အားလုံး မင်္ဂလာပါ။ ကရင်သတင်းစဉ် ရုပ်သံအစီအစဉ်ကနေ ကြိုဆိုပါတယ်။
ဒီအပတ်တင်ဆက်သွားမယ့်သတင်းတွေကတော့ -
- လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု လုပ်ဆောင်နေတဲ့သူတွေကို ပစ်မှတ်ထားခြိမ်းခြောက်မှုတွေနဲ့ စောင့်ကြည့်ခံရမှုတွေ အမြဲတမ်းရှိနေတယ်လို့ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
- တောင်ကြာအင်းရွာထဲမှာ ဝင်ရောက်တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်က ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲက ဒေသခံတွေကို ရွာအပြင်ထွက်ခွင့်မပေးဘူးလို့ ဆိုပါတယ်။
- ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ နယ်မြေက တာဝန်ရှိသူတွေဟာ ဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်အောင် အခက်အခဲတွေကြားက ကြိုးစားလုပ်ဆောင်နေကြပါတယ်။