Wed, 03 Dec 2025
ဓာတ်ပုံသတင်း - SAC မှ အရပ်သားနေရပ်ဒေသများသို့ လေကြောင်းတိုက်ခိုက် မှုများ ပြုလုပ်သောကြောင့် ဒဏ်ရာရသေဆုံးခြင်းများ၊ ပျက်စီးခြင်းများ နှင့် နေ ရပ်ထွက်ပြေးတိမ်းရှောင်နေရခြင်း (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ ဒီဇင်ဘာလအ ထိ)

သတင်းဓာတ်ပုံတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ ဒီဇင်ဘာလအထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးရွာများနှင့် လယ်ယာစိုက်ပျိုး‌ရေးနေရာများအပါအဝင် အရပ်သားနေရပ်ဒေသ များသို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သည့် ဓာတ်ပုံသက်သေအထောက်အထားများကို ဖော်ပြထားပါသည်။ အစီရင်ခံစာကာလအတွင်း SAC ၏ တိုက်ရိုက်နှင့် ခွဲခြမ်းစိတ်ဖြာမှုမရှိ ရွာသားများ၏ နေရပ်ဒေသများအား ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုများသည် ရွာသားများ၏ဘဝများအပေါ်သက်‌ရောက်မှုများရှိကြောင်း စသည့်အချက်အလက်များစွာကို KHRG မှ လက်ခံရရှိခဲ့ပါသည်။ ဤအကြောင်းအရာသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည့်အချိန်မှစ၍ အကြီးမားဆုံးအစီရင်ခံတင်ပြထားသော ပြဿနာများထဲမှ တစ်ခုဖြစ်ပါသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများသည် ရွာသားများအား ဒဏ်ရာရ သေဆုံးစေခြင်း၊ ၎င်းတို့၏နေအိမ်များ၊ လူမှုအသိုက်အဝန်းရှိအဆောက်အဦးများ နှင့် စိုက်ပျိုးပင်များအား ပျက်စီးစေခြင်းနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရခြင်းများကို ဖြစ်ပေါ်စေပါသည်။ ဤကဲ့သို့သော တိုက်ခိုက်မှုများကြောင့် ကြောက်ရွံ့မှုအမြဲတစေဖြစ်ခြင်း၊ ပညာရေးနှင့် ကျန်းမာရေးရရှိရန် အကြပ်အတည်းဖြစ်စေခြင်းနှင့် အရပ်သားများ၏နေရပ်ဒေသများတွင် မပေါက်ကွဲသေးသောလက်နက်များ၏ အန္တရာယ်များလည်း မြင့်တက်လာခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရွာသားများသည် အသက်မွေးဝမ်းကြောင်းပြုရန်အတွက် ၎င်းတို့၏ လက်ယာနှင့် စိုက်ပျိုးရေးနေရာ များတွင် အလုပ်လုပ်ကိုင်၍မရကြတော့ပဲ တောထဲနှင့် ဂူများတွင်သာ ခိုလှုံမှုရှာခဲ့ကြရပါသည်။

 

ဓာတ်ပုံသတင်း - လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်များမှ ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းပျက်စီးခြင်း နှင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရခြင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ ဒီဇင်ဘာလအထိ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ ဒီဇင်ဘာလအထိ ဒေသတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်ရှိခရိုင်ခုနှစ်ခုဖြစ်သောဒူးသထူ (သထုံ)၊ တောအူး (တောင်ငူ)၊ ခလယ်လွီထူ (ညောင်လေးပင်)၊ ဘိတ်-ထားဝယ် (မြိတ်-ထားဝယ်)၊ မူတြော်(ဖာပွန်) ခရိုင်၊ ဒူးပလာယာခရိုင် နှင့် ဖားအံ (ဘားအံ) ခရိုင်တို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှုများ၏ (၁၁၄၂) ကျော်ဓာတ်ပုံများကို KHRG မှ လက်ခံရရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကရင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ် (၂၂၇)ခုမှ ရွာသားများ အနည်းဆုံး (၁၆၈) ဦးသေဆုံးသွားခဲ့ပြီး အခြားရွာသား (၂၄၉) ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း KHRG မှ မှတ်တမ်းပြုစုခဲ့ပါသည်။ အဆိုပါ ဖြစ်ရပ် (၉၃) ခုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ ဇွန်လအတွင်းတွင်သာ ဖြစ်ပျက်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်တွင် SAC  စစ်သားများသည် ၎င်းတို့၏စခန်းဝန်းကျင်၌ရှိသော နေရပ်ဒေသများ၊ တိုက်ပွဲဖြစ်ပွားမှုမရှိသည့်နေရပ်ဒေသများနှင့် ၎င်းတို့ထိန်းချုပ်မှုအပြင်ဖက်ရှိနေရပ်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။ အကာအကွယ်ပေးထားခြင်းခံရသည့် အဆောက်အဦးများဖြစ်သော ဆေးခန်းများ၊ ဘုရားရှိခိုးကျောင်းများ၊ စာသင်ကျောင်းများ၊ ရွာသားများ၏နေအိမ်များ၊ လယ်ယာနှင့် စိုက်ခင်းများတို့တွင် လေကြောင်းတိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့ပါသည်။ ဤဓာတ်ပုံသတင်းတွင် ဤကဲ့သို့သော ဓာတ်ပုံ (၆၁) ပုံပါဝင်ပြီး မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီးနောက် ဒေသခံရွာသားများကြုံတွေနေရသော ချက်ချင်းနှင့် ရေရှည်သက်ရောက်မှုများကို သက်သေအထောက်အထားအဖြစ် ဖော်ပြထားပါသည်။ ရွေးချယ်ထားသော ဓာတ်ပုံများထဲမှ (၄၂) ပုံကို ၎င်းတို့နေရပ်ဒေသရှိ လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့်ရန် KHRG မှ လေ့ကျင့်ပေးထားသော ဒေသခံလူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များမှ ရိုက်ယူခဲ့ပြီး၊ ကျန် (၁၉) ပုံကို ဒေသခံကျေးရွာ သားများမှ ရိုက်ယူခဲ့ပါသည်။

 

 

 

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အသက်မွေးဝမ်းကြောင်းများအပေါ် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသော အခြေအ နေကိုနားလည်ရန် နောက်ထပ်အချက်အလက်များကို အောက်ပါ KHRG အစီရင်ခံစာများတွင် ဖတ်ရှုနိုင်ပါသည်။

Wed, 03 Dec 2025

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်