---ကျေးရွာမှ အသက်(၂၁)နှစ်အရွယ်ရွာသားတစ်ဦးဖြစ်သူ စောအ---အား ထိမှန်သေဆုံးခဲ့သည်။ စောအ---သည် ၎င်း၏နေအိမ်နှင့်တိရိစ္ဆာန်များကို ပြန်လည်ကြည့်ရှုရန် (နီးစပ်ရာစစ်ပြေးရှောင်စခန်းမှ) ကျေးရွာသို့ပြန်လာ သည့်အချိန်တွင် လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် KNLA စစ်သားများသည် (ကျေးရွာ အနီးတွင် လုံခြုံရေးတာဝန်ယူနေသောစစ်သားများ) အခင်းဖြစ်ပွားသည့်နေရာသို့သွားရောက်ကြည့်ရှုခဲ့သည်။ ၎င်းတို့ သည် ကျေးရွာတွင်း အခင်းဖြစ်ပွားသည့်နေရာတွင် စောအ--- လက်နက်ကြီးမှန်၍သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ကျေးရွာခေါင်းဆောင်များနှင့် (စစ်ပြေးရှောင်စခန်းရှိ) အသင်းအုပ်ဆရာကို အကြောင်းကြားခဲ့သည်။ ထို့နောက် အသင်း အုပ်ဆရာနှင့်ကျေးရွာခေါင်းဆောင်များသည် စောအ---၏အသုဘကိုစီစဉ်ပေးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် နေ့တွင် အသင်းအုပ်ဆရာနှင့်စစ်ပြေးရှောင်ရွာသားများသည် စစ်ပြေးရှောင်စခန်းတွင် စောအ---အတွက် အောက်မေ့ ဖွယ်အခမ်းအနားကို ကျင်းပခဲ့သည်။

 

ထိုဒေသတွင် SAC နှင့်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွား၍ အအ---ကျေးရွာမှရွာသား များသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှစပြီး ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စောအ---၏ဖခင်သည် ကွယ်လွန်သွားပြီးဖြစ်သည်။ စောအ---၏မိခင်သည် ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဝဲပြာကျေးရွာအုပ်စု၊ အဆ--- ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး သူ၏မောင်နှမများသည် အခြားနေရာသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ ထို့ကြောင့် စောအ---အတွက် အောက်မေ့ဖွယ်အခမ်းအနားကိုကျင်းပသည့်အချိန်တွင် သူ၏မိ သားဝင်များမရှိခဲ့ပေ။ စောအ---၏မိခင်သည် သူမ၏သားသေဆုံးသွားသည့်အကြောင်းကိုကြားသိရှိရပြီးနောက် ထိတ်လန့်သွား၍ သူမအား (SAC စီမံအုပ်ချုပ်သော) ဘားအံဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ စောအ---၏မိခင် အခြေအနေကို ရွာသားများက သရာဒ--- အား (အဘ--- ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး) အကြောင်းကြားခဲ့ သည်။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် (၈)နာရီတွင် SAC လေယာဉ်သုံးစီးသည် ကတိုင်တိကျေးရွာအုပ် စု၊ အအ--- ကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်၍ စောဘ---အား ထိမှန်ဒဏ်ရာရရှိခဲ့သည်။ စောအ---သည် ၎င်း၏နေအိမ်ကို ပြန်လည်ကြည့်ရှုရန် (နီးစပ်ရာစစ်ပြေးရှောင်စခန်းမှ) ကျေးရွာသို့ပြန်လာသည့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတွင် ထိမှန်၍ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ (လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် စောဘ---သည် သူ၏အိမ် အောက်တွင်ရှိနေခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သူ၏အိမ်ကိုထိမှန်၍ ပျက်စီးသွားခဲ့သည်။) စောဘ--- သည် ဒဏ်ရာရ ရှိပြီးနောက် အနီးပတ်ဝန်းကျင်တွင်လုံခြုံရေးယူနေသည့် KNLA စစ်သားများသည် ၎င်းအား ကတိုင်တိ ကျေးရွာအုပ်စုရှိ အဘ--- ဆေးခန်းသို့ပို့ဆောင်ခဲ့သည်။ အဘ--- ဆေးခန်းသည် ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေး ဌာန (KDHW) မှ စီမံ ခန့်ခွဲသည့်ဆေးခန်းဖြစ်သည်။ စောဘ--- သည် ထိုဆေးခန်းတွင် အခမဲ့ဆေးကုသမှုကိုရရှိခဲ့သည်။

 

စောဘ---သည် (၄၃) နှစ်ရှိပြီး သားသမီး (၆) ဦးရှိသည်။ သူ၏မိသားစုသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထ ကျေးရွာအုပ်စု၊ အဆ--- ကျေးရွာအနီးရှိ အဆ--- ဂူတွင် သွားရောက်၍စစ်ပြေးရှောင်ခဲ့သည်။ စောဘ---က KHRG အား သူ၏ခံစားချက်ကို ယခုလိုပြောပြသည်။ “ကျွန်တော်ပြောချင်တာက တကယ်လို့ ပဋိပက္ခတွေပြီးဆုံးသွားပြီးဆိုရင် တောင် ရွာကိုပြန်လာပြီး ဘာလုပ်ရမလဲမသိဘူး။ နောက်နှစ်မှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ရမယ်။ ဘာအကူ အညီထောက်ပံ့မှုမှမရဘူး။ ကျွန်တော့်အနေနဲ့ စားစရာတွေ၊ အဝတ်အစားတွေ၊ မီးဖိုချောင်အသုံးအဆောင်တွေလိုအပ် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အိမ်က (လေကြောင်းတိုက်ခိုက်မှုကြောင့်) အကုန်ပျက်စီးသွားပြီးလေ။”

 

(KHRG ကွင်းဆင်းလုပ်သား၏ပြောပြချက်အရ) SAC သည် ကျေးရွာများ၊ လယ်ယာစိုက်ပျိုးမြေများနှင့်စစ်ပြေးရှောင် စခန်းများကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ SAC သည် ၎င်းတို့၏ရန်သူများကို ပစ်မှတ်ထားပြီးတိုက် ခိုက်ခြင်းမဟုတ်ပေ။ ဤသို့လုပ်ရပ်များသည် ဂျီနီဗာသဘောတူညီမှုနှင့်လူ့အခွင့်အရေးကို ချိုးဖောက်နေသည်။            

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော စောဘ--- သည် ဤသတင်းအကြောင်းအရာကို ရေးသားဖြန့်ဝေရန် ခွင့်ပြုချက်ပေးထားပါသည်။ စောအ---၏အကိုလည်း ဤသတင်းကို ရေးသားဖြန့်ဝေရန် ခွင့်ပြုချက်ပေးထားပါသည်။

Thu, 05 Jun 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် လက်ခံရရှိသော မြေပြင်အစီရင်ခံစာ (၂) ခုအပေါ်အခြေခံ၍ရေးသားပြုစုထားပါသည်။ ထိုအစီရင်ခံစာ၏စာအမှတ်မှာ 25-25-I1 နှင့် 25-25-A1-I1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်